fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

ဝမ်းသာရမှာလား ဝမ်းနည်းရမှာလား ကိုရိုနာ

26
VIEWS
Share on FacebookShare on TwitterShare on Linkedin
06/03/2020
in ကျန်းမာရေးသတင်းများ, ကိုဗစ်ရောဂါ
1 min read
A A

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်က ဝူဟန်ဆိုတဲ့ မြို့လေးက ခုဆိုရင်တော့ တစ်ကမ္ဘာလုံး မသိသူမရှိတော့သလောက်ဖြစ်သွားပါပြီ။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလလယ်မှာ ဝူဟန်မြို့ ပင်လယ်စာဈေးတစ်ခုက စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး အသစ်တစ်ခုရဲ့ ခြိမ်းခြောက်မှုက ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခုအဖြစ် လက်ရှိအချိန်အထိ တည်ရှိနေဆဲဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိဒီစာကို ရေးနေချိန်အထိ နောက်ဆုံးရသတင်းတွေအရ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ရောဂါကူးစက်ခံထားရသူပေါင်း တစ်သိန်းနီးပါး ရှိနေပြီဖြစ်ပြီး သေဆုံးသူပေါင်း ၃၁၉၈ ဦးအထိရှိလာပြီဖြစ်ပါတယ်။
ရောဂါဖြစ်ပွားနှုန်း ပိုမြင့်လာသလို Case fatality Rate လို့ခေါ်တဲ့  သေနှုန်းကလည်း ဖေဖော်ဝါရီလဆန်းမှာ ၂ % ကျော်ကျော်ပဲ ရှိခဲ့ရာက အခုဆိုရင် ၃.၄ % အထိရှိနေပြီဖြစ်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ခရီးသွားလာရေးလုပ်ငန်းတွေမှာလည်း နိုင်ငံတိုင်းမှာ ထိခိုက်ဆုံးရှံးမှုတွေ ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တစ်ခုအရ နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ကျောင်းတွေပိတ်ထားပြီး ကလေးပေါင်း သန်း ၃၀၀ နီးပါး ကျောင်းပြင်ပရောက်နေကြရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိတော့ ဒီရောဂါပိုးဟာ ကလေးတွေကို ထိခိုက်စေမှု နည်းတယ်လို့တော့ သိရပါတယ်။

အရင်က ကိုယ်ပိုင်နာမည်တောင်မရှိသေးတဲ့ ကိုရိုနာအမျိုးအစား ဒီဗိုင်းရပ်စ်ကို COVID-19 လို့ နာမည်ပေးခဲ့ပေးခဲ့ပြီး ခုဆိုရင်တော့ ရောဂါပိုးမတွေ့သေးတဲ့ နိုင်ငံတွေကိုပဲ လက်ချိုးရေတွက်နေရတဲ့ အနေအထားဖြစ်နေပါပြီ။
ပိုးမတွေ့သေးတဲ့ နိုင်ငံတွေမှာလည်း ဘယ်အချိန်မှာများ ပေါ်ထွက်လာမလဲ ရင်တထိတ်ထိတ်နဲ့ တားဆီးထိန်းချုပ်မှုတွေလုပ်နေရပါတယ်။

မြန်မာနိုင်ငံ

လက်ရှိအချိန်အထိ ရောဂါကူးစက်ခံရသူမရှိသေးတဲ့ မြန်မာနိုင်ငံအတွက်တော့ ဝမ်းသာစရာလား ဝမ်းနည်းစရာလား ပျော်စရာလား ကြောက်စရာလား ဝေခွဲရခက်တဲ့ အခြေအနေတစ်ခုရောက်နေတယ်လို့ ဆိုရပါမယ်။

၅.၃.၂၀၂၀ ထုတ် အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ The Sun သတင်းစာရဲ့ သတင်းတစ်ပုဒ်မှာ လာမဲ့ နွေရာသီအားလပ်ရပ်တွေမှာ ယူကေနဲ့ နိုင်ငံတကာခရီးသွားတွေ သွားရောက်လည်ပတ်ဖို့အတွက်  COVID- 19 ကူးစက်ခံရမှုမရှိသေးတဲ့ နိုင်ငံတွေထဲက ၁၂ နိုင်ငံကို စာရင်းပြုစုပေးခဲ့ပါတယ်။
ဒါ့အပြင် စာဖတ်သူတွေရဲ့ အားလပ်ရပ်ခရီးသွားလာမှု အစီအစဉ်တွေရှိမရှိ၊ ဖျက်သိမ်း/မသိမ်း စစ်တမ်းတစ်ခုလည်း ကောက်ယူတာတွေ့ရပါတယ်။
ဒီစာရင်းမှာ တူရကီ၊ ဘူလ်ဂေးရီးယား၊ မော်လ်ဒိုက်ဗ် စတဲ့ နိုင်ငံတွေနဲ့ အတူ မြန်မာနိုင်ငံပါပါဝင်နေခဲ့ပါတယ်။

ရောဂါကူးစက်နှုန်း စာရင်းတွေပြတိုင်း ကမ္ဘာ့မြေပုံပေါ်မှာ အရောင်ချယ်မခံရဘဲလွတ်နေတဲ့ မြန်မာနိုင်ငံဟာ ခုဆိုရင် နိုင်ငံတကာခရီးသွားတွေရဲ့ အားလပ်ရပ်အတွက် မျက်စိကျစရာ ဖြစ်လာပြီလို့ဆိုရပါမယ်။

ဖွံ့ဖြိုးစနိုင်ငံတစ်ခုအနေနဲ့ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုမြင့်တက်လာခြင်းဟာ နိုင်ငံအတွင်းကို ငွေတွေဝင်လာခြင်းဖြစ်လို့ ဝမ်းသာစရာတစ်ခုလို့ ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဒီနိုင်ငံတကာ ခရီးသွားတွေနဲ့ အတူ COVID-19 ပါပါလာခဲ့ရင်တော့ ကမ္ဘာ့ကျန်းမာရေးစနစ်အဆင့်သတ်မှတ်ချက်စာရင်းမှာ နိုင်ငံပေါင်း ၁၉၀ မှာ အဆင့် ၁၉၀ မှာရပ်တည်နေတဲ့ မြန်မာနိုင်ငံအတွက်တော့ ရင်လေးစရာ အခြေအနေတစ်ခုဖြစ်သွားနိုင်ပါတယ်။

မြန်မာနိုင်ငံကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကတော့ လက်ရှိမှာ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်
ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို
– အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ်များ
– ဆေးရုံအခြေပြုနှင့် ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ
– ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ စောင့်ကြည့်ခြင်းများ
စတဲ့ နည်းလမ်းတွေနဲ့ ထိန်းချုပ်စောင့်ကြည့် ကာကွယ်ပေးနေပေမဲ့ အခြေအနေတွေသာ တစ်မျိုးတဖုံ ပြောင်းလဲသွားခဲ့ရင် တကယ့်ကို ကြောက်စရာပါ။

လတ်တလော မြန်မာနိုင်ငံသားတွေ ဘာလုပ်ရမလဲ ?

– မြန်မာပြည်သူလူထုအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန နဲ့ တခြားသော ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ လမ်းညွှန်ချက်၊ ထုတ်ပြန်ချက်တွေကိုပဲ လိုက်နာပါ
– သတင်းမှားတွေနဲ့ ပြည်သူလူထုကို ကြောက်လန့်စေမဲ့အစား ရောဂါကာကွယ်ဖို့နည်းလမ်းတွေကို လူတိုင်းသိရှိလိုက်နာစေဖို့ အကူအညီပေးပါ။
– ကိုယ်ခံအားကောင်းအောင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။
– နာတာရှည်ရောဂါသည်တွေ၊ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်ပါ။
– နေမကောင်းဖြစ်နေသူတွေ ၊ နှာစေး ချောင်းဆိုး ဖြစ်နေသူတွေ တတ်နိုင်သမျှ အပြင်မထွက်ပါနဲ့။
နှာချေ၊ချောင်းဆိုးတိုင်း နှာခေါင်းနဲ့ ပါးစပ်ကို လုံအောင်အုပ်ပါ။
– တတ်နိုင်သမျှ လူစုလူဝေးရှောင်ပါ
– နေမကောင်းဖြစ်နေသူကလွဲရင်၊ နေမကောင်းဖြစ်နေသူအနားမှာ နေရသူကလွဲရင် နှာခေါင်းစည်းတပ်ဖို့မလိုပါ။
– လက်ကိုသာ ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးပါ…အပြင်ကပြန်လာတိုင်းလက်ဆေးပါ
အပြင်သွားရင် အလ်ကိုဟော ပါဝင်တဲ့ လက်သန့်ဆေးရည်ဘူးလေးတွေ ဆောင်ထားပါ

လက်ရှိအချိန်အထိ ကာကွယ်ဆေး၊ကုသဆေးတွေ မပေါ်ပေါက်သေးတာမို့ ခုလောလောဆယ် ကျွန်တော်တို့ အားလုံးတတ်နိုင်တာတော့ ဒီအချက်တွေကို စနစ်တကျ အတိအကျလိုက်နာရင်း ရောဂါကူးစက်ပျံ့ပွားနှုန်းကို လျှော့ချသွားဖို့နဲ့ ကျွန်တော်တို့ ချစ်တဲ့ ကမ္ဘာမြေမှာ ဒီရောဂါကပ်ဆိုးကြီး အမြန်ကွယ်ပျောက်သွားပါစေကြောင်း ဆုတောင်းနေဖို့ပါပဲ။

ကျန်းမာပျော်ရွှင်ကြပါစေ..

Dr ဖြိုးဝေလင်း
(၆.၃.၂၀၂၀)

Previous Post

ကြက်ညှာချောင်းဆိုး

Next Post

သွားကျဉ်ခြင်းအကြောင်း တစေ့တစောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

အိုမီခရွန်ဖြစ်ပြီးနောက်ပိုင်း ချောင်းဆိုးကျန်နေတယ်ဆိုလျှင် …

3 years ago
506

ကာကွယ်ဆေးတွေက အိုမီခရွန်အတွက် စွမ်းရဲ့လား

3 years ago
234

အိမ်မွေးတိရစ္ဆာန်တွေကို ကိုဗစ်ကူးစက်နိုင်သလား

3 years ago
182

ကာကွယ်ဆေးထိုးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒါတွေစစ်ပါ

3 years ago
189

အိုမီခရွန်က တခြားမျိုးကွဲတွေထက် ဘာကြောင့်ကူးစက်မှုပိုမြန်တာလဲ ?

3 years ago
395

ကိုဗစ်ကာကွယ်ကုသမှုနဲ့ပတ်သက်တဲ့ အယူအဆအမှားများ

3 years ago
125

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သွားကျဉ်ခြင်းအကြောင်း တစေ့တစောင်း

ဝါစိမ်းနီ တပ်ပေါင်းစုရဲ့ Antioxidant စွမ်းအား

လူ၊ သွားတိုက်တံ၊ သွားတိုက်ဆေး နဲ့ လှပတဲ့ အပြုံးတွေ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.