fbpx

Myanmar (Covid-19 Stats)

😷 43,788 Total Cases
😥 1,066 Deaths
😇 23,708 Recovered

အိပ်ရာထက်ခေါင်းချတိုင်း ချက်ချင်းအိပ်ပျော်နိုင်ရဲ့လား?

ကောင်းမွန်စွာ အိပ်စက်ခြင်းသည်
သင့်ရဲ့တစ်နေတာကို ကောင်းမွန်စွာလည်ပတ်စေပြီး
အဆင်ပြေချောမွေ့စေပါတယ်။
တချို့လူတွေက အိပ်ရာပေါ်ရောက်တာနဲ့
ချက်ချင်းအိပ်ပျော်နိုင်ပေမဲ့ တော်တော်များများက
ညဘက်အိပ်ပျော်ဖို့အလွန်ပင် ခက်ခဲပြီး
ညလုံးပေါက်တဲ့အထိ အိပ်လို့မပျော်တဲ့ အခြေအနေ
တွေကို ကြုံတွေ့နေရပါတယ်။
အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာ
တွေထက် ဒီတစ်ခုမှာတော့ ညဘက် ဘယ်လိုလုပ်ရင်
လွယ်လွယ်ကူကူအိပ်ပျော်နိုင်တဲ့နည်းလေးတွေ
ဝေမျှပေးပါမယ်။

၁။ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။

တရားထိုင်တဲ့အခါပဲဖြစ်ဖြစ်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် လူတိုင်း လုပ်ဖူးကြမှာပါ။
အဲဒီနည်းကိုပဲ အိပ်စက်တဲ့နေရာမှာ
အသုံးပြုမှာဖြစ်ပါတယ်။
အာရုံစုစည်းပြီး အကြိမ်ရေမှတ်ပါ။
ပေါ့ပေါ့ပါးပါးလေးပဲ မှတ်ပါ။
ဝင်လေထွက်လေ နှာဖျားလေးမှာပဲ အာရုံခံပါ။

၂။ အကြောတွေကို ဖြေလျှော့ပါ။

ခန္ဓာကိုယ်မှာရှိသော တစ်နေ့တာပင်ပန်းထားတဲ့
ကြွက်သားတွေကို တစ်နေရာချင်းစီဖြေလျှော့တဲ့
နည်းလမ်းလေးပါ။
ဘယ်လိုလုပ်ရမလဲ။
ခေါင်းကနေခြေထောက်
တစ်နေရာချင်းစီ လျှော့ပါမယ်။
မျက်လုံးမှိတ်ထားပါ။
ပုံမှန် ရှူသွင်း၊ ရှူထုတ်လုပ်ပါ။
ဦးစွာ
နဖူး၊ မျက်စိ၊ မေးရိုး မှာရှိတဲ့ကြွက်သားတွေကို
ဖြေလျှော့ပါ။
ပြီးရင် လည်ပင်း၊ ပခုံး၊ လက်၊ ရင်ဘတ်၊ ဝမ်းဗိုက်၊
ပေါင်၊ ခြေထောက်အဆုံး ခြေချောင်းထိပ်ဖျားအထိ
အစဉ်လိုက် ဖြေလျှော့သွားပါ။

၃။ ပုံရိပ်ဖော်နည်း

ဒီနည်းလမ်းက ပျော်ရွင်ရတဲ့ အတိတ်ကပုံရိပ်
တစ်ခုခုပဲဖြစ်ဖြစ်၊ သဘာဝရှုခင်းတစ်ခုခု
ကမ်းခြေ၊ ပင်လယ်၊ စိမ်းလန်းနေတဲ့
သစ်ပင်တွေကိုပဲဖြစ်ဖြစ် ပုံဖော်ပြီး
စိတ်သောကတွေကို ငြိမ်းစေတဲ့ နည်းလမ်းပါ။
ဒါတွေလုပ်ကြည့်ပြီးပြီ။ အိပ်လို့မရသေးဘူး?
အိုခေ။ ဆက်ကြည့်ရအောင်။
အိပ်ရာဝင်ပြီး မိနစ် ၂၀၊ နာရီဝက် ရှိနေပြီ၊ လုံးဝအိပ်မပျော်သေးဘူးဆိုရင် ခုတင်က ထပါ။
ကိုယ်နှစ်သက်တဲ့ အရာတစ်ခုလုပ်ပါ။
ညိမ့်ညောင်းတဲ့သံစဉ်တွေ၊ သီချင်းတွေ နားထောင်ပါ။ စာဖတ်ဝါသနာပါရင် စာအုပ်ဖတ်ပါ။
________________________________

မအိပ်ခင် ကြိုတင်ပြင်ဆင်လို့ရတဲ့ အရာများ
အိပ်ရာမဝင်မီ အနည်းဆုံးနာရီဝက်ခန့် စာဖတ်ခြင်း၊ အကြောလျော့ခြင်း၊ တရားထိုင်ခြင်း၊
စိတ်အပန်းဖြေခြင်းများ လုပ်ခြင်းဖြင့် ကောင်းမွန်စွာအိပ်ပျော်နိုင်ပါတယ်။
လက်ပ်တော့၊ ဖုန်း နဲ့ တက်ဘလက်များ အစရှိတဲ့
အီလက်ထရောနစ်ပစ္စည်းများ ကိုဝေးဝေးထားပါ။
ပွချောင်သော အဝတ်အစားတွေပဲ ဝတ်ပါ။
သင်၏အိပ်ခန်း အပူချိန်ကို အေးအောင်ထားပါ။
မအိပ်ခင် အစာအများကြီး မစားပါနဲ့။
အပူအစပ်၊ ကော်ဖီ၊ လက်ဖက်ရည် နဲ့ အရက်များ
ရှောင်ပါ။
____________________________________
အရေးကြီးဆုံးအချက်ကတော့
အိပ်စက်ခြင်းအတွက် အခြေခံကျတဲ့
အလေ့အကျင့်ကောင်းတစ်ခု တည်ဆောက်ပါ။
အိပ်ချိန်၊ ထချိန် တသတ်မတ်တည်းထားပါ။
လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

အိပ်မပျော်တဲ့ညတွေမှာ
အကြောင်းအရာအချက်အလက်တွေကို
ဒိုင်ယာရီမှတ်တမ်းတစ်ခု သိမ်းဆည်းပါ။
အကယ်၍ သင်အိပ်မပျော်တာ ပိုပိုဆိုးလာတယ်၊
ဘာနည်းလမ်းနဲ့မှ အဆင်မပြေဘူးဆိုရင်
အကောင်းဆုံးကုသမှုပေးနိုင်သော ဆရာဝန် နဲ့
အမြန်ဆုံး ပြသပါ။ ကုသမှု ခံယူပါ။
လူသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့
ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

Author : Dr. Wallace K

ဆက်စပ် ဆောင်းပါးများ