(Zawgyi)
လက္ေထာက္ဆရာဝန္ေလး ေက်ာ္ႏိုင္တစ္ေယာက္ duty ခ်ိန္တြင္ေရာက္လာေသာ ကိုရင္ေလးကို ၾကည့္ရင္း စိတ္မသက္မသာ ျဖစ္ေနသည္။ ရန္ကုန္ေဆး႐ုံႀကီး၏ ခြဲစိတ္ေဆာင္သို႔ေရာက္လာေသာ ကိုရင္ငယ္ေလးကား အသက္ ရွစ္ႏွစ္သားအ႐ြယ္ေလာက္သာရွိ ဦးမည္။ မိမိသားႏွင့္ အသက္တူေနေသာေၾကာင့္လည္း သနားဂ႐ုဏာပိုမိသည္။
တာဝန္ခံဆရာဝန္ႀကီးကား ကိုရင္ေလးအား စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ၿပီး အေရးေပၚခြဲစိတ္ခန္းသို႔ဝင္ရန္ ျပင္ဆင္ခိုင္းသည္။ ကိုရင္ေလး၏ ေရာဂါရာဇဝင္ကို အေဖျဖစ္သူမွ ျပန္ေျပာျပသည္။ ကိုရင္ေလးသည္။ေဆာ့ကစားရင္း သစ္ပင္ေပၚက လိမ့္က်ၿပီး ဒူးနာသြားသည္။ နီးစပ္ရာ က်န္းမာေရးမႉးဆီ ကိုရင္ေလးအား ဖခင္ျဖစ္သူက ေခၚသြားခဲ့သည္။ က်န္းမာေရးမႉးမွ စမ္းသပ္စစ္ေဆးမႈလုပ္ၿပီး ေျခေထာက္က်ိဳးသည့္လကၡဏာမရွိဟု ရွင္းျပခဲ့သည္။ ေျခေထာက္က်ိဳးမသြားသည့္အတြက္ ကံေကာင္းသည္ဟုပင္ ကိုရင္ေလး အေဖက ယူဆခဲ့သည္။ ေျခေထာက္နာေနသည့္အတြက္ ကိုရင္ငယ္ေလးအား အကိုက္အခဲေပ်ာက္ေဆးေပးလိုက္သည္။ မနက္ တစ္ႀကိမ္ ညတစ္ႀကိမ္ ေဆးေသာက္ရမည္။ ဖခင္ျဖစ္သူမွေသာက္ ေဆးမ်ားယူလာ၍ ကိုရင္ေလးကို ေက်ာင္းသို႔ျပန္ပို႔ထားလိုက္သည္။
ကိုရင္ေလးတစ္ေယာက္ ေဆးမ်ားကို မွန္မွန္ေသာက္ပါ၏။ ဒူးေခါင္းနာေနသည္လည္း သက္သာလာပါ၏။ သို႔ေသာ္ သုံးရက္ေျမာက္ေန႔တြင္ ဗိုက္မခံမရပ္ႏိုင္ေအာင္ ေအာင့္လာသျဖင့္ က်န္းမာေရးမႉးဆီသို႔ ေျပးရျပန္သည္။ က်န္းမာေရးမႉးကား ကိုရင္ေလး ဗိုက္ေအာင့္ေနသည္ကို စမ္းသပ္ၾကည့္ၿပီး ၿမိဳ႕ေပၚသို႔သြားကာ ဆရာဝန္တစ္ေယာက္ႏွင့္ ျပသသင့္ေၾကာင္း အႀကံဉာဏ္ေပးသည္။ ေက်ာင္းကုန္းၿမိဳ႕သို႔ ကိုရင္ေလးတို႔သားအဖ သြားၾကျပန္၏။ ေဆးခန္းသို႔ ေရာက္ေသာ္အခါ ဆရာဝန္ကား စမ္းသပ္မႈေတြ ျပဳလုပ္ၿပီး
“ကိုရင္ေလးက အကိုက္အခဲ ေပ်ာက္ေဆးေတြ ေသာက္လို႔ အစာအိမ္ေသြးေၾကာေပါက္တာျဖစ္ႏိုင္သည္။ ေဆး႐ုံသို႔ သြားပါ” လို႔ ေျပာလိုက္သည္။
ဒီတစ္ခါေတာ့ အေဖျဖစ္သူကာ သားအႀကီးရွိရာ ရန္ကုန္ၿမိဳ႕သို႔သြားေရာက္ျပသမည္ဟု ဆုံးျဖတ္ကာ ရန္ကုန္ေဆး႐ုံႀကီး၏ ျပင္ပလူနာဌာနသို႔ ေရာက္ရွိလာသည္။ အကိုႀကီးျဖစ္သူကလည္း ရဟန္းဝတ္ႏွင့္ ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိေက်ာင္းတစ္ေက်ာင္းတြင္ သီတင္းသုံးေနေသာ ဦးဇင္းတစ္ပါးျဖစ္သည္။
ထိုဦးဇင္းအားကိုးႏွင့္ပဲ ရန္ကုန္ေဆး႐ုံႀကီးတြင္ ကိုရင္ေလးအား ျပသျဖစ္ခဲ့သည္။ ဆရာဝန္ကား ေဆးစာလည္း ေရးေပးလိုက္ပါသည္။
ေဒါက္တာေက်ာ္ႏိုင္တစ္ေယာက္ ကိုုရင္ေလး၏ ေရာဂါရာဇဝင္အား ခြဲစိတ္ခန္းမွ အထြက္ လူနာရွင္မ်ားသို႔ အေသးစိတ္ရွင္းျပေပးခဲ့ရသည္။ ကိုရင္ေလးကား အစာအိမ္ေသြးေၾကာ ေပါက္သြားသျဖင့္ ေသြးေၾကာမ်ားကို ျပန္ပိတ္ေပးခဲ့ရျခင္းျဖစ္သည္။ အဘယ္ေၾကာင့္ ေသြးေၾကာေပါက္ခဲ့ရသလဲဆိုလွ်င္ အကိုက္အခဲေပ်ာက္ေဆးမ်ားကို အစာမရွိပဲေသာက္သုံးခဲ့ျခင္းေၾကာင့္ ျဖစ္ေၾကာင္း လူနာရွင္မ်ားအား ေသခ်ာစြာရွင္းျပခဲ့သည္။ ကိုရင္ေလး၏ ဖခင္ျဖစ္သူအား အစာမရွိပဲ အကိုက္အခဲေပ်ာက္ေဆးေတြ တိုက္ပါသလား ဟု ေမးျမန္းေသာအခါ
” ကြၽန္ေတာ္တို႔ က ေတာသူေတာင္သားေတြဆိုေတာ့ သိပ္နားမလည္လို႔ပါ ဆရာေလးရယ္။ ေဆးေတြကို အစာမရွိပဲ မေသာက္ရဘူးဆိုတာ မသိလို႔ပါ” အ႐ိုးခံႏွင့္ ျပန္ရွင္းျပေနသည္။ က်န္းမာေရးဝန္ထမ္းမ်ားအေနႏွင့္လည္း အကိုက္အခဲေပ်ာက္ေဆးမ်ားကို ေပးမည္ဆိုပါက အစာစားၿပီးမွ ေဆးေသာက္သင့္ေၾကာင္းကို လူနာအား ေသေသခ်ာခ်ာ ရွင္းျပေပးရမည္ကို မသိသည္ကား အလြန္ဝမ္းနည္းဖြယ္ေကာင္း၏။
ကိုရင္ေလးကား ခြဲစိတ္ၿပီးငါးရက္အၾကာတြင္ အေျခအေနမေကာင္းသည့္ အေျခအေနသို႔ေရာက္ေနသည္။ ေဒါက္တာေက်ာ္ႏိုင္တစ္ေယာက္ ကိုရင္ေလး ဘာလို႔အေျခအေနမေကာင္းသည္ကို မေတြးတတ္ေအာင္ျဖစ္ေနသည္။ senior အကိုတစ္ေယာက္ကား ကိုရင္ေလးကို စမ္းသပ္ၿပီး
” ကိုရင္ေလး အစာအိမ္ေသြးေၾကာ ဖာထားတဲ့ေနရာက ျပန္ၿပီး leakage ရေနတယ္။ ေနာက္တစ္ႀကိမ္ခြဲခန္းျပန္ဝင္ရမည္” ဟုေျပာၾကားေသာအခါ ေဒါက္တာေက်ာ္ႏိုင္တစ္ေယာက္ assistant တစ္ေယာက္အေနႏွင့္ ခြဲခန္းဝင္ရန္ျပင္ဆင္ရျပန္သည္။
”ဘာလို႔ leakage ရတာလဲ ” ဟု အႀကိမ္ေပါင္းမ်ားစြာ စဥ္းစားေနမိသည္။
”ပထမတစ္ေခါက္ ဝင္တုန္းက ဆရာဝန္ လက္မေကာင္းလို႔လား ” ဟု မေတြးေကာင္းသည္ကို ေတြးေနမိသည္။
ခြဲခန္းက အထြက္ အကို senior က ေဒါက္တာေက်ာ္ႏိုင္၏ သံသယမ်ားအား ရွင္းသြားေအာင္ ရွင္းျပခဲ့သည္။ ” ေမာင္ရင္စိတ္ထဲမွာ ကိုရင္ေလး အစာအိမ္ေသြးေၾကာ ဘာျဖစ္လို႔ leakage ျပန္ရလည္း ဆိုတာကို ေတြးေနမွာပဲ။ တစ္ခ်ိဳ႕က ေျပာလိမ့္မယ္။ ပထမခြဲခန္းဝင္တုန္းက ဆရာဝန္ မေတာ္လို႔ဆိုၿပီး အျပစ္ဖို႔လိမ့္မယ္။ သူ႔မွာ အျပစ္ရွိေကာင္းရွိပါလိမ့္မယ္။ ဒါေပမဲ့ ဒီလိုမ်ိဳး Leakage ျဖစ္တာဟာ တစ္ျခားအေၾကာင္းေတြ အမ်ားႀကီးေၾကာင့္လည္း ျဖစ္ႏိုင္တယ္။ ကိုရင္ေလး တို႔ ေဆး႐ုံကို မေရာက္ခင္ကတည္းက အစာအိမ္ေသြးေၾကာေပါက္တာက ႏွစ္ေနရာေလာက္ျဖစ္ေနတယ္။ ျဖစ္တာလည္း ေတာ္ေတာ္ၾကာေနတယ္။ ခြဲခန္းဝင္ခဲ့တဲ့သူေတြ လည္း ႀကိဳးစားပမ္းစားေတာ့ ခြဲခဲ့မွာပါ။ ဒါေပမဲ့ သူ႔အစာအိမ္က ဘယ္ေလာက္မ်ား ဆိုး႐ြားေနခဲ့လဲဆိုတာကိုလည္း ျပန္စဥ္းစားရမယ္။
ေနာက္တစ္ခ်က္က အစားအေသာက္ေပါ့။ အဟာရရွိေအာင္စားမွလည္း အနာျမန္ျမန္က်က္လြယ္မယ္ျဖစ္တယ္။ အခု ကိုရင္ေလးက လာကတည္းက အဟာရခ်ိဳ႕တဲ့ေနပုံရတယ္။ ဒီလိုမ်ိဳး အေၾကာင္းမ်ိဳးစုံ တိုက္ဆိုင္သြားလို႔ အစာအိမ္ေသြးေၾကာေပါက္တာကိ ေနာက္တစ္ႀကီမ္ျပန္ဝင္ရတာပါ။ စိတ္ထဲမွာ ပထမ ခြဲစိတ္ထားတဲ့ ဆရာဝန္မေကာင္းလို႔ဆိုၿပီးေတြးမေနပါနဲ႔။” ” ဟုတ္ကဲ့ပါဆရာ။ ကြၽန္ေတာ္ ဒီလိုမ်ိဳး တစ္ခါမွ မေတြးဖူးပါဘူး” ေဒါက္တာေက်ာ္ႏိုင္တစ္ေယာက္ အကို senior အားလိမ္ေျပာလိုက္သည္။ အမွန္ေတာ့ ေဒါက္တာေက်ာ္ႏိုင္တစ္ေယာက္ေတြးေနပါ၏။
“မင္းကမေတြးေပမဲ့ ေတြးတဲ့သူေတြက ေတြးေနတယ္ေလ။ ဒါေၾကာင့္ အကိုက မင္းကိုရွင္းျပတာ။ ဒီလိုမ်ိဳး အနာမက်က္တာေတြ ခ်ဳပ္႐ိုးမက်က္တာေတြက အဟာရ မျပည့္ဝလို႔ပါ။ အထူးသျဖင့္ အသားဓာတ္နဲ႔ vitamin C ေပါ့။ “ ”ဟုတ္ကဲ့ပါအကို။ ကြၽန္ေတာ္ နားလည္သြားပါၿပီ။ “ ” မင္းနားလည္ရင္ တစ္ျခားလူေတြကိုလည္း ရွင္းျပပါ။ တစ္ခ်ိဳ႕က လူနာတစ္ေယာက္ တစ္ခုတစ္ခုျဖစ္သြားရင္ ဘာေၾကာင့္ျဖစ္တာလဲဆိုတာ မစဥ္းစားၾကဘူး။ မဆင္ျခင္ပဲ သူတစ္ပါးကို ေဝဖန္တတ္ၾကလြန္းလို႔ပါ” ” ဟုတ္ကဲ့ပါအ ကို” ” ကဲ ကိုရင္ေလးကို သြားၾကည့္ရေအာင္” ” ” ကိုရင္ေလးထားရာ အခန္းထဲသို႔ အကိုႏွင့္အတူဝင္လာခဲ့သည္။ ကိုရင္ေလးကား ကုတင္ေပၚတြင္ မိန္းေနသည္။ ကိုရင္ေလးကို ၾကည့္ရင္း ေဒါက္တာေက်ာ္ႏိုင္တစ္ေယာက္ ဆုေတာင္းေနမိသည္။ ေဝဒနာမ်ား ျမန္ျမန္ေပ်ာက္ကင္းပါေစ။
Author: Dr.ေအးခ်မ္းမိုး
(Unicode)
လက်ထောက်ဆရာဝန်လေး ကျော်နိုင်တစ်ယောက် duty ချိန်တွင်ရောက်လာသော ကိုရင်လေးကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေသည်။ ရန်ကုန်ဆေးရုံကြီး၏ ခွဲစိတ်ဆောင်သို့ရောက်လာသော ကိုရင်ငယ်လေးကား အသက် ရှစ်နှစ်သားအရွယ်လောက်သာရှိ ဦးမည်။ မိမိသားနှင့် အသက်တူနေသောကြောင့်လည်း သနားဂရုဏာပိုမိသည်။
တာဝန်ခံဆရာဝန်ကြီးကား ကိုရင်လေးအား စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီး အရေးပေါ်ခွဲစိတ်ခန်းသို့ဝင်ရန် ပြင်ဆင်ခိုင်းသည်။ ကိုရင်လေး၏ ရောဂါရာဇဝင်ကို အဖေဖြစ်သူမှ ပြန်ပြောပြသည်။ ကိုရင်လေးသည်။ဆော့ကစားရင်း သစ်ပင်ပေါ်က လိမ့်ကျပြီး ဒူးနာသွားသည်။ နီးစပ်ရာ ကျန်းမာရေးမှူးဆီ ကိုရင်လေးအား ဖခင်ဖြစ်သူက ခေါ်သွားခဲ့သည်။ ကျန်းမာရေးမှူးမှ စမ်းသပ်စစ်ဆေးမှုလုပ်ပြီး ခြေထောက်ကျိုးသည့်လက္ခဏာမရှိဟု ရှင်းပြခဲ့သည်။ ခြေထောက်ကျိုးမသွားသည့်အတွက် ကံကောင်းသည်ဟုပင် ကိုရင်လေး အဖေက ယူဆခဲ့သည်။ ခြေထောက်နာနေသည့်အတွက် ကိုရင်ငယ်လေးအား အကိုက်အခဲပျောက်ဆေးပေးလိုက်သည်။ မနက် တစ်ကြိမ် ညတစ်ကြိမ် ဆေးသောက်ရမည်။ ဖခင်ဖြစ်သူမှသောက် ဆေးများယူလာ၍ ကိုရင်လေးကို ကျောင်းသို့ပြန်ပို့ထားလိုက်သည်။
ကိုရင်လေးတစ်ယောက် ဆေးများကို မှန်မှန်သောက်ပါ၏။ ဒူးခေါင်းနာနေသည်လည်း သက်သာလာပါ၏။ သို့သော် သုံးရက်မြောက်နေ့တွင် ဗိုက်မခံမရပ်နိုင်အောင် အောင့်လာသဖြင့် ကျန်းမာရေးမှူးဆီသို့ ပြေးရပြန်သည်။ ကျန်းမာရေးမှူးကား ကိုရင်လေး ဗိုက်အောင့်နေသည်ကို စမ်းသပ်ကြည့်ပြီး မြို့ပေါ်သို့သွားကာ ဆရာဝန်တစ်ယောက်နှင့် ပြသသင့်ကြောင်း အကြံဉာဏ်ပေးသည်။ ကျောင်းကုန်းမြို့သို့ ကိုရင်လေးတို့သားအဖ သွားကြပြန်၏။ ဆေးခန်းသို့ ရောက်သော်အခါ ဆရာဝန်ကား စမ်းသပ်မှုတွေ ပြုလုပ်ပြီး
“ကိုရင်လေးက အကိုက်အခဲ ပျောက်ဆေးတွေ သောက်လို့ အစာအိမ်သွေးကြောပေါက်တာဖြစ်နိုင်သည်။ ဆေးရုံသို့ သွားပါ” လို့ ပြောလိုက်သည်။
ဒီတစ်ခါတော့ အဖေဖြစ်သူကာ သားအကြီးရှိရာ ရန်ကုန်မြို့သို့သွားရောက်ပြသမည်ဟု ဆုံးဖြတ်ကာ ရန်ကုန်ဆေးရုံကြီး၏ ပြင်ပလူနာဌာနသို့ ရောက်ရှိလာသည်။ အကိုကြီးဖြစ်သူကလည်း ရဟန်းဝတ်နှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိကျောင်းတစ်ကျောင်းတွင် သီတင်းသုံးနေသော ဦးဇင်းတစ်ပါးဖြစ်သည်။
ထိုဦးဇင်းအားကိုးနှင့်ပဲ ရန်ကုန်ဆေးရုံကြီးတွင် ကိုရင်လေးအား ပြသဖြစ်ခဲ့သည်။ ဆရာဝန်ကား ဆေးစာလည်း ရေးပေးလိုက်ပါသည်။
ဒေါက်တာကျော်နိုင်တစ်ယောက် ကိုုရင်လေး၏ ရောဂါရာဇဝင်အား ခွဲစိတ်ခန်းမှ အထွက် လူနာရှင်များသို့ အသေးစိတ်ရှင်းပြပေးခဲ့ရသည်။ ကိုရင်လေးကား အစာအိမ်သွေးကြော ပေါက်သွားသဖြင့် သွေးကြောများကို ပြန်ပိတ်ပေးခဲ့ရခြင်းဖြစ်သည်။ အဘယ်ကြောင့် သွေးကြောပေါက်ခဲ့ရသလဲဆိုလျှင် အကိုက်အခဲပျောက်ဆေးများကို အစာမရှိပဲသောက်သုံးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း လူနာရှင်များအား သေချာစွာရှင်းပြခဲ့သည်။ ကိုရင်လေး၏ ဖခင်ဖြစ်သူအား အစာမရှိပဲ အကိုက်အခဲပျောက်ဆေးတွေ တိုက်ပါသလား ဟု မေးမြန်းသောအခါ
” ကျွန်တော်တို့ က တောသူတောင်သားတွေဆိုတော့ သိပ်နားမလည်လို့ပါ ဆရာလေးရယ်။ ဆေးတွေကို အစာမရှိပဲ မသောက်ရဘူးဆိုတာ မသိလို့ပါ” အရိုးခံနှင့် ပြန်ရှင်းပြနေသည်။ ကျန်းမာရေးဝန်ထမ်းများအနေနှင့်လည်း အကိုက်အခဲပျောက်ဆေးများကို ပေးမည်ဆိုပါက အစာစားပြီးမှ ဆေးသောက်သင့်ကြောင်းကို လူနာအား သေသေချာချာ ရှင်းပြပေးရမည်ကို မသိသည်ကား အလွန်ဝမ်းနည်းဖွယ်ကောင်း၏။
ကိုရင်လေးကား ခွဲစိတ်ပြီးငါးရက်အကြာတွင် အခြေအနေမကောင်းသည့် အခြေအနေသို့ရောက်နေသည်။ ဒေါက်တာကျော်နိုင်တစ်ယောက် ကိုရင်လေး ဘာလို့အခြေအနေမကောင်းသည်ကို မတွေးတတ်အောင်ဖြစ်နေသည်။ senior အကိုတစ်ယောက်ကား ကိုရင်လေးကို စမ်းသပ်ပြီး
” ကိုရင်လေး အစာအိမ်သွေးကြော ဖာထားတဲ့နေရာက ပြန်ပြီး leakage ရနေတယ်။ နောက်တစ်ကြိမ်ခွဲခန်းပြန်ဝင်ရမည်” ဟုပြောကြားသောအခါ ဒေါက်တာကျော်နိုင်တစ်ယောက် assistant တစ်ယောက်အနေနှင့် ခွဲခန်းဝင်ရန်ပြင်ဆင်ရပြန်သည်။
”ဘာလို့ leakage ရတာလဲ ” ဟု အကြိမ်ပေါင်းများစွာ စဉ်းစားနေမိသည်။
”ပထမတစ်ခေါက် ဝင်တုန်းက ဆရာဝန် လက်မကောင်းလို့လား ” ဟု မတွေးကောင်းသည်ကို တွေးနေမိသည်။
ခွဲခန်းက အထွက် အကို senior က ဒေါက်တာကျော်နိုင်၏ သံသယများအား ရှင်းသွားအောင် ရှင်းပြခဲ့သည်။ ” မောင်ရင်စိတ်ထဲမှာ ကိုရင်လေး အစာအိမ်သွေးကြော ဘာဖြစ်လို့ leakage ပြန်ရလည်း ဆိုတာကို တွေးနေမှာပဲ။ တစ်ချို့က ပြောလိမ့်မယ်။ ပထမခွဲခန်းဝင်တုန်းက ဆရာဝန် မတော်လို့ဆိုပြီး အပြစ်ဖို့လိမ့်မယ်။ သူ့မှာ အပြစ်ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုး Leakage ဖြစ်တာဟာ တစ်ခြားအကြောင်းတွေ အများကြီးကြောင့်လည်း ဖြစ်နိုင်တယ်။ ကိုရင်လေး တို့ ဆေးရုံကို မရောက်ခင်ကတည်းက အစာအိမ်သွေးကြောပေါက်တာက နှစ်နေရာလောက်ဖြစ်နေတယ်။ ဖြစ်တာလည်း တော်တော်ကြာနေတယ်။ ခွဲခန်းဝင်ခဲ့တဲ့သူတွေ လည်း ကြိုးစားပမ်းစားတော့ ခွဲခဲ့မှာပါ။ ဒါပေမဲ့ သူ့အစာအိမ်က ဘယ်လောက်များ ဆိုးရွားနေခဲ့လဲဆိုတာကိုလည်း ပြန်စဉ်းစားရမယ်။
နောက်တစ်ချက်က အစားအသောက်ပေါ့။ အဟာရရှိအောင်စားမှလည်း အနာမြန်မြန်ကျက်လွယ်မယ်ဖြစ်တယ်။ အခု ကိုရင်လေးက လာကတည်းက အဟာရချို့တဲ့နေပုံရတယ်။ ဒီလိုမျိုး အကြောင်းမျိုးစုံ တိုက်ဆိုင်သွားလို့ အစာအိမ်သွေးကြောပေါက်တာကိ နောက်တစ်ကြီမ်ပြန်ဝင်ရတာပါ။ စိတ်ထဲမှာ ပထမ ခွဲစိတ်ထားတဲ့ ဆရာဝန်မကောင်းလို့ဆိုပြီးတွေးမနေပါနဲ့။” ” ဟုတ်ကဲ့ပါဆရာ။ ကျွန်တော် ဒီလိုမျိုး တစ်ခါမှ မတွေးဖူးပါဘူး” ဒေါက်တာကျော်နိုင်တစ်ယောက် အကို senior အားလိမ်ပြောလိုက်သည်။ အမှန်တော့ ဒေါက်တာကျော်နိုင်တစ်ယောက်တွေးနေပါ၏။
“မင်းကမတွေးပေမဲ့ တွေးတဲ့သူတွေက တွေးနေတယ်လေ။ ဒါကြောင့် အကိုက မင်းကိုရှင်းပြတာ။ ဒီလိုမျိုး အနာမကျက်တာတွေ ချုပ်ရိုးမကျက်တာတွေက အဟာရ မပြည့်ဝလို့ပါ။ အထူးသဖြင့် အသားဓာတ်နဲ့ vitamin C ပေါ့။ “ ”ဟုတ်ကဲ့ပါအကို။ ကျွန်တော် နားလည်သွားပါပြီ။ “ ” မင်းနားလည်ရင် တစ်ခြားလူတွေကိုလည်း ရှင်းပြပါ။ တစ်ချို့က လူနာတစ်ယောက် တစ်ခုတစ်ခုဖြစ်သွားရင် ဘာကြောင့်ဖြစ်တာလဲဆိုတာ မစဉ်းစားကြဘူး။ မဆင်ခြင်ပဲ သူတစ်ပါးကို ဝေဖန်တတ်ကြလွန်းလို့ပါ” ” ဟုတ်ကဲ့ပါအ ကို” ” ကဲ ကိုရင်လေးကို သွားကြည့်ရအောင်” ” ” ကိုရင်လေးထားရာ အခန်းထဲသို့ အကိုနှင့်အတူဝင်လာခဲ့သည်။ ကိုရင်လေးကား ကုတင်ပေါ်တွင် မိန်းနေသည်။ ကိုရင်လေးကို ကြည့်ရင်း ဒေါက်တာကျော်နိုင်တစ်ယောက် ဆုတောင်းနေမိသည်။ ဝေဒနာများ မြန်မြန်ပျောက်ကင်းပါစေ။
Author: Dr.အေးချမ်းမိုး