fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အသက်အရွယ်အရ ကြွက်သားဆုံးရှုံးတာကို ဘယ်လိုကာကွယ်မလဲ?

How to prevent age-related muscle loss?
240
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/10/2022
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ယခုကမ္ဘာလောကကြီးမှာ နည်းပညာတွေတိုးတက်လာသည်နှင့်အမျှ လူသားတွေဟာ ဇရာကိုပါ အန်တုလာနိုင်ကြပါတယ်။ ဆေးဝါးများ၊ အလှအပဆိုင်ရာများစသည့် နည်းလမ်းမျိုးစုံနှင့် အသက်အရွယ်ကြီးလာလျှင် ဖြစ်လာနိုင်သော ပျက်စီးခြင်းတွေကို ဟန့်တားလာနိုင်ကြပါတယ်။ ဒါပေမယ့် လုံးဝဖြစ်မလာအောင်တော့ မတားဆီးနိုင်သေးပါဘူး။ လူ့ခန္ဓာကိုယ်မှာ ရှိတဲ့ကြွက်သားတွေဟာ အသက် ၄၀ ကျော်လာတာနဲ့ တစ်နှစ်ကို ပျှမ်းမျှအားဖြင့် ၈%ထိ ဆုံးရှုံးလာနိုင်ပါတယ်။ အဲ့လိုကြွက်သားဆုံးရှုံးလာခြင်းဟာ အသက်၅၀ ကျော်လာတဲ့အခါမှာ သိသာလာပါတယ်။

ကြွက်သားဆုံးရှုံးခြင်းရဲ့ လက္ခဏာများ

  • ပင်ပန်းနွမ်းနယ်နေတတ်ခြင်း
  • ယခင်နှစ်တွေကလောက် ပုံမှန်သယ်နေကျ အရာများအား မသယ်နိုင်တော့ခြင်း
  • လမ်းလျှောက်ရာမှာ ယခင်ကလောက် မသွက်တော့ခြင်း
  • ကိုယ်အလေးချိန် ကျလာခြင်း

စတာတွေဟာ ကျန်းမာရေးပြဿနာ အခြားဘာမှမရှိလျှင် အသက်ကြီးလာခြင်း‌ကြောင့် ကြွက်သားဆုံးရှုံးတဲ့လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ဆေးပညာဝေါဟာရ အရ Sarcopenia လို့ ခေါ်‌ ဝေါ်ကြပါတယ်။

သည်လိုဖြစ်ရတာဟာ အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ဇီဝကမ္မဖြစ်စဉ်တွေ ဟန်ချက်မညီပဲ ပျက်ယွင်းလာလို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုအရာတွေဟာ ကြွက်သားဆုံးရှုံးခြင်းကို အားပေးနေသလဲ?

⮚ အာဟာရ ပြည့်ဝစွာ မစားသုံးခြင်း

တစ်နေ့တာ အတွက် လိုအပ်တဲ့ ကယ်လိုရီနဲ့ အသားဓာတ်တွေကို လုံလောက်စွာ မစားတဲ့အခါ ကြွက်သားဆုံးရှုံးတာဟာ ပိုဖြစ်တတ်ပါတယ်။

⮚ လှုပ်လှုပ်ရှားရှား နေထိုင်မှုမရှိခြင်း

အမြဲတမ်း ထိုင်နေပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း မလုပ်သူများ၊ ထိခိုက်ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်သူများ၊ ရောဂါကြောင့် အိပ်ရာပေါ်တွင်သာ နေနေရသူများဟာ ကြွက်သားဆုံးရှုံးခြင်းဒဏ်ကို ပိုမိုခံစားရတတ်ပါတယ်။

⮚ နာတာရှည် ရောင်ယမ်းခြင်း ပြဿနာရှိသူများ

နာတာရှည်ရောင်ယမ်းစေတဲ့ ရောဂါတွေဖြစ်တဲ့ သွေးလေးဘက်နာရောဂါ၊ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ရောင်ယမ်းခြင်း ပြသနာများ ( Inflammatory Bowel Diseases )၊ တီဘီရောဂါ ကဲ့သို့ ရောဂါအခံရှိသူတွေမှာ ရောင်ယမ်းမှု ကြောင့် ဇီဝကမ္မဖြစ်စဉ်တွေ ပျက်ယွင်းပြီး ကြွက်သားဆုံရှုံးမှု ပိုမိုဖြစ်တတ်ပါတယ်။

⮚ ရောဂါ အခံရှိသူများ

ကင်ဆာဝေဒနာရှင်များ၊ အသည်းခြောက်ရောဂါ၊ နှလုံးရောဂါသည်များ စသူတွေမှာ ရောဂါအခံကြောင့် ခန္ဓာကိုယ်က ဆဲလ်တွေ ပျက်စီးလွယ်ပြီး ကြွက်သား‌ ဆုံရှုံးမှုကို ပိုမို အားပေးစေနိုင်ပါတယ်။

အသက်အရွယ်အရကြွက်သားဆုံးရှုံးမှုကို ဘယ်လိုကာကွယ်နိုင်မလဲ?

⮚ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးပါ။

လေ့ကျင့်ခန်း အမျိုးအစားတွေထဲမှာ

  • ကြွက်သားတွေကို အားစိုက်သုံးရတဲ့ လေ့ကျင့်ခန်းတွေဖြစ်တဲ့ ဝိတ်မခြင်း၊ အိပ်ထမတင် လုပ်ခြင်း၊ ဒိုက်ထိုးခြင်း
  • ခန္ဓာကိုယ်ကို ဟန်ချက်ညီညီနှင့် ထိန်းပြီး ဆော့ရသည့် အေရိုးဗစ်လေ့ကျင့်ခန်းများ
  • စက်ဘီးစီးခြင်း၊ jogging လျှောက်ခြင်း
  • လမ်းလျှောက်ခြင်း

စတဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ် ငါးရက်၊ တစ်နေ့ကို 15မိနစ် မှ မိနစ်30 ထိ ဆော့ကစားပေးသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းဟာ ကြွက်သားဆုံးရှုံးမှုကို ကာကွယ်စေနိုင်တဲ့ အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ ပုံမှန်လမ်းလျှောက်ခြင်းကပင် ကြွက်သားဆုံရှုံးမှုနှုန်းကို နှေးကွေးသွားစေနိုင်ပါတယ်။

⮚ ကြွက်သား ဆုံးရှုံးမှုကို ဟန့်တားစေနိုင်သည့် အစားအသောက်များ

  • Protein အသားဓာတ် ကြွယ်ဝစေသော အစားအသောက်များဖြစ်တဲ့ ကြက်ဥ၊ အသား၊ ပဲအမျိုးမျိုး စသည်တို့ကို ပုံမှန်ထက် ပိုမိုစားသုံးပေးသင့်ပါတယ်။ Protein ထဲမှာပါတဲ့ amino acid leucine ဟာ ကြွက်သားများတည်ဆောက်ရာမှာ အခြေခံကျတာကြောင့် ပုံမှန်စားသုံးပေးခြင်းဖြင့် ကြွက်သားများဆုံးရှုံးခြင်းကို ကာကွယ်နိုင်ပါတယ်။
  • Creatine ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အနီရောင်အသားများ၊ ငါးအမျိုးမျိုးကို စားသုံးပေးခြင်းဖြင့် Creatineဟာ ကြွက်သားကြီးထွားမှုကို အားပေးစေပါတယ်။ Gym trainer များ၊ ဗလတောင့်ချင်သူများကတော့ creatine supplements တွေကို သောက်သုံးလာကြပါတယ်။
  • Vitamin D ချို့တဲ့ခြင်းဟာ အသက်ကြီးလာတဲ့အခါ ကြွက်သားဆုံးရှုံးမှုနှင့် ဆက်စပ်နေတယ်လို့ လေ့လာချက်တွေအရ တွေ့ရပါတယ်။ ဒါကြောင့် Vitamin D ကြွယ်ဝတဲ့ အရာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် အမျိုးမျိုး၊ ဆယ်မွန်ငါး၊ ဆာဒင်းငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများကို စားသုံးပေးသင့်ပါတယ်။
  • Omega3 fatty acids ဟာ အသက်အရွယ်မရွေး အန္တရာယ်ကင်းစွာ သောက်သုံးလို့ရပြီး ကြွက်သား ဆုံးရှုံးမှုတွေမဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ ရောင်ယမ်းမှုတွေကို သက်သာစေပြီး ကြွက်သား တည်ဆောက်ရာမှာ ပါဝင်အားဖြည့်ပေးလို့ပဲ ဖြစ်ပါတယ်။
Previous Post

ကြွက်နို့အကြောင်း သိကောင်းစရာ

Next Post

အသက် ၃၀ အရွယ်မှာ လှပနေဖို့

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
To be beautiful at the age of 30

အသက် ၃၀ အရွယ်မှာ လှပနေဖို့

About youth and mental health

ခေတ်လူငယ်နှင့် စိတ်ကျန်းမာရေးအကြောင်း

Age and sagging skin

အသက်အရွယ်နှင့် အရေပြားလျော့တွဲခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.