fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

နှစ်ရိပ်နှစ်ထပ်မြင်ခြင်း

990
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/11/2019
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

နှစ်ရိပ်နှစ်ထပ်မြင်ခြင်း

နှစ်ရိပ်နှစ်ထပ်မြင်တယ်ဆိုတာဟာ သက်ရှိသက်မဲ့အရာပစ္စည်းတွေကို ကြည့်တဲ့အခါမှာ အမှန်တကယ်က တခု၊တယောက်ပဲရှိနေပေမယ့် မိမိမျက်လုံးထဲကျ ပုံရိပ်က နှစ်ခု၊နှစ်ယောက်မြင်နေခြင်းဖြစ်ပါတယ်။

မိမိမြင်တဲ့ နှစ်ခု၊နှစ်ယောက်ပုံရိပ်ဟာ ဘေးချင်းယှဉ်ပြီး မြင်ရတာလည်းဖြစ်နိုင်သလို တခုပေါ်တခု၊တယောက်ပေါ်တယောက်ထပ်ပြီး မြင်ရတာမျိုးလည်းဖြစ်နိုင်ပါတယ်။

ဆေးပညာအရတော့ Diplopia သို့မဟုတ် Double Vision လို့ခေါ်ပါတယ်။

မျက်လုံးတဖက်တည်းလည်းဖြစ်နိုင်သလို မျက်လုံးနှစ်ဖက်စလုံးလည်းဖြစ်နိုင်ပါတယ်။

မျက်လုံးတဖက်တည်းမှာဖြစ်ရင် monocular double vision လို့ခေါ်ပြီး မျက်လုံးနှစ်ဖက်လုံးဖြစ်ရင်တော့ binocular double vision လို့ခေါ်ပါတယ်။

နှစ်ရိပ်နှစ်ထပ်မြင်တဲ့အခါ လူအတော်များများအနေနဲ့ မျက်စိအားနည်းလို့ဆိုပြီး ပဲထင်တတ်ကြပါတယ်။

ဒါဟာမှားပါတယ်။

တိကျပြတ်သားတဲ့ပုံရိပ်တခုရဖို့ဆိုရင် မျက်စိဟာ ဘေးနားက ကြွက်သားတွေ အာရုံကြောတွေ စတဲ့အရာတွေနဲ့ တွဲပြီး အားလုံးအတူတကွအလုပ်လုပ်ရတာဖြစ်ပါတယ်။

မျက်စိကောင်းနေပေမယ့် မျက်စိဘေးနားကကြွက်သားတွေ၊အာရုံကြောတွေ စတဲ့အရာတွေမှာ ပြသာနာရှိနေရင်လည်း တိကျပြတ်သားတဲ့ပုံရိပ်မရနိုင်ပါ။

နှစ်ရိပ်နှစ်ထပ်မြင်ရတဲ့အကြောင်းရင်းတွေအနေနဲ့ကတော့ အများကြီးရှိပါတယ်။တချို့အကြောင်းရင်းတွေက အရေးမကြီးပေမယ့် တချို့အကြောင်းရင်းတွေကတော့ အရေးကြီးပါတယ်။

နှစ်ရိပ်နှစ်ထပ်မြင်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းတွေကိုသိသလောက်တင်ပြရရင်တော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။မျက်လုံးနဲ့ဆိုင်တဲ့အကြောင်းရင်းများ

မျက်ကြည်လွှာထဲမှာ အင်ဇိုင်းတွေမျှခြေပျက်ကာ မျက်ကြည်လွှာတစ်သျှူးတွေအားနည်းလာပြီး မျက်ကြည်လွှာဟာ အဝိုင်းထုချွန်ပုံစံ ကတော့ပုံစံဖြစ်လာတာ(Keratoconus)

ရေယုန်ပိုး ဝင်ရောက်ကူးစက်ခံရပြီး မျက်ကြည်လွှာထိခိုက်တာ

မျက်ကြည်လွှာမှာအမာရွတ်တစ်သျှူးတွေဖြစ်တာ

မျက်လုံးခြောက်သွေ့တာ

မျက်လုံးထဲတိမ်ရှိတာ

မျက်စိစွေတာ

၂။ကြွက်သားနဲ့ဆိုင်တဲ့အကြောင်းရင်းများ

Myasthenia gravis လို့ခေါ်တဲ့ ရောဂါဖြစ်နေတာ

(ကိုယ်ခံအားနဲ့ဆိုင်တဲ့ရောဂါဆန်းတမျိုးဖြစ်ပြီး ကြွက်သားတွေကို အာရုံကြောတွေထိန်းချုပ်မှုမှကင်းလွတ်စေကာ အားနည်းလာစေပါတယ်။ဒီရောဂါရဲ့အစပိုင်းလက္ခဏာတွေဟာ နှစ်ရိပ်နှစ်ထပ်မြင်တာ နဲ့ မျက်ခွံတွဲကျတာ တွေဖြစ်ပါတယ်။)

Graves’ disease လို့ခေါ်တဲ့ရောဂါဖြစ်နေတာ

(ကိုယ်ခံအားနဲ့ဆိုင်တဲ့ရောဂါဆန်းတမျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်းများခြင်းကိုဖြစ်စေသောရောဂါဖြစ်ပါတယ်။ခန္ဓာကိုယ်ရှိကြွက်သားတွေအားနည်းခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။နှစ်ရိပ်နှစ်ထပ်မြင်တာအပြင် ရင်တုန်တာ၊အိပ်မပျော်တာ၊ဝမ်းအသွားများတာ၊ပိန်လာတာတွေပါတွဲခံစားရနိုင်ပါတယ်။)

၃။အာရုံကြောနဲ့ဆိုင်တဲ့အကြောင်းရင်းများ

Multiple Sclerosis လို့ခေါ်တဲ့ရောဂါဖြစ်တာ

(ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါဆန်းတမျိုးဖြစ်ပြီး အာရုံကြောတွေပေါ်မှာအုပ်ထားတဲ့ အမြှေးပါးကိုပျက်စီးစေကာ ဦးနှောက်နဲ့အာရုံကြောတွေကို ပျက်စီးမှုဖြစ်စေနိုင်ပါတယ်။နှစ်ရိပ်နှစ်ထပ်မြင်တာအပြင် အမြင်အာရုံပျောက်ကွယ်သွားတာ၊ခြေလက်ထုံကျင်တာ၊လှုပ်ရှားလို့မရတာ မျိုးတွေပါတွဲခံစားရတတ်ပါတယ်။)

Guillain-Barre Syndrome ဖြစ်တာ

(ကိုယ်ခံအားစနစ်နဲ့ဆိုင်တဲ့ရောဂါဆန်းတမျိုးဖြစ်ပြီး အာရုံတွေကိုထိခိုက်ဖျက်ဆီးတဲ့ရောဂါဖြစ်ပါတယ်။

အစောပိုင်းလက္ခဏာတွေအနေနဲ့ နှစ်ရိပ်နှစ်ထပ်မြင်တာ၊ခြေထောက်ပိုင်းမှာ အားနည်းထုံကျင်လာတာတွေခံစားရနိုင်ပါတယ်။

အရေးပေါ်အခြေအနေဖြစ်ပြီး ချက်ချင်းဆေးခန်း၊ဆေးရုံပြသဖို့လိုပါတယ်။)

Diabetes ဆီးချိုရောဂါဖြစ်တာ

ဆီးချိုရောဂါဖြစ်တဲ့အခါ သွေးတွင်းအချိုဓါတ်များလာပြီး ကောင်းစွာမထိန်းချုပ်နိုင်ပါက နှစ်ကြာတဲ့အခါ အာရုံကြောတွေထိခိုက်ပျက်စီးခြင်းကိုဖြစ်စေနိုင်ပါတယ်။မျက်စိအာရုံကြောတွေထိခိုက်တဲ့အခါ နှစ်ရိပ်နှစ်ထပ်မြင်တာတွေဖြစ်လာနိုင်ပါတယ်။)

၄။ဦးနှောက်နဲ့ဆိုင်တဲ့အကြောင်းရင်းများ

Brain tumors ဦးနှောက်အကျိတ်တွေရှိတာ

(ဦးနှောက်ထဲအကျိတ်ရှိတဲ့အခါ အကျိတ်တွေက အာရုံကြောတွေကိုသွားဖိတဲ့အတွက် အမြင်ဝါးတာ၊နှစ်ရိပ်နှစ်ထပ်မြင်တာကိုဖြစ်စေနိုင်ပါတယ်။)

ဦးနှောက်ထဲဖိအားများလာတာ

(ခိုက်မိတာ၊ပိုးဝင်တာ၊ဦးနှောက်ထဲသွေးယိုတာ၊ဦးနှောက်အကျိတ်ရှိတာ စတဲ့အကြောင်းတွေရှိရင် ဦးနှောက်ထဲဖိအားများလာပြီး နှစ်ရိပ်နှစ်ထပ်မြင်တာ၊ထိုးအန်တာ၊အမြင်ဝါးတာ တွေဖြစ်နိုင်ပါတယ်။)

ဦးနှောက်သွေးကြောပေါက်တာ၊ပိတ်တာ

(ဦးနှောက်သွေးကြောပေါက်တာ၊ပိတ်တာဖြစ်တဲ့အခါမှာ ဦးနှောက်ကသွေးကောင်းကောင်းမရတဲ့အတွက် အမြင်ဝါးတာ၊နှစ်ရိပ်နှစ်ထပ်မြင်တာဖြစ်နိုင်ပါတယ်။)

ဒါတွေကတော့ သိသလောက် နှစ်ရိပ်နှစ်ထပ်မြင်ခြင်းကိုဖြစ်စေနိုင်တဲ့အကြောင်းတွေပါ။

ဒါတွေအပြင် အရက်အသောက်လွန်တဲ့အခါ၊မူးယစ်ဆေးဝါး၊အိပ်ဆေး၊အတက်ကျဆေးစတာတွေသုံးတဲ့အခါ၊ခေါင်းတခြမ်းကိုက်တဲ့အခါ၊မျက်စိအသုံးပြုမှုများတဲ့အခါတွေမှာလည်း နှစ်ရိပ်နှစ်ထပ်မြင်ခြင်းဖြစ်နိုင်ပါတယ်။

သို့ပေမယ့် ဒီလိုအခြေအနေတွေမှာ နှစ်ရိပ်နှစ်ထပ်မြင်တာကတော့ ခဏပဲဖြစ်ပြီး အရက်မူးပြေတဲ့အခါ၊ခေါင်းကိုက်သက်သာသွားတဲ့အခါ ပြန်ကောင်းသွားနိုင်ပါတယ်။

မျက်လုံးနဲ့ဆိုင်တဲ့အကြောင်းရင်းတွေကြောင့်ဆိုရင်တော့ မျက်လုံးတဖက်တည်းမှာပဲ နှစ်ရိပ်နှစ်ထပ်မြင်တာ ဖြစ်ဖို့များပြီး တခြားအကြောင်းတွေကြောင့်ဆိုရင်တော့ မျက်လုံးနှစ်ဖက်လုံးမှာ နှစ်ရိပ်နှစ်ထပ်မြင်တာ ဖြစ်ဖို့များပါတယ်။

နှစ်ရပ်နှစ်ထပ်မြင်တာက ခဏပဲဖြစ်ပြီး ပျောက်သွားတာမျိုးရှိသလို မပျောက်ဘဲ ပိုပိုဆိုးလာတာမျိုးလည်းရှိပါတယ်။

ရက်ကြာတဲ့ထိမပျောက်တာ သို့မဟုတ် ပိုပိုဆိုးလာတာ မျိုးရှိတယ်ဆိုရင်တော့ ဆေးခန်းပြစမ်းသပ်ကြည့်ဖို့လိုပါတယ်။

ဒါ့အပြင်

နှစ်ရိပ်နှစ်ထပ်မြင်တဲ့အခါမှာ ခေါင်းကိုက်တာ၊မျက်ခွံတွဲကျတာ၊မျက်လုံးအားနည်းတာ၊တခြားနေရာတွေထုံကျင်အားနည်းတာ၊ကိုယ်အလေးချိန်ကျလာတာ၊ရင်တုန်တာ စသဖြင့်ပါတွဲဖြစ်တယ်ဆိုရင်လည်း နီးစပ်ရာဆေးရုံဆေးခန်း ချက်ချင်းပြသစစ်ဆေးကြည့်ဖို့လိုပါတယ်။

အဆုံးသတ်အနေနဲ့မှာချင်တာကတော့ အရပ်ထဲက လူအတော်များများဟာ နှစ်ရိပ်နှစ်ထပ်မြင်တဲ့အခါ မျက်လုံးအားနည်းလို့ ပင်ပန်းလို့ ဆိုပြီးပဲ တွေးကာ ပေါ့ပေါ့ပါးပါးနေတတ်ကြပါတယ်။ အပေါ်မှာဖော်ပြထားတဲ့ရောဂါကြီး၊ရောဂါဆန်းတွေရဲ့ လက္ခဏာတခုအနေနဲ့ တွေးမပူတတ်ကြပါ။

အတော်များများအနေနဲ့ကလည်း အဲ့လိုရောဂါကြီး၊ရောဂါဆန်းတွေကို မကြားဖူးကြတာများပါတယ်။

သို့ပေမယ့် ဆေးပညာရှင်၊သုတေသနပညာရှင်တွေ၊ဆေးစာအုပ်တွေကတော့ နှစ်ရိပ်နှစ်ထပ်မြင်တဲ့အခါ ရောဂါကြီး၊ရောဂါဆန်းတွေရဲ့ လက္ခဏာကနေ စစဉ်းစားရမယ်လို့ မှာကြားထားပါတယ်။

ဒါကြောင့် နှစ်ရိပ်နှစ်ထပ်မြင်နေပြီဆိုရင် အချိန်သိပ်မဆွဲဘဲ နီးစပ်ရာဆေးရုံဆေးခန်းပြသပါလို့ မှာကြားချင်ပါတယ်။

Dr. 528

Previous Post

ပျားတုပ်ခံရသော်

Next Post

အိမ်ထောင်ဖက်နဲ့ချစ်ရည်လူးခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
604

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိမ်ထောင်ဖက်နဲ့ချစ်ရည်လူးခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးအကျိုးကျေးဇူး ၁၁ ချက်

လူငယ်နှင့်ကင်ဆာ

ပျို့အန်ခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.