ဇီဝကတို့ နေ့စဉ် ကြုံတွေ့နေကျ ကျန်းမာရေး ပြဿနာများထဲက
တစ်ခုဖြစ်တဲ့ ငါးမျက်စိနဲ့ အသားမာအကြောင်းလေး ပြောချင်ပါတယ် ။ဇီဝကတို့တတွေ အကြောင်းအမျိုးမျိုးကြောင့် အသားမာ ဖြစ်ရင်လည်း လက်က ဂဏာမငြိမ်
ဘဲ ခွာချင်တတ်ကြတယ် ။ငါးမျက်စိရှိရင်လည်း ပျိုမေတို့ အဖို့ အလှပျက်ပါတယ် ။
ငါးမျက်စိဆိုတာ ဘာလဲ ။အသားမာတို့ ၊ငါးမျက်စိတို့ ဘာကြောင့်ဖြစ်တာလဲ ။ ခြေ ၊လက် စတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုမှာ ဖိအားကြာရှည်စွာသက်ရောက်ရင် ၊ကြာရှည်စွာ ပွတ်တိုက်ခြင်းခံရရင် အသားမာတက်လာပါတယ် ။ အသားမာရဲ့ အလယ်မှာ မျက်စိသဖွယ်လေးပါလာရင်တော့ ငါးမျက်စိလို့ ခေါ်ပါ
တယ် ။အများအားဖြင့် ခြေ ၊လက်စတဲ့ အစိတ်အပိုင်းတွေမှာ ဖြစ်တတ်ပါတယ် ။ခြေထောက်မှာဆိုရင် ဖိနပ်ကြပ်ကြပ်စီးသူတွေ ၊လမ်းလျှောက်ရင် ခြေဖဝါးအပြား
လိုက် မချဘဲ မညီမညာ နင်းလျှောက်တတ်သူတွေမှာ အသားမာတို့ ၊ငါးမျက်စိတို့ ဖြစ်တတ်တယ် ။ကာယအား အသုံးပြုသူတွေ နဲ့ တူရိယာ တစ်မျိုးမျိုးကို နေ့စဉ် တီးခတ်သူတွေ (ဥပမာ-လက်သမားတွေ ၊ဆိုင်းသမား ၊ဂစ်တာတီးသူတွေ )မှာ လက်မှာ ပိုဖြစ်တတ်ပါတယ် ။
မိမိ ဘာသာ ဘာလုပ်ထားနိုင်လဲ ။
-ငါးမျက်စိ ၊အသားမာ တက်သည့် ခြေ ၊လက်တို့ကို ဆပ်ပြာရည် နွေးနွေးထဲတွင်
နေ့စဉ် ၁၀မိနစ်ခန့် စိမ်ပေးပါ ။
-ပြီးနောက် ချေးချွတ်တဲ့ ကျောက်တုံးနဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ ။
-ငါးမျက်စိ ၊အသားမာတို့ကို မလှီးရ ၊မခွာရ ။
-မာနေသော အရေပြား ပျော့ပြောင်းလာစေရန် ဆယ်လီဆယ်လစ် အက်ဆစ်
Salicylic acid ပါသော ဆေးများ ၊Vaseline ၊ဖယောင်းချက်များ လိမ်းပေးနိုင်တယ်။
-အရေပြား အစိုဓာတ်ကို စုပ်ယူပေးပြီး အသားမာကို ပျော့ပျောင်းလာစေတဲ့ ဆေး
ပလာစတာ Hydrocolloid plaster ကိုလည်း ကပ်ပေးနိုင်တယ် ။
ဘယ်အချိန်မှာ မိမိ မိသားစုဆရာဝန်နဲ့တိုင်ပင်မလဲ ။
-ဆီးချိုရောဂါ အခံ ရှိရင်
-သွေးကြောပိတ်လို့ သွေးအလျှောက်နည်းတဲ့ ရောဂါ အခံ ရှိရင်
-အသားမာ ၊ငါးမျက်စိသည် နီရဲ ၊ရောင်လာ ၊နာကျင် ၊အရည်ရွှဲ ဖြစ်လာရင်
-အနာပေါက်လာရင်
မိမိ မိသားစုဆရာဝန်နဲ့ တိုင်ပင်သင့်တယ် ။
ဘယ်လို ကာကွယ်မလဲ ။
-မိမိနဲ့ သင့်တော်တဲ့ ဖိနပ်ကိုသာ စီးပါ ။အရမ်းကြပ်လွန်းတဲ့ ဖိနပ်များ ၊သဲကြိုးမာတဲ့
ညှပ်ဖိနပ်များ ၊ခုံမြင့် ၊ဦးချွန် ဖိနပ်များ စီးခြင်း ရှောင်ပါ ။
-ပြန်ပြင် ၊ပြန်ချုပ် ဖိနပ်များ စီးမည်ဆိုက ဖြစ်ကတတ်ဆန်း ချုပ်ထားတာမျိုး မစီးပါနဲ့။
-အသားမာ မကြာခဏတက်တတ်က ပွတ်အား ၊ဖိအားကျနိုင်သော နေရာများကို
ဆေးပလာစတာ Hydrocolloid plaster ကြိုတင်ကပ်ထားပါ ။ခြေဖဝါး အခံပြားများ
ရှူးဖိနပ်ထဲ ထည့်စီးနိုင်ပါတယ် ။
-လုပ်ငန်းသုံး တူ ၊ဆောက် ကိရိယာတန်ဆာပလာများကို ရေမြုပ်ခံထားသော လက်
အိတ်ဖြင့် ကိုင်တွယ် အသုံးပြုပါ ။
-ဂစ်တာ ၊တယော ၊ဆိုင်းတီးသူများ အဖို့ လက်ထိပ်များကို ပလာစတာ ကြိုတင်ကပ်
ထားနိုင်တယ် ။
-အရေပြား စိုစွတ် ချောမွေ့ နေစေရန် မွိုင်ချာရိုက်ဇာကို နေ့စဉ် ခြေ ၊လက်တွေကို
လိမ်းပေးပါ ။
Author: ခေတ်သစ် ဇီဝက