သင့်ရင်သွေးငယ်များအပါအဝင် သင်၏မိသားစုတစ်ခုလုံးကျန်းမာရေးနှင့်ပြည့်စုံချင်ကြပါသလား။နေ့စဉ်တစ်နာရီ(သို့) တစ်နာရီထက်ပိုသော သင့်တင့်မျှတသည့် ကိုယ်လက်လှုပ်ရှားမှုများလုပ်ဆောင်ပေးရန်သာ အရေးကြီးဆုံးဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် အံ့သဖွယ်ကောင်းလောက်အောင် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါသည်။
နေ့စဉ်တစ်နာရီမျှ သင့်တင့်မျှတသောကိုယိလက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်လိုပါလျှင်-
(၁) သင်၏နှလုံးကြွက်သားများ သန်မာကြံ့ခိုင်လာမည်။
(၂) နှလုံးသွေးကြောအဖွဲ့၏ လုပ်ငန်းများတိုးတက်ကောင်းမွန်လာမည်။
(၃) မိမိကိုယ်မိမိယုံကြည်မှု အားကောင်းလာမည်။
(၄) ခန္ဓာကိုယ်အလေးချိန် မှန်ကန်စွာရှိနိုင်မည်။
အနာဂတ်ကာလတွင်ကျမ်းမာရေးပြဿနာများကိုလည်း ကာကွယ်ထားနိုင်သည်။ သွေးဖိအားများခြင်း၊ သွေး၌ကိုလက်စ ထရောမြင့်မားခြင်းနှင့် အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါတို့ကိုကာကွယ်ရာရောက်ပါသည်။
ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန်စတင်ပါ။နာရီဝက်ခန့်မျှ သင့်တင့်မျှတသောလေ့ကျင့်ခန်း စတင်ပြု လုပ်ပါ။ တဖြည်းဖြည်းစွမ်းအားမြှင့်တင်ပါ။
လေ့ကျင့်ခန်းများကို တစ်ဦးတစ်ယောက်တည်းဆောင်ရွက်ခြင်းထက် မိသားစုအားလုံးပါဝင်လုပ်ဆောင်သင့် သည်။မိသားစုအတူတကွလမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းပြုလုပ်သင့်သည်။
ကလေးငယ်များကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ၌ ပါဝင်ဆောင်ရွက်ခြင်းအတွက် ကစားစရာအရုပ်များ နှင့် အခြားလက်ဆောင်ပစ္စည်းများဝယ်ပေးပါ။
ကလေးငယ်များစိတ်ပါဝင်စားပူးပေါင်းနိုင်မည့် အခြားနည်းလမ်း များကိုလည်းဆောင်ရွက်ပါ။
တီဗွီ ၊ ဗီဒီယို၊ ဂိမ်း ကစားခြင်းတို့ကိုတက်နိုင်သမျှလျှော့ချပါ။ တစ်နေ့လျှင်နှစ်နာရီထက်ပို၍ တီဗွီ ၊ ဗီဒီယို မကြည့် သင့်ပါ။ ဂရုတစိုက်ရှောင်ကြဉ်ကြဖို့ လိုအပ်ပါသည်။
Author -Dr. ဇာနည်