fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

1.4k
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/07/2023
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

အရပ်ပုတဲ့ မိဘတွေအနေနဲ့ မိမိသားသမီးတွေက အရပ်ရှည်နိုင်ပါ့မလား ဆိုပြီး စိုးရိမ်နေတတ်ကြပါတယ်။ အရပ်ရှည်တာ၊ ပုတာဟာ မိဘမျိုးရိုးနဲ့ ဆိုင်သလား၊ တခြားရော ဘာအကြောင်းတွေကြောင့် အရပ်ရှည်တာ၊ ပုတာ ဖြစ်နိုင်သလဲ ဆိုတာက စိတ်ဝင်စားစရာပါပဲ။

သုတေသနတွေအရ အရပ်အမောင်း ဖြစ်ပေါ်မှုရဲ့ ၈၀% ခန့်ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်ပါတယ်။ မိဘက အရပ်ပုရင် သားသမီးကလည်း ပုနိုင်ပြီး မိဘက အရပ်ရှည်ရင် သားသမီးကလည်း အရပ်ရှည်နိုင်တယ်လို့ ယေဘုယျ သတ်မှတ်လို့ ရပါတယ်။ ဒါပေမယ့် ဒါက ပုံသေတော့ မဟုတ်ပါဘူး။ ကျန်တဲ့ ၂၀% ဖြစ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေနဲ့ စားသောက်တဲ့ အာဟာရတွေကြောင့် အရပ်ရှည်တဲ့ မိဘကနေ အရပ်ပုတဲ့ကလေး မွေးလာနိုင်သလို အရပ်ပုတဲ့ မိဘကနေလည်း အရပ်ရှည်တဲ့ကလေး မွေးလာနိုင်ခြေ ရှိပါတယ်။

မျိုးရိုးဗီဇ ပြောင်းလဲမှု
အရပ်အမောင်းဟာ မျိုရိုးဗီဇပေါ် မူတည်တယ် ဆိုပေမယ့် မျိုးရိုးဗီဇ ပြောင်းလဲမှု ဖြစ်တဲ့အခါ သို့မဟုတ် မိဘဘိုးဘွားတွေမှာ တိမ်မြုပ်နေတဲ့ မျိုးရိုးဗီဇတွေက ပြန်ပေါ်လာတဲ့အခါ မိဘတွေနဲ့ မတူတော့ဘဲ အရပ်ရှည်တာ၊ ပုတာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဥပမာ…Achondroplasia ဆိုတဲ့ အရိုးနုဖြစ်ပေါ်ခြင်းမရှိလို့ အရိုးကြီးထွားမှုလည်း မရှိလာတဲ့ ရောဂါရှင်တွေရဲ့ ၈၀ % ခန့်ဟာ ပုံမှန် အရပ်ရှိတဲ့ မိဘနှစ်ပါးက မွေးဖွားလာတာပါ။အကြောင်းတစ်ခုခုကြောင့် သန္ဓေပြောင်းသွားတဲ့ မျိုးရိုးဗီဇတစ်ခုနဲ့ ပုံမှန်မျိုးရိုးဗီဇတစ်ခု ပေါင်းစပ်မိပြီး ပုံမှန်အရပ်ရှိတဲ့ မိဘကနေလည်း လူပုလေး မွေးလာနိုင်သလို Marfan syndrome လို့ ခေါ်တဲ့ အရိုးအဆစ်တွေ ပုံမှန်ထက်ရှည်လျားတဲ့ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ ရောဂါဖြစ်ရင် မွေးလာတဲ့ကလေးက တစ်ချိန်က နာမည်ကျော် ဇီးကွက်စိန်လို လူထွားကြီးတွေ ဖြစ်လာနိုင်ပါတယ်။

ဟော်မုန်းများ
မျိုးရိုးဗီဇအပြင် ဟော်မုန်းတွေကလည်း အရပ်အမောင်းကို အဆုံးအဖြတ်ပေးရာမှာ အရေးပါပါတယ်။ ဦးနှောက်ရှိ ပီကျူထရီဂလင်းကနေ ထုတ်လုပ်ပေးတဲ့ ကြီးထွားဟော်မုန်း (growth hormones) က အရိုး၊ အရိုးနုနဲ့ ကြွက်သားတွေ တည်ဆောက်ဖို့ ကူညီပေးပါတယ်။ ကြီးထွားဟော်မုန်းဟာ ကလေးအရွယ်မှာ များနေတတ်ပြီး ကြီးကောင်ဝင်တဲ့ အရွယ်မှာ အများဆုံး ဖြစ်ပါတယ်။ ငယ်စဉ်မှာ လေ့ကျင့်ခန်းလုပ်တာ၊ အိပ်ရေးဝဝ အိပ်တာတွေက ကြီးထွားဟော်မုန်း ပိုမိုထွက်စေပြီး အရပ်ရှည်စေပါတယ်။
Testosterone နဲ့ estrogen လို sex hormones တွေနဲ့ သိုင်းရွိုက်ဟော်မုန်းတွေကလည်း ခန္ဓာကိုယ် တည်ဆောက်မှုနဲ့ ကြီးထွားမှုအတွက် အရေးပါပါတယ်။

ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်တွေနဲ့ စားသောက်တဲ့ အာဟာရ
• ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့ အာဟာရ ပြည့်ဝမှု
• ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်က ဆေးလိပ်သောက်တာ၊ ဆေးသုံးစွဲတာ
• ငယ်စဉ်ကလေးဘဝမှာ အာဟာရ ချို့တဲ့တာ၊ ရောဂါဖြစ်တာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာ
• မွေးရာပါ ရောဂါတွေ ပါလာတာ (ဥပမာ…နှလုံးမှာ အပေါက်ပါလာတာ) နဲ့
• မိဘတွေရဲ့ လူနေမှုအဆင့်အတန်း၊ ပညာရေး၊ အလုပ်အကိုင် စသည်တွေကလည်း ကလေးတစ်ယောက်ရဲ့ အရပ်အမောင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ အကြောင်းရင်းတွေပါ။
လူမျိုး (အနောက်တိုင်းက အရှေ့တိုင်းထက် လူကောင်ပိုထွားတာ) နဲ့ ကျားမလိင် (ယောကျာ်းလေးက မိန်းကလေးထက် အရပ်ပိုရှည်တတ်တာ) တွေကလည်း အရပ်အမောင်းအပေါ် လွှမ်းမိုးတဲ့ အချက်တွေပါ။

အရပ်ရှည်ခြင်း၊ ပုခြင်းဟာ မိမိရဲ့မိဘမျိုးရိုးနဲ့ ၈၀% ခန့် ဆိုင်တယ်ဆိုပေမယ့် တခြားသော အချက်တွေပေါ်လည်း မူတည်သေးတာမို့ ကိုယ်ဝန်ဆောင်ချိန်တည်းက အာဟာရပြည့်အောင် စားတာ၊ ကျန်းမာအောင်နေတာ၊ ကလေးကို ငယ်စဉ်တည်းက အာဟာရပြည့်အောင် ကျွေးတာ၊ နာတာရှည်ရောဂါတွေ မဖြစ်အောင် ဂရုစိုက်တာ၊ လေ့ကျင့်ခန်း လုပ်စေတာ၊ အိပ်ချိန်ပြည့်ပြည်ဝဝ ရှိစေတာတွေက အရပ်ရှည်ပြီး ကြီးထွားဖို့ အထောက်အကူ ဖြစ်စေမှာပါ။

Author: Dr.Yee Mon

Previous Post

ဓမ္မတာသွေးအရောင်မှတဆင့် သိနိုင်မယ့် သားအိမ်ကျန်းမာရေး

Next Post

အမျိုးသားနှင့် ဆီးကျိတ်ကျန်းမာရေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.1k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

2 years ago
840

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသားနှင့် ဆီးကျိတ်ကျန်းမာရေး

အရိုးအဆစ်တွေကြီးထွားဖွံ့ဖြိုးဖို့ ကယ်လ်ဆီယမ်ကဘယ်လောက်အရေးပါလဲ?

ဓမ္မတာသွေးဆင်းချိန် သတိပြုရမည့်အချက်များ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.