တစ်နေရာရာမှာတော့ အသက် ၁၀၀ အထိနေမယ့်လူတစ်စုကတော့ ရှိနေမှာပဲ။ အမေရိကန်နိုင်ငံထဲမှာ တောင် ၂၀၁၄ ခုနှစ်ကဆိုရင် ရာကျော်ဘိုးဘွား ၇၇၀၀၀ ယောက်ရှိခဲ့တယ်လို့ သိရတယ်။ ဒါတောင် ဒီအရေအ တွက်ကအလွန်နည်းသေးတယ်။ ရာကျော်ဘိုးဘွားတွေဟာ စုစုပေါင်းလူဦးရေ လေးပုံတစ်ပုံရဲ့ တစ်ရာခိုင်နှုန်း သာရှိတယ်။ ဒီတော့ သူတို့ထဲကတစ်ယောက်ဖြစ်လာအောင် ဘယ်လိုလုပ်ဖို့လိုသလဲ။ သင့်အနေနဲ့အချိန်စက်ကို တီထွင်ရင်တီထွင်၊ သင့်ဘဝကိုပြန်စပြီး သူတို့လုပ်ခဲ့တာတွေအကုန်လုံး ပြန်လုပ်ရင်လုပ် (သို့) သူတို့ရဲ့မျိုးရိုးဗီဇ ကိုငှားရင်ငှားပေါ့။ ဒါတွေမှလုပ်မရရင်တော့ အသက်ရှည်တဲ့အပေါ်သုတေသနပြုနေကြတဲ့သူတွေ အကြံပြုထား တဲ့အချက်သုံးချက်ကို သင့်အနေနဲ့စတင်ပြီး အမြဲလုပ်နေဖို့လိုတယ်။
၁။ စူးစမ်းသိချင်စိတ်အမြဲရှိနေပါစေ – သင့်အသက်အနည်းငယ်ရလာတဲ့အခါမှာ သင်သိသင့်တာအားလုံးသိနေပြီ လို့ သင့်အနေနဲ့ထင်မှတ်ဖို့ လွယ်ကူလှပါတယ်။ ကမ္ဘာအနေနဲ့ သင့်ကိုသင်ပေးစရာဘာမှ မရှိတော့ဘူးဆိုတဲ့အ တွေးဟာမေးခွန်းတွေမေးချင်တဲ့စိတ်ကို ပျက်ပြယ်စေတယ်။ သိချင်စိတ်ပြင်းပြတာဟာ အသက်ရှည်စေတဲ့အ ကျိုးတွေရှိတယ်ဆိုတဲ့ အထောက်အထားရှိတယ်လို့ Stanford တက္ကသိုလ်က စိတ်ပညာဆိုင်ရာပါမောက္ခ Stanford Longevity Cerntre ရဲ့ညွှန်ကြားရေးမှူးဖြစ်သူကပြောတယ်။ မေးခွန်းတွေမေးတာ၊ အသစ်အဆန်း တွေရှာဖွေတွေ့ရှိတာဟာ သင့်ကိုကမ္ဘာနဲ့ အခြားသူတွေနဲ့ပါထိတွေ့မှု၊ အာရုံစိုက်မှုကိုရှိစေတယ်လို့ သူကပြော တယ်။ အသစ်အဆန်းတစ်ခုကို သင်ကြားနာယူတာဟာ ပြဿနာတစ်ခုကိုအဖြေရှာတဲ့ နည်းတစ်ခုဖြစ်လာနိုင် တယ်။ အထူးအဆန်းကိစ္စတစ်ခုကြောင့် ဆောင်းပါးတစ်ခုကိုနှိုက်နှိုက်ချွတ်ချွတ်လေ့လာတာ၊ မိသားစုဝင်တစ် ယောက်ကိုသိမ်မသိတဲ့ ပါရဂူဘွဲ့သုတေသနစာတမ်းအကြောင်းမေးပြီး အဖြေကိုစိတ်ပါဝင်စားစွာ နားထောင် တာဟာလျော့တိလျော့ရဲဖြစ်နေတဲ့ သင့်ရဲ့သိမြင်တဲ့ ကြွက်သားတွေကိုလှုပ်ရှားပေးသလိုပါပဲ။
၂။ သင်လိုအပ်တယ်လို့ထင်တာထက် ဟင်းသီးဟင်းရွက်ကိုပိုစားပေးပါ။ အစားအသောက်ချင့်ချိန်စားသောက် တာနဲ့သုခရှိတဲ့ဆက်နွယ်မှုကို ကျွန်တော်တို့ခပ်ငယ်ငယ်ကတည်းက သိလာကြပြီဖြစ်တယ်။ ဒါပေမယ့်လည်း သေတဲ့အချိန်ထိခဏခဏမေ့နေခဲ့ကြတယ် – ဒါကြောင့်လည်း အစားအသောက်နဲ့ဆက်စပ်နေတဲ့ရောဂါတွေကို လူအများခံစားရတာပဲဖြစ်တယ်။ အမေရိကန်နိုင်ငံမှာ ဆီးချိုရောဂါအမျိုးအစား (၂) ရှိသူ ၂၈ သန်းခန့်ရှိတယ်။ အကြိုဆီးချိုရောဂါရှိတဲ့ လူကြီး၈၆ သန်းရှိပြီး အကြမ်းဖျင်းအားဖြင့်လူကြီး ၆၉ ရာခိုင်နှုန်းအဝလွန်ကြသူတွေဖြစ် တယ်။
သင့်ခေါင်းထဲသံမှို နှက်ထားသလိုမှတ်သားထားရမှာက ဟင်းသီးဟင်းရွက်များများစားပေးတာဟာ အကျန်းမာဆုံးစားသောက်နည်းပဲဖြစ်တယ်။ ထင်ပေါ်လူသိများတဲ့ မြေထဲပင်လယ်စားသောက်ချင့်ချိန်မှုဟာ ဘာကြောင့်ကျော်ကြားသလဲဆိုရင် သစ်သီးဝလံတွေ ဟင်းသီးဟင်းရွက်တွေနဲ့ သံလွင်ဆီတို့ပေါ်စူးစိုက်ခြင်းဟာ အသက်ရှည်တာနဲ့ ဆက်နွယ်နေတာကြောင့်ဖြစ်ပါတယ်။
ဥရောပသားလူကြီး ၄၅၀၀၀၀ တို့အပေါ်ပြုလုပ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကသုံးသပ်ချက်တွင် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အခွံမာသီး၊ ပြောင်းနဲ့ပဲအခြေခံတဲ့ ၇၀ ရာခိုင်နှုန်းစားသောက်သူတွေဟာ အခြားသူတွေထက် နှလုံးနဲ့ဆက်နွယ်တဲ့ရောဂါတွေနဲ့ သေဖို့ ၂၀ ရာခိုင်နှုန်းနည်းတာကို တွေ့ရပါတယ်။ Harvard တက္ကသိုလ်ကသုံး သပ်ချက်ကလည်း တစ်နေ့ကိုသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်ရှစ်ခါပြင်နဲ့ အထက်စားသုံးသူတွေဟာ ဒီလိုမစား တဲ့သူတွေထက်နှလုံးဖောက်ပြန် (သို့) လေသင်တုန်းဖြတ်တာတို့ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းလို့ဆိုတယ်။
ဓာတ်ခွဲခန်းထဲမှာ စမ်းသပ်ခံတိရစ္ဆာန်တွေနဲ့ လူတွေအပေါ်ထပ်တလဲလဲ စမ်းသပ်ချက်တွေအရ ကယ်လို ရီကန့်သတ်ချက် – လူကြီးအတွက်နေ့စဉ်အကြံပြုထားတဲ့ အကြမ်းဖျင်း ၂၅ ရာခိုင်နှုန်းထက်နည်းတာကို လိုက်နာ ခြင်းဟာအသက်ကိုရှည်စေတဲ့ အကျိုးတွေရှိနိုင်တယ်။ လူအများကတော့ ဒီလိုနည်းအတိုင်းနဲ့ရှင်သန်ကြတာမ ဟုတ်ပါဘူး။ ဒါပေမယ့် အသားတွေကိုသစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အစားထိုးတာကဟာကယ်လိုရီ တွေကိုစိတ်ကျေနပ်မှုရှိစွာနဲ့ လျှော့ချတာဟာရေရှည်အတွက် ကောင်းပါတယ်။
၃။ အသက်ကြီးလာတာ ဘာလဲဆိုတာကိုပြန်လည်စဉ်းစား ဆင်ခြင်သုံးသပ်ပါ – တစ်နှစ်တစ်နှစ်အသက်ကြီး လာတာဟာ အနေရဆိုးတယ်လို့ယူဆရင်တော့ ဘဝတစ်သက်တာမှာ အပြုသဘောဆောင်တဲ့ခံစားမှုရဖို့ခက်ခဲ မှာပါ။ ခက်ထန်လာတယ်။ အနေရဆိုးတယ်ဆိုတာရဲ့ ပြောင်းပြန်ဟာလည်းမှန်တယ်လို့ ပြောရမယ်။ စောစော ပိုင်းအသက်အရွယ်ကတည်းက ပိုပြီးအပြုသဘောဆောင်တဲ့ ယုံကြည်မှုမျိုးတွေကို အသက်ကြီးလာတဲ့သီးသန့် ပုဂ္ဂိုလ်တွေမှာကျန်းမာရေးအတွက် အလားအလာ၊ အားသာချက်တွေရှိလာနိုင်တာကို ကျွန်တော့တို့ရဲ့သုတေသ နပြုမှုက ပြနေတယ်လို့ Yale School of Public Health ကကူးစက်ရောဂါကာကွယ်ခြင်းနဲ့ စိတ်ပညာဆိုင်ရာပူး တွဲပါမောက္ခ Becca Levy ကပြောတယ်။ ဒီအတိုင်းဆိုရင် အသက်အရွယ်ပေါ်အပြုသဘောမဆောင်တဲ့ ယုံ ကြည်မှုရှိသူတွေထက် သက်တမ်းကို ၇.၅ နှစ်တိုးပေးနိုင်တယ်လို့ သိရတယ်။ အသက်ကြီးသူတေါဟာ ရုပ်မြင် သံကြားမှာပြသသလို ကြောင်တောင်တောင်နဲ့ချည့်နဲ့နေတယ် ဆိုတဲ့အကြောင်းကို လက်ခံစရာမလိုဘူး။ သေ ခြင်းတရားဟာညှိနှိုင်းလို့ရတဲ့အရာမျိုးမဟုတ်ဘူး။ အဲဒါကြောင့်လည်း ကြောက်မက်ဖွယ်ကောင်းနေတာပဲဖြစ် တယ်။ ဒါပေမဲ့လည် သင့်အသက်ရလာတာဟာ သင်ဘယ်လိုဘယ်နည်းနဲ့အသုံးချတာကို အသာထား၊ နည်းအ တော်များများကတော့ သင့်အပေါ်မှာမူတည်နေပါတယ်။
Author: မောင်ချမ်းသာ (Vol- 8 / No- 12) Healthcare Journal