လူတိုင်းဟာ ကျန်းမာသွက်လက်ပြီး အချိုးအစားလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမဲ့ နေ့စဉ်နေထိုင်စားသောက်မှုပုံစံအမျိုးမျိုးကြောင့် သာမန်ကိုယ်အလေးချိန်ရှိသူတွေ ရှိသလို အဝလွန်သူတွေလည်း ရှိတတ်ကြပါတယ်။
ကျန်းမာလှပပြီး အချိုးကျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ ဒီနေ့ခေတ်မှာ ဝတဲ့သူတွေနဲ့ အဝလွန်သူတွေတင်မက သာမန်ကိုယ်အလေးချိန်ရှိသူတွေပါ “ဝိတ်ချမယ်၊ အစားလျှော့စားမယ်၊ ကိုယ်အလေးချိန်ချမယ်၊ Gym သွားမယ်” စတဲ့နည်းလမ်းတွေကို စီစဉ်လုပ်ဆောင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဝိတ်ချနည်းစနစ်မမှန်ကန်ရင် ခန္ဓာကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် လူတိုင်း ကျန်းကျန်းမာမာနဲ့ ဝိတ်ချနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေအပြင် ဝိတ်ချတဲ့အခါမှာ အာနိသင်ကောင်းတွေပေးနိုင်တဲ့ ဆေးဝါးနှစ်မျိုးကို ဒီဆောင်းပါးမှာ မိတ်ဆက်ရင်း ရေးသားမျှဝေလိုက်ပါတယ်။
ဝိတ်အမြန်ကျဖို့ ဒါတွေရှောင်ပါ
ကျန်းကျန်းမာမာနဲ့ ဝိတ်ချဖို့အတွက် ဝိတ်ချနည်းစနစ်ကျမှန်ကန်ဖို့ အရေးကြီးပါတယ်။ နည်းစနစ်မကျဘဲ ဝိတ်ချမယ်ဆိုရင် Gym ဘယ်လောက်သွားသွား၊ Diet ဘယ်လောက်လုပ်လုပ် ထိရောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် အောက်ပါအချက်တွေကို ရှောင်ပေးပါ။
၁။ ရေတိုမလုပ်ဆောင်ပါနဲ့။ “အချိန်တိုတိုနဲ့ ဝိတ်ကျမယ်”ဆိုတဲ့ နည်းလမ်းတွေဟာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ ဒါ့ပြင် ကာလတိုတိုနဲ့ အပြင်းအထန် ဝိတ်ချပြီးပေမဲ့လည်း ရေရှည်မှာ ပြန်ဝလာပြီး ကိုယ်အလေးချိန်ထိန်းရခက်တဲ့အဖြစ်မျိုးတွေလည်း အများကြီးရှိပါတယ်။
၂။ အစားမစားဘဲမနေပါနဲ့။ မနက်စာ ဒါမှမဟုတ် ညစာမစားရင် ဝိတ်အမြန်ကျမယ်လို့ထင်နေရင် မှားပါတယ်။ ဒီလိုအမူအကျင့်က ရေရှည်မှာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရခက်စေပြီး ကျန်းမာရေးပါ ထိခိုက်စေနိုင်ပါတယ်။
၃။ လေ့ကျင့်ခန်းကို အလွန်အကျွံမလုပ်ပါနဲ့။ Gym အလွန်အကျွံဆော့တာ၊ အားကစား အလွန်အကျွံလုပ်တာက ခန္ဓာကိုယ်ကြွက်သားတွေကို ပိုထိခိုက်စေပါတယ်။
၄။ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ကယ်လိုရီများတဲ့ အစားအသောက်နဲ့အချိုရည်၊ အဆီကြော်စာ စတာတွေ ရှောင်ပါ။ သကြားများတဲ့အချိုရည်ဘူးတွေဟာ အာဟာရဓာတ်မရှိတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း တက်စေပါတယ်။
၅။ အရှုံးမပေးပါနဲ့။ အချိန်ကာလခဏလေးနဲ့ ဝိတ်မကျလာလို့ဆိုပြီး အရှုံးမပေးပါနဲ့။ ကျန်းမာရေးနဲ့ညီညွတ်အောင် ဝိတ်ချဖို့ အစားအသောက်နဲ့အနေအထိုင်ကို အမူအကျင့်တစ်ခုလို မွေးယူရတာပါ။ စိတ်အားထက်ထက်သန်သန်နဲ့ ရေရှည်လုပ်ဆောင်နိုင်မှ ကျန်းမာပြီး အချိုးအစားလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။
ဝိတ်အမြန်ကျချင်ရင် ဒါတွေဆောင်ပါ
ဝိတ်ချတဲ့အခါ အောက်ပါအတိုင်း ဆောင်ရန်အချက်တွေကို စနစ်တကျလုပ်ဆောင်ပေးမယ်ဆိုရင် ကျန်းမာလှပအချိုးကျတဲ့ ခန္ဓာကိုယ်ကို ရေရှည်ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
၁။ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ စားသောက်ပါ။ ကစီဓာတ်၊ အသားဓာတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်အပြင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံကို အချိုးကျကျ စားသောက်မယ်ဆိုရင် ကိုယ်အလေးချိန်လျော့ကျစေဖို့ အများကြီးအထောက်အကူပြုနိုင်ပါတယ်။
၂။ ရေများများသောက်ပါ။ ရေများများသောက်ခြင်းရဲ့ကောင်းကျိုးတစ်ခုက ကိုယ်အလေးချိန်ကျစေခြင်းပဲ ဖြစ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂ လီတာခန့် ပုံမှန်သောက်ပေးပါ။
၃။ ကိုယ်နဲ့သင့်တော်ပြီး ကိုယ်နှစ်သက်တဲ့လေ့ကျင့်ခန်းကို ပုံမှန်မပျက်မကွက် လုပ်ဆောင်ပါ။ လမ်းလျှောက်တာ၊ ရေကူးတာ၊ တင်းနစ်ရိုက်တာ၊ ယောဂလေ့ကျင့်တာ စတာတွေလုပ်ဆောင်နိုင်ပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၅ ရက်၊ တစ်ရက်ကို မိနစ် ၃၀ ခန့် လုပ်ဆောင်ပေးနိုင်ပါတယ်။
၄။ ကိုယ်အလေးချိန်ကို ပုံမှန်တိုင်းတာပါ။ တစ်ပတ်ကို အများဆုံး ၁ ပေါင်ကနေ ၂ ပေါင် ကျမယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်ပြီး ရေရှည်မှာ အချိုးကျတဲ့ခန္ဓာကိုယ်ကို ပိုပြီးထိန်းသိမ်းနိုင်ပါလိမ့်မယ်။
၅။ စိတ်အားထက်သန်ပြီး ဇွဲရှိရှိနဲ့ လုပ်ဆောင်ပါ။ ဝိတ်ချခါစမှာ ကိုယ်အလေးချိန်ဟာ ၂ ပေါင်ကနေ ၄ ပေါင်ခန့် တက်လိုက်ကျလိုက် ဖြစ်တတ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံကို ရေရှည်ထိန်းထားနိုင်မှ ကိုယ်အလေးချိန်ကျပြီး ကျန်းမာသွယ်လျနိုင်မှာဖြစ်ပါတယ်။
အထက်ကပြောခဲ့တဲ့ ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းတွေအပြင် ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ ဆေးဝါးကုမ္ပဏီဖြစ်တဲ့ GNC ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ GNC Burn 60 Plus နဲ့ GNC CLA 2000mg ကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် အခြားသူတွေထက်ပိုပြီး ကျန်းကျန်းမာမာနဲ့ အချိုးအစားလှပသွယ်လျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
GNC Burn 60 plus ဆိုတာ ဘာဆေးလဲ
ပထမဆေးတစ်မျိုးအနေနဲ့ GNC Burn 60 plus ဆေးဝါးကို ကိုယ်လက်လေ့ကျင့်ခန်းလုပ်ချိန်မှာ သောက်သုံးမယ်ဆိုရင် အဆီပိုလောင်ကျွမ်းမှုကို မြန်ဆန်စေနိုင်ပါတယ်။
GNC Burn 60 Plus ကို ပုံမှန်သောက်သုံးပေးမယ်ဆိုရင် –
– Black Tea Leaves နဲ့ Ginger Root Extract တို့ရဲ့ အဆီကိုလောင်ကျွမ်းစေတဲ့ဂုဏ်သတ္တိကြောင့် ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို ချွေးကနေတစ်ဆင့် 60% အထိ လောင်ကျွမ်းစေနိုင်ခြင်း၊
– Guarana Seed ရဲ့ Caffeine ဓာတ်တိုးစေပြီး မလိုအပ်တဲ့ အဆီပိုတွေကို ဖယ်ရှားပေးနိုင်ခြင်း၊
– Garcinia နဲ့ Apple Cider Vinegar တို့ရဲ့ အစားစားချင်စိတ်ကိုထိန်းပေးပြီး ခန္ဓာကိုယ်တွင်း အဆီပိုစုခြင်းကို ကာကွယ်ပေးခြင်း၊
– Grape Seed Extract ရဲ့ အဝလွန်ခြင်းကို ထိန်းသိမ်းကာကွယ်ပေးနိုင်ခြင်း၊
– Vitamin, Antioxidant နဲ့ အမျှင်ဓာတ်တွေကြောင့် အသားအရေကိုပါ စိုပြည်ချောမွေ့စေပြီး သွေးတွင်းအဆီဓာတ်ကိုလည်း ချပေးနိုင်ခြင်း စတဲ့ အာနိသင်တွေကိုပါ ရရှိစေနိုင်ပါတယ်။
GNC Burn 60 plus ကို တစ်ခါသောက် နှစ်လုံး၊ တစ်နေ့ တစ်ကြိမ် သောက်နိုင်ပြီး အားကစားမလုပ်ခင် မိနစ် ၃၀ ကနေ မိနစ် ၆၀ အလို၊ ဒါမှမဟုတ် အားကစားမလုပ်သူတွေအနေနဲ့ မနက်စာမစားခင် နှစ်လုံး၊ တစ်နေ့ တစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
GNC CLA 2000mg ဆိုတာ ဘာဆေးလဲ
နောက်ထပ် ဆေးတစ်မျိုးဖြစ်တဲ့ GNC CLA ဆေးမှာဆိုရင် သဘာဝပန်းပင်ဖြစ်တဲ့ Safflower ကနေ တိုက်ရိုက်ထုတ်ယူထားတဲ့ Conjugated Linoleic Acid (CLA) 2000mg ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်းက အဆီပိုတွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်နဲ့ကြွက်သားတွေကို ကျစ်လျစ်လှပစေနိုင်ပါတယ်။ ဒီဆေးက ကာယလေ့ကျင့်ခန်းလုပ်ပြီး ဝိတ်ချချင်သူတွေ၊ Diet လုပ်ပြီး ဝိတ်ချချင်သူတွေ၊ ခန္ဓာကိုယ်ကျစ်လျစ်ချင်သူတွေအတွက် ပိုသင့်တော်ပါတယ်။
ဒါ့ပြင် GNC CLA သောက်သုံးခြင်းကနေတစ်ဆင့်
– ကိုယ်ခံစွမ်းအားကို တက်စေခြင်း၊
– ပိုလျှံနေတဲ့ ကယ်လိုရီတွေကို အဆီပိုဖြစ်မလာအောင် ကာကွယ်ပေးခြင်း၊
– ခန္ဓာကိုယ်တွင်း အဆိပ်အတောက် (Free Radicals) တွေကို ဖယ်ရှားပေးခြင်း၊
– ခန္ဓာကိုယ်တွင်း ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အထောက်အကူပေးခြင်း၊
– သွေးတွင်းအဆီကျစေလို့ အဝလွန်ရောဂါတွေကို ကာကွယ်ပေးခြင်း စတဲ့အာနိသင်ကောင်းတွေကိုလည်း ရရှိနိုင်ပါတယ်။
GNC CLA ဆေးကို တစ်ခါသောက်ရင် နှစ်လုံး၊ အစာစားပြီးတိုင်း နှစ်ကြိမ် သောက်သုံးပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျပြီး သွယ်လျလှပစေဖို့
အထက်ကဖော်ပြခဲ့တဲ့အချက်တွေကတော့ စနစ်တကျဝိတ်ချနိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်တွေဖြစ်ပြီး ဝိတ်ချနေစဉ်ကာလမှာ အခြားသူတွေထက် ပိုပြီးကျန်းမာသွယ်လျစေဖို့ ပုံမှန်မှီဝဲပေးနိုင်တဲ့ GNC Burn 60 Plus နဲ့ GNC CLA 2000mg ဆေးဝါးတွေရဲ့ အာနိသင်ကောင်းတွေအကြောင်းပဲ ဖြစ်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဝိတ်ချနည်းလမ်းတွေကို စနစ်တကျလုပ်ဆောင်ပြီး အာနိသင်ကောင်းတွေရရှိနိုင်တဲ့ ဆေးဝါးတွေကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် ကျန်းမာလှပပြီး အချိုးကျသွယ်လျတဲ့ ခန္ဓာကိုယ်ကို ရေရှည်ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
Author: ဒေါက်တာကောင်း (ဆေး – ၂)