fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ

Allergy ဘာကြောင့်ဖြစ်ရတာလဲ

2.5k
VIEWS
Share on FacebookShare on TwitterShare on Linkedin
18/06/2016
in ကျန်းမာသော နေထိုင်မှုပုံစံ
1 min read
A A

Allergy ဟုခေါ်သောခန္ဓာကိုယ်တွင်ဓာတ်မတည့်ခြင်းလက္ခဏာ ဖြစ်ပေါ်ခြင်းသည်ခန္ဓာကိုယ်၏ပုံမှန်မဟုတ်သော ခုခံအားစနစ်၏ တုံ့ပြန်မှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်သည်။ ခန္ဓာကိုယ်၏ ခုခံအားစနစ်သည် သာမန်ပြင်ပအမှုန်အမွှားများကိုကာကွယ်တုံ့ပြန်ရန် တည်ဆောက်ထားပါသည်။ သို့သော်အန္တရာယ်မရှိသော ပြင်ပမှအမှုန်အမွှားများကို ခုခံကာကွယ်မှုပြင်းအားများသွားသည့်အခါမျိုးတွင် ခန္ဓာကိုယ်တွင်ဓာတ်မတည့်ခြင်းဟုခေါ်သည့် Allergy များဖြစ်ပေါ်လာလေ့ရှိသည်။

Allergy ဘယ်လိုဖြစ်သလဲ
Allergy သည် လူသားတို့တွင် ပုံစံအမျိုးမျိုးဖြစ်တတ်ကြသည်။ ပြင်ပမှ Allergy ကိုဖြစ်စေသောအမှုန်အမွှားများကို Immunoglobulin E (IgE) ဟုခေါ်သော ခန္ဓာကိုယ်၏အသွေး အသားမှရောဂါကာကွယ်ပေးသော Antibody များဖြင့် ခန္ဓာကိုယ်ကတုံ့ပြန်ကာကွယ်ပေးသည်။ ၎င်း Antibody များသည် လေပြွန်၊ အူစသည့် ခန္ဓာကိုယ်အတွင်းရှိသွေးဆဲလ်များနှင့် Allergy ဖြစ်ပေါ်လာမည့်နေရာတစ်ဝိုက်တွင် ပေါင်းသွားသည်။ ထိုအခါတွင် ၎င်းဆဲလ်များသည် သွေးအတွင်းသို့ ခုခံကာကွယ်နိုင်သည့် ဓာတုဓာတ်အမျိုးမျိုးကို ထုတ်လွှတ်လိုက်သည်။ ၎င်းဓာတုဓာတ်များတွင် Histamine ဟုခေါ်သော မတည့်သည့်အရာများနှင့်ထိ တွေ့သည့်အခါ ချေဖျက်ရှင်းလင်းပေးသောဓာတုဒြပ်ပေါင်းများ လိုအပ်သည်ထက်ပိုမိုသွားသောအခါမျိုးတွင် Allergy ကိုအဓိက ဖြစ်ပေါ်စေပါသည်။

လူတိုင်း Allergy ဖြစ်တတ်လား
လူတိုင်း Allergy ဖြစ်တတ်ပါသည်။ Allergy သည် မျိုးရိုးလိုက်၍လည်းဖြစ်တတ်ပါသည်။ မိဘနှစ်ပါးတွင် တစ်ဦးက Allergy ဖြစ်တတ်သူဖြစ်ပါက ကလေးတွင် Allergy ဖြစ်နိုင်မှု ၅၀ ရာခိုင်နှုန်းရှိပြီး မိဘနှစ်ပါးလုံး Allergy ဖြစ်တတ်သူဖြစ်ပါက ကလေးတွင် Allergy ဖြစ်နိုင်မှု ၇၂ ရာခိုင်နှုန်းရှိပါသည်။

Allergy ဖြစ်စေသော အဓိက အချက်များ
Allergy ကိုဖြစ်စေတတ်သော ဇီဝဓာတုပစ္စည်းများမှာ အစားအစာများ၊ လေ၊ ထိတွေ့မှု၊ ပိုးမွှားများနှင့် အကောင်ကိုက် ခြင်းများမှအစပြုကာဖြစ်တတ်သည်။ သဘာဝအစားအစာများ ဖြစ်သော ဆေးမြစ်ပင်များ၊ အခွံမာသီးများ၊ ဟင်းသီးဟင်းရွက်များ နှင့် ပင်လယ်စာများမှလည်း Allergy ဖြစ်တတ်သည်။ ရာဘာစေး၊ အိမ်မွေးတိရစ္ဆာန်များ၊ ကြက်မွှေးငှက်မွှေးများနှင့် ပိုးသတ်ဆေးများ သည်လည်း Allergy အမျိုးမျိုးကိုဖြစ်စေပါသည်။ ဝတ်မှုန်၊ ဖုန်မှုန့်၊ မီးခိုး၊ အမှိုက်များသည် လေထုထဲတွင်ပျံနှံ့ကာ ရှူမိပါက Allergy များဖြစ်စေတတ်သည်။

Allergy လက္ခဏာများ
Histamine ဓာတ်သည် ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း စသည့်အမျိုးမျိုးသော လက္ခဏာရပ်များကို ဖြစ်ပေါ်စေသည်။ မသန့်ရှင်းသောလေကြောင့်ဖြစ်သော Allergy သည် မျက်စိ၊ နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်းတွင် အများဆုံး ဖြစ်တတ်သည်။ ထိတွေ့မှုကြောင့်ဖြစ်သော Allergy သည် အရေပြားပေါ်တွင် အများဆုံးဖြစ်တတ်သည်။ အစားအစာကြောင့်ဖြစ်သော Allergy သည် အစာလမ်းကြောင်းတစ်လျှောက်တွင် အများဆုံးဖြစ်တတ်ပါသည်။
သာမန် Allergy ဟု သတ်မှတ်နိုင်သော မသန့်ရှင်းသောလေကြောင့်ဖြစ်သော Allergy နှင့် အရေအပြားတွင်ဖြစ်သောAllergy များကြောင့် ခံစားရသည့် ရောဂါလက္ခဏာများမှာ မျက်လုံးများယားယံခြင်း၊ မျက်ရည်ယိုခြင်း၊ နှာချေခြင်း၊ နှာခေါင်းယားယံခြင်း၊ နှာရည်ယိုခြင်း၊ အဖုအပိန့်များထွက်ခြင်း၊ မောပန်းခြင်း၊ ဖျားနာခြင်းနှင့် အင်ပျဉ်ဖြစ်ခြင်း စသောလက္ခဏာများဖြစ်တတ်သည်။
အခြားသော Allergy များဖြစ်သည့် အစားအစာကြောင့် ဖြစ်သော Allergy သည် အစာအိမ်နာ၍ဗိုက်အောင့်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း စသည့်ရောဂါလက္ခဏာများဖြစ်တတ်သည်။ အင်းဆက်ပိုးမွှားအကိုက်ခံရမှုကြောင့်ဖြစ်သောAllergyသည် ရောင်ရမ်းခြင်း၊နီမြန်းခြင်းနှင်နာကျင်မှုများကိုဖြစ်စေသည်။
ပြင်းထန်သောအသက်အန္တရာယ်ရှိသော Allergy ၏ ရောဂါလက္ခဏာများမှာ အနီပြင်ကြီးများဖြစ်လာပြီး မခံနိုင်အောင် ယားယံခြင်း၊ အသက်ရှူကျပ်ခြင်း၊ အသံပြာလာပြီး လည်ချောင်း ထဲတွင်ကျပ်လာခြင်း၊ ခြေလက်၊ နှုတ်ခမ်းနှင့်ဦးရေပြားတို့စပ်ဖျဉ်းဖျဉ်းဖြစ်လာခြင်းစသည့်ရောဂါလက္ခဏာများဖြစ်တတ်သည်။ ထိုကဲ့သို့ ရောဂါလက္ခဏာများဖြစ်ပေါ်လာပါက အသက်အန္တရာယ်ရှိသည့်အတွက် မပေါ့ဆဘဲ နီးစပ်ရာဆေးခန်း၊ အရေးပေါ်ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ကုသသင့်ပါသည်။

Allergy မဖြစ်အောင်ဘယ်လိုလုပ်မလဲ
ခန္ဓာကိုယ်တွင်းရှိ Histamine များသည် Allergy ကို ဖြစ်စေသည့်အတွက် Antihistamine ဆေးဝါးများကို သုံးစွဲနိုင်သော်လည်း ၎င်းတို့သည်အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်အခြားသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်ခုခံအားစနစ်ကိုမြှင့်တင်ပေးနိုင်သော သဘာဝအစားအစာများကို ပုံမှန်စားသုံးခြင်းဖြင့်လည်း Allergy ကိုကာကွယ်နိုင်ပါ သည်။
ထို့ပြင် တစ်ချို့သောနေ့စဉ်လှုပ်ရှားဆောင်ရွက်မှုများကို ပြောင်းလဲခြင်းဖြစ်လည်း Allergy ကိုကာကွယ်နိုင်ပါသည်။

စိတ်ဖိစီးမှုများကိုလျှော့ချခြင်း
စိတ်ဖိစီးခြင်းသည် ခန္ဓာကိုယ်တွင်ရှိHistamineဓာတ်ကိုတိုးလာစေပြီး Allergy ဖြစ်နိုင်မှုကိုပိုများလာစေပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုများကိုလျှော့ချသင့်ပါသည်။

ရေဖြင့်နှာခေါင်းဆေးခြင်း၊ သို့မဟုတ် ရေရှူခြင်း
ရေဖြင့်နှာခေါင်းဆေးခြင်း၊ သို့မဟုတ် ရေရှူခြင်း အလေ့အထသည် ကျွမ်းကျင်သူများ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သင့်သောအလေ့အထဖြစ်ပြီး ထိုအလေ့အထသည် နှာခေါင်းနှင့် ပတ်သက်သော Allergy ဖြစ်မှုကိုကာကွယ်ပေးနိုင်သည်။

အိမ်မွေးတိရစ္ဆာန်များအား သန့်ရှင်းခြင်း
မိမိနေအိမ်တွင် အိမ်မွေးတိရိစ္ဆာန်များရှိပါက ၎င်းတို့ကို သန့်ရှင်းစွာထားသင့်ပါသည်။ အိမ်မွေးတိရိစ္ဆာန်အမွှေးများတွင် အမှုန်အမွှားများ ကပ်နေတတ်ပြီး  Allergy ရောဂါကိုဖြစ်စေတတ်ပါသည်။

တစ်ကိုယ်ရေသန့်ရှင်းခြင်း
တစ်ကိုယ်ရေသန့်ရှင်းမှုမရှိပါက Allergy အလွယ်တကူ ဖြစ်ပေါ်တတ်ပါသည်။ Allergy ဖြစ်လေ့ဖြစ်ထရှိသူတို့သည် တစ်နေ့လျှင် ရေနှစ်ကြိမ်ခန့်ချိုးခြင်းဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်သင့်ပါသည်။

သန့်ရှင်းသောပတ်ဝန်းကျင်တွင်နေထိုင်ခြင်း
Allergy ဖြစ်ခြင်းမှကာကွယ်ရန်ကျွန်ုပ်တို့သည် နေရောင်ခြည်ကောင်းစွာရသော၊ လေဝင်လေထွက်ကောင်းသော၊ ခြောက်သွေ့သန့်ရှင်းသောပတ်ဝန်းကျင်တွင် နေထိုင်သင့်ပါသည်။

အပ်စိုက်ကုထုံး
Allergy ဖြစ်သည့်အခါတွင် Histamine ဓာတ်များ ခန္ဓာကိုယ်တွင်လျော့နည်းသွားစေရန် Antihistamine ဆေးဝါးများကို အသုံးမပြုလိုသူများသည် အပ်စိုက်ကုထုံးကို Allergy ကုသခြင်း နည်းလမ်းနောက်တစ်မျိုးအဖြစ် အသုံးပြုနိုင်ပါသည်။
Allergy သည် လူတိုင်းတွင်ဖြစ်တတ်သော ရောဂါတစ်မျိုး ဖြစ်သည်။ တချို့တွင် Allergy များသည် ကျွန်တော်တို့တွင်ဖြစ်နေသော်လည်း သာမန်ယားယံခြင်း၊ နှာချေခြင်းဖြင့် ဖြစ်မှန်းမသိဘဲလွယ်ကူစွာပျောက်ကင်းသွားတတ်ပါသည်။ သို့သော်လည်း အချို့ ပြင်းထန်သည့် Allergy များသည် ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်း၊ အော့အန်ခြင်းစသည်ဖြင့် အသက်အန္တရာယ်ပါရှိနိုင်သည့်အတွက် Allergy ဖြစ်ပါက ပေါ့ပေါ့ဆဆမနေသင့်ပေ။ Allergy များသည် ပုံမှန်အားဖြင့် ခန္ဓာကိုယ်တွင်ဓာတ်မတည့်သည့်အရာများ ကုန်စင်သောအနေအထားရောက်မှသာ ပျောက်ကင်းလေ့ရှိတတ်သည်။ သို့ဖြစ်ပါ၍ Allergy ဖြစ်ခြင်းမှကာကွယ်ရန်မှာ မိမိခန္ဓာကိုယ်နှင့်ဓာတ်မတည့်သောအရာများကို အတတ်နိုင်ဆုံးရှောင်ကြဉ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေတော့သည်။

 

Author – ဒေါက်တာထက်ဝေ

Previous Post

အဆုတ်ကင်ဆာဆိုသည်မှာ

Next Post

ခေါင်းကိုက်ခြင်းဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the main vitamins needed to strengthen the immune system

ကိုယ်ခံအားကောင်းစေဖို့ အဓိကလိုအပ်သော ဗီတာမင်များအကြောင်း

1 year ago
1.2k
Health factors that should be prepared before traveling in summer

နွေရာသီမှာ ခရီးမသွားခင်ပြင်ဆင်ထားသင့်သော ကျန်းမာရေးဆိုင်ရာအချက်များ

1 year ago
127

ဆယ်ကျော်သက်အရွယ်ကျော်သွားရင် အရပ်ရှည်နိုင်သေးလား?

2 years ago
2.3k

အရပ်ပုခြင်း၊ ရှည်ခြင်းဟာမိဘမျိုးရိုးနဲ့ဆိုင်လား?

2 years ago
1.5k

အလွှာခြားတာကောင်းလား?

2 years ago
1.1k
In the summer, when the air conditioner and fan are used too much

နွေရာသီမှာ အဲကွန်း၊ပန်ကာ အလွန်အကျွံသုံးမိတဲ့အခါ

2 years ago
609

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ခေါင်းကိုက်ခြင်းဝေဒနာ

လည်ချောင်းနာခြင်းကို ဂရုစိုက်ရအောင်

ခါးနာခြင်းအကြောင်းအရင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.