ခု cele တွေကြားမှာ နာမည်ကြီးတဲ့ ကီတို Ketogenic Diet
အခုတစ်လော ခေတ်စားနေတဲ့ Keto diet (ကီတိုဓာတ်စာ) ဆိုတာ အသစ်မဟုတ်ပါဘူး။Keto diet နဲ့ခပ်ဆင်ဆင် diet တွေဆိုတာ အရင်ကတည်းက အများကြီး ရှိခဲ့ဖူးပါတယ်။
ကီတို diet က အနောက်နိုင်ငံတွေမှာ နာမည်ကြီးတာကြာပါပြီ။ ၁၉၉၇ ကတည်းကနာမည်ကြီး cele တွေ model တွေသုံးလာတဲ့ နည်းလေးတစ်ခုပါ။
ခုဒီမှာက နာမည်ကြီးတာတော့ သိပ်မကြာသေးပါဘူး။ ၁ -၂ နှစ်လောက်ပဲ ရှိပါဦးမယ်။
ကီတိုdiet ဆိုတာဘာလဲ..?
ကျွန်မတို့ ခန္ဓာကိုယ်မှ ာကီတိုးစစ် (Ketosis ) လို့ခေါ်တဲ့ ဇီဝကမ္မဖြစ်စဉ် ဖြစ်အောင် ကျွန်မတို့ ကိုယ်တိုင်လုပ်ယူဖန်တီးတာကို ကီတိုလို့ ခေါ်ပါတယ်။
အဲဒီ ကီတိုးစစ် (ketosis) ဆိုတာ???
ကျွန်မတို့တွေ နေ့စဉ်ထမင်းဂျုံစတဲ့ အစာတွေကို စားပြီး ကစီဓာတ် ( carbohydrate ) ကိုရတယ်။ ဒီကစီဓာတ်တွေကို နေ့စဉ်လှုပ်ရှားသွားလာဖို့အတွက် စွမ်းအင်အဖြစ် အသုံးပြုပါတယ်။ ခု ketosis ဆိုတာ အဲဒီကစီဓာတ်ကို လုံးဝမစားသလောက် လျှော့ချလိုက်တာပါ။
ကဆီဓာတ်မစားရင် အလုပ်လုပ်ဖို့ စွမ်းအင်တွ ဘယ်လိုရမလဲ..?
ကီတို diet ကစီဓာတ်နေရာမှာ အသားဓာတ်နဲ့ အဆီဓာတ်ကို အစားထိုးလိုက်တာပါ။
ကစီဓာတ်မရတော့တဲ့အခါ ခန္ဓာကိုယ်ဟာ ကစီဓာတ်မရှိတော့တဲ့အခါ အရင်က စွမ်းအင်တွေပိုလို့ သိုလှောင်ထားတဲ့ အဆီတွေကို ချေဖျက်ပြီး စွမ်းအင်ရအောင် လုပ်ပါတယ်။ အဲ့ဒီအခါ ရုတ်တရက်ရလာတဲ့ အဆီတွေနဲ့ ဖက်တီးအက်ဆစ်ကို ထုတ်လုပ်ရတော့တယ်။
တစ်နေ့တာအတွက်လိုအပ်တဲ့စွမ်းအင်ကိုအဲဒီအဆီတွေကပဲထုတ်လုပ်တော့တယ်။
ခန္ဓာကိုယ်က အဆီတွေကို ဂလူးကို့စ်အစား ကီတုန်း ( ketone ) body တွေ ထွက်လာပြီးလိုအပ်တဲ့ စွမ်းအင်တွေ ပေးပါတယ်။
ဒီလိုခန္ဓာကိုယ်က ကစီဓာတ်ကရတဲ့ စွမ်းအင်နဲ့ အလုပ်မလုပ်တော့ပဲ အဆီကရတဲ့ စွမ်းအင်နဲ့ အလုပ်လုပ်တဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကီတိုးစစ်လို့ ခေါ်ပါတယ်။
ကီတို diet က diet လုပ်ပေမဲ့ အရင်ကလို ဗိုက်မဆာတော့ပါဘူး။
ကီတိုးစစ် အခြေအနေဖြစ်အောင် အဆီ ၇၅%၊ အသားဓာတ် ၂၀%၊ ကစီဓာတ် ၅% ဒီလိုအချိုးအဆနဲ့အစားအစာကိုစားရမှာဖြစ်တယ်။
အရမ်းကြီး တိကျဖို့မလိုပါဘူး။ လူတိုင်းလူတိုင်း မတူလို့ပါ။ အကောင်းဆုံးကတော့ ကဆီဓာတ်နဲ့ အချိုကို လုံးဝမစားတော့ရင် အကောင်းဆုံး ဖြစ်ပါတယ်။
ketogenic diet – စားရင်
၁။ နှလုံးရောဂါ (Heart disease)
၂။ ကင်ဆာရောဂါ (Cancer)
၃။ သူငယ်ပြန်ရောဂါ (Alzheimer’s disease)
၄။ ဝက်ရူးပြန် (Epilepsy)
၅။ အကြောအားနည်းပြီး ခြေလက်တုန်တဲ့ ရောဂါ၊ ပါကင်ဆန်ရောဂါ (Parkinson’s diseas)
၆။ Polycystic ovary syndrome
၇။ ဦးနှောက်ထိခိုက်မှု (Brain injuries)
၈။ ဝက်ခြံထွက်မှု (Acne)
စတဲ့ အင်ဆူလင်လယ်ဗယ်မြင့်လို့ ရလာတတ်တဲ့ ရောဂါတွေက ကာကွယ်နိုင်ပါတယ်။
အားလုံးပဲ ခေတ်နောက်မကျရလေအောင် keto diet လေးအကြောင်း ဝေမျှပေးတာပါရှင်။
Scarlette (ဆေး၁)