အမေရိကန်နိုင်ငံ GE(General Electric) ထုတ် နှလုံးသွေးကြော ပိတ်ဆို့နေမှုအခြေအနေနဲ့ နှလုံး ကြွက်သားတွေရဲ့ လုပ်ငန်းဆောင်ရွက်နိုင်တဲ့ပမာဏရာခိုင်နှုန်း ၉၀ အထိ မှန်ကန်အောင် တိုင်း တာနိုင်သောစက် (Myocardial Perfusion Scan) ကို ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံမှာ တပ်ဆင်ကုသပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါစက်ဖြင့် နှလုံးကြွက် သားတွေ သွေးရ ရှိမှုကို တိတိကျကျ စစ်ဆေးပေးနိုင်တာ၊ နှလုံးကြွက်သားတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို ဆုံး ဖြတ်ပေးနိုင်တာ၊ ရှင်သန်နိုင်သေးတဲ့ နှလုံးတစ်ရှူးတွေကို ခွဲခြားပေးနိုင်တာ စတာတွေကို စမ်းသပ် စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။ နှလုံးကြွက်သားတွေ ရှင်သန်မှုတွေ ရရမယ်။ နှလုံးသွေးကြော ပိတ်တာတွေရယ်၊ နှလုံးရဲ့ ဘယ်ဘက်သွေးညှစ်ခန်းရဲ့ ဖန်ရှင်တွေ သိအောင်လုပ်ဖို့အတွက် ဒီစက် က အင်မတန်အရေးကြီးပါတယ်။ နှလုံးကြွက်သားရဲ့ရှင်သန်မှုကိုတိုင်းတဲ့အခါမှာ အန္တရာယ်ပေးမှု အနည်းဆုံးစက် ဖြစ်တယ်လို့လည်း သိရပါတယ်။ ဧပြီလကုန်ပိုင်းမှာ အဆိုပါစက်နဲ့ ရောဂါရှာဖွေစမ်းသပ် စစ်ဆေးမယ့် လူနာရှင် ၂၆ ယောက်လောက်ရှိပြီး ကုန်ကျငွေက နှစ်သိန်း ခုနစ်သောင်းခန့် ရှိပါတယ်။
အာရှတော်ဆေးရုံမှာ ရောဂါရှာဖွေစမ်းသပ် ပေးမှုကို တစ်လလျှင် တစ်ကြိမ်သာ စစ်ဆေးပေးသွားမှာဖြစ်ပြီး ရောဂါစစ်ဆေးမှု ပြုလုပ်လိုသူတွေအနေဖြင့် ကြိုတင် စာရင်းပေးသွင်းရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။