(Zawgyi)
ရင္သားကင္ဆာျဖစ္ပြားမႈသည္ တစ္ေန႔တစ္ျခားမ်ားျပားလာပါသည္။ ရင္သားကင္ဆာကိုႀကိဳတင္မသိရွိ ျခင္းေၾကာင့္ အသက္ေသဆုံးၾကပါသည္။ ကင္ဆာျဖစ္ေသာရင္သားကို ခြဲစိတ္၊ ျဖတ္ထုတ္ျခင္းေၾကာင့္ အလွ ပ်က္ေစပါသည္။ ထို႔ေၾကာင့္ အမ်ိဳးသမီးမ်ားတြင္ရင္သားကင္ဆာ မျဖစ္ေစရန္ႏွင့္ရင္သားက်န္းမာေစရန္အ တြက္စားရမည့္ အစားအစာမ်ားကိုသိရွိရန္ လိုအပ္ပါသည္။
ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴတြင္ရင္သားအက်ိတ္ျဖစ္ေပၚမႈကို တားဆီးေပးပါသည္။ ေရာင္ရမ္းမႈကိုေလ်ာ့ခ်ႏိုင္ေသာ အာနိသင္လည္းရွိပါသည္။ ထို႔ေၾကာင့္ ရင္သားက်န္းမာေစရန္ ၾကက္သြန္ျဖဴကိုစားေပးရပါမည္။
ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးတြင္ လိုင္းကိုပင္းဓာတ္မ်ားႂကြယ္ဝစြာ ပါဝင္ေသာေၾကာင့္အျခားကင္ဆာမ်ားနည္းတူ ရင္ သားကင္ဆာျဖစ္ေစမည့္ဆဲလ္မ်ားကို တိုက္ထုတ္ႏိုင္ပါသည္။ ထို႔ေၾကာင့္ ခရမ္းခ်ဥ္သီးကိုသုပ္စားျခင္း၊ ခ်က္စား ျခင္းႏွင့္ယိုထိုးစားျခင္းမ်ား ျပဳုလုပ္ၿပီးစားသုံးသင့္ပါသည္။
ပန္းေဂၚဖီအစိမ္း
ပန္းေဂၚဖီအစိမ္းတြင္ Isothiocyanates ဓာတ္မ်ားစြာပါဝင္ၿပီး ရင္သားကင္ဆာဆဲလ္မ်ားကို တိုက္ထုတ္ ေပးပါသည္။ ရင္သားကင္ဆာျဖစ္ပြားမႈကို ေလ်ာ့ ခ်ေပးသည္။ ထို႔ေၾကာင့္ပန္းေဂၚဖီစိမ္းမ်ားကို ေန႔စဥ္ပါဝင္ေအာင္ စားေသာက္၇န္လိုအပ္ပါသည္။ ပန္းေဂၚဖီစိမ္းကိုငါးမိနစ္မွ ဆယ္မိနစ္ထိအပူေပးၿပီးခ်က္ျပဳတ္ေပးရန္ လိုအပ္ပါ သည္။
အနီေရာင္ေဂၚဖီထုပ္
အနီေရာင္ေဂၚဖီထုပ္တြင္ ရင္သားကင္ဆာကိုကာကြယ္ႏိုင္ေသာ ဓာတ္ပစၥည္းမ်ားစြာပါဝင္ေသာေၾကာင့္ ေန႔စဥ္ဝါဝင္ေအာင္ စားေပးရပါမည္။
မုန္လာဥနီ
မုန္လာဥနီတြင္ ဘီတာကယ္႐ိုတင္းအျပည့္အဝပါရွိၿပီး ရင္သားကင္ဆာျဖစ္ပြားမႈကို ေလ်ာ့ခ်ေပးပါ သည္။ ထို႔ေၾကာင့္ေန႔စဥ္စားေပးသင့္ပါသည္။
မႈိ
မႈိတြင္ Linoleic Acid ပါဝင္ၿပီးအီစတိုဂ်င္ေဟာ္မုန္း ထုတ္လုပ္မႈကိုေလ်ာ့က်ေစၿပီး၊ ရင္သားက်န္းမာေရး အတြက္မ်ားစြာအေထာက္အကူျပဳပါသည္။
ဆယ္လမြန္ငါး
ဆယ္လမြန္ငါးတြင္ အိုမီဂါသရီးဖက္တီးအက္ဆစ္ႏွင့္ ဗီတာမင္ဒီႂကြယ္ဝစြာပါဝင္ေသာေၾကာင့္ ရင္သား ကင္ဆာျဖစ္ပြားမႈကိုေလ်ာ့ခ်ေပးပါသည္။ ထို႔ေၾကာင့္ ဆယ္လမြန္ငါးကိုလည္းစားေပးသင့္ပါသည္။
အႀကံျပဳခ်က္
ရင္သားက်န္းမာေရးေကာင္းမြန္မွ ရင္သားကင္ဆာျဖစ္ပြားမႈကိုကာကြယ္ႏိုင္ပါသည္။ ထို႔ေၾကာင့္ရင္သား က်န္းမာေစရန္စားရမည့္ အစားအစာမ်ားကို အစာလည္းေဆး၊ ေဆးလည္းအစာဆိုသည့္အတိုင္း စားေပးသင့္ ေၾကာင္းအႀကံျပဳအပ္ပါသည္။
Author: ေဒါက္တာျမင့္သန္းထြန္း (ျပည္သူ႔က်န္းမာေရး) Vol-8 / No-8 Healthcare Journal
(Unicode)
ရင်သားကင်ဆာဖြစ်ပွားမှုသည် တစ်နေ့တစ်ခြားများပြားလာပါသည်။ ရင်သားကင်ဆာကိုကြိုတင်မသိရှိ ခြင်းကြောင့် အသက်သေဆုံးကြပါသည်။ ကင်ဆာဖြစ်သောရင်သားကို ခွဲစိတ်၊ ဖြတ်ထုတ်ခြင်းကြောင့် အလှ ပျက်စေပါသည်။ ထို့ကြောင့် အမျိုးသမီးများတွင်ရင်သားကင်ဆာ မဖြစ်စေရန်နှင်ပရင်သားကျန်းမာစေရန်အ တွက်စားရမည့် အစားအစာများကိုသိရှိရန် လိုအပ်ပါသည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူတွင်ရင်သားအကျိတ်ဖြစ်ပေါ်မှုကို တားဆီးပေးပါသည်။ ရောင်ရမ်းမှုကိုလျော့ချနိုင်သော အာနိသင်လည်းရှိပါသည်။ ထို့ကြောင့် ရင်သားကျန်းမာစေရန် ကြက်သွန်ဖြူကိုစားပေးရပါမည်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတွင် လိုင်းကိုပင်းဓာတ်များကြွယ်ဝစွာ ပါဝင်သောကြောင့်အခြားကင်ဆာများနည်းတူ ရင် သားကင်ဆာဖြစ်စေမည့်ဆဲလ်များကို တိုက်ထုတ်နိုင်ပါသည်။ ထို့ကြောင့် ခရမ်းချဉ်သီးကိုသုပ်စားခြင်း၊ ချက်စား ခြင်းနှင့်ယိုထိုးစားခြင်းများ ပြုုလုပ်ပြီးစားသုံးသင့်ပါသည်။
ပန်းဂေါ်ဖီအစိမ်း
ပန်းဂေါ်ဖီအစိမ်းတွင် Isothiocyanates ဓာတ်များစွာပါဝင်ပြီး ရင်သားကင်ဆာဆဲလ်များကို တိုက်ထုတ် ပေးပါသည်။ ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ ချပေးသည်။ ထို့ကြောင့်ပန်းဂေါ်ဖီစိမ်းများကို နေ့စဉ်ပါဝင်အောင် စားသောက်၇န်လိုအပ်ပါသည်။ ပန်းဂေါ်ဖီစိမ်းကိုငါးမိနစ်မှ ဆယ်မိနစ်ထိအပူပေးပြီးချက်ပြုတ်ပေးရန် လိုအပ်ပါ သည်။
အနီရောင်ဂေါ်ဖီထုပ်
အနီရောင်ဂေါ်ဖီထုပ်တွင် ရင်သားကင်ဆာကိုကာကွယ်နိုင်သော ဓာတ်ပစ္စည်းများစွာပါဝင်သောကြောင့် နေ့စဉ်ဝါဝင်အောင် စားပေးရပါမည်။
မုန်လာဥနီ
မုန်လာဥနီတွင် ဘီတာကယ်ရိုတင်းအပြည့်အဝပါရှိပြီး ရင်သားကင်ဆာဖြစ်ပွားမှုကို လျော့ချပေးပါ သည်။ ထို့ကြောင့်နေ့စဉ်စားပေးသင့်ပါသည်။
မှို
မှိုတွင် Linoleic Acid ပါဝင်ပြီးအီစတိုဂျင်ဟော်မုန်း ထုတ်လုပ်မှုကိုလျော့ကျစေပြီး၊ ရင်သားကျန်းမာရေး အတွက်များစွာအထောက်အကူပြုပါသည်။
ဆယ်လမွန်ငါး
ဆယ်လမွန်ငါးတွင် အိုမီဂါသရီးဖက်တီးအက်ဆစ်နှင့် ဗီတာမင်ဒီကြွယ်ဝစွာပါဝင်သောကြောင့် ရင်သား ကင်ဆာဖြစ်ပွားမှုကိုလျော့ချပေးပါသည်။ ထို့ကြောင့် ဆယ်လမွန်ငါးကိုလည်းစားပေးသင့်ပါသည်။
အကြံပြုချက်
ရင်သားကျန်းမာရေးကောင်းမွန်မှ ရင်သားကင်ဆာဖြစ်ပွားမှုကိုကာကွယ်နိုင်ပါသည်။ ထို့ကြောင့်ရင်သား ကျန်းမာစေရန်စားရမည့် အစားအစာများကို အစာလည်းဆေး၊ ဆေးလည်းအစာဆိုသည့်အတိုင်း စားပေးသင့် ကြောင်းအကြံပြုအပ်ပါသည်။
Author: ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) Vol-8 / No-8 Healthcare Journal