fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ဗီတာမင် C ချို့တဲ့ရင် နောက်ဆက်တွဲဘာတွေဖြစ်လာနိုင်လဲ?

931
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/02/2023
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

ဗီတာမင် C ဟာ ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသော ဗီတာမင်တွေထဲက တစ်ခုပါ။ အရွယ်ရောက်ပြီးသား အမျိုးသမီးတစ်ယောက်အတွက် တစ်နေ့ကို ဗီတာမင် C 75 mg လိုအပ်ပြီး အမျိုးသားတစ်ယောက်အတွက် 90 mg လိုအပ်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူဆိုရင် ဓါတ်တိုးမှုဖြစ်စေတဲ့ပစ္စည်း free radicals တွေကြောင့် ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြုပြင်ဖို့အတွက် ပုံမှန်ထက် 35 mg ပိုလိုအပ်နိုင်ပါတယ်။

ငရုတ်ပွ၊ လိမ္မော်သီး၊ နာနတ်သီး၊ သံပုရာသီးတို့လို ချဉ်တဲ့အသီးတွေ၊ မာလကာသီး၊ ကီဝီသီး၊ ဘရိုကိုလီ၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ် စတာတွေဟာ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေပါ။

ဗီတာမင် C ချို့တဲ့ရင်…..
(၁) အနာကျက်တာ နှေးနိုင်တယ်

ထိခိုက်ဒဏ်ရာ ရတဲ့အခါ ဗီတာမင် C ကအနာကျက်ဖို့ အရေးပါပါတယ်။

ဗီတာမင် C ဟာကော်လဂျင် ထုတ်လုပ်မှုကို ကူညီပြီး ဆဲလ်အသစ်တွေဖြစ်ကာ အသားအရေကို ပြုပြင်ပြီး အနာကျက်မြန်စေတဲ့ သတ္တိရှိပါတယ်။

(၂) သွားဖုံးသွေးထွက်လွယ်တယ်၊ ထိခိုက်ရင် သွေးခြေဥလွယ်တယ်

ဗီတာမင် C ကသွေးခဲစေတဲ့ သတ္တိရှိပြီး သွေးကြောတွေကို သန်မာစေလို့ ဗီတာမင် C ချို့တဲ့ရင် သွေးထွက်လွယ်တာ၊ သွေးခြေဥလွယ်တာ၊ သွေးမတိတ်တာတွေ ဖြစ်လာပါတယ်။

(၃) အသားအရေခြောက်သွေ့ပြီး အရေးအကြောင်းဖြစ်လွယ်တယ်

ဗီတာမင် C က antioxidants ဖြစ်လို့ free radicals တွေကို တိုက်ထုတ်ပေးပြီး ကော်လဂျင်ထုတ်လုပ်ရာမှာ ကူညီပေးလို့ အသားအရေ နူးညံချောမွေ့ တောက်ပဖို့ အရေးပါပါတယ်။

(၄) မောပန်းနေတတ်တယ်

ဗီတာမင် C ကလန်းဆန်းတက်ကြွစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဗီတာမင်စီ ချို့တဲ့ တဲ့အခါ အလိုလို မောပန်းအားကုန် နေတတ်ပါတယ်။

(၅) ကိုယ်ခံအားကျတယ်

ဗီတာမင် C ကကိုယ်ခံအားကောင်းစေသလို ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ neutrophils လို့ခေါ်တဲ့ သွေးဖြူဥတွေကို ကူညီတဲ့ လုပ်ငန်းလည်း လုပ်ဆောင်ပါတယ်။ ဒါကြောင့် ဗီတာမင် C ချို့တဲ့ရင် ကိုယ်ခံအားကျပြီး ရောဂါပိုး ဝင်လွယ်မှာပါ။

(၆) အမြင်အာရုံကို ထိခိုက်နိုင်တယ်

ဗီတာမင် C ချို့တဲ့ရင် အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အတွင်းတိမ်နဲ့ macular degeneration လို အမြင်အာရုံကို ထိခိုက်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

(၇) ဗီတာမင် C ချို့တဲ့သော scurvy ရောဂါ ဖြစ်မယ်

ဗီတာမင် C ချို့တဲ့ရင် scurvy လို့ခေါ်တဲ့ရောဂါ ဖြစ်တဲ့အခါ သွားတွေနဲ့ လာတာ၊ လက်သည်းခြေသည်းကျိုးလွယ်တာ၊ အရိုးကျိုးလွယ်တာ၊ အဆစ်နာတာ၊ ဆံပင်တွေ ခြောက်သွေ့ကျိုးကြေလွယ်တာတွေ ခံစားရနိုင်ပါတယ်။

(၈) ကိုယ်အလေးချိန် တက်လာမယ်

ဗီတာမင် C ချို့တဲ့ရင် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။ ဗီတာမင် C ဖြစ်တဲ့ သံပုရာရည်သောက်တာ၊ အသီးအရွက်တွေစားတာက ဝိတ်ကျစေပါတယ်။

နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဗီတာမင် C နေ့စဉ်ပါဝင်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ အစားအစာတွေ ဂရုတစိုက် မစီစဉ်နိုင်တဲ့အခါ ဗီတာမင် C မချို့တဲ့ရအောင် ဖြည့်စွက်စာအနေနဲ့ vtaminC ဖြည့်စွက်ဆေးတွေကို သောက်သုံးနိုင်ပါတယ်။ ဗီတာမင်C ကို လုံလောက်အောင် ဖြည့်တင်းပေးခြင်းဖြင့် antioxidants ကြွယ်ဝလို့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မလုပ်ငန်းတွေကို ထိန်းသိမ်းပေးပြီးလန်းဆန်းတက်ကြွစေတာ၊ စိတ်ဖိစီးမှုနည်းစေတာ၊ ကိုယ်ခံအားကောင်းစေတာ၊ အသားအရေ ချောမွေ့တောက်ပစေတာ စတဲ့ အာနိသင်တွေ ရရှိစေမှာဖြစ်ပါတယ်။

Author: Dr.Yee Mon

Previous Post

အနာကျက်မြန်စေမယ့် ဗီတာမင် C အကြောင်း

Next Post

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာ

အရိုးနှင့်သွားများကျန်းမာကြံ့ခိုင်သူတစ်ယောက်ဖြစ်ဖို့

To make the skin clear and white from the inside

အသားအရေ အတွင်းပိုင်းထိ ကြည်လင်ဖြူစင် ဝင်းပစေဖို့

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.