fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 6,151 Total Cases
😥 98 Deaths
😇 1,445 Recovered

တိုင်းရင်းဆေးဝါးများမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားခြင်း၊ သက်တမ်းတိုးဆောင်ရွက်ခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ရှင်းလင်း

မျက်မှောက်ခေတ်ကာလအခြေအနေနဲ့ကိုက်ညီတဲ့ စည်းကမ်းသတ်မှတ်ချက်တွေအဖြစ် ပြင်ဆင်ထည့်သွင်းရန်ရှိတာတွေ၊ ပြည်နယ်/တိုင်းဒေသကြီးအသီးသီးမှ တိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီဝင်တွေနဲ့ တိုင်းရင်းဆေးဝါးထုတ်လုပ်သူတွေကို ထပ်ဆင့်အသိပေးရှင်းလင်းဆွေးနွေးရန်၊ လိုက်နာရမယ့်စည်းကမ်းသတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေကို တိုင်းရင်းဆေးဝါးထုတ်လုပ်သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖြေရှင်းသွားရန်စတဲ့ရည်ရွယ်ချက်တွေနဲ့ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်၊ ဧပြီလကုန်ပိုင်းကျင်းပခဲ့တဲ့ အဆိုပါဆွေးနွေးပွဲမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ခြင်း၊ ထုတ်လုပ်ခြင်း၊ တိုင်းရင်းဆေးဝါးကြီးကြပ်သူခန့်ထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့် လိုင်စင်လျှောက်ထားခြင်း၊ တိုင်းရင်းဆေးဝါးများဆိုင်ရာ အစဉ်အလာ သတ်မှတ်ချက်တွေ၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ခြင်းနဲ့ ထုတ်လုပ်ခွင့်လိုင်စင်လျှောက်ထားရာတွင် တွေ့ရှိရတဲ့ လိုအပ်တဲ့အချက်တွေ၊ တိုင်းရင်းဆေးဝါး ဓါတ်ခွဲစစ်ဆေးခြင်း၊ တိုင်းရင်းဆေးဝါးကြော်ငြာကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေဟာ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ်နေပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေ အဆင်မပြေပါက ပရဆေးစိုက်ပျိုးသူ တောင်သူတွေ၊ ပရဆေးကုန်ကြမ်းရောင်းချသူတွေ၊ အလုပ်သမားတွေ ၊ အခြားဆက်စပ်လျက်ရှိတဲ့စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ ဒါပြင်တိုင်းရင်းဆေးဥပဒေကိုလည်း ပြန်လည် သုံးသပ် ရန် လိုအပ်မှာဖြစ်တဲ့အပြင် ပြည်သူလူထုအနေနဲ့လည်း လက်တွေ့ထိရောက်မှုရှိပြီး အန္တရာယ်ကင်းသောတိုင်းရင်းဆေးဝါးကောင်းတွေကို သုံးစွဲရတော့မှာမဟုတ်တော့ပါဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ထွေးက အဆိုပါဆွေးနွေးပွဲမှာ ဆိုထားပါတယ်။