fbpx
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor
No Result
View All Result
Home ကျန်းမာစေသော အစားအစာ

ကြက်သားစားဖို့လိုမယ့်အကြောင်းတွေ

8
VIEWS
Share on FacebookShare on Twitter
18/10/2019
in ကျန်းမာစေသော အစားအစာ, ကျန်းမာသော နေထိုင်မှုပုံစံ
စာဖတ်ရန်ကြာချိန် 1 မိနစ်
A A
0 0

ဝက်သား၊ဆိတ်သား၊အမဲသား၊ငါး စသဖြင့် အသားတွေများစွာရှိတဲ့အနက် ကြက်သားဟာ လူအစားအများဆုံး အသားဖြစ်ပါတယ်။

ဝက်သားကလည်းလူစားများပေမယ့် ဘာသာရေးအရရော၊ကျန်းမာရေးအရရော ရှောင်တဲ့သူတွေရှိတဲ့အတွက် ကြက်သားနဲ့ယှဉ်ရင်ကျ ကြက်သားလောက် အစားမများပါဘူး။

ဆိတ်သား၊အမဲသားကကျ ဈေးလည်းကြီးပြီး တချို့နေရာတွေမှာဝယ်ရမလွယ်ပါ။ဒါ့အပြင် ချက်ပြုတ်တဲ့အခါအနံ့ပျောက်အောင်ချက်ရတဲ့အတွက် ခက်ခဲပါတယ်။

ငါးကျဝယ်ရလွယ်ပြီး ဈေးပေါပေမယ့် လူ၁၀ယောက်မှာ၃ယောက်လောက်က ငါးဟင်းမကြိုက်ကြပါဘူး။

ကြက်သားဟာ တခြားအသားတွေထက်စာရင် ဈေးသိပ်မကြီးသလို အလွယ်တကူလည်းဝယ်လို့ရနိုင်ပါတယ်။ချက်ပြုတ်ရလုပ်ရကိုင်ရတာလည်းလွယ်ပါတယ်။

ကြက်သားကို ကြော်စားတာ၊ဘူသီးအာလူးစသဖြင့်နဲ့ရောချက်စားတာ၊ကင်စားတာ၊ပေါင်းစားတာ၊စွပ်ပြုတ်ဟင်းရည်လုပ်သောက်တာ၊သုပ်စားတာ စသဖြင့် အမျိုးမျိုးလုပ်စားကြပါတယ်။

ဒီလို လူအားလုံးနီးပါး ပုံစံအမျိုးမျိုးနဲ့ အစားများကြတဲ့ ကြက်သားဟာ လူတွေရဲ့ကျန်းမာရေးကို ဘယ်လိုကောင်းကျိုးတွေပေးနိုင်လဲဆိုတာကို ဒီတပတ်မှာ ရေးသားတင်ပြချင်ပါတယ်။

ကြက်သားမှာ ပရိုတင်း၊ကာဘိုဟိုက်ဒရိတ်၊ဗီတာမင်အေ၊ဘီ၊ကယ်လ်စီယံဓါတ်၊ဖော့စဖောရက်စ်ဓါတ်၊သံဓါတ်၊ကြေးဓါတ်၊နိုင်ရာစင်၊အဆီဓါတ်စတဲ့ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

ကြက်သားစားခြင်းဖြင့်ရနိုင်တဲ့ကျန်းမာရေးအကျိုးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ပရိုတင်းဓါတ်ကြွယ်ဝစွာရရှိနိုင်ခြင်း

ကြက်သားမှာပရိုတင်းဓါတ်ကြွယ်ဝစွာပါပါတယ်။ပရိုတင်းဓါတ်ဟာ ခန္ဓာကိုယ်ရှိကြွက်သားတွေကြီးထွားဖွံ့ဖြိုးဖို့အတွက်အထောက်အကူပြုပါတယ်။ဆံပင်၊အရေပြားအတွက်လည်းကောင်းကျိုးပေးပါတယ်။

ကြွက်သားကြီးထွားချင်တဲ့သူတွေ၊Six packs ရချင်တဲ့သူတွေဆိုရင် Gym ဆော့ အလေးမတာတွေလုပ်ဖို့လည်းလိုသလို ကြက်သားပါများများစားပေးဖို့လည်းလိုပါတယ်။

၂။ခန္ဓာကိုယ် အလေးချိန်ကိုထိန်းညှိပေးနိုင်ခြင်း

ကြက်သားမှာကြွယ်ဝစွာပါဝင်တဲ့ပရိုတင်းဓါတ်ဟာအရည်အသွေးမြင့်ပရိုတင်းဓါတ်ဖြစ်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ထိန်းညှိပေးဖို့အတွက်အထောက်ကူပြုနိုင်ပါတယ်။

ကိုယ်အလေးချိန်များပြီးအဝလွန်တဲ့သူတွေဆိုရင် တခြားအသားတွေစားတာထက် ကြက်သားစားသင့်ပါတယ်။

၃။နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်း

ကြက်သားစားခြင်းဖြင့် ခန္ဓာကိုယ်ထဲက homocysteine amino acid ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

Homocysteine amino acid ပမာဏများလာရင် နှလုံးသွေးကြောကျဉ်းရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။

၄။အရိုးနဲ့သွားတွေကိုကြံ့ခိုင်သန်မာစေခြင်း

ကြက်သားမှာပါတဲ့ပရိုးတင်းဓါတ်တွေဟာ အရိုးပါးခြင်း၊ပွခြင်းတွေကို ကာကွယ်လျှော့ချပေးနိုင်ပြီး ဖော့စဖောရပ်စ် ဓါတ်ဟာ အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်မာစေနိုင်ပါတယ်။

ဖော့စဖောရပ်စ်ဓါတ်ဟာ ကျောက်ကပ်၊အသည်း၊အာရုံကြောစနစ်တွေကောင်းစွာအလုပ်လုပ်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

သွေးဆုံးပြီးတဲ့အမျိုးသမီးတွေ၊အသက်ကြီးတဲ့သူတွေအနေနဲ့ အရိုးပါးခြင်း၊ပွခြင်းတွေမှ ကာကွယ်ရန် ကြက်သားများများစားသင့်ပါတယ်။

၅။ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျော့ကျစေနိုင်ခြင်း

ကြက်သားမှာ ဗီတာမင်ဘီမျိုးကွဲတခုဖြစ်တဲ့ နိုင်ရာစင်ဓါတ်ကြွယ်ဝစွာပါရှိပါတယ်။ထိုနိုင်ရာစင်ဓါတ်ဟာ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်ပါတယ်။

၆။မျက်လုံးကိုအထောက်အကူပြုခြင်း

ကြက်သားမှာဗီတာမင်အေ ကြွယ်ဝစွာပါရှိတဲ့အတွက်မျက်လုံးကျန်းမာရေးနဲ့အမြင်အာရုံကိုအထောက်အကူပြုပြီး ကြက်မျက်သင့်ရောဂါမဖြစ်အောင်ကာကွယ်ပေးပါတယ်။

၇။သွေးအားကောင်းစေခြင်း

ကြက်သားမှာသံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးအားကိုကောင်းစေနိုင်ပါတယ်။

သံဓါတ်ချို့တဲ့သွေးအားနည်းတဲ့သူတွေဆိုရင် ကြက်သားများများစားသင့်ပါတယ်။

၈။စိတ်ကျန်းမာရေးကိုအထောက်အကူပြုခြင်း

ကြက်သားစားခြင်းဖြင့် စီရိုတိုနင်ဟော်မုန်းကို မြင့်တက်စေနိုင်ကာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ပျော်ရွှင်မှု စိတ်တည်ငြိမ်ပေါ့ပါးမှုကိုဖြစ်စေနိုင်ပါတယ်။

ဒါတွေကတော့ သိသလောက်ကြက်သားစားခြင်းဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေဖြစ်ပါတယ်။

ကြက်သားဟာကျန်းမာရေးကောင်းကျိုးတွေများပေမယ့့် ကြက်သားချက်တဲ့အခါမှာ လတ်ဆတ်တဲ့ကြက်သားကိုချက်ဖို့နဲ့ သေချာကျက်အောင်ချက်ပြုတ်ဖို့လိုပါတယ်။

သေချာကျက်အောင်မချက်ရင် ကြက်နာသားတွေချက်ရင် ကြက်ငှက်တုပ်ကွေးရောဂါပိုးကူးစက်ခံရတာ၊အူရောင်ငန်းဖျားရောဂါပိုးကူးစက်ခံရတာမျိုးတွေဖြစ်နိုင်ပါတယ်။

Dr 528

Previous Post

ပါးစပ်ထဲမှာ ဖြစ်တတ်သော အနာလေးများအကြောင်း

Next Post

ကြောက်စရာကောင်းတဲ့အသည်းရောင်စီပိုး ဘယ်လိုကူးနိုင်သလဲ

8
VIEWS
Share on FacebookShare on Twitter

ဆက်စပ် ဆောင်းပါးများ

ခြောက်သွေ့တဲ့ အသားအရေအတွက် အသားအရေထိန်းသိမ်းနိုင်မယ့်နည်းလမ်းများ

7 hours ago

ကလေးများ ဖွံ့ဖြိုးကြီးထွားမှုဆိုတာ

8 hours ago

ကလေးများ ဉာဏ်ရည်ထက်မြက်စေတဲ့ အစားအစာများ

9 hours ago

သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

1 day ago

‌အရက်ကြောင့်ဖြစ်ရသော အသည်းရောဂါ။

1 day ago

မျက်နှာအရေပြားအဆီပြန်ခြင်းကို သက်သာစေနိုင်သည့် နည်းလမ်းများ။

1 day ago

ကျန်းမာရေးအမျိုးအစားအလိုက် ခေါင်းစဉ်များ

  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • သွေးတိုးရောဂါရှင်များအတွက်ဆောင်ရန်/ရှောင်ရန် ( ၁၀ )ချက်

    0 shares
    Share 0 Tweet 0
  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • ကြည်လင်ဝင်းပသော အသားအရေရရှိစေဖို့ လိုအပ်သောဗီတာမင်နှင့် သတ္တုဓာတ်များ။

    0 shares
    Share 0 Tweet 0
  • ဆီးချိုဘာကြောင့်မကျတာလဲ

    0 shares
    Share 0 Tweet 0
  • ခန္ဓာကိုယ်တွင် သံဓာတ်လွန်ကဲခြင်း အကြောင်းအရင်းများနှင့် ရောဂါလက္ခဏာများ

    0 shares
    Share 0 Tweet 0
  • အနာမြန်မြန်ကျက်စေမဲ့ ပျားရည်

    0 shares
    Share 0 Tweet 0
  • စအိုဖြင့် လိင်ဆက်ဆံခြင်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ

    0 shares
    Share 0 Tweet 0
  • ဘယ်လိုအစားအစာတွေက သံဓါတ်စုပ်ယူမှုကို တားဆီးနိုင်သလဲ

    0 shares
    Share 0 Tweet 0
  • သံဓာတ်လွန်ကဲနေသော သူများတွင် သံဓာတ်လျှော့ချဖို့ ဘာတွေစားသင့်သလဲ။

    0 shares
    Share 0 Tweet 0
  • သံဓါတ်လွန်ကဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ကုသနည်းများ

    0 shares
    Share 0 Tweet 0
Next Post

ကြောက်စရာကောင်းတဲ့အသည်းရောင်စီပိုး ဘယ်လိုကူးနိုင်သလဲ

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f
Youtube
Linkedin-in

OnDoctor Company Limited © 2020. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • OnDoctor မှ ဆရာဝန်များ
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms below to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Subscribe For Latest Updates

Sign up to best of business news, informed analysis and opinions on what matters to you.
Invalid email address
We promise not to spam you. You can unsubscribe at any time.
Thanks for subscribing!