fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဖုန်း၊ တီဗီအကြည့်များခြင်းနှင့် ကလေးတို့၏ကျန်းမာရေး

311
VIEWS
Share on FacebookShare on TwitterShare on Linkedin
10/10/2020
in ကျန်းမာသော နေထိုင်မှုပုံစံ, မိခင်နှင့်ကလေးကျန်းမာရေး
1 min read
A A

နည်းပညာတိုးတက်လာတဲ့ ယနေ့ခေတ်မှာ လိုအပ်တဲ့အချက်အလက် ရှာဖွေရေး၊ လုပ်ငန်းဝန်ဆောင်မှု၊ ဖျော်ဖြေရေးကဏ္ဍတွေ ဖွံ့ဖြိုးလာပါတယ်။ တစ်ဖက်မှာလည်း ပြင်ပလက်တွေ့လောကနဲ့ တဖြည်းဖြည်းကင်းကွာလာတဲ့ လူတွေပိုများလာကြပါတယ်။ ကလေးတွေအတွက် အဖော်ပြုပေးတဲ့နေရာမှာလည်း အရာဝတ္ထုပစ္စည်း အကူအညီတွေကို မိဘတွေက ပိုအသုံးပြုလာကြပါတယ်။ ဒီလိုပစ္စည်းတွေဖြစ်တဲ့ ရုပ်မြင်သံကြား TV၊ ကွန်ပျူတာ၊ Gameစက်၊ ဖုန်း၊ iPad/tablet စတာတွေ သုံးတဲ့အချိန်ကို Screen Time လို့ခေါ်ပါတယ်။

ဒီလို Screen Timeများခြင်းဟာ ကလေးတွေရဲ့ ကိုယ်ခန္ဓာကျန်းမာရေးရော စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ထိခိုက်မှုများစွာ ရှိတာကို တွေ့ရပါတယ်။

အသက်၂နှစ်အောက် ကလေးတွေအတွက် ဖန်သားပြင်ပေါ်က သက်မဲ့ရုပ်ပုံကားချပ်တွေထက် လှုပ်ရှားသက်ဝင်နေတဲ့ ပြင်ပအရာဝတ္ထုပစ္စည်းတွေဟာ ဦးနှောက်ရဲ့သင်ယူမှုကို ပိုပြီးကောင်းမွန်စေပါတယ်။ အသက် ၁နှစ်ခွဲအောက် ကလေးတွေကို Video Chat မှလွဲပြီး တခြား Screen Time မလုပ်ပေးသင့်ကြောင်း အမေရိကန် ကလေးကျန်းမာရေးအဖွဲ့အစည်းမှ ပြောကြားထားပါတယ်။ အသက်၂နှစ်မှ၄နှစ်ကြား ကလေးတွေကို တနေ့ ၁ နာရီနှင့် အသက် ၁၂ ထိကိုတနေ့ ၁ နာရီမှ ၂ နာရီသာ Screen Time ပေးသင့်ပါတယ်။ ဆယ်ကျော်သက်များကိုတော့ တစ်နေ့ ၂ နာရီခန့်သာ သတ်မှတ်ပေးသင့်ပါတယ်။

လူကြီးမိဘတွေအနေနဲ့ မိမိတို့ကလေးတွေကို ကောင်းမွန်စိတ်ချရတဲ့ Screen Time အသုံးပြုချိန် မသတ်မှတ်ပေးနိုင်ရင် အောက်ပါကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။

၁။ ကိုယ်လက်လှုပ်ရှားအားကစားမှုအားနည်းပြီး အရိုးနဲ့ ကြွက်သားမှု ဖွံ့ဖြိုးမှု နည်းကာ ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုမရှိခြင်း၊အဝလွန်ခြင်းစတဲ့ပြဿနာများပိုကြုံတွေ့ရနိုင်ပါတယ်။

၂။ အစားစားချိန် မမှန်ခြင်း၊ အသင့်စားအစားအစာများ ပိုမိုစားသုံးနိုင်ခြင်းတို့ကြောင့် ခန္ဓာကိုယ်ကျန်းမာရေးနှင့် အစာအိမ်ရောဂါ ရနိုင်ခြင်းပိုရှိပါတယ်။

၃။ ဖန်သားပြင်ကြည့်ရှုခြင်း (Screen Time) ဟာ မျက်လုံးကို အပြာရောင်အလင်းတန်း တိုက်ရိုက်ထိတွေ့မှုကြောင့် မျက်တောင်ခတ်နည်းခြင်း၊ မျက်လုံးခြောက်သွေ့ခြင်း၊ မျက်လုံးညောင်းညာပင်ပန်းခြင်းတို့မှစကာ အနီးမှုန်ခြင်း၊ အဝေးရှိ အရာဝတ္ထုများကို အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ အမြင်မှုန်ဝါးခြင်းနှင့် မျက်ကြည်လွှာထိခိုက်ခြင်းအထိ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သားသားမီးမီးတို့ Screen Time အတွက် (20-20-20rule ) မိနစ်၂၀ခန့် TV/ကွန်ပျူတာ/ဖုန်းအသုံးပြုပြီးတိုင်း ပေ၂၀အကွာအဝေးခန့်မှ အစိမ်းရောင် အရာဝတ္ထုတစ်ခုခုကို စက္ကန့်၂၀ခန့်ကြည့်ပေးပြီး မျက်လုံးကိုအနားပေးတဲ့ သတိပေးချက်လေး လုပ်ထားပေးသင့်ပါတယ်။

၄။ ညဘက်မှာ ကွန်ပျူတာ၊ဖုန်းအသုံးပြုမှုကြောင့် Screen မှထွက်တဲ့အလင်းရောင်သည်ခန္ဓာကိုယ်ရဲ့ဇီဝနာရီလုပ်ဆောင်ချက်ကိုပြောင်းလဲစေတဲ့အတွက်ပုံမှန်အိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပြီးအိပ်မပျော်ခြင်းစတဲ့ကျန်းမာရေးထိခိုက်မှုတွေရနိုင်ပါတယ်။

၅။ စိတ်ပိုင်းဆိုင်ရာပြဿနာအနေနဲ့ မိသားစုသူငယ်ချင်းတွေနဲ့ အချိန်ပေးခြင်းနည်းလာတဲ့အတွက် အထီးကျန်ခြင်း၊ ဝမ်းနည်းဒေါသထွက်လွယ်ခြင်း၊ စိတ်ဖိစီးပူပန်မှုများခြင်း၊ ကြောက်လန့်လွယ်ခြင်း၊ ပင်ပန်းမှုများအလွယ်တကူခံစားရခြင်းများဖြစ်ပေါ်နိုင်ကာ စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

၆။ ကလေးတွေရဲ့ဦးနှောက်ဖွံဖြိုးမှုအပေါ်မှာ Screen Time များခြင်းဟာမကောင်းတဲ့သက်ရောက်မှုများစွာရှိပါတယ်။ အာရုံကြောဆဲလ်များကိုထိခိုက်စေခြင်းကြောင့် ဘာသာစကားသင်ယူနိုင်မှု၊ တွေးခေါ်နိုင်မှု၊ မှတ်ဉာဏ်စွမ်းရည်စတဲ့ စစ်ဆေးမှုတွေမှာ ထိခိုက်မှုများရှိနိုင်ပြီး ပညာရေးထိခိုက်ခြင်းအထိဖြစ်နိုင်ပါတယ်။

 

ဖုန်း၊ တီဗီ၊ ကွန်ပျုတာတွေ အကြည့်များလာတာနဲ့အမျှ  မလိုလားအပ်တဲ့ ဆိုးကျိုးတွေရရှိနိုင်တာကြောင့်  ဖေဖေမေမေတို့အနေနဲ့ သားသားမီးမီးတို့ကို Healthy and Safe Screen Time ကို သတ်မှတ်ပေးဖို့ လိုအပ်တဲ့အကြောင်း ဒီဆောင်းပါးလေးနဲ့ တိုက်တွန်းလိုက်ပါတယ်နော်…….

 

Author : Dr. Mon

Previous Post

Covid-19 ကာလအတွင်း သားသားမီးမီးတို့ကို အာဟာရပြည့်ဝအောင် ကျွေးမွေးဖို့ဆိုရင်…

Next Post

သဘာ၀အတိုင်း လှပတဲ့ အသားအရေရရှိရန်အတွက်ဆောင်ရန်ရှောင်ရန်များ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
125
Pregnant women should be aware of diabetes

ကိုယ်ဝန်ဆောင်များသတိပြုစရာ ဆီးချိုရောဂါ

2 years ago
255

မိုးတွင်းချိန်ခါ ကလေးများ အအေးမိချောင်းဆိုးတဲ့အခါ

2 years ago
315

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သဘာ၀အတိုင်း လှပတဲ့ အသားအရေရရှိရန်အတွက်ဆောင်ရန်ရှောင်ရန်များ

အစာအိမ်ရောင်သောအခါ စားသင့်သော အစားအစာများ

ကိုဗစ်ကူးစက်ခံစဉ်ကာလအတွင်း  စိုးရိမ်စိတ်ကို  ဘယ်လိုလျှော့ချမလဲ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.