fbpx

Myanmar (Covid-19 Stats)

😷 44,774 Total Cases
😥 1,095 Deaths
😇 24,920 Recovered

အသားအရေအလှအပအတွက်နံနံပင်

အစိမ်းရောင်သစ်ရွက်တွေဟာ အသားရေအလှအပအတွက် ကောင်းမွန်တဲ့ လျှို့ဝှက်ချက်ပါပဲ။ ရိုးရာအစဉ်အလာ အရ နံနံပင်ဟာ ဟင်းချက်ရာမှာ အမွှေးအကြိုင်အဖြစ် မပါမဖြစ်သလို အသားအရေအတွက်လည်း အင်မတန်မှ အသုံးဝင်ပါ တယ်။ နံနံပင်ဟာ အနံ့ကောင်းတဲ့ ဆေးဘက်ဝင် ဟင်းခတ် အမွှေးကြိုင်ပါ။ လတ်ဆတ်တဲ့ အနံ့တွေကို ရှူရိုက်ရတဲ့အခါ ချက်ချင်း လန်းဆန်းနုပျိုစေပါတယ်။ နံနံပင်ရဲ့ အနားရင်မှုကို သက်သာစေတဲ့ အစွမ်းဟာလည်း တန်ဖိုးမဖြတ်နိုင်လောက် အောင်ပါပဲ။

နံနံပင်ရဲ့ အသားအရေအတွက် ကောင်းကျိုးများ
နံနံပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဗီတာမင်စီနဲ့ ဗီတာကယ်ရိုတင်းဓာတ်တွေ ပါဝင်တဲ့အတွက် အသားအရေ နူးညံ့ပျော့ပျောင်းပြီး အရေပြားဆဲလ်တွေကို ကောင်းမွန်စေပါသည်။ နံနံပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့အတွက် တင်းမာမှုတွေကို လျော့ကျစေပြီး ခန္ဓာကိုယ်တစ်သျှူးများ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ Free Radicals တွေ ရွေ့လျားမှုကို ဟန့်တားပေးတဲ့အတွက် အိုမင်းရင့်ရော်မှုကို ကာကွယ် ပေးပါတယ်။

နံနံပင်မှာပါဝင်တဲ့ စွမ်းအားကြီးတဲ့ သံဓာတ်ဟာဆိုရင် သွေးနီဥတွေမှာ အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်ဓာတ်တွေကို တိုးတက်ကောင်းမွန်လာစေပါတယ်။ အသားအရေ ခြောက်သွေ့ ကြမ်းတမ်း မကြည်လင်မှုတွေ ဖြစ်စေတဲ့ သွေးအားနည်း ရောဂါ၊ ဒူလာ၊ မီးယပ်စတဲ့ ရောဂါတွေကို ကာကွယ်ပေးပါတယ်။ အသားအရေအဆီအပြန်တဲ့သူ၊ ခြောက်သွေ့ တဲ့သူ ဒါမှမဟုတ် နှစ်ခုလုံးဖြစ်နေတဲ့ သူတွေဟာ မနက်ခင်းတိုင်း ဘာမှမစားခင် လတ်ဆတ်တဲ့ နံနံပင်ကို ဝါးစား ပေးသင့်ပါတယ်။ ဒါဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။

ဝက်ခြံထွက်ခြင်း၊ အဆီပြန်ခြင်း၊ အသားအရေ ခြောက်သွေ့ ခြင်းနဲ့ ဆားဝက်ခြံဖြစ်ခြင်းတွေကို နံနံပင်အရည်က သိသိသာသာ အံ့သြဖွယ်ကောင်းလောက်အောင် ပျောက်ကင်းစေနိုင်ပါတယ်။ ဝဲ၊ နှင်းခူကိုတောင် သက်သာပျောက်ကင်း စေနိုင်ပါတယ်။ နှုတ်ခမ်းသားမဲခြင်း၊ အညိုအမည်းဖြစ်ခြင်းတွေကို သက်သာစေပါတယ်။

အသားအရေအတွက် နံနံပင်ကို အသုံးပြုရန် နည်းလမ်းများ

၁။ နံနံပင်နဲ့ ရှားစောင်းလက်ပတ်
နံနံပင်ကို ကြိတ်ချေပြီး ရှားစောင်းလက်ပတ်အနှစ်နဲ့ ရောနယ်ကာ မျက်နာနဲ့ ခန္ဓာကိုယ်အသားအရေပေါ်မှာ သုတ်လိမ်းပေးခြင်းအားဖြင့် ပါးရေတွန့်ခြင်းနဲ့ အရေးအကြောင်းတွေကို သက်သာပျောက်ကင်း စေပါတယ်။

၂။ နံနံပင်နဲ့ သံပုရာရည်
နံနံပင်ကို ကြိတ်ချေပြီး သံပုရာရည်နဲ့ ရောနယ်ကာ ဝက်ခြံနဲ့ ဆားဝက်ခြံတွေ ဖြစ်တဲ့နေရာကို သုတ်လိမ်းပေးပါ။ တစ်ပြင်လုံးလိမ်းလျှင်လည်း ရပါတယ်။ ပုံမှန်လုပ်ပေးပါက အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဝက်ခြံနဲ့ ဆားဝက်ခြံ များ ကင်းစင်သော အသားအရေနုပျိုစိုပြေစေပါတယ်။

၃။ နံနံပင်မျက်နှာပေါင်းဆေး
နံနံပင်ကို ကြိတ်ချေကာ နွားနို့၊ ပျားရည်၊ သံပုရာရှည်တို့ရောနယ်ပြီး မျက်နှာပေါ် သုတ်လိမ်းပေးပါ။ ပုံမှန်လုပ်ပေပါက အသားအရေ ကြည်လင်းဝင်းပလာစေမှာပါ။

၄။ နံနံပင်၊ ဆန်နဲ့ ဒိန်ချဉ်
နံနံပင်ကိုကြိတ်ခြေကာ ဆန်၊ ဒိန်ချဉ်တို့နဲ့ ရောနယ်ပြီး ၊ Mask (မျက်နှာပေါင်းဆေး) သဖွယ် ထူထူလေး သုတ်ပေး ပါ။ ဒါဟာ မျက်နှာကြွက်သားတွေတွက် ကောင်းမွန်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးတာ မျက်နှာကိုကြည်လင် လန်းဆန်းစေပါတယ်။

Author: ဖြိုးသူဇာ, Healthcare Journal, vol 8,no 34 (8.9.17)

 

ဆက်စပ် ဆောင်းပါးများ