ပြီးခဲ့တဲ့ ဆောင်းပါးမှာတော့ အိမ်မွေးကလေးတွေနဲ့ လူသားတို့ ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ဖော်ပြခဲ့ပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေး အကျိုး အပြစ်လေးတွေကို ဆက်လက်ပြောပြပါ့မယ်။ အိမ်မွေးလေးတွေကတဆင့် တချို့သော ကူးစက်ရောဂါများသည် လူသားတွေထံ ကူးစက်လာနိုင်ပါ
တယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေ (HIV ၊သွေးချိုဆီးချို ရောဂါသည်တွေ)မှာ ပိုဖြစ်တတ်တယ်။ ဒါပေမယ့် အရမ်းလည်း စိုးရိမ်မသွားပါနဲ့။ မဖြစ်အောင် ကြိုတင် ကာကွယ်လို့ ရပါတယ်။
အိမ်မွေးလေးတွေ ကိုင်ပြီးတိုင်း လက်သေချာဆေးပါ။ ဖက်ရမ်း နမ်းရှုံ့ခြင်းများ တတ်နိုင်သမျှ ရှောင်ပါ။ အိမ်မွေးလေးတွေကို တိရိစ္ဆာန်ကု ဆရာဝန်များနဲ့ ပုံမှန်ပြသ စစ်ဆေးခြင်းဖြင့် ကူးစက်ရောဂါဖြစ်နိုင်ခြေကို လျော့ချနိုင်ပါတယ်။
ဘယ်လို ကူးစက်ရောဂါတွေ ရရှိနိုင်သလဲ
ခွေးရူးပြန်ရောဂါ
ခွေးရူးပြန်ရောဂါဆိုလို့ ခွေးတစ်မျိုးတည်းက ကူးစက်နိုင်တာ မဟုတ်ပါ။ ကြောင်လေးတွေကနေလည်း ကူးစက်နိုင်ပါတယ်။ ခွေးရူးပြန်ရောဂါ လက္ခဏာတွေကတော့ ဖျားမယ် ၊ ခေါင်းကိုက်မယ် ၊ ပြီးနောက် ကြောင်တောင်တောင်ဖြစ်ကာ သတိလစ်တာတွေ ၊ ယောက်ယက်ခတ်တာတွေ ဖြစ်မယ် ။
ဘယ်လို ကာကွယ်မလဲဆိုရင် သင့် အိမ်မွေးကလေးများကို ခွေးရူးကာကွယ်ဆေး ပုံမှန်ထိုးပါ။ အိမ်မွေးမဟုတ်တဲ့ လမ်းဘေးခွေးတွေ ၊ကြောင်တွေနဲ့ ထိ
တွေ့မှု မရှိစေနဲ့။ သင် ခွေး ၊ကြောင် အကိုက်ခံရရင် သင့်မိသားစု ဆရာဝန်နဲ့ ဆွေးနွေးပါ ။
Toxoplasmosis
တောက်ဆိုပလက်စ်မိုစစ် Toxoplasmosis ဆိုတဲ့ ရောဂါဟာ တိရိစ္ဆာန်အညစ်အကြေးတွေကနေ ကူးစက်တတ်တာပါ။ အထူးသဖြင့် ကြောင် မစင်တွေက
တဆင့် ကူးစက်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ တုပ်ကွေးဖျားသလို ဖြစ်မယ်။ အထူးသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်တွေနဲ့ ကိုယ်ခံအားကျနေတဲ့သူတွေပဲ ဖြစ်တယ်။
ကိုယ်ဝန်ဆောင်တွေမှာ ကူးစက်ခံရလျှင် သားပျက်သားလျှောဖြစ်ခြင်းနဲ့ ကလေးမှာ မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတွေ ဖြစ်နိုင်တယ်။ ကိုယ်ခံအား
နည်းနေသူတွေမှာတော့ ဦးနှောက်ထဲထိ ပိုးဝင်ကာ အသက်ဘေးအန္တရာယ်ရှိပါတယ်။ ဘယ်လို ကာကွယ်လို့ရလဲ ဆိုရင် တိရိစ္ဆာန် မစင်တွေကို ၂၄ နာရီ
အတွင်း ရှင်းလင်းပါ။
တကယ်လို့ သင်ဟာ ကိုယ်ဝန်ဆောင် ၊ ဒါမှမဟုတ် ကိုယ်ခံအားနည်းနေက တခြား အိမ်သား တစ်ယောက်ကို ရှင်းခိုင်းပါ။ သင်ကိုယ်တိုင် မလုပ်ပါနဲ့။ တိရိစ္ဆာန် အညစ်အကြေးတွေ ရှင်းလင်းပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်စွာ ဆေးကြောပါ။ သင့်အိမ်မွေးလေးများကို ကောင်းကောင်းမကျက်သော အသား၊ ငါးများ ၊ အသား ငါး အစိမ်းတွေ မကျွေးပါနဲ့ ။
ကြောင်ကုတ်ခံရလို့ ရတဲ့ရောဂါ Cat scratched disease Cat scratched disease သည် ကြောင်ကုတ်ခံရလို့အပြင် ကြောင်ကိုက်ခံရရင်လည်း ရနိုင်ပါတယ်။ Cat scratched disease က ဘာတွေဖြစ်တတ်သလဲဆိုရင် ပိုးဝင်ကာ ဖျားမယ် ၊နာကျင်ကိုက်ခဲမယ်။ ဒီ့ထက်ဆိုးရင် နှလုံးရှိ အဆို့ရှင်များပါ ထိခိုက်
နိုင်တယ်။
ဘယ်လို ကာကွယ်လို့ရလဲဆိုရင် သင့်အိမ်မွေးလေးတွေ ကိုယ်ပေါ်မှာ သန်းမတွယ်အောင် သေချာလုပ်ပါ။ သင့်ကို အိမ်မွေးလေးတွေ မကိုက်မိအောင်
၊ မကုတ်မိအောင် သတိထား ဆင်ခြင်ပါ။ သင့်ကိုယ်မှာ အနာရှိက အိမ်မွေးလေးတွေမလျက်မိအောင် သတိထားပါ။ သင် အကိုက်ခံရရင်ဖြစ်စေ ၊ အကုတ်ခံရရင်ဖြစ်စေ သင့်မိသားစု ဆရာဝန်နဲ့ တိုင်ပင်ပါ ။
ဆက်ပါဦးမည်………………………………..
Author : ခေတ်သစ် ဇီဝက