fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 12,425 Total Cases
😥 284 Deaths
😇 3,391 Recovered

လူငယ်နှင့်ကင်ဆာ

အသက်ငယ်ငယ်နဲ့ကင်ဆာဖြစ်နိုင်ပါသလားဆိုသောမေးခွန်းက OnDoctor မှာမေးလေ့ရှိပါတယ်။ကင်ဆာအများစုသည် အသက်ကြီးသူများတွင်သာဖြစ်လေ့ရှိသော်လည်းစစ်တမ်းများအရ အသက်၂၀နှင့်၃၉ကြားလူငယ်များတွင်လည်းဖြစ်တတ်ပါတယ်။

ငယ်ရွယ်သူများတွင် ကင်ဆာဖြစ်နိုင်မူနည်းသော်လည်း ဖြစ်ခဲ့လျှင်လည်းအမျိုးအစားများပြားခြင်းနှင့်ကုသရန်ရူပ်ထွေးခြင်းစသောအကြောင်းပြချက်များဖြစ်တတ်ပါတယ်။
ကင်ဆာရောဂါများသည်အသက်အရွယ်ကြီးသူများတွင်အများဆုံးဖြစ်ပွားပါတယ်။ဖြစ်ပွားလေ့ရှိသောကင်ဆာများမှာ အရေပြား၊အဆုတိ၊အူမကြီး၊ရင်သားကင်ဆာနှင့်ဆီးကျိတ်ကင်ဆာများပင်ဖြစ်ပါတယ်။အသက်ကြီးသူများကင်ဆာဖြစ်ပွားရခြင်းအကြောင်းရင်းများမှာလူနေထိုင်မူအခြအနေနဲ့ဆက်စပ်မူရှိပါတယ်။ဥပမာ ဆေးလိပ်/အရက်သောက်ခြင်း၊အဝလွန်ခြင်း၊ကိုယ်လက်လူပ်ရှားမူမရှိခြင်းနှင့်ပတ်ဝန်းကျင်စသည့်တို့ဖြစ်ပါတယ်။အသက်ကြီးသူများတွင် မျိုးရိုးဗီဇကြောင့်ဖြစ်ခြင်းသည်ရာခိုင်နူန်းတော့နည်းပါတယ်။

ကင်ဆာရောဂါသည် ကလေးငယ်များနှင့်ဆယ်ကျော်သက်အရွယ်တွင်ဖြစ်ပွားမူ နည်းပါတယ်။
ကလေးငယ်များတွင်ဖြစ်လေ့ရှိသောကင်ဆာအမျိုးအစားသည် လူငယ်များတွင်ဖြစ်လေ့ရှိသောကင်ဆာနှင့်အမျိုးအစားခြားနားပါတယ်။ကလေးငယ်များတွင်ကင်ဆာဖြစ်ရခြင်းအကြောင်းရင်းမှာ မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ်။မိခင်ဗိုက်ထဲကပင်ပါလာတတပါတယ်။
ကလေးများတွင်ဖြစ်ရခြင်းမှာ လူကြီးများကဲ့သို့နေထိုင်မူပုံစံမမှန်ခြင်းကြောင့်ဖြစ်ပွားရန် နည်းပါးပါတယ်။
လူငယ်များတွင်ဖြစ်ပွားသောကင်ဆာရောဂါသည် ကလေးငယ်၊ဆယ်ကျော်သက်နှင့်လူကြီးမှာဖြစ်သောရောဂါပုံစံ အမျိုးမျိုးနှင့်သက်ဆိုင်ဖြစ်ပွားလေ့ရှိပါတယ်။

လူငယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိသောကင်ဆာများမှာ

-ရင်သားကင်ဆာ
-ပြန်ရေကြောအကျိတ်ကင်ဆာ
-အရေပြားကင်ဆာ
-ကြွက်သားနဲ့အရိုးစသည်တို့နှင့်ဆက်စပ်သောကင်ဆာ
-သားအိမ်ခေါင်းကင်ဆာ
-သားဥအိမ်ကင်ဆာ
-သိုင်းရွိုက်ကင်ဆာ
-ဝှေးစေ့ကင်ဆာ
-အူမကြီးကင်ဆာ
-သွေးကင်ဆာနှင့်ဦးနှောက်ကင်ဆာစသည်တို့ပင်ဖြစ်ပါတယ်။

လူငယ်များတွင် ကင်ဆာဖြစ်စေနိုင်သောအကြောင်းရင်းမျာ:

–  မျိုးရိုးဗီဇပြောင်းလဲမူတွေကြောင့်တယ်။မိဘမျိုးရိုးလိုက်ရျ်ဖြစ်စေနိုင်ပါတယ်။တခါတရံ မိဘဗီဇသည် ပြောင်းလဲကာကင်ဆာဖြစ်စေသောအခြေအနေရောက်ရှိနိုင်ပါတယ်။

– လူငယ်များတွင် လူနေထိုင်မူဂရုမစိုက်ခြင်း ဥပမာ အရက်ဆေးလိပ်သောက်ခြင်း၊အဝလွန်ခြင်း၊လေ့ကျင့်ခန်းမလုပ်ခြင်းနှင့်ညီညွတ်သောအစားအစာ မစားခြင်းကြောင့်ကင်ဆာဖြစ်စေရန် တွန်းအားပေးပါတယ်။

– ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားကင်ဆာဖြစ်နိုင်ချေများခြင်း

– Human papilloma virusvကြောင့်သားအိမ်ခေါင်းကင်ဆာနှင့်အခြားသောကင်ဆာများဖြစ်ခြင်း

– ခုခံအားကျဆင်းမူကြောင့်ပြန်ရေကြောအကျိတ်ကင်ဆာနှင့်ကြွက်သားဆက်စပ်ကင်ဆာများဖြစ်ခြင်းစသည်တို့ဖြစ်ပါတယ်။

လူငယ်များတွင်ကင်ဆာမဖြစ်ပွားစေရန်ကာကွယ်နိုင်သောနည်းလမ်းများမှာ

– ဆေးလိပ်ဖြတ်ပါ။ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာအပါအဝင် အစာရေမျိုကင်ဆာ၊ပါးစပ်ကင်ဆာ၊လည်ချောင်းကင်ဆာနှင့်ဝမ်းတွင်းရှိကလီစာကင်ဆာများပါမကျန်အားလုံးဖြစ်စေနိုင်ပါတယ်။
– အရက်နှင့်ဘီယာဖြတ်ပါ။အရက်ကြောင့် အသဲကင်ဆာ၊ပါးစောင်ကင်ဆာ၊အစာရေမျိုကင်ဆာ၊အူမကြီးကင်ဆာနှင့်ရင်သားကင်ဆာအစရှိသောကင်ဆာများဖြစ်စေနိုင်ပါတယ်။
– အသင့်စား၊အမြန်စာ အစားအစားများရှောင်ကြဉ်ခြင်း၊
အဆိုပါအစာအစားများသည် သကြားနှင့်ကာဗွနဟိုက်ဒရိတ်လွန်ကဲသောကြောင့်ကင်ဆာဖြစ်စေနိုင်ပါတယ်။
– သန့်ရှင်းသောရေများများသောက်ပါ။
– ဓာတ်ရောင်ခြည်ထိမူရှောင်ရှားပါ။
– သဘာဝနည်းဖြင့်စိုက်ပျိုးထားသောအပင်များနှင့်မွေးမြူထားသောအသားများစားသုံးပါ။
– သဘာဝပစ္စည်းများကိုသာ သုံးစွဲပါ။
– အီလက်ထရောနစ်ပစ္စည်းများအချိန်ကြာမြင့်စွာသုံးစွဲ ခြင်းရှောင်ကြဉ်ပါ။
– စိတ်ဖိဆီးမှုကို အစွမ်းကုန်လျော့ချပါ။

Dr Pyae Shin

ဆက်စပ် ဆောင်းပါးများ