fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

ဗီတာမင်ဘီ ဓာတ်ပေါင်းစုရဲ့ကောင်းကျိူးများ

ဗီတာမင်ဘီ ဓာတ်ပေါင်းစုရဲ့ကောင်းကျိူးများ

✍️ဗီတာမင်ဓာတ်သည် ကျန်းမာရေးအတွက်ကောင်းကျိူးပြုပေးသည်ကို မြင်ဖူးသိဖူးပါလိမ့်မယ်

✍️ဗီတာမင်များထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုဟုခေါ်သော ဗီတာမင်ရှစ်မျိူးဖြင့်ဖွဲ့စည်းထားသော အုပ်စုသည် မိမိနေ့စဉ်စားသုံးသော အစားအစာ၊သောက်သုံးသောအားဆေးများ၊ထိုးဆေးများတွင်အများအားဖြင့် ပါဝင်ပါတယ်

✍️အသက်ကြီးသူများ၊ကိုယ်ဝန်ဆောင်မိခင်များမှာ ဗီတာမင်ဘီဓာတ်ပေါင်းစုကို ပိုမိုလိုအပ်ပါတယ်

✍️ခုခံအားကျဆင်းမှုရောဂါရှိသူများ၊ အစာအိမ်နှင့်အူလမ်းကြောင်းမကောင်းသူများ၊ ကင်ဆာဝေဒနာရှင်များ၊အရက်စွဲနေသူများမှာလည်း ဗီတာမင်ဘီဓာတ်ပေါင်းစုကို ဖြည့်စွက်သောက်သုံးစားသုံးပေးသင့်ပါတယ်

✍️ဗီတာမင်ဘီဓာတ်ပေါင်းစုမှာ ဘာတွေပါဝင်လဲ? မိမိ ခန္ဓာကိုယ်အတွက်ဘယ်လိုကောင်းကျိူးတွေပေးလဲ? ဆက်ဖတ်ကြည့်ရအောင်နော်

၁)ဗီတာမင်ဘီဝမ်း(B-1)

မိမိစားသုံးတဲ့ အစားအစာများမှ စွမ်းအင်ထုတ်လုပ်ရာမှာ ခန္ဓာကိုယ်ကို ကူညီပေးပါတယ်
ဦးနှောက်နဲ့ နှလုံးရဲ့စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေပါတယ်

၂)ဗီတာမင်ဘီတူး(B-2)

ခန္ဓာကိုယ်မှအဆီများကိုခြေဖျက်တဲ့အခါ၊မိမိသောက်သုံးလိုက်တဲ့ဆေးဝါးများကိုဖြိုခွဲတဲ့အခါ ဗီတာမင်ဘီတူးကို လိုအပ်ပါတယ်
သွေးနီဥထုတ်လုပ်ရာမှာ ကူညီပေးပါတယ်

၃) ဗီတာမင်ဘီသရီး(B-3)

အာရုံကြောအဖွဲ့အစည်းကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန်ကူညီပေးပါတယ်
အစာချေဖျက်ရာမှာလည်း လိုအပ်ပါတယ်

၄) ဗီတာမင်ဘီဖိုက်(B-5)

ခန္ဓာကိုယ်အတွက်လိုအပ်သော ဟော်မုန်းများထုတ်လုပ်ရာမှာ ကူညီပေးပါတယ်
သွေးနီဥ၊ကိုလက်စထရောများ ထုတ်လုပ်ရာတွင်လည်း ပါဝင်ပါတယ်

၅) ဗီတာမင်ဘီဆစ်(B-6)

ခန္ဓာကိုယ်အတွက် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်
အာရုံကြောအဖွဲ့အစည်း၊ သွေးထဲရှိဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းမှာလည်း အရေးပါပါတယ်

၆) ဗီတာမင်ဘီဆဲဗင်း(B-7)

ဘိုင်အိုတင်လို့လူသိများတဲ့ ဗီတာမင်ဘီဆဲဗင်းဟာ အသားအရေ၊ဆံပင်၊လက်သည်းများ ကျန်းမာလှပစေပါတယ်
အာရုံကြော အဖွဲ့အစည်းမှာလည်းကူညီပေးပါတယ်

၇) ဗီတာမင်ဘီနိုင်း(B-9)

ဗီတာမင်ဘီနိုင်းကို ဖောလစ်အက်စစ် အနေနဲ့သိကြပါတယ်
မျိူးဗီဇ(DNA)တည်ဆောက်ရာမှာ အရေးပါသောကြောင့် ကိုယ်ဝန်ဆောင်များအတွက် လိုအပ်ပါတယ်
မွေးရာပါချိူ့ယွင်းမှုများကိုလျှော့ချပေးပါတယ်

၈) ဗီတာမင်ဘီတွဲ(B-12)

သွေးအားနည်းခြင်း၊အာရုံကြောအားနည်းခြင်းများကိုကာကွယ်ပေးပါတယ်
ပရိုတင်းခြေဖျက်ရာမှာလည်း အရေးပါပါတယ်

✍️ဗီတာမင်ဘီဓာတ်ပေါင်းစုရဲ့ကောင်းကျိူးများကို သိရှိနားလည်ပြီး မိမိခန္ဓာကိုယ်အတွက်လိုအပ်သလို သောက်သုံးပေးသင့်ပါတယ်

Author : ဒေါက်တာဆုမြတ်နိုး

ဆက်စပ် ဆောင်းပါးများ