fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

အညိုကွက်အမဲကွက်တွေရဲ့ နောက်ကွယ်က စိုးရိမ်စရာအချက်တွေအကြောင်း

အညိုကွက်အမဲကွက်တွေရဲ့ နောက်ကွယ်က စိုးရိမ်စရာအချက်တွေအကြောင်း

သင်ကိုယ်ပေါ်တွင် အညိုအမဲစွဲဖူးလား?

ထိခိုက်ဒဏ်ရာရရှိသောကြောင့် အညိုအမဲတစ်ခု သင်ကိုယ်ပေါ်ရှိတာနဲ့ သင်အရမ်းထိတ်လန့်နေဖူးပါသလား?

အညိုအမဲကွက်ဆိုသည်မှာ အညိုအမဲအကွက်ဖြစ်ခြင်းသည် အရေပြားအောက်တွင်သွေးထွက်ခြင်းကြောင့်ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရမှုကြောင့် သွေးကြောမျှင်ကလေးများပေါက်ခြင်းကြောင့် အညိအမဲကွက်ဖြစ်စေခြင်း ဖြစ်ပါတယ်။

(1) အရေပြားအောက် အညိုအမဲကွက်ဖြစ်ခြင်း

အဆိုပါအကွက်သည် လူအများဖြစ်လေ့ဖြစ်ထရှိသော အကွက်ဖြစ်ပါတယ်။ ဒူးခေါင်း၊ ခြေလက်များတွင် ထိလိုက်ဒဏ်ရာရခြင်းကြောင့် အများဆုံး ဖြစ်လေ့ရှိပါတယ်။ ပြင်းထန်သော ဒဏ်ရာရရှိမှုကြောင့် သွေးကြောအကြီးပေါက်ခြင်းကြောင့် သွေးထွက်များသော အညိုအမဲကွက်သည် ဖြစ်ရန်ခဲယဉ်းသော်လည်း ဖြစ်လာပါက သွေးထွက်ခြင်းရပ်ရန် ပြုလုပ်မှုခက်ခဲပြီး အသက်အန္တရာယ်ထိခိုက်သည်အထိ စိုးရိမ်ရပါတယ်။

(2) ကြွက်သားနေရာ အညိုအမဲကွက်ဖြစ်ခြင်း

ပြင်းထန်သော ထိခိုက်မှုနှင့် အရိုးကျိုးသော အခြေအနေများတွင် အရေပြားအောက်ရှိ ကြွက်သားထိ အညိုအမဲကွက် ဖြစ်စေနိုင်ပါတယ်။ ကုသမှုမပြုလုပ်ဘဲ ပျောက်ကင်းနိုင်သော်လည်း သွေးများစွာထွက်ပြီး သွေးခဲဖြစ်လာပါက လွန်စွာနာကျင်မှု ခံစားရနိုင်ပါတယ်။ ထို့ကြောင့် သွေးခဲကို ဖယ်ထုတ်ရန် လိုအပ်ပါတယ်။

(3) အရိုးထိ အညိုအမဲဖြစ်ခြင်း

အရိုးကျိုးခြင်းကြောင့် အညိုအမဲဖြစ်စေပြီး လူပ်ရှားမှုသည် နာကျင်စေပါတယ်။ အရိုးနုနေရာတွင်ဖြစ်ပါက နာကျင်မှုဖြစ်စေပါတယ်။

(4) ကိုယ်တွင်းအင်္ဂါ အညိုအမဲဖြစ်ခြင်း

ပြင်းထန်သော ထိခိုက်မှုကြောင့် သွေးကြောများပေါက်ကာ ကျောက်ကပ်၊ အဆုတ်နှင့် နှလုံးတို့တွင်လည်း အညိုအမဲဖြစ်စေပါတယ်။ အဆိုပါ ထိခိုက်မှုကြောင့် အသက်အန္တရာယ်ထိခိုက်သည်အထိ ဆိုးရွားနိုင်ပါတယ်။

(5) မျက်လုံးအညိုအမဲကွက်ဖြစ်ခြင်း

မျက်လုံးနားတဝိုက်တွင် အညိုအမဲကွက်ကြောင့် နာကျင်ပြီး ရောင်ရမ်းစေပါတယ်။ မျက်သားအတွင်း ထိခိုက်ပါက ပိုမိုပြင်းထန်နိုင်ပါတယ်။

ကုသမှုနည်းလမ်းများ

အရေပြား၊ ကြွက်သား၊ အရိုးနှင့် အရိုးနုများတွင် အညိုအမဲစွဲပါက အများအားဖြင့် အထွေအထူးကုသရန် မလိုပါနိုင်ပါ။

နာကျင်ရောင်ရမ်းမှုသက်သာစေရန် အိမ်တွင်းကုသမှု နည်းလမ်းမျာမှာ

– ထိခိုက်သောနေရာကို အနားပေးပါ။ ဥပမာ အရိုးထိခိုက်ပါက လူပ်ရှားမှုမရှိအောင် စည်းထားခြင်းစသည်တို့ကိုပြုလုပ်ပါ။

– နာကျင်ရောင်ရမ်းမှု သက်သာစေရန် ရေခဲကပ်ပါ။ မိနစ် ၂၀ ခန့်ကပ်ပါ။ မိနစ် ၂၀ ခန့်နားပါ။

– နာကျင်ရောင်ရမ်းမှု သက်သာစေရန် ပတ်တီးစည်းထားပေးပါ။

– ညိုမဲနေသော နေရာကို အမြင့်နေရာထားပါ။ ရောင်ရမ်းမှု သက်သာစေရန် ညိုမဲနေသော နေရာကိုမြှင့်ထားပါ။

ကိုယ်တွင်းအင်္ဂါထိခိုက်မှုဖြစ်ပါက ဆေးရုံတက်ကုသရန် လိုအပ်ပါတယ်။ ဒဏ်ရာရနေသော အင်္ဂါအစိတ်အပိုင်း သွေးထွက်သောနေရာကို လိုအပ်ပါက ခွဲစိတ်ကုသရန် လိုနိုင်ပါတယ်။ ထို့ကြောင့်ပြင်းထန်သော ထိခိုက်မှုကြုံတွေ့ရပါက သေချာနီးစပ်ရာဆေးခန်းဆေးရုံသို့ အမြန်ဆုံးကုသမှု ခံယူပါ။ သွေးရောဂါရှိသူနှင့် ကိုယ်ခံအားနည်းသူများသည် ထိခိုက်ဒဏ်ရာရပါက အခြားသူများထက် ပိုမိုသွေးထွက်ခြင်း ကြုံတွေ့ရနိုင်ပါတယ်။

Dr.Pyae Shin

ဆက်စပ် ဆောင်းပါးများ