မေး -မွေးကင်းစတစ်ပတ်အတွင်း ကျွန်မသားလေးမှာ မျက်ဝတ်တွေ ထွက်တယ်ဆရာမ မျက်စိနာတာလား။ ဘယ်သူနဲ့ပြသင့်ပါသလဲရှင့်။ဒေါ်အုန်းမေ (ဝါးခယ်မ)
ဖြေ -မွေးကာစ တစ်ပါတ်အတွင်းဖြစ်လေ့ရှိတဲ့သာမာန်ရောဂါပိုး ဝင်ရောက် လို့ ဖြစ်ပွားတဲ့ မျက်စိရောဂါ ဖြစ်တယ်။ မွေးဖွားနေစဉ် ကလေးမျက်စိအတွင်းကု ရေမွှာရည် (သု့ိ) သွေးစတဲ့ တစ်စုံတစ်ခု ဝင်ရောက်ရာက စပါတယ်။ ကလေးမျက်စိက ပြည်လိုလို၊ မျက်ချေးလိုလို ထွက်ခြင်းနဲ့ အိပ်ရာထချိန်မှာ မျက်ဝတ်များ မျက်စိမှာ ကပ်ပါနေခြင်း တို့ဖြစ်ပွားတယ်။
ရောဂါလက္ခဏာများ – မျက်စိတစ်ဖက် (သို့) အတွင်းဘက် အစွန်းထောင့် နေရာမှ ပြည်ထွက်ခြင်းနဲ့ အိပ်ရာက ထလာရင် မျက်တောင်မွှေးများကပ်နေခြင်း၊ အလင်းမကြည့်နိုင်ခြင်းတို့ တွေ့ရတယ်။
မိဘလုပ်ရန် – ဂွမ်းတို့ဖတ်ကို မျက်စိထောင့်အစွန်းကစပြီး မျက်စိတစ်ခုလုံး သန့်စင်ပြီး အောက်ဖက် ဆွဲသွား ရမယ်။
(၁) ရေနွေးပူပူမှာ နှစ်ပြီး ပိုးသတ်ထားတဲ့ ဂွမ်းတို့ဖတ်နွေးနွေးနဲ့ မျက်လုံး တစ်ဖက်စီကို သန့်ရှင်းပေးရမယ်။ တို့ဖတ်ကို မျက်လုံးအပြင်ဖက် ထောင့်စွန်းကစလို့၊ မျက်စိအတွင်းသုတ်သွားပြီး အောက်ကို တည့်တည့်ဆွဲချခြင်းနဲ့ မျက်စိတစ်ခုလုံးကို ရောဂါပိုး မပျံ့နှံ့အောင် ကာကွယ်ပေးရမယ်။
(၂) ကလေးအိပ်တုန်း အိပ်ရာခင်းနဲ့ ခေါင်းအုံးစွပ်များမှ တစ်ဆင့်အခြား မျက်စိတစ်ဖက်ကို ရောဂါပိုး ပျံ့နှံ့သွားနိုင်လို့ကလေးအိပ်ရင် မျက်ဝတ်ထွက်နေတဲ့ မျက်စိကို အပေါ်ဖက်ထားပြီး အစောင်းအနေထားနဲ့ သိပ်ရမယ်။ ကလေးမျက်ဝတ် ဖယ်ရှားပြီး မဖယ်ရားခင် မိခင်ရဲ့လက်ဆပ်ပြာရေနဲ့ ဆေးရမယ်။
ဆရာဝန်ပြဖို့လို – ကလေးမျက်လုံးနီရဲနေရင် ဆရာဝန်ထံ ချက်ချင်း ပြသ ရမယ်။ မျက်စိနာခြင်းဖြစ်နိုင်တယ်။ ကလေးရဲ့ မျက်ဝတ်ထွက်ရောဂါ (၂၄)နာရီ အတွင်း မသက်သာရင် မိသားစု ဆရာဝန်နဲ့ပြသရမယ်။
ဆရာဝန်ဆောင်ရွက်ချက် – ရောဂါပိုးဝင်ရောက်တဲ့ လက္ခဏာရှိရင် မျက်စဉ်းဆေး တစ်မျိုးကို တစ်နေ့သုံးကြိမ် မှ လေးကြိမ် ဥပမာ တက်ထရာဆိုင်ကလင့် မျက်စဉ်းတောင့် ခပ်ဖို့ ညွှန်ကြားနိုင်တယ်။မိဘလုပ်ပေးဖို့ ကလေးမျက်စိက မျက်ဝတ်ထွက်တာတွေ့ရှိရင် မျက်စိကို သန့်ရှင်းအာင် မကြာခဏ လုပ်ဆောင်ပေးရမယ်။ အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်များ မှန်မှန်လဲလှယ်ပေးခြင်းက ကျန်တဲ့မျက်စိတစ်ဖက်ကို ရောဂါ မကူးစက်အောင် တားဆီးပေးဖို့လိုမယ်။
မျက်စိနာခြင်း- ကလေးမျက်စိနာခြင်းနဲ့ မကွဲလို့ ၊ မိသားစုဆရာဝန်နဲ့ပြသ ရမယ်။ ကလေးကို မသန့်ရှင်းတဲ့ လက်နဲ့ မျက်စိနာကိုင်ထားတဲ့ လက်နဲ့ကိုင်မိ ပွတ်မိရင် ကလေးမျက်စိထဲ ဘတ်တီးရီးယား (သို့) ဗိုင်းရပ်ဝင်ရင် မျက်စိနာခြင်း ဖြစ်ပေါ်ပြီး ကလေးဟာ အလင်းမကြည့်နိုင်ရုံမက၊ မျက်လုံးအိမ်ရဲပြီးနီနေကာ ဖောင်းလာမယ်။ စတီးရွိုက်ပါတဲ့ မျက်စဉ်းရည်၊ ညွှန်ကြားတတ်ပြီး သုံးလေးရက် လုပ်ပေးပါ။
မျက်စိတစ်ခုခု အမှိုက်စဝင်ခြင်း ဓာတုပစ္စည်း၊ ဥပမာ -ရေမွှေးရည်ဝင်ခြင်း က မျက်စိနာရောဂါဖြစ်စေတယ်။ ကလေးကို ဆယ်လ်ဖီး (Selfie) ရိုက်တာ များရင် မျက်ဝတ်ထွက်ပြီး၊ မျက်စိနာကာ မကုသဘဲထားရင် မျက်လုံးအမြင် ဆုံးရှုံးတဲ့အထိ ဖြစ်တတ်လို့ ကလေးမျက်စိဓာတ်ပုံမကြာခဏ ရိုက်ခြင်းမျိုး ရှောင်သင့်တယ်။
Author: ဒေါက်တာလွင်သန့်