fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

About the main vitamins needed to strengthen the immune system
1.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/05/2024
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည် လာဘ်တပါးပါ။ ပစ္စည်းဥစ္စာနဲ့ ငွေကြေးတွေ ဘယ်လိုပင် ပြည့်စုံနေပါလည်း ကျန်းမာခြင်းမရှိရင် ဘဝဟာ အလကားပါပဲ။ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ရန် ကိုယ်ခံအားကောင်းနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားအတွက် ဘယ်လိုဗီတာမင် အာဟာရဓာတ်တွေ အဓိက လိုအပ်သလဲ ဆိုတာကို ပြောပြချင်ပါတယ်။

(1) ဗီတာမင် C

ကိုယ်ခံအားကောင်းဖို့လို့ ဆိုလိုက်တာနဲ့ အရင်ဆုံး သတိရရမယ့် ဗီတာမင်ကတော့ ဗီတာမင် C ပါ။ ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants ဖြစ်ပြီး

• ဆဲလ်တွေကိုလည်း ပြုပြင်ပေးတာ၊ ဆဲလ်အသစ်တွေ ဖြစ်စေတာ
• အရေပြား၊ အရွတ်၊ အရိုးနုနဲ့ သွေးကြောတွေ ကျန်းမာဖို့ အဓိက လိုအပ်တဲ့ ကော်လာဂျင် ထုတ်လုပ်ရာမှာ ကူညီပေးတာ
• အနာကျက်မြန်စေတာ စတဲ့ အာနိသင်တွေ ရှိပါတယ်။

ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေက သံပုရာသီး၊ ဂရိတ်ဖရုသီး၊ ကီဝီသီး၊ လိမ္မော်သီးတို့လို ချဥ်တဲ့အရသာရှိတဲ့ အသီးတွေ၊ ဟင်းနုနွယ်၊ ဆလပ်ရွက်၊ ငရုတ်ပွ၊ ပြောင်းဖူး၊ အာလူး၊ ဘယ်ရီသီး၊ စတော်ဘယ်ရီနဲ့ သင်္ဘောသီး စတာတွေ ဖြစ်ပါတယ်။

(2) ဗီတာမင် D

ဗီတာမင် D က ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကို ကောင်းစေပါတယ်။ ဗီတာမင် D ချို့တဲ့ရင် ခန္ဓာကိုယ်ထဲကို ရောဂါပိုးမွှားတွေ ဝင်ရောက်လွယ်စေသလို autoimmune diseases လို့ခေါ်တဲ့ ကိုယ်ခံအားစနစ် မူမမှန်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဗီတာမင် D က အရိုးအဆစ်တွေ၊ ကြွက်သားတွေကိုလည်း ကြံ့ခိုင်စေပါတယ်။

ဗီတာမင် D ကို အလွယ်တကူ ရရှိနိုင်တာက နေရောင်ခြည်ကနေပါ။ နေ့လည်ပိုင်း ပူပြင်းတဲ့ နေရောင်ခြည်တွေက အရေပြားကင်ဆာ ဖြစ်စေနိုင်တာမို့ ဗီတာမင် D ရချင်ရင် မနက်ခင်းနေခြည်နွေးနွေးလေးကို ၁၅ မိနစ်၊ နာရီဝက်ခန့် ခံပါ။ အစားအစာအနေနဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးသလောက်၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အစေ့အဆံတွေက ဗီတာမင် D ကြွယ်ဝပါတယ်။

(3) ဇင့်ဓာတ်

ရောဂါပိုးတွေကို တိုက်ထုတ်မယ့် nutrophils သွေးဖြူဥတွေနဲ့ ဆဲလ်တွေ ဖွံ့ဖြိုးဖို့ ဇင့်ဓာတ်က အရေးပါပါတယ်။ ဇင့်ဓာတ်ချို့တဲ့ရင် cytokine တွေ ပိုမိုထွက်ရှိလာပြီး ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းခြင်းတွေ ဖြစ်စေပါတယ်။ ခရု၊ ကမာ၊ ကြက်သား၊ ဒိန်ချဥ်၊ ဖရုံစေ့၊ ပဲနီလေး၊ စားတော်ပဲနဲ့ ပဲအမျိုးမျိုးမှ ဇင့်ဓာတ်ရနိုင်ပါတယ်။

ကိုယ်ခံအားကောင်းပြီး ကျန်းမာနိုင်ဖို့ ဗီတာမင် C၊ D နဲ့ ဇင့်ဓာတ်တွေ ကြွယ်ဝတဲ့ အသား၊ ငါးနဲ့ အသီးအရွက် ၅ မျိုးခန့် နေ့စဥ်စားရပါမယ်။ ဒါပေမယ့် တစ်နေ့ကို သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ၅ မျိုးလောက် နေ့စဥ်ပါဝင်အောင် စီမံစားသောက်နိုင်ဖို့က စားဝတ်နေရေး လုံးပန်းနေရတဲ့ ဒီလိုခေတ်ကြီးထဲမှာ မလွယ်ကူလှတာမို့ သင့်တော်ပြီး အရည်အသွေး စိတ်ချရတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်တဲ့ ဖြည့်စွက်စာအားဆေးတွေ သောက်သုံးလို့လည်း ရပါတယ်။

ဗီတာမင်နဲ့ အာဟာရတွေ စားသုံးသလို အိပ်ရေးဝအောင် အိပ်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ စိတ်ဖိစီးမှုနည်းအောင်နေတာ၊ ဆေးလိပ်ရှောင်တာ၊ အရက်လျှော့သောက်တာတွေပါ လိုက်နာရင် နေမကောင်းဘူး ဆိုတာ ဂျိုနဲ့လားလို့ မေးရလောက်အောင် ကိုယ်ခံအားကောင်းပြီး ကျန်းမာနိုင်ပါလိမ့်မယ်။

Author: Dr.Yee Mon

Previous Post

မပေါ့ဆသင့်သော မျက်စိတိမ်

Next Post

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
124

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.2k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.4k

အလွှာခြားတာကောင်းလား?

2 years ago
1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
598

ပန်ဒါမျက်ဝန်းလေး မဖြစ်စေဖို့

2 years ago
840

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post
Vitamin B12 Deficiency and Neuropathy

ဗီတာမင် B12 ချို့တဲ့ခြင်းနှင့် အာရုံကြောအားနည်းခြင်း

About liposuction, which is becoming popular

ခေတ်စားလာတဲ့ Liposuction လို့ခေါ်တဲ့ အဆီစုပ်ထုတ်ခြင်းအကြောင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.