fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ်ခံအားကျဆင်း​စေနိုင်တဲ့ ​​နေ့စဥ်အမူအကျင့်များ

667
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/03/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အခုလို COVID 19 ကပ်​ရောဂါပြန့်ပွား​နေတဲ့ကာလမှာ ကိုယ်ခံအား​ကောင်းမွန်​နေဖို့က အ​ရေးအကြီးဆုံးဖြစ်ပါတယ်။ COVID 19 ဟာ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ကုသဖို့နည်းလမ်း သီးသန့်မရှိတာ​ကြောင့် ကုသခြင်းထက် ကာကွယ်ထားနိုင်ဖို့က ပို၍လိုအပ်ပါတယ်။ မိမိကို​ရောဂါမကူးစက်​စေဖို့ ကာကွယ်​ဆေးထိုးခြင်းအပြင် ကိုယ်ခံအား​ကောင်းမွန်​​​အောင် ​နေထိုင်တတ်ဖို့လည်းလိုပါတယ်။ ကိုယ်ခံအား​ကောင်းမ​ကောင်းဆိုတာဟာ မိမိရဲ့ ​နေထိုင်မှုပုံစံနဲ့ ​နေ့စဥ်အမူအကျင့်​တွေ​ပေါ် အများကြီးမူတည်​နေပါတယ်။ ကိုယ်ခံအားကျဆင်း​စေမယ့် အမူအကျင့်​တွေကို ​မိမိကိုယ်တိုင် သတိမမူမိဘဲ နေ့စဥ်လုပ်မိ​နေတာမျိုး​​တွေရှိနိုင်ပါတယ်။ ဒါ​ကြောင့် မိမိကိုယ်တိုင် ပြန်လည်ဆန်းစစ်နိုင်ဖို့ ကိုယ်ခံအားကျဆင်း​စေနိုင်တဲ့ အမူအကျင့်​တွေကို ဆက်လက်​ဖော်ပြသွားပါမယ်။

၁။ အိပ်​ရေးဝဝမအိပ်ခြင်း

အိပ်​ရေးမဝတာ ကာလကြာလာတဲ့အခါ ကိုယ်ခန္ဓာတွင်းဇီဝရုပ်ဖြစ်ပျက်မှု​တွေဟာ က​မောက်ကမဖြစ်လာနိုင်ပြီး ခုခံအားစနစ်ကိုလည်း ကျဆင်းလာ​စေနိုင်ပါတယ်။ လူတစ်​ယောက်ဟာ တစ်​နေ့ကို အနည်းဆုံး ၇နာရီခန့် အိပ်​ပေးဖို့လိုပါတယ်။ အိပ်​ရေးဝဝအိပ်ခြင်းဟာ ခန္ဓာကိုယ်ကို အနား​ပေးခြင်းဖြစ်သလို ကိုယ်ခံအား​ကောင်း​စေပြီး ဗက်တီးရီးယား၊ ဗိုင်းရပ်စ်ပိုး​တွေကို တိုက်ထုတ်​ပေးနိုင်ပါတယ်။

၂။ ​ရေဓာတ်မလုံ​လောက်ခြင်း

ကျန်းမာ​ရေး​ကောင်းဖို့ ​ရေများများ​သောက်ဖို့လိုတာကို သိ​နေ​ပေမဲ့ တကယ်တမ်း ​ရေအလုံအ​လောက်မ​သောက်ဖြစ်ကြတာမျိုး ရှိတတ်ပါတယ်။ ​ရေအလုံအ​လောက်မ​သောက်တာဟာလည်း ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဥ်​တွေ ​နှောင့်​နှေးသွား​စေပြီး ခုခံအားကိုပါ ကျဆင်းသွား​စေနိုင်ပါတယ်။ ဒါ့ပြင် ​ရေဓာတ်မပြည့်ဝတဲ့အတွက် အလွန်အမင်း​မောပန်းတာ၊ အိပ်လို့မ​ပျော်တာမျိုး​တွေပါ ခံစားလာရနိုင်ပါတယ်။ ခန္ဓာကိုယ်​ရေဓာတ်ပြည့်ဝပြီး ကျန်းမာ​နေ​စေဖို့အတွက် တစ်​နေ့ကို ​ရေ၃လီတာခန့် ​သောက်သုံး​ပေးဖို့ လိုအပ်ပါတယ်။

၃။ စိတ်ဖိစီးမှုများခြင်း

ယခုအချိန်မှာ လူတိုင်းဟာ စိတ်ဖိစီးမှု​တွေကို အနည်းနဲ့အများခံစား​နေရနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတာဟာ ကျန်းမာ​ရေးကို ထိခိုက်​စေတဲ့အပြင် ခန္ဓာကိုယ်တွင်း ​ဟော်မုန်းမညီမျှမှု​တွေ ဖြစ်​ပေါ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှု​တွေ​ကြောင့် ထွက်လာတဲ့​ဟော်မုန်း​တွေဟာ ခုခံအားဆဲလ်​လေး​တွေရဲ့ လုပ်ငန်း​​ဆောင်တာ​တွေကို အ​နှောင့်အယှက်ဖြစ်​စေနိုင်ပြီး ကိုယ်ခံအားကို ကျဆင်းလာ​စေပါတယ်။ ဒါ​ကြောင့် စိတ်ဖိစီးမှု​တွေကို ​လျှော့ချနိုင်ဖို့အတွက် တရားထိုင်တာ၊ သီချင်းနား​ထောင်တာစသဖြင့် မိမိဝါသနာပါရာကို စိတ်​ပြေလက်​ပျောက်ပြုလုပ်​ပေးနိုင်ပါတယ်။

၄။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

လှုပ်ရှားမှုမရှိဘဲ တစ်​နေကုန်ထိုင်ပြီး အလုပ်လုပ်​တာကြာလာတဲ့အခါ ကိုယ်ခံအားကျဆင်းလာတတ်ပါတယ်။ ​နေ့စဥ်လှုပ်ရှားမှုပြုလုပ်ခြင်းဟာ ခုခံအားဆဲလ်​လေး​တွေ အလုပ်လုပ်နိုင်ဖို့ များစွာအ​​ထောက်အကူဖြစ်​စေနိုင်ပါတယ်။ ခက်ခဲတဲ့​လေ့ကျင့်ခန်း​တွေ မလုပ်နိုင်ရင်​တောင် တစ်​​နေ့ကို အနည်းဆုံး နာရီဝက်ခန့် လမ်း​လျှောက်​ပေးသင့်ပါတယ်။

၅။ ကျန်းမာ​ရေးနဲ့မညီညွတ်တဲ့ အစားအစာ​တွေစားသုံးခြင်း

ဓာတုပစ္စည်း​တွေပါဝင်တဲ့ အသင့်စားအစားအစာ​တွေဟာ ကျန်းမာ​ရေးကို အလွန်အမင်းထိခိုက်​စေနိုင်ပါတယ်။ ကျန်းမာ​ရေးနဲ့မညီညွတ်တဲ့အစားအစာ​​တွေ ​ရေရှည်စားသုံးခြင်းဟာ အဝလွန်​စေနိုင်သလို ကိုယ်ခံအားကိုလည်း ကျဆင်းလာ​စေနိုင်ပါတယ်။ ကျန်းမာ​ရေးနဲ့ညီညွတ်​စေဖို့ အသီးအနှံ​တွေ၊ ဟင်းသီးဟင်းရွက်​တွေနဲ့ အ​စေ့အဆန်​တွေ များများစား​ပေးဖို့ လိုပါတယ်။

၆။ သကြားလွန်ကဲစွာစားသုံးခြင်း

သကြား ​​ခေါ် ဂလူးဂို့စ်ဓာတ်ဟာ ​သွေးတွင်းသို့ ​ရောက်ရှိသွားတဲ့အခါ ခုခံအားဆဲလ်​တွေအတွက် ​အ​နှောင့်အယှက်ဖြစ်​စေနိုင်ပါတယ်။ ဒါ့ပြင် အချိုလွန်ကဲစွာ စားသုံးခြင်းဟာ ဆီးချို​ရောဂါကို ဖြစ်လာ​စေနိုင်ပါတယ်။ COVID ​ရောဂါကူးစက်ခံရရင်လည်း ဆီးချို​ရောဂါ၊ နှလုံး​ရောဂါ စတဲ့​ရောဂါအခံရှိသူ​တွေဟာ အလွန်သတိထား​ပေးရပါတယ်။ ဒါ​ကြောင့် သကြားဓာတ်လိုတာထက် ပိုမစားမိ​​စေဖို့လိုအပ်ပါတယ်။

၇။ အရက် သို့မဟုတ် ဆေးလိပ်ကိုအလွန်အကျွံ​သောက်သုံးခြင်း

အရက် သို့မဟုတ် ​ဆေးလိပ်ကိုစွဲပြီး အလွန်အကျွံ​သောက်သုံး​နေရင် ခန္ဓာကိုယ်က ခုခံအားဆဲလ်​တွေ ထုတ်လုပ်မှုနည်းပါးလာတဲ့အပြင် ​ရောဂါပိုးတိုက်ထုတ်နိုင်စွမ်းလည်း ​လျော့ကျလာပါတယ်။ အရက်၊ ​ဆေးလိပ်​တွေအလွန်အကျွံ​သောက်မိ​နေသူဟာ ကိုယ်ခံအား​လျော့နည်း​နေမှာဖြစ်လို့ မကြာခဏပိုးဝင်ခြင်း၊ ဖျားနာခြင်း​တွေပါ ခံစားလာရမှာဖြစ်ပါတယ်။

ကိုယ်ခံအား​ကောင်းမွန်ပြီး ​ရောဂါ​ပိုးမွှား​တွေ မကြာခဏကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင်​တော့ အထက်ပါ​နေ့စဥ်အမူအကျင့်​တွေကို ​လျှော့ချနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒါ့ပြင် ကိုယ်ခံအား​ကောင်းမွန်​စေဖို့ တစ်​နေ့လျှင်Vitamin-C 500 mg က​နေ 1000 mg အထိသောက်သုံး​ပေးနိုင်ပါတယ်။

Vitamin C အား​ဆေး​တွေထဲက တစ်ခုဖြစ်တဲ့ GNC-Vitamin C ​ဟာ စင်ကာပူနိုင်ငံမှ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ GNC အား​ဆေးဟာ ကိုယ်ခံအားစနစ်ကို အ​​ထောက်အပံ့ဖြစ်​စေတဲ့ Vitamin C အား​ဆေးဖြစ်ပါတယ်။ GNC Vitamin C အား​ဆေးကို ကိုယ်ခံအားမြှင့်တင်ဖို့ ​သောက်သုံးနိုင်သလို အနာကျက်မြန်လိုသူ​၊ အသားအ​ရေလှပလိုသူ​၊ မျက်လုံး​ရေတိမ်ရှိသူ​၊ နှာ​ခေါင်းနှင့်သွားဖုံး​သွေးယိုတတ်သူ​၊ အရိုးနဲ့ကြွက်သားနာကျင်​ယောင်ယမ်းတတ်သူ​ စသူတို့လည်း ​သောက်သုံး​ပေးနိုင်ပါတယ်။ GNC- Vitamin C အား​ဆေးကို သဘာဝ​ဆေးဖက်ဝင်ပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားတာ​ကြောင့် ​ဘေးထွက်ဆိုးကျိုးမရှိဘဲ စိတ်ချစွာ​သောက်သုံး​ပေးနိုင်ပါတယ်။

Author: Dr. Aye Myat

Previous Post

အဆုတ်အားကောင်းစေမယ့် သဘာ၀နည်းလမ်း ၇ ခု

Next Post

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

ဆေးလိပ်၊ အရက်တွေမလိုတဲ့ စိတ်ဖိစီးမှုလျှော့ချနိုင်မယ့်နည်းလမ်း

တစ်နေ့တာလုံးလန်းဆန်းတက်ကြွဖို့ မနက်ခင်းမှာ ဒါလေးတွေလုပ်ပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.