fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နေပူမိခြင်းနှင့် မျက်စိနီခြင်း

847
VIEWS
Share on FacebookShare on TwitterShare on Linkedin
15/05/2019
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

နေပူမိခြင်းနှင့် မျက်စိနီခြင်း

ပုံမှန်မဟုတ်သော မျက်စိနီခြင်းပြဿနာသည် အရွယ်ရောက်ပြီးသူ အတော်များများ တွေ့ကြုံခံစားရဖူးသည့် ကျန်းမာရေးပြဿနာတခုဖြစ်သည်။ အထူးသဖြင့် ယခုကဲ့သို့ ရာသီဥတု ပူအိုက်လွန်းသည့် နွေရာသီများတွင် အလုပ်လုပ်နေရသူများ၊ ရေကူးကန်များတွင် ရေကူး မျက်မှန်မပါပဲ ကူးတတ်သူများနှင့် မကြာခဏ အိပ်ရေးပျက်ရသူများတွင် မျက်စိနီခြင်း ဖြစ်ပွားတတ်သည်။

အများစုသော မျက်စိနီတတ်သူများတွင် မျက်စိနီနေသည်ကို စမ်းသပ်တွေ့ရှိရပြီး အချိန်တန်လျှင် သက်သာပျောက်ကင်း သွားခြင်းများရှိသကဲ့သို့ အချို့သူများတွင် သိသာထင်ရှားစွာ မျက်စိနီနေခြင်း မရှိသော်လည်း အလွန် နေရခက်သည့်လက္ခဏာများကိုပါ တွဲ၍ခံစားရတတ်ကာ လိုအပ်သော ကုသမှုကို အချိန်မီခံယူကြရန်လည်း လိုအပ်နိုင်သည်။

မျက်စိနီခြင်းနှင့်တွဲ၍ ခံစားရနိုင်သည့် လက္ခဏာများ

ဖြစ်ပွားရသောအကြောင်းအရင်းကို လိုက်၍ အတွေ့များသော လက္ခဏာများမှာ-
– မျက်စိအတွင်း ခိုးလိုးခုလု ဖြစ်နေတတ်ခြင်း
– ယားယံခြင်း၊
– မျက်ရည်ကျနေခြင်း၊
– တခါတရံ မျက်ရည်ပူများတရဆက် ကျဆင်းနေတတ်ခြင်း၊
– နာကျင်ခြင်း၊ အောင့်နေတတ်ခြင်း၊
– မျက်လုံးအတွင်း ပူလောင်နေတတ်ခြင်း၊
– မျက်သားများခြောက်သွေ့နေသည်ကို သတိထားမိခြင်း(မျက်ရည်လုံးဝမထွက်ခြင်း)၊
– အလင်းရောင်ကို ကောင်းစွာမကြည့်နိုင်ခြင်း၊
– မျက်စိအမြင်မှုန်ဝါးလာခြင်း စသည့်လက္ခဏာများကိုပါတွဲ၍ ခံစားရနိုင်သည်။

မျက်စိနီခြင်းကိုဖြစ်စေသည့် အကြောင်းအရင်းများ

အဓိကဖြစ်ပွားရခြင်းမှာ အခြေအနေတခုခုကြောင့် မျက်စိအပေါ်ယံတွင်ရှိသော သာမန်အားဖြင့်မမြင်ရသည့် သွေးပြန်ကြောကလေးများ ဖောင်းလာပြီး တဖြည်းဖြည်း ရဲလာကာ မျက်စိနီခြင်းဖြစ်ပွားလာရသည်။ ၎င်းတို့ကို ဖြစ်စေသည့် အကြောင်းအရာများ များစွာရှိပြီး ပြင်ပ အကြောင်းအရာများကြောင့် ဖြစ်သည့် မျက်စိနီခြင်းနှင့် မျက်စိရောဂါ များကြောင့် ဖြစ်သော မျက်စိနီခြင်း ဟူ၍ ထပ်မံခွဲခြားနိုင်သည်။

ပြင်ပအကြောင်းအရာများကြောင့်ဖြစ်သော မျက်စိနီခြင်း

– ခြောက်သွေ့သောရာသီဥတုနှင့် လေထုကြောင့်ဖြစ်သော မျက်စိနီခြင်း (ပူအိုက်သော ရာသီဥတုတွင်ဖြစ်သော လေထုခြောက်သွေ့ခြင်းနှင့် လေယာဉ်၊ ကား၊ ရုံးခန်းနှင့် အဲကွန်းခန်းများ စသည့်လေလုံသောအခန်းများအတွင်း လေထုခြောက်သွေ့တတ်ခြင်း)
– ခရမ်းလွန်ရောင်ခြည်ဖြင့် အချိန်ကြာမြင့်စွာထိတွေ့ခြင်း (ခရမ်းလွန်ရောင်ခြည် ကာကွယ်သည့်မျက်မှန်မပါပဲ နေရောင်ခြည်နှင့် အချိန်ကြာမြင့်စွာထိတွေ့ခြင်း၊ မီးသီး/ မီးချောင်းများကို မျက်စိဖြင့် တိုက်ရိုက်ကြည့်ခြင်း)
– ကွန်ပျူတာ၊ ဖုန်းစသည့်ပစ္စည်းများအား မျက်စိကိုအနားမပေးပဲ အချိန်ကြာမြင့်စွာ အသုံးပြုခြင်း
– အိပ်ရေးမဝခြင်း
– အရက်(သို့မဟုတ်) မူးယစ်ဆေးတခုခုသုံးစွဲထားခြင်း
– အကြောင်းအရာတခုခုကြောင့်ဖြစ်စေ၊ အကျင့်ပါနေ၍ဖြစ်စေ မျက်စိအား လက်ဖြင့် မကြာခဏ ပွတ်ခြင်း၊
– ဆေးလိပ်၊ စီးကရက်ငွေ့များ မျက်လုံးအတွင်းဝင်ခြင်း
– လေထုအတွင်းပါလာတတ်သော ပန်းဝတ်မှုန်များ၊ အနံ့များကဲ့သို့ ဓာတ်မတည့်ခြင်း ဖြစ်စေသည့် အရာများထိတွေ့ခြင်း
– ဓာတုဓာတ်ငွေ့များကြောင့်ဖြစ်ရသည့် လေထုညစ်ညမ်းခြင်း
– မီးခိုမှုန်၊ ဖုန်မှုန်နှင့်အခြားသော အမှုန်များမျက်စိထဲဝင်ခြင်း
– ဓာတ်ဆီငွေ့၊ ဆေးငွေ့၊ အက်ဆစ်ငွေ့များ မျက်စိထဲဝင်ခြင်း
– ဓာတုဗေဒပစ္စည်းများ မျက်စိအတွင်းဝင်ခြင်း (ရေကူးကန်များတွင် ရေကူးရာတွင် ကလိုရင်းဓာတ်များ မျက်စိအတွင်းဝင်ခြင်း) စသည့် ပြင်ပအခြေအနေများကြောင့် မျက်စိနီခြင်း ဖြစ်ပွားနိုင်သည်။

မျက်စိနှင့်ဆိုင်သောရောဂါများ/အခြေအနေများကြောင့်ဖြစ်သော မျက်စိနီခြင်း

– မျက်သားခြောက်သွေ့ခြင်း
ရေဓာတ်ခန်းခြောက်ခြင်း၊ ဗီတာမင်ဓာတ်ချို့တဲ့ခြင်းနှင့် မျက်သားခြောက်သွေ့ တတ်သည့် ရောဂါရှိသူများ

– မျက်ကပ်မှန်အသုံးပြုသူများတွင် အချိန်ကြာမြင့်စွာတပ်ထားခြင်းနှင့် သန့်ရှင်းရေး သေချာမလုပ်ခြင်း

– ဘတ်တီးရီးယား(သို့မဟုတ်) ဗိုင်းရပ်စ်ရောဂါပိုး တမျိုးမျိုးဝင်ရောက်ခြင်းကြောင့် ဖြစ်သော မျက်စိနာခြင်း

– ပြင်ပမှအကြောင်းအရာတခုခုကြောင့် မျက်စိကို တိုက်ရိုက်ထိခိုက်မိခြင်း (မျက်ခုံးမွေး၊ ဆူး၊ အမှိုက်)

– လတ်တလော မျက်စိခွဲစိတ်မှု ပြုလုပ်ထားခြင်း (အတွင်းတိမ်၊ ရေတိမ်၊ လေဆာ)

– မျက်ကြည်လွှာတွင်အနာဖြစ်ခြင်း စသည့်မျက်စိအခြေအနေများကြောင့်လည်း မျက်စိ နီခြင်းနှင့်အတူ အထက်ဖော်ပြပါ လက္ခဏာများကိုပါ တွဲ၍ ခံစားရနိုင်သည်။

မျက်စိနီရင် ဘာလုပ်ရမလဲ

ဖြစ်ပွားစေသောအကြောင်းအရင်းကိုလိုက်၍ စိုးရိမ်ရန်မလိုပဲ အချိန်တန်လျှင် သက်သာပျောက်ကင်းသွားနိုင်သည့် မျက်စိနီခြင်းများရှိသကဲ့သို့ ကုသမှုခံယူရန်လိုသည့် အခြေအနေများလည်းရှိသည်။

မည်သည့်အကြောင်းကြောင့် မျက်စိနီခြင်း ဖြစ်စေကာမူ ရုတ်တရက် မျက်စိနီလာခြင်းနှင့်အတူ မျက်စိအမြင်မှုန်ဝါးခြင်း၊ ပူခြင်း၊ နာခြင်း၊ မျက်ဝတ်များ ထွက်နေခြင်းနှင့် မျက်ရည်ပူများ ကျခြင်းကဲ့သို့ လက္ခဏာများကိုပါတွဲ၍ ခံစားရလျှင် အရေးပေါ် ကုသမှုခံယူရန် လိုအပ် နိုင်သဖြင့် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံး သွားရောက်ပြသကုသမှု ခံယူ ကြရန်လိုသည်။

မျက်ကပ်မှန်တပ်နေသူများအနေနှင့်လည်း မိမိပြသနေကျ မျက်စိဆရာဝန်နှင့် တိုင်ပင်၍ ညွှန်ကြားချက်များအတိုင်း စနစ်တကျ သန့်ရှင်းရေးပြုလုပ်ပြီးမှ အသုံးပြုရန် လိုအပ်လှသလို တဆက်တည်း အချိန်ကြာမြင့်စွာ တပ်ထားခြင်းမျိုးကိုလည်း ဂရုပြု ရှောင်ကျဉ်ကြသင့်သည်။ မျက်ကပ်မှန်တပ်ရင်း မျက်စိနီလာသူများအနေနှင့် မျက်စိနာခြင်း၊ နီခြင်းပြဿနာများ ကင်ဝေးသွားချိန်အထိ မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ကျဉ်ထားသင့်ပြီး မျက်စိ မျက်စိဆရာဝန်နှင့် အမြန်ဆုံးပြသကာ ကုသမှု ခံယူရန် လိုသည်။

ထို့အပြင် ဖုန်း၊ ကွန်ပျူတာစသည့် လျှပ်စစ်ပစ္စည်းများကို အချိန်ကြာမြင့်စွာ အသုံးပြုရသူများ၊ အဲကွန်းခန်းများတွင် အလုပ်လုပ် ကိုင်ကြသူများ၊ နေပူထဲတွင် အလုပ်လုပ်ကြသူများ၊ ဆိုင်ကယ်ဖြင့် ခရီးရှည်သွားတတ် ကြသူများ၊ အခြားသော မျက်သားခြောက်သွေ့ခြင်းဖြစ်ရန် အခွင့်အလမ်းများသူများနှင့် အကြောင်းအရာ မယ်မယ်ရရ မရှိသော်လည်း မျက်စိနီနေသူများအနေနှင့် နေကာမျက်မှန်တပ်ခြင်းနှင့် ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူ၍ရသော မျက်ဝန်းကို စိုစွတ်အောင် ပြုလုပ် ပေးသည့် မျက်စဉ်းများကို အသုံးပြုပေးခြင်းများ ပြုလုပ်သင့်သည်။

မည်သည့်လက္ခဏာမှ ခံစားရခြင်းမရှိပဲ (တပတ်နှင့်အထက်) အချိန်ကြာမြင့်စွာ မျက်စိနီနေသူများနှင့် မျက်ဝန်းကိုစိုစွတ်စေသည့် မျက်စဉ်းများခပ်သော်လည်း မသက်သာသူများ အနေနှင့် ဖြစ်ပွားရသော အကြောင်းအရင်းကို စနစ်တကျ သိရှိပြီး လိုအပ်သောကုသမှု ခံယူနိုင်ရန်အတွက် နီးစပ်ရာမျက်စိဆရာဝန် (သို့) အထွေထွေ ရောဂါကု ဆရာဝန်နှင့် တိုင်ပင်ပြသကာ လိုအပ်သောကုသမှုကို အမြန်ဆုံး ခံယူကြရန်လိုသည်။

မျက်စိနှင့်ဆိုင်သော ကျန်းမာရေးပြဿနာများ ဖြစ်ပွားခြင်းမှ ကင်းဝေးကြပါစေ။

Dr. Tint Tal

Previous Post

ခန္ဓာကိုယ်အနှံ့ ကျောက်တည်နိုင်တဲ့ နေရာတွေအကြောင်း

Next Post

အတိတ်မေ့ခြင်းနှင့် ဦးခေါင်းဒဏ်ရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
126

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
608

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အတိတ်မေ့ခြင်းနှင့် ဦးခေါင်းဒဏ်ရာ

ဆံပင်ပါးတာ မျက်တောင်မျက်ခုံးပါးတာ သက်သာအောင် လွယ်လွယ်ကူကူ ဘယ်လိုလုပ်ကြမလဲ??

စနစ်တကျ အရက်သောက်နည်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.