ကျွန်မတို့အများစုဟာ ရွေ့လျားဖို့ ကိုယ့်စွမ်းအားကို အသုံးပြုတာ မှန်ကန်တယ်လို့ ယူဆကြတယ်။ ထပ်ဆင့် ဆင်ခြင်သုံးသပ်ခြင်းမရှိဘဲ ကျွန်မတို့ လမ်းလျှောက်ကြတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်းကို လှမ်းယူတယ်။ အမျိုးမျိုးသော လှုပ်ရှားမှုကို လုပ်ကြတယ်။ ဒါပေမယ့် တချို့လူတွေဟာ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ နာကျင်ကြတယ်။ သူတို့တွေဟာ အဆစ်ရောင်နာ ခံစားနေရလို့ ဖြစ်ပါတယ်။ အရိုး၊ အဆစ်ရောင်ရမ်း ကိုက်ခဲတဲ့ ရောဂါဖြစ်တဲ့ အဆစ်ရောင်နာဟာ ရိုးဆက်များနဲ့ တွယ်ဆက်တစ်ရှူးများပေါ် သက်ရောက်တဲ့ သီးခြားနာမကျန်းဖြစ်ခြင်းများစွာနဲ့ ဆက်စပ်မှုရှိတယ်။ ၎င်းကို စောစောစတင်ကုသရင် အဆစ်ရောင်နာရဲ့ နာကျင်မှုနဲ့ မသန်မစွမ်းဖြစ်မှုကို တစ်ခါတစ်ရံ ထိန်းချုပ်နိူင်ပါတယ်။
အဆစ်ရောင်နာဖြစ်စဉ် – အဆစ်ရောင်နာက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်တယ်ဆိုတာကို နားလည်တာပိုကောင်းပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို အရိုးနှစ်ခုဆုံးတဲ့အခါ အရိုးတွေဟာ နေရာလပ်ကလေးတစ်ခုနဲ့ ကွာဟနေပြီး ကြိုးနှင့်တူသော အရွက်နှစ်မျိုးနဲ့ နေရာတကျဖြစ်နေတယ်။ မြဲပြီး ရာဘာလို့ အရိုးနုက အရိုးတွေရဲ့ ထိပ်ပိုင်းတွေမှာ ဖုံးအုပ်နေတယ်။ အရိုးတွေလှုပ်ရှားရင် ၎င်းတို့ ပွတ်တိုက်မိခြင်း၊ မဖြစ်အောင် ကာကွယ်ပေးသည်။ Synovium လို့ခေါ်တဲ့ ပါးလွှာသော အမြှေးပါးက အရိုးနုကို အားဖြစ်စေရန် ချောတဲ့အရည်ကို ထုတ်ပေးပြီး ၎င်းကရိုးဆက်ကို ချောဆီထည့်ပေးကာ လှုပ်ရှားးမှုကို ပိုလွယ်စေတယ်။
အဆစ်ရောင်နာတွင် ကာကွယ်ပေးတဲ့ အချို့ဖွဲ့စည်းတည်ဆောက်ပုံတွေ ရပ်ဆိုင်းသွားတယ်။ ဒိအခြေအနေဟာ တဖြည်းဖြည်းဖြစ်လာနိူင်တယ်။ ဒါမှမဟုတ် ဘယ်အသက်အရွယ်မှာမဆို ရုတ်တရက်ပေါ်လာနိူင်တယ်။ မိနစ်အနည်းငယ်ထက် ပိုကြာစွာ နံနက်ခင်းမှာ ရိုးဆက်တောင့်တင်းမှုနဲ့ ကိုယ်အလေးချိန်လျော့ခြင်းစတဲ့ လက္ခဏာတွေမှာ နှစ်ခု၊သုံးခု ကြုံတွေ့ပါက ဆရာဝန်ဆီ သွားသင့်ပါတယ်။
အဆစ်ရောင်နာနှစ်မျိုး
ရိုးဆက်ယိုယွင်းရောင်ရမ်းနာဟာ အဓိကအားဖြင့် အသက် ၆၀ ကျော်သူတွေ ဖြစ်တတ်တယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုဖြစ်တတ်တယ်။ အထူးသဖြင့် လက်တွေ၊ ခါးတွေ၊ ဒူးတွေ၊ ခြေဖဝါးနှဲ့ ကျောရိုးပေါ် သက်ရာက်တယ်။ အရိုးအစွန်းပိုင်း တစ်ဝိုက်မှာရှိတဲ့ အရိုးနုကူရှင် ပွန်းပဲ့သွားသောအခါ ရိုးဆက်ယိုယွင်းရောင်ရမ်းနာဖြစ်လာတယ်။ ချောမွတ်နေတဲ့ မျက်နှာပြင်မရှိတော့ အရိုးတွေ အချင်းချင်း နာကျင်စွာ ပွတ်တိုက်မိပြီး၊ အချိုင့်ခွက်ဖြစ်လာတယ်။ အရိုးတွေရဲ့အစွန်းတွေဟာ မာလာပြီး အချွန်အတက် ကလေးတွေ ဖြစ်ပေါ်လာတယ်။ အရိုး၊ အရိုးနုတွေ ယိုယွင်းပြီး အစအနတွေ ကွဲထွက်လာတာ၊ ရိုးဆက်ရဲ့နေရာလပ်မှာ မျောနေပြီး ရောင်ရမ်းခြင်းနဲ့ နာကျင်မှုကို ဖြစ်စေတယ်။ ရိုးဆက်ပတ်လည်ရှိ ကြွက်သားတွေလည်း အားနည်းလာတယ်။
ရိုးဆစ်ရောင်ရမ်းကိုက်ခဲတဲ့ ဝေဒနာဟာ အဆစ်ရောင်နာရဲ့ မသန်မစွမ်း အဖြစ်ဆုံး ပုံစံဖြစ်တယ်။ ဒီဝေဒနာ ခံစားသူတွေရဲ့ လေးပုံသုံးပုံဟာ အမျိုးသမီးများဖြစ်ပြီး အသက် ၂၀ နဲ့ ၅၅ နှစ်ကြားအရွယ်တွေမှာ ဖြစ်တတ်တယ်။ ဒီဝေဒနာဖြစ်ရတဲ့ အကြောင်းရင်းကို သိပ္ပံပညာရှင်များ သေသေချာချာ မသိရသေးပေ။ အလိုအလျောက် ကိုယ်ခံအား တုန့်ပြန်မှုလို့ဆိုတဲ့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက အချို့ကျန်းမာတဲ့ တစ်ရှူးတွေကို ဘက်ပြန်ခြင်း ပါဝင်တယ်လို့ ယူဆရတယ်။ ရလဒ်က ပုံမှန်အားဖြင့် ချောပြီး ညက်တဲ့အမြှေးပါးက ရောင်လာပြီး ကြမ်းတမ်းလာတယ်။ ရောင်ရမ်းမှုဟာ အခြားရိုးဆက်တစ်ရှူးတွေဆီ ပျံ့နှံသွားပြီး နောက်ဆုံး၌ အရိုးနုကိုပျက်စီးစေတယ်။ ရိုးဆက်လည်းပုံပျက်သွားတယ်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းနဲ့ အနာသက်သာစေမှု
အဆစ်ရောင်နာအတွက် ကုသမှုမရှိဘူးလို့ ဆိုပေမယ့် လက္ခဏာတွေကို ထိန်းချုပ်နိူင်တဲ့ ထိရောက်တဲ့ နည်းလမ်းတွေရှိပါတယ်။
ဟားဘတ်ဆေးကျောင်းမှ ဆေးပညာလက်ထောက် ပါမောက္ခ မိုက်ကယ်ဝိန်းဘလက်က အထွေထွေရောဂါကု ဆရာဝန်၊ ဗဟိဒ္ဓ ကုထုံး ဆရာနှင့် အဆစ်အမြစ်ရောင်ရမ်းကိုက်ခဲသည့် ရောဂါကုဆရာဝန် သို့မဟုတ် အဆစ်ရောင်နာအထူးကု ဆရာဝန်တို့ စုပေါင်းအဖွဲ့နဲ့ ကုသခြင်းက အကောင်းဆုံးဖြစ်တယ်လို့ ဆိုတယ်။
အနည်းငယ်နာခြင်းနဲ့ မသက်မသာဖြစ်ခြင်းကို ကာကွယ်ဖို့ အပြင်းအထန်လှုပ်ရှားမှုကို ရှောင်တာ အကောင်းဆုံးဖြစ်တယ်လို့ အဆစ်ရောင်နာရှိ သူတွေက ယူဆကြတယ်။ ရိုးဆက်တွေရဲ့ ပုံမှန်လည်ပတ်မှုကို ထိန်းထားရာမှာ ရွေ့လျားမှုက အလွန်အရေးပါတယ်။ သိပ်မပြင်းထန်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်း၊ စက်ဘီးစီးခြင်းနဲ့ ရေကူးခြင်းက ခံနိူင်ရည်၊ ရိုးဆက်တွေ ပြောင်းလဲလွယ်၊ ဖြစ်လွယ်ရှိမှ၊ နေ့စဉ်လုပ်ငန်းများလုပ်နိူင်စွမ်းတို့ ရောဂါပိုးမို့ မဆိုးဝါးစေဘဲ တိုးပွားစေနိုင်တယ်လို့ သုတေသနက ဖော်ပြတယ်။ ကိုယ်လက်အစိတ်အပိုင်းချင်း ဖိနှိပ်ခြင်းစသည့်ဖြင့် အားစိုက်၍လုပ်သော ကာယလေ့ကျင့်မှုကို လုပ်ခြင်းဖြင့် ကြွက်သားစွမ်းအားကို ပိုကောင်းစေနိူင်သည်။ ကိုယ်အလေးချိန်ပွားလာရင် ၎င်းက ရိုးဆက်တွေကို ဖိအားပေးနိူင်လို့ ကိုယ်အလေးချိန် မတက်အောင် ဂရုစိုက်ရမယ်။
အကိုက်အခဲပျောက်ဆေးတွေက နာကျင်မှုကို သက်သာစေသော်လည်း အစာအိမ်ရောဂါရှိသူများအတွက် မသင့်တော်ပါ။ သက်ဆိုင်ရာ ဆရာဝန်နဲ့ပြပြီး ညွှန်ကြားတဲ့ဆေးကို သုံးစွဲသင့်သည်။
အဆစ်ရောင်နာဟာ သိပ်ပြင်းထန်လာရင် ဆရာဝန်က သင့်တော်တဲ့ ခွဲစိတ်မှုတို့ ပြုလုပ်ဖို့ အကြံပေးပါလိမ့်မယ်။
Author: နှင်းအေးဝေ