fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မူးယစ်ဆေးစွဲခြင်းအန္တရာယ်

836
VIEWS
Share on FacebookShare on TwitterShare on Linkedin
17/06/2017
in ကျန်းမာသော နေထိုင်မှုပုံစံ, အမျိုးသားကျန်းမာရေး
1 min read
A A

ယနေ့လူငယ်တွေ စိတ်ကြွဆေးစွဲနေကြတာ
စိတ်မကောင်းဖွယ်တွေ့ရတယ်။ နောင်တစ်ခေတ်ခေါင်းဆောင် လူငယ်များက
ပိုးဖလံမျိုး၊ မီးကိုတိုးနေကြတယ်။ ဆေးစွဲလူငယ်၊ ဆေးဖြတ်စခန်းပို့
ကုသရမယ်။

ဆေးစွဲခြင်းဆိုတာ ဆေးတစ်မျိုးမျိုးကို
ပြတ်တောင်းပြတ်တောင်းဖြစ်စေ၊ ဆက်တိုက်ဖြစ်စေ သောက်သုံးမှီဝဲရာမှ
ယင်းဆေးကို ခန္ဓာကိုယ်အားဖြင့်လည်းကောင်း၊
စိတ်ဓာတ်အားဖြင့်လည်းကောင်း၊ နှစ်မျိုးလုံးကိုလည်းကောင်း၊
မှီခိုတွယ်တာမှုရှိနေတဲ့အခြေအနေပဲ ဖြစ်တယ်။

စွဲတတ်တဲ့ ဆေးဖြစ်စေတတ်တဲ့ ဆေးဝါးတွေမှာ မူးယစ်ဆေးဝါးများ၊
စိတ်ကျဆေး၊ စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ အာရုံပြောင်းဆေးနဲ့
အိပ်ဆေးများတို့ ပါဝင်သည်။

မူးယစ်ဆေးဝါးမှာ ဘိန်းပင်၊ ဆေးခြောက်ပင်၊ ကိုကင်းပင်တို့မှ ထုတ်လုပ်တဲ့
အရာဝတ္ထုတွေ၊ မူးယစ်ထုံထိုင်းဘေးဖြစ်စေတဲ့
အခြားပြင်ဆင်ပြုလုပ်ထားတဲ့ ဆေးဝါးတွေပါဝင်တယ်။ အခြားစွဲစေတဲ့
ဓာတ်ပစ္စည်းတွေက အရက်အမျိုးမျိုး၊ ထန်းရည်၊ အကိုက်အခဲပျောက်ဆေး၊
ဆေးလိပ်၊ ဆေးငုံခြင်း ဖြစ်တယ်။

မူးယစ်ဆေးဝါးဥပဒေအရ မူးယစ်ထုံထိုင်းဘေးဖြစ်စေတဲ့ ဆေးဝါးတွေက
ကိုကင်းဆေးခြောက်၊ ဆန်စိမ်း၊ မော်ဖင်း၊ ပက်သဒင်း၊ မီသာဒုန်း၊ ဘိန်းဖြူ၊
အယ်အက်စ်ဒီတို့ အသုံးများပြီး ထင်ရှားလှပါတယ်။

ဆေးစွဲခြင်းလက္ခဏာများမှာ စိတ်အားဖြင့် စွဲခြင်းက
တဒင်္ဂစိတ်ရွှင်လန်းသာယာမှု၊ သက်တောင့်သက်တာရှိမှုစတဲ့
အကျိုးကျေးဇူးတွေကို တောင့်တပြီး ဆေးမစားမနေနိူင်ခြင်း ဖြစ်တယ်။
ကိုယ်ခန္ဓာအနေနဲ့ ဆေးစွဲခြင်းမှာ မှီဝဲတဲ့ဆေးကို ဖြတ်လိုက်တာနဲ့
ခန္ဓာကိုယ်မှာ မအီမသာဖြစ်ပြီး အမျိုးမျိုးရောဂါလက္ခဏာတွေ
ပေါ်လာခြင်းဖြစ်တယ်။

ဆေးစွဲလာတဲ့အခါ တူညီတဲ့ အကျိုးအာနိသင် ခံစားရစေဖို့ မှီဝဲရမယ့်
ဆေးဝါးပမာဏပိုမိုလိုအပ်လာတယ်။ အိပ်ဆေးသောက်သူဟာ အိပ်ပျော်စေဖို့
တစ်ကြိမ်ထက်တစ်ကြိမ်၊ အရေအတွက် ပိုမိုသောက်ရခြင်း၊ ဆေးစွဲရင်
ကျန်းမာရေးချို့တဲ့လာခြင်း၊ အိပ်မပျော်ခြင်း၊ လူမှုရေးအရ
ပြဿနာရှိခြင်း၊ ပတ်ဝန်းကျင်ပါ ထိခိုက်လာခြင်း၊
ရာဇဝတ်မှုကျူးလွန်ခြင်းတို့ဖြစ်တတ်တယ်။

ဘိန်းနဲ့ ဘိန်းအနွယ်ဝင်တွေစွဲရင်
မူးယစ်ဆေးဝါးကျေးကျွန်တွေဖြစ်ကာ လူညွန့်တုံးကုန်တယ်။ သုံးခါစမှာ
ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှု မှန်သမျှပျောက်ခြင်း၊ စိတ်ပျော်ရွှင်
စိတ်ကူးယဉ်ကောင်းခြင်း၊ အိမ်မက် မက်သလို ပတ်ဝန်းကျင်နဲ့ထိတွေ့မှု
ကင်းကွာလာခြင်း၊ တစ်နေရာတည်း အာရုံစိုက်မရခြင်း၊ အစားစားလိုစိတ်
မရှိခြင်းတို့ ဖြစ်လေ့ရှိသည်။ ဆေးအာနိသင်ပြေခါနီးချိန်မှာ
သမ်းဝေခြင်း၊ နှာရည်ယိုခြင်း၊ ချွေးထွက်ခြင်း၊ အငြိမ်မနေခြင်း၊
စိတ်တိုခြင်း ခံစားရပါသည်။

ပုံမှန်အချိန် ဆေး(ဘိန်း) မမှီဝဲရရင်
စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ သမ်းဝေခြင်း၊ နှာရည် မျက်ရည်ကျခြင်း၊
ချွေးသီးချွေးပေါက်ထွက်ခြင်း၊ ကျောနှင့်
ခြေထောက်တွေမခံရပ်နိူင်အောင် နာကျင်ကိုက်ခဲခြင်း၊ အေးတလှည့်။
ပူတစ်လှည့် ဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ ကြက်သီး
တဖြန်းဖြန်းထခြင်း၊ အကြောဆွဲခြင်း၊ ခြေလက်တုန်ယင်ခြင်း၊
အိပ်မပျော်စားမဝင်ခြင်း၊ အသားအရေ ခန်းခြောက်ခြင်း၊ ပိန်ချုံးလာခြင်း
တို့ ဖြစ်နိူင်ပါတယ်။

ဆေးခြောက်စွဲသူတို့မှာ နှလုံးခုန်မြန်ခြင်း၊
စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ ဆာလောင်ခြင်း၊ မျက်လုံးအိမ်အတွင်း
မျက်စိအဖြူသားနီလာခြင်း၊ အဆုတ်အတွင်း ဆေးခြောက်ငွေ့တွေ
ဝင်ခြင်းကြောင့် အဆက်မပြတ်ချောင်းဆိုးခြင်း၊ အစဉ်ငိုက်မျဉ်းခြင်းတို့
ဖြစ်တတ်တယ်။ အကြားအာရုံချွတ်ယွင်းပြီး စိတ်အတွင်း
အမြဲနောက်ကျိရှုပ်ထွေးနေလို့ စိုးရိမ်ကြောင့်ကြစိတ်ဝင်လာခြင်း၊
ငိုလိုက်ရယ်လိုက်ဖြစ်ခြင်း၊ စိတ်ကူးယဉ် ကမ္ဘာအတွင်း အတွေးရေယာဉ်ကြောမှာ
မျောနေပြီး ပတ်ဝန်းကျင်ကို မေ့လျော့ခြင်းတို့ ဖြစ်တတ်တယ်။

စိတ်ငြိမ်ဆေး၊ အိပ်ဆေးသုံးပြီးကာစမှာ စိတ်ငြိမ်ပြီး အိပ်ချင်လာတယ်။
များရင် အလွန်လေးလံထိုင်းမှိုင်းပြီး အိပ်ပျော်သွားလို့
အသက်ရှူနှုန်း နှေး၊ သွေးတိုးအားလျော့ကာ အအိပ်လွန်လို့
အသက်ဆုံးရှုံးနိူင်ပါတယ်။

စိတ်ကြွဆေးသုံးကာစမှာ စိတ်ရွှင်လန်းသွက်လက်ခြင်း၊
အမောခံနိူင်ခြင်း၊ မအိပ်လိုခြင်းတို့ ဖြစ်ကာ များလာရင်
နှလုံးတုန်ရင်ခုန်ခြင်း၊  စိတ်လှုပ်ရှားခြင်း၊ ခြေလက်တုန်ယင်ခြင်း၊
ချွေးသီးချွေးပေါက် ထွက်ခြင်းတို့ ဖြစ်တတ်တယ်။ ဆေးတန်ခိုးပြချိန်မှာ
လူတစ်ကိုယ်လုံးနုံးချိ့ပြီး စိတ်ရှုပ်ထွေး စိတ်ညစ်နေတတ်ပါတယ်။
စိတ်ရွှင်ဆေး (LSD) ဆေးစွဲသူတွေဟာ မျက်လုံးအိမ်ပြူးကျယ်ခြင်း၊
မျက်နှာနီမြန်းခြင်း၊ နှလုံးခုန်နဲ့ ကိုယ်အပူချိန်ချိန် မြင့်တက်ခြင်း၊
စိတ်ကယောင် ချောက်ချား ဂဏာမငြိမ်ဖြစ်ပြီး မိမိစိတ်ကူးထဲမှာရှိတဲ့
အကြောင်းအရာတွေ ပြင်ပမှာ အမှန်တကယ် ဖြစ်နေသယောင် ထင်မှတ်မှားခြင်း၊
စိတ်လှုပ်ရှားမှု ပြင်းထန်ခြင်း၊ အလွန်ဝမ်းသာလိုက်၊
ဝမ်းနည်းလိုက်ဖြစ်ခြင်း ဖြစ်တတ်တယ်။

ဆေးစွဲရတဲ့ အကြောင်းအရာတွေက (၁) ပတ်ဝန်းကျင်မှ
မိဘဆွေမျိုးအပေါင်းအသင်း၊ လူငယ်လူရွယ်တို့ရဲ့ အပြုအမူကို
တွေ့မြင်လို့ အတုမြင် အတတ်သင် ဆိုသလို သုံးစွဲမိခြင်း၊ (၂)
မူးယစ်ဆေးဝါးသုံးစွဲဖို့ အပေါင်းအသင်းတွေက တိုက်တွန်းဆွဲဆောင်ခြင်း၊
(၃) မိဘတွေ သွန်သင်ဆုံးမမှုလွဲမှားခြင်း၊ (၄) သူများသုံးစွဲရင် အားကျမခံ
အပြိုင်အဆိုင် သုံးခြင်း၊ (၅) ဆေးသုံးစွဲမှ ခေတ်မီတယ် ထင်ခြင်း၊ (၆)
အထူးအဆန်းအနေနဲ့ လက်တည့်စမ်းလိုခြင်း၊ (၇) မိမိစိတ်ပူပင်သောက
မပျောက်စေဖို့ မှီဝဲခြင်း၊ (၈) လူငယ်များရဲ့ ကိုယ်ရည်ကိုယ်သွေး ညံ့ဖျင်းလို့
မူးယစ်ဆေးဝါး သောက်သုံးမိခြင်း၊ (၉) တဒင်္ဂအာနိသင်ကြိုက်နှစ်သက်ရာမှ
ဆေးစွဲလာခြင်း၊ (၁၀) ဆေးဝါးအဖြစ် မှီဝဲရာမှ “ တန်ဆေး၊ လွန်ဘေး ”
ဆေးစွဲလာခြင်း ဖြစ်ကာ ဆေးတစ်ဆင့်ထက်တစ်ဆင့် တိုးပြီး
မှီဝဲသုံးစွဲလာတတ်ကြပါတယ်။

ဆေးစွဲခြင်းအန္တရာယ်အရ လူနာရဲ့ စိတ်ရော ကိုယ်ပါ ဒုက္ခပေးရုံမက
ပတ်ဝန်းကျင်ကိုပါ အနှောင့်အယှက် ဖြစ်စေတယ်။ ဘယ်မူးယစ်ဆေးဝါးမဆို
ဆေးစွဲလာပြီးနောက်ပိုင်း အလွန်အကျွံမှီဝဲခြင်း၊ အသက်ရှူမြန်ခြင်း၊
နှလုံးခုန်မြန်ခြင်း၊ နှလုံးရပ်ခြင်း၊ နောက်ဆုံးအဆင့်
ဆုံးရှုံးတဲ့အထိ ဖြစ်နိူင်တယ်။

ဘိန်းဖြူသုံးစွဲသူများ ဆေးလွန်ခြင်း – ဆေးထိုးတဲ့နေရာ
အနာဖြစ်ခြင်း၊ သွေးပြန်ကြောရောင်ခြင်း၊ သွေးအဆိပ်သင့်ခြင်း၊
နှလုံးအတွင်း အမြှေးပါးရောင်ခြင်း၊ အသည်းရောင်ခြင်း၊
အသည်းပြည်တည်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ်ပြည်တည်ခြင်း၊
စိတ္တဇစွဲကပ်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အဆိပ်သင့်ခြင်း
ဖြစ်စေတယ်။ မူးယစ်ဆေးဝါး အာနိသင်လာချိန်မှာ စိတ်မမှန်ခြင်း၊ မှီဝဲသုံးစွဲဖို့
လိုအပ်နေချိန်မှာ ဆင်ခြင်မှုတရားကင်းပြီး ရာဇဝတ်မှု ကျူးလွန်ခြင်းက
ပတ်ဝန်းကျင်ပြည်သူတွေ အနှောင့်အယှက် ဖြစ်စေတယ်။

လျှာကင်ဆာ၊ အဆုတ်လေပြွန်ရောင်ခြင်း၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊
သွေးတိုးနှလုံး၊ ခန္ဓာကိုယ်အနှံ သွေးကြောပိတ်ခြင်းကြောင့်
ခြေပုပ် လက်ပုပ်ရောဂါ၊ နှလုံးရုတ်တရက် အတိုက်ခိုက်ရောဂါ စတဲ့
ဆေးလိပ်ကြောင့်ရတဲ့ ရောဂါရပါတယ်။ “ မူးယစ်အစ ဆေးလိပ်က ” ဖြစ်လို့
ရှောင်ရှားသင့်တယ်။

Author: ဒေါက်တာလွင်သန့်, Healthcare Journal,(12.5.17) vol 8,no 17

Previous Post

နေ့တိုင်းသင့်ကျောက်ကပ်အားဖျက်စီးနေသော အကျင့်ဆိုး(၈)ချက်

Next Post

စိတ်ကျန်းမာရေး အလေးပေး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
786
About common diseases of men over 50

အသက် ၅၀ ကျော်အမျိုးသားများ ဖြစ်လေ့ဖြစ်ထရှိသောရောဂါများအကြောင်း

2 years ago
1.1k
Is prostate disease hereditary?

ဆီးကျိတ်ရောဂါက မျိုးရိုးလိုက်တတ်လား?

2 years ago
642

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

စိတ်ကျန်းမာရေး အလေးပေး

အမျိုးသမီးနှင့်ရင်သားကင်ဆာ

ရာသီပွင့်ပန်း မနွမ်းစေချင်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.