fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

မိုးရာသီနှင့် ကျန်းမာရေးပြဿ နာများ

159
VIEWS
Share on FacebookShare on TwitterShare on Linkedin
21/10/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

မိုးရာသီတွင် အသက်အရွယ်ငယ်လွန်းသော သူများနှင့် အသက်အရွယ်ကြီးလွန်းသောသူများသည် အကြောင်းအမျိုးမျိုး ကြောင့် ဖျားနာတတ်ပါသည်။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါနှင့် နှာစေး၊ ချောင်းဆိုး၊ အအေးပတ်အဆုတ်ရောင် ရောဂါများ ခံစားရတတ်ပါသည်။ မိုးရာသီတွင် မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးတတ်ခြင်း ကြောင့် ရေမှတစ်ဆင့် ကူးစက်သောရောဂါများ ဖြစ်ပေါ် နိုင်ပါသည်။ ဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ ဝမ်းပျက်ရောဂါနှင့် ကြွက်ဆီးကြောင့်ဖြစ်သော အဝါးရောဂါများ ဖြစ်တတ်ပါသည်။

ထို့အပြင် မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေငလျင်လှုပ်ခြင်းစသည့် သဘာဝဘေး အန္တရာယ် ကြောင့် မော်တော်ကားများတိုက်ခြင်း၊ မှောက်ခြင်း၊ ရထားလမ်းဘီးချော်ခြင်း၊ လေယာဉ်ပျက်ကျခြင်း၊ ဓာတ်ကြိုး များပြုတ်ကျခြင်း၊ ဓာတ်လိုက်ခြင်း၊ သီးနှံ၊ တိရစ္ဆာန်များ ပျက်ဆီးသေဆုံးခြင်းများဖြစ်၍ အစာအာဟာရ ရှားပါး ခြင်းစသည့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့နိုင်ပါသည်။

ဖျားနာခြင်း

မိုးရာသီတွင် ကိုယ်ခံစွမ်းအားကျနေသော သူများတွင် အကြောင်းအမျိုးမျိုးကြောင့် ဖျားနာတတ်ပါ သည်။ မိုးမိပြီး ဖျားနာ မှုများဖြစ်တတ်ပါသည်။ ထို့ကြောင့် မိုးရာသီတွင် ကိုယ်ခံစွမ်းအားမြင့်တက်အောင် ကျန်းမာ ရေးနှင့် ညီညွတ်သော အစားအစာ များကိုစားခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ သင့်တော်သော ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ရာသီဥတုနှင့်အညီ နွေးထွေး စွာနေထိုင်ခြင်းနှင့် မိုးထီးကာများ အသုံးပြုခြင်းတို့ ဆောင် ရွက်ရပါမည်။ ဖျားနာပါက ဆေးရုံ၊ ဆေးခန်းသို့ပြသ ကုသရပါမည်။

ဝမ်းပျက်ဝမ်းလျှောခြင်း

မိုးရာသီတွင် ယင်နားစာများကို စားမိခြင်း၊ မသန့်ရှင်းသော ရေနှင့်ဆေးကြောထားသော အသီးအနှံနှင့် ဟင်းသီးဟင်း ရွက်များကို စားသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်မှု မရှိသော အသားနှင့်ငါး၊ ပုဇွန်များကို စားသုံးမိ ခြင်း၊ ယင်လုံရေလောင်းအိမ် သာကိုမသုံးစွဲခြင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်း၊ လက်သန့်ရှင်းရေးကို ဂရုမစိုက်ခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်တတ်ပါသည်။ ထို့အပြင် အပြင်အစားအစာ မသန့်ရှင်းခြင်း၊ အစားအသောက် ကိုင်တွယ်ရောင်းချသူများ လက်သန့်ရှင်း ရေး လိုက်နာမှုအားနည်းခြင်းကြောင့် ဝမ်းကိုက် ရောဂါ၊ အူရောင်ငမ်းဖျားရောဂါ၊ အသည်းရောင်အသားဝါ အေပိုးနှင့် အီးပိုးရောဂါ၊ အစာအဆိပ်သင့်ခြင်းနှင့် သန် ကောင်စွဲရောဂါများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မိုးရာသီတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်စေရန် တစ်ကိုယ် ရေသန့်ရှင်းမှု (လက်သည်း၊ ခြေသည်း ညှပ်ခြင်း၊ ရေမှန်မှန်ချိုးပြီး ဆပ်ပြာတိုက်ခြင်း၊ လက်ဆေးခြင်း) စသည့်တို့ ဆောင်ရွက်ခြင်း၊ အမှည့်လွန်သော အသီးများမစားခြင်း၊ ရက်လွန်သော အသားဗူး၊ ငါးဗူး၊ ပဲဗူးများအစားခြင်း၊ သန့်ရှင်းလတ် ဆတ်မှု မရှိသော အသား၊ ငါး၊ ပုစွန်၊ အသီးအနှံများကို မသုံးစွဲခြင်း၊ ရေကျက်အေးသောက်ခြင်းနှင့် ယင်လုံရေလောင်းအိမ်သာ အသုံးပြုခြင်းတို့ ဆောင်ရွက်ရပါမည်။

တုပ်ကွေးရောဂါ

မိုးရာသီတွင် တုပ်ကွေးရောဂါသည် ကူးစက်မြန်ပြီး ကပ်ရောဂါအသွင် ဖြစ်နိုင်ပါသည်။ လူစုလူဝေးများ သောရောဂါ၊ လေထုညစ်ညမ်းသော နေရာများနှင့် အခိုးအငွေ့များသော လူစုလူဝေးသော နေရာ၊ လေထုညစ် ညမ်းသောနေရာများနှင့် အခိုးအ ငွေ့များသော ပတ်ဝန်းကျင်တွင် အဖြစ်များပါသည်။ မိသားစုတွင် တစ်ဦးဖြစ်ပါ က တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် တစ်မိသား စုလုံးအား ကူးစက်နိုင်ပါသည်။ တုပ်ကွေးရောဂါကြောင့် ကြွက်သား နှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း၊ လည်ချောင်း နာခြင်း၊ နှာစေးခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် ချောင်းဆိုး ခြင်းများ ဖြစ်ပေါ်တတ်ပါသည်။ တုပ်ကွေးရောဂါ မဖြစ်စေရန် အဖြစ်များသော နေရာများကို ရှောင်ကြဉ်ရပါမည်။ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ထိုးထားရပါမည်။ တုပ်ကွေးရောဂါ ခံစားရပါက ဆရာဝန်များနှင့်ပြသရပါ မည်။

ငှက်ဖျား၊ သွေးလွန်တုပ်ကွေးနှင့် ကြွက်ဆီးကြောင့်ဖြစ်သော အသားဝါရောဂါ
မိုးရာသီတွင် ငှက်ဖျားရောဂါဖြစ်သော အသားဝါရောဂါ

မိုးရာသီတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု ပိုများပါသည်။ ချမ်းတုန်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ အသည်းကြီးခြင်း၊ ဘေလုံး (သရက်ရွက်) ကြီးခြင်း လက္ခဏာများ ခံစားရနိုင်ပါသည်။ ငှက်ဖျားရောဂါ၏ နောက် ဆက်တွဲ ပြဿနာများဖြစ်သော သွေးအားနည်းခြင်း၊ ဆီးအမည်းများသွားခြင်း၊ ငှက်ဖျားပိုး ဦးနှောက်ထဲဝင်ခြင်း၊ အလိုအလျောက်သွေးယိုစီးခြင်း၊ ခန္ဓာကိုယ်ရှိ သတ္တုဓာတ်များ မညီမျှခြင်း၊ အပြင်းဖျားခြင်း၊ ပါရာစိုက်အရေအ တွက်များခြင်း၊ ရောဂါပိုးများ ဝင်ရောက်လွယ်ခြင်း၊ အသားဝါခြင်း၊ အဆုတ်ရောင်ခြင်း၊ အာရုံကြောအားနည်း ခြင်း၊ ဖောရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် ဘေလုံးကြီးခြင်းများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ငှက်ဖျား ပိုးသယ်ဆောင်သော အနောဖီလီခြင် မကိုက်စေရန် ကာကွယ်ရပါမည်။

သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်သော အေးဒီစ်ခြင်သည် ရေကြည် ရေသန့်၊ ဘုရားပန်းအိုး၊ နတ်ပန်းအိုး၊ အဖုံးမရှိသော ရေစည်၊ ရေအိုး၊ ကျောက်ရေကန်များ၊ မိုးရေတင်ကျန်သောအုန်းမှုတ်ခွက်၊ ဖော့ဗူး၊ တာယာဟောင်း၊ ဝါးခွက်စ သည်တို့တွင် ပေါက်ဖွားတတ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နေသော က လေးတွင် ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့် အဆစ်များနာကျင်ခြင်း၊ ဖျားခြင်း၊ အန်ခြင်းစသည့် လက္ခဏာများ ခံစားရနိုင်ပါသည်။ ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် ဂဏာမငြိမ်ခြင်း၊ မှိန်းခြင်း၊ အဖျားကြီး၊ ခြေဖျား လက်ဖျားအေးခြင်း၊ သွေးဖိအားကျခြင်း၊ အသည်းကြီးခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမည်းသွားခြင်း စသည့် သွေးထိတ်လန့်သည့် လက္ခဏာများ ဖြစ်ပေါ်ကာ အသက်သေဆုံးနိုင်ပါသည်။

ထို့ကြောင့် သွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နှင်းရေးကို ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်ရပါမည်။ ရောဂါဖြစ်ပါကလည်း နီးစပ်ရာ ဆေးရုံသို့ အမြန်ပို့ဆောင်ကုသရပါမည်။

မိုးရာသီတွင် ကလေးများသည် ရေမြောင်းထဲသို့ဆင်းပြီး ဆော့ကစားခြင်းကြောင့် ကြွက်ဆီးကြောင့်ဖြစ် သောအသား ဝါရောဂါ ဖြစ်ပွားနိုင်ပါသည်။ အပြင်းဖျားခြင်း၊ အသည်းရောင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းများ ဖြစ်ကာ သေဆုံးနိုင်ပါသည်။ ထို့အပြင် ရေမြောင်းပုပ်များတွင် ပေါက်သောကျူးလပ်စ်ခြင်ကြောင့် ဆင်ခြေ ထောက်ရောဂါပိုးနှင့် ဂျပန်ဦးနှောက် ရောင်ရောဂါ ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ထားရပါမည်။

နှာစေး၊ ချောင်းဆိုး၊ အအေးပတ်အဆုတ်ရောင်ရောဂါ

မိုးရာသီတွင် နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အအေးပတ်ခြင်း ဝေဒနာများခံစားရနိုင်ပါသည်။ အဆုတ် ရောင်ပြီး အသက် အန္တရာယ် ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ချောင်းဆိုးသောအခါနှင့် တံတွေးထွေးသောအခါ များတွင် အခြားသူများ အားအ ထိတွေ့စေရန် တတ်နိုင်သမျှ ဂရုစိုက်ရပါမည်။ ပါးစပ်ကိုအုပ်ပြီး ချောင်းဆိုးရပါ မည်။ နှာခေါင်းကိုအုပ်ပြီး နှာချေရပါမည်။ နှာခေါင်းစည်းကို အသုံးပြုရပါမည်။ အကိုက်အခဲပျောက်ဆေး (ဥပမာ- ဘိုင်အိုဂျက်ဆစ်၊ ပါရာစီတမော်လ်)၊ နှာစေးပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးများကို သောက်ရပါမည်။ ဆရာဝန်ညွှန်ကြားထားသည့်အတိုင်း ပဋိဇီဝပိုးသတ်ဆေးများ သောက်ရပါမည်။ လည်ချောင်းနာခြင်းကို သက် သာစေရန် သွားနှင့်ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်ရပါမည်။

မုန်တိုင်းတိုက်ခတ်ခြင်း

မိုးရာသီတွင် မုန်တိုင်းကြောင့် သစ်ပင်၊ အဆောက်အဦးများ ပြိုလဲခြင်း၊ ရေလွှမ်းမိုးခြင်း၊ လေတွင်ပါလာသော ပစ္စည်းများကြောင့် သေကြေပျက်စီးနိုင်ပါသည်။ လေဖိအား ရုတ်တရက်ကျဆင်း၍ အသက်ရှုကြပ်တတ် ပါသည်။ ထူးကဲ ဒီရေ (သို့) ဒီလှိုင်းများ တက်လာခြင်းကြောင့် လူနှင့် တိရစ္ဆာန်များ သေကြေပျက်စီးနိုင်ပါသည်။ ရေ မသန့်ခြင်းကြောင့် ရောဂါပိုး များပြန့်ပွားပြီး ဝမ်းရောဂါဖြစ်နိုင်ပါသည်။ သီးနှံစိုက်ခင်း၊ သိုလှောင်ထားသည့်ရိက္ခာ များပျက်စီးခြင်းကြောင့် အစာရေစာ ငတ်မွတ်ခေါင်းပါးမှုများ ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်ရပါမည်။ မုန်တိုင်းသတိပေးချက်ကို သိရှိစေရန် ရေဒီယိုနားထောင်ခြင်း၊ ရုပ်မြင်သံကြားကြည့်ခြင်းများ ဆောင်ရွက်ရပါမည်။ မုန်တိုင်းတိုက် ခတ်ချိန်နှင့် မုန်တိုင်းကျရောက်ပြီးချိန်များတွင် ဆောင်ရွက်ရန်၊ ရှောင်ရန်များကို အပြည့်အ၀ လိုက်နာရပါမည်။

ရေလွှမ်းခြင်း

မိုးရာသီတွင် ရေနှင့် ဆက်နွယ်သော ဘေးအန္တရာယ်များ ကြုံတွေ့ရနိုင်ပါသည်။ ရေကြီးခြင်းကြောင့် ရေတွင်မျောပါလာ သော သတ္တဝါများ၊ ပစ္စည်းများနှင့် တိုက်မိခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါသည်။ အသက် အန္တရာယ်ရှိနိုင်ပါသည်။ ဝမ်းပျက်၊ ဝမ်းလျှောနှင့် ရေတွင်ပါလာသော ပိုးမွှားကြောင့် ရောဂါများဖြစ်ပေါ်တတ်ပါ သည်။ ရေတွင်းရေကန်များနှင့် မြေပေါ်ရှိရေများ မသန့်ရှင်းခြင်းကြောင့် ရေမှတစ်ဆင့် ကူးစက်ရောဂါများ ရရှိနိုင် ပါသည်။ ထို့ကြောင့် ရေမကြီးမီ ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်းသတိပေးချက်ရရှိပါက လိုက်နာရမည့်အ ချက်များ၊ ရေကြီးစဉ် ဆောင်ရွက်ရန်နှင့် ရေကြီးပြီးနောက် ဆောင်ရွက်ရန် အချက်များကို အပြည့်အစုံ လိုက်နာ ဆောင်ရွက်ရပါမည်။

မြေပြိုခြင်း

မြေပြိုခြင်းသည်လည်း မိုးရာသီတွင် ဖြစ်ပွားတတ်ပါသည်။ မြေသားများ၊ ကျောက်တုံးများပြိုဆင်းလာ ခြင်း၊ ကျွံကျသွား ခြင်းများဖြစ်တတ်ပါသည်။ သဘာဝဘေးကြောင့် မြေပြိုတတ်သကဲ့သို့ လူတို့ကြောင့်လည်း မြေပြိုတတ်ပါသည်။ မြေပြိုခြင်း ကြောင့် မာပြီးအန္တရာယ်ရှိသော မြေစိုက်၊ မြေခဲကြီးများ၊ ကျောက်တုံးကြီးများ လျော့ကျခြင်း (သို့) ရွှံ့ရည်စီးဆင်းခြင်းတို့ကြောင့် လူတို့၏ အသက်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် မြေပြိုဘေးဖြစ်နိုင်သည့် ရှေ့ပြေးလက္ခဏာများကို သိရှိပြီးကြိုတင်ကာကွယ် ရေးများ ဆောင်ရွက်ထားရပါမည်။

မိုးကြိုးပစ်ခြင်း

မိုးရာသီတွင် မိုးကြိုးပစ်ခြင်းကို ခံရနိုင်၍ သတိရှိခြင်းဖြင့် ရင်ဆိုင်ရပါမည်။ မိုးကြိုကာလနှင့် မိုးနှောင်း ကာလတွင် အဖြစ်များပါသည်။ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအတွင်း ဖြစ်တတ်ပါသည်။ မိုးကြိုး ပစ်ခတ် မှုကြောင့် အသက်သေ ဆုံးနိုင်ပါသည်။ မိမိတို့ ဒေသအနီးတဝိုက်တွင် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်း မကြာခဏ ဖြစ်ပေါ်နေပါက မိုးကြိုးစပစ်နိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း သတိပြုရပါမည်။ ကြိုတင်ကာကွယ်ရေးများကို ဆောင်ရွက်ရပါ မည်။

မြေငလျင်လှုပ်ခြင်း

မိုးရာသီတွင် ငလျင်လှုပ်ခြင်းကြောင့် အဆောက်အဦးများ အခြေခံ အဆောက်အအုံများ ပြိုကျပျက်စီး ခြင်းဖြစ်ပေါ်ပြီး သေကြေပျက်စီးနိုင်ပါသည်။ မီးလောင်ခြင်း၊ တာတမံကျိုးပေါက်ခြင်း၊မြေပြိုခြင်းနှင့် ရေကြီးခြင်း များဖြစ်တတ်ပါသည်။ ရေလွှမ်းခံရခြင်းကြောင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မိလ္လာစနစ် ထိခိုက်ပျက်ပြားခြင်း ကြောင့် ကျန်းမာရေးထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ထားရပါမည်။ ငလျင် လှုပ်စဉ်ဆောင်ရွက်ရန်နှင့် ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များကို လိုက်နာဆောင်ရွက်ရပါမည်။

မော်တော်ကား၊ မီးရထားနှင့် လေယာဉ်များ

မိုးရာသီတွင် သဘာဝဘေးအန္တရာယ်များကြောင့် မော်တော်ကားများ လမ်းချော်ခြင်း၊ တိုက်မိခြင်း၊ မှောက်ခြင်း များဖြစ်ကာ ထိခိုက်ဒဏ်ရာများ ရရှိခြင်း ဒုက္ခိတဘဝရောက်ရခြင်းနှင့် သေဆုံးခြင်းများ ဖြစ်တတ်ပါ သည်။ မော်တော်ဆိုင်ကယ် တိမ်းမှောက်ခြင်း၊ တိုက်ခြင်းများဖြစ်ကာ အသက်အန္တရာယ် ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ယာဉ်စည်းကမ်းများ အပြည့်အ၀ လိုက်နာရပါမည်။ မီးရထားများလမ်းချော်ခြင်း၊ တိမ်းမှောက်ခြင်း၊ တိုက်မိခြင်းများဖြစ်ကာ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်တတ်ပါသည်။ လှေ၊ သင်္ဘော၊ သဗ္ဗာန်များနစ်မြုပ်ခြင်း များ၊ တိုက်မိခြင်းများလည်း ဖြစ်တတ် ပါသည်။ မိုးရာသီတွင် သတိထားပြီး မောင်းရပါမည်။ ထို့အပြင် လေယာဉ် များပျက်ကျခြင်းများ ဖြစ်တတ်သည်ကို သတိထားရပါမည်။

လျှပ်စစ်မီးကြိုးများ

မိုးရာသီတွင် လျှပ်စစ်မီးကြိုးများ လေတိုက်ပြီး ပြုတ်ကျခြင်း၊ ပြတ်ကျခြင်းများ ဖြစ်တတ်ပါသည်။ ရေထဲ တွင်ပြုတ် ကျနေသော လျှပ်စစ်ကြိုးကို တက်နင်းမိခြင်း၊ ပြတ်ကျနေသော လျှပ်စစ်ကြိုးကို ကိုင်မိခြင်းတို့ကြောင့် ဓာတ်လိုက်သေဆုံး တတ်ပါသည်။ ထို့ကြောင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ်ခြင်းများကို လိုက်နာဆောင် ရွက်ရပါမည်။

မိုးရာသီတွင်ဖြစ်ပေါ်တတ်သော အထက်ပါ ကျန်းမာရေးပြဿနာများကို ပေါ့ပေ့ါဆဆမနေသင့်ပါ။ ပြဿနာများ ကို ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ ဂရုစိုက်ရပါမည်။ ပြဿနာများမဖြစ်ခင်ကတည်းက ကြိုတင် ကာကွယ်သည့် နည်းလမ်းများကို အပြည့်အဝလိုက်နာသင့်ကြောင်း အကြံပြုအပ်ပါသည်။

Author ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး) Healthcare Journal

Previous Post

အတူနေဖို့ကို စိုးထိတ်သူမေခင်ကညာ

Next Post

တက်တက်ကြွကြွလှုပ်လှုပ်ရှားရှား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

တက်တက်ကြွကြွလှုပ်လှုပ်ရှားရှား

နားထဲတွင် ပေါက်ပေါက်ဖောက်နေခြင်း (Popping Ears)

ဒီမိန်းမကို စိတ်ကုန်တယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.