fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဖိစီးမှုကို သက်သာစေတဲ့ဆေးက သင့်နှာခေါင်းအောက် တည့်တည့်မှာ ရှိတယ်

33
VIEWS
29/05/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, ကျန်းမာသောစိတ်
1 min read
A A

ဖိစီးမှုကို သက်သာစေတဲ့ဆေးက သင့်နှာခေါင်းအောက် တည့်တည့်မှာ ရှိတယ်

စိတ်ဖိစီးမှုကို သက်သာစေတဲ့နည်းက အသက်ရှူ/ထုတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီရိုးစင်းတဲ့နည်းကို စမ်းသပ်ကြည့်ပါ။ ဘယ်နေရာမှာမဆို ထိုင်နေရင်း ဒါမှမဟုတ် မတ်တပ်ရပ်နေရင်း အသက် ပြင်းပြင်းရှူပြီး ပြန်ထုတ်လိုက်ပါ။ အသက်ရှူသွင်းလိုက်တဲ့ အခါမှာ သင့်ရဲ့ ရင်ဘတ်က ကျယ်ပြန့်လာသလား။ သင့်ဝမ်းဗိုက် ကျယ်ပြန့်လာသလား။ သင်က ရင်ဘတ်ကျယ်ပြန့်လာတယ်လို့ ဖြေရင် သင်ဟာ လူအများစုနဲ့တူပြီး သင်ပြောတာ မှားနေတယ်။ နောက်တစ်ကြိမ် ပြင်းပြင်းရှူလိုက်ပါ။ နောက်ပြီး မှန်းဆကြည့်ပါ။

ဒီနည်းဟာ သိပ်ကောင်းလို့ ဝါရှင်တန်မှာရှိတဲ့ Centre for Mind/Body Medicine မှ အထူးကုဆရာဝန် ဂျိမ်းစ်ဂေါ်ဒင်က သူတွေ့တဲ့ လူနာတိုင်းလိုလို ကင်ဆာရောဂါသည်တွေမှစပြီး အာရုံစူးစိုက်မှုလိုနေပြီး စိတ်ကစဥ့်ကလျားဖြစ်မှုနဲ့ ရုန်းကန်နေရသော ကျောင်းနေကလေးတွေအထိ ထိုနည်းကို သင်ပေးတယ်။
ဖြည်းဖြည်းနဲ့ ပြင်းပြင်း အသက်ရှူတာဟာ ဖိစီးမှုကို လျော့စေတဲ့ တစ်ခုတည်းသော ဆေးဖြစ်တယ်လို့ ဂေါ်ဒင်က ပြောတယ်။ လေကို အဆုတ်ရဲ့ အောက်ပိုင်းအထိ ရှူသွင်းလိုက်ရင်း အဲဒီနေရာမှာ အောက်ဆီဂျင်ဖလှယ်မှုဟာ အစွမ်းထက်ဆုံးဖြစ်ပြီး အရာရာတိုင်း ပြောင်းလဲသွားတယ်။ နှလုံးခုန်နှုန်းနှေးပြီး သွေးဖိအား ကျဆင်းလာတယ်။ ၎င်းနောက် ကြွက်သားတွေ တင်းမနေတော့ဘဲ လျော့လာပြီး စိုးရိမ်မှုမရှိတော့ကာ စိတ်ငြိမ်သွားတယ်။

ကလေးကဲ့သို့ အသက်ရှူပါ
အသက်ရှင်နေတဲ့ လူတိုင်းက အသက် ဘယ်လိုရှူရမယ်ဆိုတာ သိပါတယ်။ တချို့လူတွေဟာ ဖိစီးမှုတွေနဲ့ အမြဲကြုံနေရလို့ ၎င်းတို့ရဲ့ ကြွက်သားတွေ တောင့်တင်းနေပြီး အသက်ရှူနှုန်းက တိုးပွားလာတယ်။ အဲဒါကြောင့် ၎င်းတို့ဟာ အသက် ညင်ညင်သာသာ ရှူလာကာ အဆုတ်ရဲ့ အပေါ်ပိုင်းနဲ့ အလယ်ပိုင်းကိုသာ အဓိက အသုံးပြုနေတယ်။ ကလေးတစ်ယောက် အသက်ရှူတာ ကြည့်ပါ။ ဝမ်းဗိုက်က တက်လိုက်၊ ကျလိုက် ဖြစ်နေကာ၊ ပြင်းပြင်းနဲ့ ဖြည်းဖြည်းရှူသွင်း၊ ရှူထုတ် လုပ်နေတယ်။ အသက်ကြီးလာတာနဲ့အမျှ လူတွေဟာ ကျန်းမာတဲ့ ဝမ်းဗိုက်ဆိုင်ရာ အသက်ရှူခြင်းကနေ အဆုတ်ဆိုင်ရာ အသက်ရှူခြင်းသို့ ပြောင်းလဲသွားတတ်တယ်ဟု ဂေါ်ဒင်က ဆိုတယ်။ လုံလောက်တဲ့ အောက်ဆီဂျင် စီးဆင်းမှုအတွက် ပိုမြန်မြန် လှုပ်ရှားရလို့ ၎င်းက အဆုတ်ကို ဒဏ်ဖြစ်စေတယ်။ အောက်ဆီဂျင် ပို့ဆောင်ဖို့အတွက် လုံလောက်တဲ့ သွေးကိုပေးဖို့ နှလုံးက အရှိန်မြှင့်ပေးရလို့ ၎င်းက နှလုံးကို ပင်ပန်းခက်ခဲစေတယ်။ ဖိစီးမှုက အသက်ညင်းညင်းရှူမှုကို ဖြစ်စေသလို ၎င်းက တစ်ပြန်ဖိစီးမှုကို ပိုမို ဖြစ်စေတယ်။
အရီဇိုးနားတက္ကသိုလ်မှ ဆေးပညာ၏ ဆေးကုသမှုဆိုင်ရာ ပါမောက္ခဒေါက်တာ “အင်ဒရူးစီးလ်” က ၎င်း၏ လူနာတွေကို အသက်ရှူနည်း သင်ပေးကြောင်းနဲ့ ဒီ ထွက်သက်၊ ဝင်သက် ထိန်းညှိခြင်းဟာ သွေးတိုးခြင်းကို ကျစေပြီး၊ စိုးရိမ်ပူပန်မှုကို လျော့စေကာ၊ အစာခြေခြင်းကို ပိုကောင်းစေတယ်လို့ ဆိုတယ်။

အခြားခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုနဲ့ မတူဘဲ အသက်ရှူတာဟာ သတိရှိရှိ ဒါမှမဟုတ် သတိမရှိ လုပ်နိုင်တဲ့ တစ်ခုတည်းသော အလုပ်ဖြစ်တယ်။ ၎င်းကို အာရုံကြောတွေနဲ့ ကြွက်သားတွေရဲ့ မတူတဲ့ အစိတ်အပိုင်းနှစ်ခုက ထိန်းညှိတယ်။ ၎င်းရဲ့ အချို့လုပ်နည်းတွေက ယောဂကျင့်စဉ်တွင် ပါရှိသော အသက်ရှူထိန်းချုပ်ခြင်းစနစ် လေ့လာရေးမှ ရရှိသည်ဟု ဒေါက်တာစီးလ်က ဆိုတယ်။
ဆေးရုံတွေမှာ အသက်ရှူနည်းကို ကလေးမွေးစဉ် အသုံးပြုရန်အတွက် အမျိုးသမီးတွေကို သင်ပေးကြတယ်။ မြောက်ကာရိုလိုင်းနားရှိ Duke University Medical Centre မှ သူနာပြုတစ်ယောက်ဟာ ရောဂါအမျိုးမျိုးရှိ လူနာအမျိုးမျိုးကို အသက်ရှူနည်း သင်ပေးတယ်လို့ သိရတယ်။ အဲဒီအထဲမှ အဆုတ်ကင်ဆာရှိတဲ့ လူတစ်ယောက်ကို ထိုင်ခုံတစ်ခုမှာ ခြေတွဲလောင်းချကာ ထိုင်ခိုင်းပြီး သူနာပြုက ၎င်းရဲ့ လက်တစ်ဖက်ကို လူနာရဲ့ ဝမ်းဗိုက်ပေါ် တင်ထားလိုက်တယ်။ ၎င်းအား ဖြည်းဖြည်းနဲ့ လက်အထိရောက်အောင် အသက်ရှူခိုင်းတယ်။ သဘောက ၎င်းရဲ့ ဝမ်းဗိုက် ဖောင်းကြွလာတဲ့အထိ ရှူခိုင်းတယ်။ လူနာဟာ သက်တောင့်သက်သာ အသက်ရှူနေတာကို တွေ့ရတယ်။ ၎င်းရဲ့ အဆုတ်ကင်ဆာကို ပျောက်အောင် မကုသနိုင်ပေမယ့် အထူးကြပ်ကုဌာနသို့ သွားရတဲ့ အကြိမ်ပေါင်း နည်းသွားပါတယ်။
ရုပ်ခန္ဓာဆိုင်ရာ တည်ငြိမ်အေးချမ်းမှုရှိရန်နဲ့ ဖိစီးမှုရဲ့ အပျက်သဘောဆောင် သက်ရောက်မှု လျော့ပါးစေနိုင်တဲ့ အသက်ရှူနည်းကို အဆင့်လိုက် လုပ်ကြည့်ရအောင်။

(၁) ပက်လက်အိပ်ပြီး စာအုပ်တစ်အုပ်ကို ဝမ်းဗိုက်ပေါ်တင်ထားပါ။ သင့်ဝမ်းဗိုက် ကြွက်သားများကို လျှော့ထားပြီး၊ ဝမ်းဗိုက်ထိရောက်သွားအောင် အသက်ပြင်းရှူသွင်းခြင်းဖြင့် စာအုပ်က မြင့်တက်လာပြီး အသက်ရှူထုတ်တဲ့အခါ စာအုပ်က ပြန်ကျသွားသင့်တယ်။ ဒီလို မဖြစ်ရင် သင်ဟာ လေကို သင့်အပေါ်ပိုင်း အဆုတ်ထဲသို့ သယ်လာပြီး အောက်ပိုင်းအဆုတ်ထိ သယ်ချလာကာ သင့်ရဲ့ အဆုတ်တစ်ခုလုံးကို ကျယ်ပြန့်လာစေတယ်။

(၂) ထိုင်ပြီး သင့်ညာလက်ကို သင့်ဝမ်းဗိုက်ပေါ်မှာ ထားပြီး ဘယ်လက်ကို ရင်ဘတ်ပေါ်မှာ ထားပါ။ ဝမ်းဗိုက်ပေါ် တင်ထားတဲ့ လက်တက်လာအောင် အသက်ပြင်းရှူပြီး လက်ပြန်ကျသွားအောင် ရှူထုတ်လိုက်ပါ။ အဲဒီအချိန်မှာ ရင်ဘတ်ပေါ် တင်ထားတဲ့ ဘယ်လက်က ငြိမ်နေမယ်။ နှာခေါင်းနဲ့ အသက်ရှူသွင်းပြီး နှာခေါင်း ဒါမှမဟုတ် ပါးစပ်မှ အသက်ရှူထုတ်ပါ။  ယင်းသို့ ဝမ်းဗိုက်ဖောင်း၊ ပိန်သွားအောင် အသက်ရှူထုတ်ခြင်းရဲ့ အာရုံခံစားမှုကို မွေ့လျော်ပါ။

(၃) ဖြည်းဖြည်းရှူသွင်းပြီး ဝမ်းဗိုက်ကို ငါးစက္ကန့် ဖြည့်လိုက်ပါ။ ငါးစက္ကန့် ဖြည်းဖြည်းရှူထုတ်ပါ။ အိပ်ရာမှ ထသောအခါ မအိပ်မီအချိန်နှင့် ဖိစီးမှုရှိတဲ့ အခြေအနေတွင် ဝမ်းဗိုက်ပိုင်း အသက်ပြင်းရှူမှု၊ ရှူထုတ်မှုကို ပြုလုပ်ပါ။

Author: နှင်းအေးဝေ, Healthcare Journal ,vol 8,no 16

Previous Post

ဆီးမထိန်းနိုင် ဖြစ်နေပါသလား။

Next Post

၅၉ ကြိမ်မြောက် ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

၅၉ ကြိမ်မြောက် ကမ္ဘာ့အစာအိမ်နှင့် အူလမ်းကြောင်းနေ့

မြန်မာနိုင်ငံလူဦးရေ ၅၃ ဒသမ ၁ သန်းထဲက ၃၄ ရာခိုင်နှုန်းရဲ့ ကလေးထက်ဝက်ကျော်ဟာ အသက် ငါးနှစ် မပြည့်မီ သေဆုံးနေကြ

သွေးဆုံးချိန်ကို ရွှင်မြူးသွက်လက်ပေါ့ပါးစွာ ဖြတ်သန်းပါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.