fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

အသားအရေ လှပစေဖို့ ရွေးချယ်စားသောက်ရမည့် အစားအစာများ (အပိုင်း ၃)

(Zawgyi)

အသားအေရ ႏုပ်ိဳလွပျခင္းကို လူတိုင္းသေဘာက်ၾကမွာပါ။ ဒါေၾကာင့္ အရင္တစ္ပတ္မွာ အသားအေရ လွပေစမယ့္ သဘာဝနည္းလမ္းအခ်ိဳ႕ကို ေဖာ္ျပခဲ့ပါတယ္။ ယခုပတ္မွာေတာ့ အသားအေရလွပေစဖို႔ အစားအေသာက္ အခ်ိဳ႕ကို ေဖာ္ျပေပးခ်င္ပါတယ္။

ကမာ
ကမာေကာင္မွာ ဇင့္ဓာတ္ေတြ ပါဝင္ပါတယ္။ ဇင့္ဓာတ္အပါအဝင္ သတၱဳဓာတ္ေတြဟာ ခႏၶာကိုယ္ႀကီး ထြားဖို႔သာမက အေရျပားဆဲလ္ေတြအတြက္ပါ    အေရးပါပါတယ္။ ဇင့္ဓာတ္ေလ်ာ့နည္းတဲ့အခါမွာလည္း ဝက္ၿခံေတြ ထြက္ေပၚ လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ အသားအေရအတြက္ ဇင့္ဓာတ္ပါဝင္တဲ့ ကမာ    ေကာင္ကို စားေပးသင့္ပါတယ္။

င႐ုတ္သီးအဝါ
ၿဗိတိသွ်ဂ်ာနယ္တစ္ေစာင္ကေန အာဟာရနဲ႔ပတ္သက္ၿပီး ေလ့လာခဲ့တဲ့ ေလ့လာမႈအရ င႐ုတ္သီး အစိမ္းနဲ႔အဝါကို တစ္ေန႔ ၂၅ဝ ဂရမ္ စားသုံးတဲ့သူေတြဟာ တစ္ေန႔ ၆၉ ဂရမ္စားသုံးတဲ့ သူေတြနဲ႔ ႏႈိင္းယွဥ္ရင္ အေရးအေၾကာင္းျဖစ္ေပၚမႈ ေလ်ာ့နည္းေၾကာင္း သိရပါတယ္။ င႐ုတ္သီးမွာပါတဲ့ အင္တီေအာက္ဆီးဒင့္ (ဓာတ္တိုးဆန႔္က်င္ပစၥည္း)က အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစတဲ့ Free radicals ေတြကို တိုက္ဖ်က္ေပးမႈေၾကာင့္ အေရးအေၾကာင္းျဖစ္ေပၚမႈ ေလ်ာ့နည္းျခင္း     ျဖစ္ပါတယ္။

ေကာ္ဖီ
၂ဝဝ၇ ခုႏွစ္မွာ ဥေရာပႏိုင္ငံရွိ ကင္ဆာကာကြယ္ေရး ဂ်ာနယ္တစ္ခုက ေဖာ္ျပခဲ့တဲ့ ေဖာ္ျပမႈအရ ေကာ္ဖီကို ေန႔စဥ္ ေသာက္သုံးတဲ့ အမ်ိဳးသမီးေတြဟာ    မေသာက္သုံးတဲ့ အမ်ိဳးသမီးေတြဟာ မေသာက္သုံးတဲ့ အမ်ိဳးသမီးေတြနဲ႔ ႏႈိင္းယွဥ္ရင္ အေရျပားအဖုအက်ိတ္ကင္ဆာျဖစ္ပြားမႈ ၁၁ ရာခိုင္ႏႈန္းေလ်ာ့နည္း       ေၾကာင္း သိရပါတယ္။ ဒါ့ေၾကာင့္ အသားအေရ ၾကည္လင္ လွပေစဖို႔အတြက္ ေကာ္ဖီကို တစ္ေန႔ႏွစ္ခြက္နီးပါးေသာက္ေပးသင့္ပါတယ္။ ဒါေပမယ့္ ေကာ္ဖီကို အလြန္အကြၽံ ေသာက္သုံးရင္ေတာ့ အျခားက်န္းမာေရးျပႆနာေတြ ျဖစ္ႏိုင္ပါတယ္။

ကီဝီသီး
ကီဝီသီးမွာ ဗီတာမင္စီပါဝင္တဲ့အတြက္ အသားအေရကို ေခ်ာေမြ႕ေစပါတယ္။ အသာအေရေျခာက္ေသြ႕မႈ ကင္းေဝ ေစၿပီး အေရးအေၾကာင္းမ်ားကို သက္သာေပ်ာက္ကင္းေစပါတယ္။

ၾကက္ဥ
ၾကက္ဥမွာ သန္မာထြားက်ိဳင္းေစတဲ့ ပ႐ိုတင္းဓာတ္ေတြ ပါဝင္ပါတယ္။ ၾကက္ဥမွာ အဆီဓာတ္နည္းနည္းပဲ ပါတဲ့အတြက္ အသားအေရအတြက္ ေကာင္းမြန္   ေစပါတယ္။ အဆီဓာတ္ျမင့္မားရင္ အသားအေရ အိုမင္းရင့္ေရာ္မႈပို ျဖစ္ေစ ပါတယ္။

ေ႐ႊဖ႐ုံသီး
ေ႐ႊဖ႐ုံသီးမွာ ဘီတာကယ္႐ိုတင္း ဓာတ္ပါဝင္ပါတယ္။ ခႏၶာကိုယ္ကေန ဗီတာကယ္႐ိုတင္းဓာတ္ကို ဗီတာမင္ေအအျဖစ္ ေျပာင္းလဲေပးၿပီး အေရျပားဆဲလ္   ေတြကို ရွင္သန္ႀကီးထြားေစပါတယ္။ ေ႐ႊဖ႐ုံသီးစားေပးျခင္းအားျဖင့္ အသားအေရ ႏူးညံ့ေပ်ာ့ေပ်ာင္းေစပါတယ္။ အေရးအေၾကာင္းလည္း ကင္းေစပါတယ္။

ဝိုင္နီ
တစ္ေန႔ကို ဝိုင္နီဖန္ခြက္တစ္ဝက္ခန႔္ ေသာက္သုံးတဲ့ အမ်ိဳးသမီးေတြဟာ ေနေရာင္ေၾကာင့္ အသားအေရ ပ်က္စီးမႈကို ၂၈ရာခိုင္ႏႈန္းခန႔္ ကာကြယ္ေပးႏိုင္      ေၾကာင္း သိရပါတယ္။ အင္ဒီေအာက္ဆီးဒင့္ (ဓာတ္တိုးဆန႔္က်င္ပစၥည္း) ပါဝင္တဲ့အတြက္ အသားအေရကို ႏုပ်ိဳလွပေစပါတယ္။

ေနၾကာေစ့
ေနၾကာေစ့ စားသုံးျခင္းဟာ ဝက္ၿခံထြက္မႈကို ေလ်ာ့နည္းေစေၾကာင္းသိရပါတယ္။ ေနၾကာေစ့မွာ ဗီတာမင္အီး ပါဝင္တဲ့အတြက္ေၾကာင့္ စားေပးသင့္ပါတယ္။ ဝက္ၿခံျဖစ္တဲ့သူေတြနဲ႔ ဝက္ၿခံမရွိတဲ့သူေတြကို ႏႈိင္းယွဥ္ၾကည့္ရင္ ဝက္ၿခံျဖစ္တဲ့သူေတြမွာ ၃ဝ ရာခိုင္ႏႈန္း ဗီတာမင္အီး ေလ်ာ့နည္းေနေၾကာင္း ေတြ႕ရပါတယ္။ ဗီတာမင္အီးဟာ ခႏၶာကိုယ္ ခုခံအားစနစ္ တိုးတက္ေစၿပီး ဝက္ၿခံျဖစ္ေစတဲ့ အေရျပားေရာင္ရမ္းမႈေတြကို ေလ်ာ့က်ေစပါတယ္။

မုန္လာဥနီ
မုန္လာဥနီမွာ ဗီတာမင္ေအ ပါဝင္တဲ့အတြက္ အေရျပားကို ႏုပ်ိဳေစပါတယ္။ မ်က္လုံးက်န္းမာေရးအတြက္ ေကာင္းမြန္ေစပါတယ္။ ဆံေကသာကို ေတာက္   ေျပာင္ေစပါတယ္။ အသားအေရကို ေခ်ာေမြ႕ေစပါတယ္။

ကုလားပဲ
ကုလားပဲစားသုံးျခင္းဟာ ဝက္ၿခံနဲ႔ အနီအစက္အေပ်ာက္ေတြကို ေလ်ာ့နည္းေၾကာင္း သိရပါတယ္။ ကုလားပဲမွာ ပ႐ိုတင္းဓာတ္နဲ႔ အမွ်င္ဓာတ္ေတြ ပါဝင္တဲ့ ခႏၶာကိုယ္ဇီဝျဖစ္စဥ္ မွန္ကန္ေစၿပီး အသားအေရကို လွပတင္းရင္းေစပါတယ္။

Author: ၿဖိဳးသူဇာ, Healthcare Journal, vol 8,no 33 (1.9.17)

(Unicode)

အသားအရေ နုပျိုလှပခြင်းကို လူတိုင်းသဘောကျကြမှာပါ။ ဒါကြောင့် အရင်တစ်ပတ်မှာ အသားအရေ လှပစေမယ့် သဘာဝနည်းလမ်းအချို့ကို ဖော်ပြခဲ့ပါတယ်။ ယခုပတ်မှာတော့ အသားအရေလှပစေဖို့ အစားအသောက် အချို့ကို ဖော်ပြပေးချင်ပါတယ်။

ကမာ
ကမာကောင်မှာ ဇင့်ဓာတ်တွေ ပါဝင်ပါတယ်။ ဇင့်ဓာတ်အပါအဝင် သတ္တုဓာတ်တွေဟာ ခန္ဓာကိုယ်ကြီး ထွားဖို့သာမက အရေပြားဆဲလ်တွေအတွက်ပါ    အရေးပါပါတယ်။ ဇင့်ဓာတ်လျော့နည်းတဲ့အခါမှာလည်း ဝက်ခြံတွေ ထွက်ပေါ် လာနိုင်ပါတယ်။ ဒါ့ကြောင့် အသားအရေအတွက် ဇင့်ဓာတ်ပါဝင်တဲ့ ကမာ    ကောင်ကို စားပေးသင့်ပါတယ်။

ငရုတ်သီးအဝါ
ဗြိတိသျှဂျာနယ်တစ်စောင်ကနေ အာဟာရနဲ့ပတ်သက်ပြီး လေ့လာခဲ့တဲ့ လေ့လာမှုအရ ငရုတ်သီး အစိမ်းနဲ့အဝါကို တစ်နေ့ ၂၅ဝ ဂရမ် စားသုံးတဲ့သူတွေဟာ တစ်နေ့ ၆၉ ဂရမ်စားသုံးတဲ့ သူတွေနဲ့ နှိုင်းယှဉ်ရင် အရေးအကြောင်းဖြစ်ပေါ်မှု လျော့နည်းကြောင်း သိရပါတယ်။ ငရုတ်သီးမှာပါတဲ့ အင်တီအောက်ဆီးဒင့် (ဓာတ်တိုးဆန့်ကျင်ပစ္စည်း)က အိုမင်းရင့်ရော်မှုကို ဖြစ်စေတဲ့ Free radicals တွေကို တိုက်ဖျက်ပေးမှုကြောင့် အရေးအကြောင်းဖြစ်ပေါ်မှု လျော့နည်းခြင်း     ဖြစ်ပါတယ်။

ကော်ဖီ
၂ဝဝ၇ ခုနှစ်မှာ ဥရောပနိုင်ငံရှိ ကင်ဆာကာကွယ်ရေး ဂျာနယ်တစ်ခုက ဖော်ပြခဲ့တဲ့ ဖော်ပြမှုအရ ကော်ဖီကို နေ့စဉ် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ    မသောက်သုံးတဲ့ အမျိုးသမီးတွေဟာ မသောက်သုံးတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်ရင် အရေပြားအဖုအကျိတ်ကင်ဆာဖြစ်ပွားမှု ၁၁ ရာခိုင်နှုန်းလျော့နည်း       ကြောင်း သိရပါတယ်။ ဒါ့ကြောင့် အသားအရေ ကြည်လင် လှပစေဖို့အတွက် ကော်ဖီကို တစ်နေ့နှစ်ခွက်နီးပါးသောက်ပေးသင့်ပါတယ်။ ဒါပေမယ့် ကော်ဖီကို အလွန်အကျွံ သောက်သုံးရင်တော့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

ကီဝီသီး
ကီဝီသီးမှာ ဗီတာမင်စီပါဝင်တဲ့အတွက် အသားအရေကို ချောမွေ့စေပါတယ်။ အသာအရေခြောက်သွေ့မှု ကင်းဝေ စေပြီး အရေးအကြောင်းများကို သက်သာပျောက်ကင်းစေပါတယ်။

ကြက်ဥ
ကြက်ဥမှာ သန်မာထွားကျိုင်းစေတဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ ကြက်ဥမှာ အဆီဓာတ်နည်းနည်းပဲ ပါတဲ့အတွက် အသားအရေအတွက် ကောင်းမွန်   စေပါတယ်။ အဆီဓာတ်မြင့်မားရင် အသားအရေ အိုမင်းရင့်ရော်မှုပို ဖြစ်စေ ပါတယ်။

ရွှေဖရုံသီး
ရွှေဖရုံသီးမှာ ဘီတာကယ်ရိုတင်း ဓာတ်ပါဝင်ပါတယ်။ ခန္ဓာကိုယ်ကနေ ဗီတာကယ်ရိုတင်းဓာတ်ကို ဗီတာမင်အေအဖြစ် ပြောင်းလဲပေးပြီး အရေပြားဆဲလ်   တွေကို ရှင်သန်ကြီးထွားစေပါတယ်။ ရွှေဖရုံသီးစားပေးခြင်းအားဖြင့် အသားအရေ နူးညံ့ပျော့ပျောင်းစေပါတယ်။ အရေးအကြောင်းလည်း ကင်းစေပါတယ်။

ဝိုင်နီ
တစ်နေ့ကို ဝိုင်နီဖန်ခွက်တစ်ဝက်ခန့် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ နေရောင်ကြောင့် အသားအရေ ပျက်စီးမှုကို ၂၈ရာခိုင်နှုန်းခန့် ကာကွယ်ပေးနိုင်      ကြောင်း သိရပါတယ်။ အင်ဒီအောက်ဆီးဒင့် (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပါဝင်တဲ့အတွက် အသားအရေကို နုပျိုလှပစေပါတယ်။

နေကြာစေ့
နေကြာစေ့ စားသုံးခြင်းဟာ ဝက်ခြံထွက်မှုကို လျော့နည်းစေကြောင်းသိရပါတယ်။ နေကြာစေ့မှာ ဗီတာမင်အီး ပါဝင်တဲ့အတွက်ကြောင့် စားပေးသင့်ပါတယ်။ ဝက်ခြံဖြစ်တဲ့သူတွေနဲ့ ဝက်ခြံမရှိတဲ့သူတွေကို နှိုင်းယှဉ်ကြည့်ရင် ဝက်ခြံဖြစ်တဲ့သူတွေမှာ ၃ဝ ရာခိုင်နှုန်း ဗီတာမင်အီး လျော့နည်းနေကြောင်း တွေ့ရပါတယ်။ ဗီတာမင်အီးဟာ ခန္ဓာကိုယ် ခုခံအားစနစ် တိုးတက်စေပြီး ဝက်ခြံဖြစ်စေတဲ့ အရေပြားရောင်ရမ်းမှုတွေကို လျော့ကျစေပါတယ်။

မုန်လာဥနီ
မုန်လာဥနီမှာ ဗီတာမင်အေ ပါဝင်တဲ့အတွက် အရေပြားကို နုပျိုစေပါတယ်။ မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ ဆံကေသာကို တောက်   ပြောင်စေပါတယ်။ အသားအရေကို ချောမွေ့စေပါတယ်။

ကုလားပဲ
ကုလားပဲစားသုံးခြင်းဟာ ဝက်ခြံနဲ့ အနီအစက်အပျောက်တွေကို လျော့နည်းကြောင်း သိရပါတယ်။ ကုလားပဲမှာ ပရိုတင်းဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့ ခန္ဓာကိုယ်ဇီဝဖြစ်စဉ် မှန်ကန်စေပြီး အသားအရေကို လှပတင်းရင်းစေပါတယ်။

Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 33 (1.9.17)

ဆက်စပ် ဆောင်းပါးများ