fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကော်ဖီနှင့် ကျန်းမာရေး

183
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/08/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ကော်ဖီသောက်ခြင်းသည် ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှုရှိသည်ဆိုခြင်းနှင့် ပတ်သတ်၍ မတူညီသောလက်ခံမှုများ ရှိသည်။ ကော်ဖီသည် တချို့သော ရောဂါများ ဖြစ်ပွါးမှုကို လျော့နည်းစေသည်ဟု ဆိုသည်။ တချို့သော ရောဂါများဖြစ်ပွားမှုကို လျော့နည်းစေသည်ဟု ဆိုသည်။ တချို့သော သုတေသန ပညာရှင်များက ကော်ဖီ၏ကျန်းမာရေးအပေါ်အန္တရာယ်ပြုနိုင်မှုများကို ထောက်ပြခဲ့ကြသည်။

ကော်ဖီပမာဏမည်မျှသောက်သုံးလျှင်အန္တရာယ်ကင်းပြီး၊မည်မျှဆိုလျှင်အန္တရာယ်ရှိသည်ဆိုခြင်းကို လေ့လာသူတချို့က ဖေါ်ထုတ်တင်ပြထားသည်။ ကော်ဖီတွင် ကဖင်းဓာတ် (Caffeine) ပါဝင်မှုမှာ အဓိက ကျသည်ဟု ဆိုသည်။ ကဖင်းဓာတ်မည်မျှဆိုလျှင် အန္တရာယ်ကင်းသည်ကို သိရှိထားသင့်သည်။ ကဖင်းပါဝင်မှုမှာ ကော်ဖီခွက်အရွယ်အစား၊ ကော်ဖီမှုန့်ပြင်ဆင်ပုံ၊ အရောင်အသွေး၊ သောက်သုံးသည့်နည်း စသည်တို့ပေါ်တွင် မှီတည်သည်။ ကော်ဖီမည်မျှ သောက်သည်ဆိုသည့် အလေ့အကျင့်နှင့် ကော်ဖီစေ့ အမျိုးအစားတို့သည်လည်းကဖင်းသုံးစွဲမှုပမာဏအပေါ်လွှမ်းမိုးသည်။ကဖင်းဓာတ်ကိုလက်ဖက်ရည်၊ ချောကလက်၊အချိုရည်များနှင့် တချို့သောဆေးဝါးများတွင် တွေ့ရနိုုင် သေးသည်။ ကဖင်းဓာတ်အပေါ်လူတို့၏ တုံပြန်မှုမှာလည်း တစ်ဦးနှင့်တစ်ဦးမတူကြပေ။ တချို့လူများ တွင် အလွန်အကျွံ တုံ့ပြန်မှုမျိုးတွေ့ရပြီး၊ တချို့တွင် ခံနိုင်ရည်ရှိကြသည်။ ကဖင်းသုံးစွဲမှုကို ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဂရုစိုက်ဆင်ခြင်ရန် အရေးကြီးသည်။ ကဖင်းသုံးစွဲမှုမှာ နေ့စဉ်အားဖြင့် ၂၀၀ မီလီဂရမ်ထက်မပိုသင့်ဟု ဆိုသည်။ ကော်ဖီ သာမန်ခွက် ၄ ခွက် သို့မဟုတ် ခွက်ကြီး ၂ ခွက်ထက်မပိုသင့်ပေ။ ကိုယ်ဝန်ဆောင်စဉ် ကော်ဖီအလွန်အကျွံ သောက်ပါကကိုယ်ဝန်ပျက်ခြင်းသို့မဟုတ်ကိုယ်အလေးချိန်မပြည့်သော (ပေါင်မပြည့်သော) ကလေးမွေးဖွားခြင်း ကြုံတွေ့ ရနိုင်သည်။ Food Standards Agency ကနေ့စဉ်ကဖင်းသုံးစွဲမှုပမာဏကို ၃၀၀ မီလီဂရမ်ဟု သတ်မှတ်ခဲ့ဖူး သည်။ ကဖင်းဓာတ်များလွန်းလျှင် အချင်းသို့ သွေးဝင်စီးဆင်းမှု လျော့နည်းနိုင်ပြီး၊သန္ဓေသားဖွံ့ဖြိုးမှုကိုညံ့ဖျင်း စေသည်။

ကော်ဖီသည်ကျန်းမာရေးအပေါ် အထောက်အကူဖြစ်စေသော အချက်များစွာ တွေ့ရသည်။ တက်ကြွလန်းဆန်းစေသည်။ စွမ်းဆောက်ရည်မြင့်မားစေသည်။စိတ်ခွန်အားကို မြှင့်တင်ပေးနိုင်သည်။ ကော်ဖီ နေ့စဉ်၂ခွက်နှင့်အထက်သောက်သော အမျိုးသမီးများသည် စိတ်ကျဝေဒနာဖြစ်ပွားမှု နည်းနိုင်ကြသည်။ ကော်ဖီသည် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အယ်လ်ဆိုင်းမား ရောဂါဖြစ်ပွားမှုတို့ကို ကာကွယ်မှု ပေးနိုင် သည်ဟု ဆိုသည်။ ကော်ဖီသောက်ခြင်းသည် စွဲလန်းစေသောသဘောရှိသည်။ တချို့သော ကျွမ်းကျင်ပညာရှင်များက ကော်ဖီ ၄ ခွက် သို့မဟုတ် ၅ ခွက်၊ ကဖင်သုံးစွဲမှု ၄၀၀ မီလီဂရမ် အထိ အန္တရာယ်မရှိဟုပြောထားသည်။ Food Standards Agency ကကျန်းမာသောသူများအဖို့ ကော်ဖီသည် အန္တရာယ်မရှိဟုဆိုသည်။ အစားအစာများတွင်ကဖင်းပါဝင်မှု Instant Coffee ခွက်ကြီး တစ်ခွက် ၁၀၀ မီလီဂရမ် Filter Coffee ခွက်ကြီး တစ်ခွက် ၁၄၀ မီလီဂရမ် Cola ကိုလာတစ်ဗူး ၄၀ မီလီဂရမ် လက်ဖက်ရည်ခွက်ကြီး တစ်ခွက် ၇၅ မီလီဂရမ် စွမ်းအားဖြည့်အချိုရည် တစ်ဘူး ၈၀ မီလီဂရမ် Plain Chocolate ၅၀ မီလီဂရမ်တစ်တောင့် ၅၀ မီလီဂရမ် Milk Chocolate ၅၀ မီလီဂရမ်တစ်တောင့် ၅၀ မီလီဂရမ် အကယ်၍ သင်သည် Plain Chololate တစ်ထောင့်နှင့် filter Coffee တစ်ခွက်သောက်လျှင် (သို့မဟုတ်) လက်ဖက်ရည်နှစ်ခွက် နှင့် ကိုလာတစ်ဘူးသောက်လျှင် (သို့မဟုတ်) Instant Coffee တစ်ခွက်နှင့် စွမ်းအားဖြည့်အချိုရည်နှင့် တစ်ဘူးသောက်လျှင် သင်ခန္ဓာကိုယ်အတွင်းသို့ ကဖင်းဓာတ် ၂၀၀ မီလီဂရမ်မျှ ဝင်ရောက်မည်။

Author – ဒေါက်တာဇာနည်

Previous Post

ငှက်ဖျားရောဂါကိုကာကွယ်ကြပါစို့

Next Post

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့်ဆက်ဆံရမည်ကို ကြောက်ရွံ့ခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လိင်ဆက်ဆံစဉ်နာကျင်မှုနှင့်ဆက်ဆံရမည်ကို ကြောက်ရွံ့ခြင်း

ဝက်ခြံ အကြောင်းတစေ့တစောင်း

မီးယပ်သွေးဆုံးခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.