အထိုင်များခြင်းရဲ့နောက်ကွယ်
ယနေ့တိုးတတ်လာတဲ့မြို့ပြလူနေမှုစနစ်များအရ ခေတ်သစ်လူနေမှုပုံစံဟာ လှုပ်ရှားသွားလာမှုတွေ နည်းလာပြီး အထိုင်များတဲ့ဘက်ကို ဦးတည်ပါတယ်။
အဲ့ဒီပုံစံအရ လူအများစုဟာ တစ်နေ့တာ အချိန်ရဲ့ ၃ပုံ၂ပုံကို ထိုင်ခြင်းအားဖြင့် ကုန်ဆုံးကြပါတယ်။ အထူးသဖြင့် ရုံးအလုပ်လုပ်ရတဲ့သူတွေ မှာ တစ်နေ့ကို အနည်းဆုံး ၁၅နာရီလောက်ထိုင်ပြီးအချိန်ကုန်ဆုံးရတာမျိုးရှိပါတယ်။
ထိုင်တာများလာတဲ့အခါ ခန္ဓာကိုယ်သွေးကြောတွေ မှာ သွေးတွင်းအဆီပမာဏတွေများလာပြီး နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးတာ၊ လေဖြတ်တာ၊ နှလုံးကြွက်သားပုပ်ပြီးရုတ်တရတ် အသက်သေဆုံးတာမျိုး တွေဖြစ်တတ်ပါတယ်။
အထိုင်များခြင်းရဲ့နောက်ကွယ်မှာ ကျန်းမာရေးကို ဘယ်လိုထိခိုက်မှုရှိတယ် ဆိုတာကို ဆက်လက်ဖော်ပြပေးသွားမှာပါ ..
- ထိုင်ခြင်းဟာ သင်ရဲ့တစ်နေ့တာစွမ်းအင်လောင်ကျွမ်းမှု ပမာဏကို နည်းစေတဲ့အတွက် ကြာလာတဲ့အခါ အဝလွန်တာကို ဖြစ်စေပါတယ်။
ပုံမှန်လှုပ်လှုပ်ရှားရှားအလုပ်လုပ်ရတဲ့သူတွေ အတွက် တစ်နေ့စွမ်းအင်လောင်ကျွမ်းမှု ပမာဏ ကယ်လိုရီ ၂၀၀၀ ကျော်လိုအပ်ပေမယ့် ထိုင်ပြီးလှုပ်ရှားမှုမရှိဘဲ အလုပ်လုပ်ရသူတွေ အဖို့ စွမ်းအင်လောင်ကျွမ်းမှုပမာဏ ကယ်လိုရီ ၁၀၀၀ ကျော်သာလိုအပ်တဲ့အတွက် အထိုင်များပြီး ကယ်လိုရီလိုအပ်တာထက်ပိုစားမိတဲ့အခါ ကိုယ်ခန္ဓာအလေးချိန်တိုးလာပြီး အဝလွန်ခြင်းကို ဖြစ်စေတာပါ။ - နောက်တစ်ချက်အနေနဲ့လူ့ခန္ဓာကိုယ်ရဲ့ကြွက်သားတွေ ဟာ နေ့စဉ်အသုံးမပြုတာကြာလာတဲ့အခါ ကြွက်သားတွေ အားနည်းလာတတ်ပါတယ်။
အထိုင်များပြီးလှုပ်ရှားမှုမရှိတဲ့အခါ အောက်ပိုင်းနဲ့ခြေထောက် ကြွက်သားတွေ အားနည်းလာတတ်ပြီး အသက်ကြီးလာတဲ့အခါ အရိုးကျိုးလွယ်တာတွေ၊ မတော်တဆဖြစ်လွယ်တာတွေ တွေ့ရတတ်ပါတယ်။
အောက်ပိုင်းကြွက်သားတွေ အားနည်းလာသလို ခန္ဓာကိုယ်အပေါ်ပိုင်း ပခုံးနဲ့လည်ပင်းကြွက်သားတွေ အထူးသဖြင့် ခါးတစ်ဝိုက်ကြွက်သားတွေ ဟာ ထိုင်တာကြာလာတဲ့အခါ တောင့်တင်းမှုတွေဖြစ်လာပြီး ညောင်းညာမှုတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင်ထိုင်တာကြာလာတဲ့အခါ ခါးဆစ်ရိုးမှာ ဒဏ်ဖြစ်လာပြီး ခါးဆစ်ရိုးကျွံတာ၊ အာရုံကြောပိမိတာတို့အထိဖြစ်နိုင်ပါတယ်။ - ထိုင်တာများလာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခုအနေနဲ့ကတော့ မကူးစက်နိုင်တဲ့ရောဂါတွေ တနည်းအားဖြင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ တို့ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် ထိုင်တာများလာတဲ့အခါ ခန္ဓာကိုယ်သွေးကြောတွေ မှာ သွေးတွင်းအဆီပမာဏတွေများလာပြီး နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးတာ၊ လေဖြတ်တာ၊ နှလုံးကြွက်သားပုပ်ပြီးရုတ်တရတ် အသက်သေဆုံးတာမျိုး တွေဖြစ်တတ်ပါတယ်။
သုတေသနလေ့လာချက်များအရ တစ်နေ့ကို အနည်းဆုံး ၁၂နာရီတောက်လျှောက် အထိုင်များတဲ့သူတွေ မှာ ၁၀နှစ်ကြာတဲ့အခါ နှလုံးရောဂါကြောင့်သေဆုံးနိုင်ချေ ၆၄ရာခိုင်နှုန်း ထိရှိတယ်လို လို့တွေ့ရှိရပါတယ်။
အထိုင်များတဲ့သူတွေ မှာ သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိုပေးတဲ့အင်ဆူလင်ဟော်မုန်း ရဲ့လုပ်ငန်းဆောင်တာကိုလျော့နည်းစေတဲ့အတွက် သွေးတွင်းသကြားဓါတ်ပမာဏ များလာပြီး သွေးချိုဆီးချိုဖြစ်လာစေတာပါ။
ဒါ့အပြင် အထိုင်များခြင်းနဲ့ ကင်ဆာရောဂါဖြစ်နိုင်ချေများခြင်း ဟာ ဆက်စပ်မှုတွေရှိတယ်လို့စစ်တမ်းတွေအရ သိရှိရပါတယ်။
- နောက်သတိထားသင့်တဲ့ အချက်တစ်ခုကတော့ သွေးကြောဆိုင်ရာပြဿနာတွေ ဖြစ်လာတတ်တာပါ။ ထိုင်တာများလာတဲ့အခါ ခန္ဓာကိုယ်အောက်ပိုင်းသွေးကြောတွေမှာ သွေးစုပုံမှုတွေ ဖြစ်စေနိုင်ပြီး ခြေထောက်သွေးကြောဖောင်းတဲ့ရောဂါမျိုးခံစားရနိုင်ပါတယ်။ အကယ်၍ ခြေထောက်ကသွေးကြောမှာ သွေးခဲပိတ်တာမျိုး ခံစားရတဲ့အခါ ခြေထောက်ရောင်လာတာမျိုးကနေ ခြေထောက်ကသွေးခဲကပြုတ်ပြီး သွေးကြော ကနေတဆင့် အဆုတ်သွေးကြောမှာသွားပိတ်တာမျိုးဖြစ်နိုင်ပါတယ်။ အဲ့ဒီ့အခါ ရုတ်တရက်အသက်သေဆုံးတာထိဖြစ်တတ်ပါတယ်။
- ဖော်ပြပါရောဂါတွေ အပြင် အထိုင်များခြင်းနှင့် စိတ်ပူပန်မှုရောဂါ၊ စိတ်ဓါတ်ကျရောဂါ စတဲ့စိတ်ရောဂါဖြစ်ပွားမှု ဆက်စပ်မှုရှိတာကို သုတေသနတွေအရတွေ့ရှိရပါတယ်။
ကျန်းမာရေးဟာ လူတိုင်းအတွက်လာဘ်ကြီးတစ်ပါးပါ။
လူတိုင်းကျန်းမာဖို့အတွက် မိမိရဲ့စားသောက်နေထိုင်မှုပုံစံဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်နေထိုင်မှုပုံစံဖြစ်ဖို့အင်မတန်မှ အရေးကြီးလှပါတယ်။
ရောဂါတော်တော်များများကလည်း မိမိရဲ့စားသောက်နေထိုင်မှုပုံစံပေါ်အခြေတည်ပြီး ဖြစ်ပေါ်လာတာများပါတယ်။
ဒါ့ကြောင့်
– နေ့စဉ်နာရီဝက်ခန့် လမ်းသွက်သွက်လျှောက်ပေးခြင်း
– အားကစားလုပ်ပေးခြင်း
– ဟင်းသီးဟင်းရွက်အသီးအနှံတစ်မျိုးမျိုးနေ့စဉ်ပါအောင်စားပေးခြင်း
– ခန္ဓာကိုယ်အလေးချိန် ထိန်းသိမ်းရန် အတွက် အချိုဓာတ်ကို လျော့စားခြင်း (သို့မဟုတ်) ဆီးချိုသကြားကို သုံးစွဲခြင်း
– စိတ်ဖိစီးမှုတတ်နိုင်သမျှနည်းအောင်နေခြင်း …တို့ကို လုပ်ဆောင်ပြီး ကျန်းမာရေးကိုထိခိုက်စေတဲ့နည်းလမ်းများကို ရှောင်ကြဉ်ပြီးနေထိုင်ကြပါလို့အကြံပြုလိုက်ရပါတယ်။