fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

“သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေနဲ့ကံစမ်းစို့” ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ်မှ အပတ်စဉ်ကံထူးရှင်များကို ရွေးချယ်သွားမည်”

82
VIEWS
Share on FacebookShare on TwitterShare on Linkedin
11/07/2020
in ကျန်းမာရေးသတင်းများ
1 min read
A A

အဆိုပါ အစီအစဉ်မိတ်ဆက်ပွဲကို သရုပ်ဆောင် ပိုင်ဖြိုးသုနှင့်နေတိုး တို့မှ MRTV 4ရုပ်သံလိုင်း၏ တီဗွီအစီအစဉ်များမှတဆင့် တင်ဆက်ခဲ့ပြီး နက်စ်လေ မြန်မာ၏ ပရိုမိုးရှင်းအစီအစဉ်မှ ငွေသားဆုမဲများစွာကို ကံထူးနိုင်မည့် အခွင့်အလမ်းများအကြောင်း တင်ဆက်ခဲ့ပါသည်။

ဇူလိုင်လ (၆) ရက်နေ့၊ ၂၀၂၀ ခုနှစ်၊ ရန်ကုန်၊ မြန်မာ။     ။ မထင်မှတ်သော ပြောင်းလဲမှုများနှင့် အဖြစ်အပျက်များကြောင့် ယခုနှစ်သည် မြန်မာနိုင်ငံသားအားလုံးအတွက် စိတ်ဖိစီးမှုများ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စများနှင့်  စိန်ခေါ်မှုများသော နှစ်တစ်နှစ် ဖြစ်ပါသည်။ သို့သော် ငြားလည်း မြန်မာနိုင်ငံရှိ စားသုံးသူများ အနေဖြင့် ၎င်းတို့၏ စိတ်ကူးထဲမှ အနာဂါတ်ကို ဆက်လက် ပုံဖော်နိုင်ရန် အကောင်းဆုံး ကြိုးစားလျက်ရှိပါသည်။ ထိုသို့ ကြိုးစားနေစဉ်တွင် မိမိချစ်ခင်နှစ်သက်ရသူများ၊ မိသားစုဝင်များ အနေဖြင့် ကျန်းမာသော နေထိုင်မှုဘဝ ရရှိရန်အတွက် အာဟာရပြည့်ဝနေဖို့ အရေးကြီးပါသည်။

နက်စ်လေမြန်မာအနေဖြင့် မိမိတို့ အလေးထားရသော စားသုံးသူများမှ ယခုကဲ့သို့ ဖြစ်ပွားနေသော ပြောင်းလဲမှုနှင့် စိန်ခေါ်မှုများကို ကျော်လွှားရင်း ချစ်ခင်ရသူများ၊ မိသားစုဝင်များအတွက် လုပ်ဆောင်မြဲဖြစ်သော တာဝန် ဝတ္တရားများကို ဆက်လက် လုပ်ဆောင်နိုင်ရန် အားပေးကူညီလျက်ရှိပါသည်။ ထို့ကြောင့် နက်စ်လေမြန်မာမှ ပြည်တွင်းနေရာ အနှံ့အပြား ရှိစားသုံးသူများအတွက် ၎င်းတို့ရည်မှန်းထားသော အနာဂါတ်ကို ဆက်လက် ပုံဖော်နိုင်စေရန် စိတ်လှုပ်ရှားစရာ အစီအ စဉ်တစ်ခုဖြစ်သည့် “သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေနဲ့ ကံစမ်းစို့” ပရိုမိုးရှင်း အစီအစဉ်ကို ပြုလုပ်ပေးသွားမည် ဖြစ်ပြီး အဆိုပါအစီအစဉ်မှ ကံထူးရှင်များကို အပတ်စဉ် ရွေးချယ်သွားမည် ဖြစ်ပါသည်။
“ဒီအစီအစဉ်ကတော့ နက်စ်လေမှ စားသုံးသူတွေကို ကူညီပံ့ပိုး ပေးသွားမယ့် ကနဦး လုပ်ဆောင်ချက် အစီအစဉ် တစ်ခု ဖြစ်ပြီးတော့ ဒီလုပ်ဆောင်ချက်ဟာ အခုလို ငွေကြေးပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေ ရှိနေရချိန်မှာ စားသုံးသူတွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု အကူအညီပေးနိုင်မယ့် လက်တစ်စုံ ဖြစ်မယ်လို့ နက်စ်လေက ယုံကြည်ပါတယ်။” ဟု နက်စ်လေမြန်မာ၏ Head of Corporate Affairs ဖြစ်သူ မမွန်ဇာမျိုးအောင် မှ ပြောကြားခဲ့ ပါသည်။

“သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေနဲ့ ကံစမ်းစို့” ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ်ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့ကတည်းက စတင်နေပြီဖြစ်ပြီး၊ ကံစမ်းမဲ အစီအစဉ် နောက်ဆုံးကာလမှာ စက်တင်ဘာလ (၁၁) ရက်နေ့ ည ၁၂ နာရီတိတိ ဖြစ်သည်။ ကံထူးရှင်ရွေးချယ်မှုအား ဇူလိုင်လ(၁၇)ရက်နေ့မှစတင်ကာ အပတ်စဉ် သောကြာနေ့တိုင်း  ပြုလုပ် သွားမည်ဖြစ်ပြီး နက်စ်လေမြန်မာ၏ဖေ့စ်ဘုတ် စာမျက်နှာတွင် တိုက်ရိုက် ထုတ်လွှင့် ရွေးချယ်ပေး သွားမည် ဖြစ်ပါ သည်။ယခုကျင်းပ ပြုလုပ်လျက်ရှိသော ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဥ် မိတ်ဆက်ပွဲကို တစ်နိုင်ငံလုံးရှိ စားသုံးသူ များ အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် အတွက် ဇူလိုင်လ (၆) ရက်နေ့ နံနက်ခင်းပိုင်းတွင် MRTV 4 ရုပ်သံလိုင်း၏ တီဗွီအစီအစဉ်များ မှတဆင့် ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့ပါသည်။ ပရိုမိုးရှင်း အစီအစဉ် အကြောင်း ပိုမိုသိရှိနိုင် စေရန်အတွက် ပြည်သူချစ် သရုပ်ဆောင် ပိုင်ဖြိုးသုမှ မင်္ဂလာပါနံနက်ခင်း အစီအစဉ်နှင့် သရုပ်ဆောင်နေတိုးမှ ခေတ်သစ် ပျိုမေ အစီအစဉ်တွင် နက်စ်လေ မြန်မာမှ တာဝန်ရှိသူနှင့် အတူ တင်ဆက်ပေးခဲ့ပါသည်။

သရုပ်ဆောင်အကယ်ဒမီ ပိုင်ဖြိုးသုမှ “အခုလိုမျိုး ခက်ခဲနေတဲ့အချိန်ကာဟာ ကျွန်မတို့တတွေရော တစ်နိုင်ငံလုံးက ပြည်သူတွေဟာ မသေချာ မရေရာမှုတွေကြောင့် ငွေကြေးနဲ့ ပတ်သက်တဲ့ စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် အခုအချိန်မှာ နက်စ်လေ မြန်မာကနေ ပြုလုပ်ပေးတဲ့ သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေနဲ့ ကံစမ်းစို့ ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ်ဟာ ပြည်တွင်းက နက်စ်လေရဲ့ ပရိသတ်အတွက်တော့ ဒီလိုအချိန်မျိုးမှာ သူတို့ရဲ့ စိတ်ကူးထဲက အနာဂါတ်ကို ဆက်လက်ပုံဖော်ရင်း ကိုယ်ချစ်ရတဲ့သူတွေ၊ မိသားစုဝင်တွေကိုလည်း ဆက်လက်ပြီး ဂရုစိုက်နိုင်ဖို့အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေမှာ အမှန်ပါပဲ။ ဒါကြောင့်လည်း ဒီလိုမျိုး ရည်ရွယ်ချက်ကောင်း နဲ့ ပြုလုပ်ပေးတဲ့ နက်စ်လေမြန်မာကိုလည်း နက်စ်လေ ပရိသတ်တွေကိုယ်စား ကျွန်မကနေ  ကျေးဇူးတင်ချင်ပါတယ်။” ဟုဇူလိုင်လ (၆) ရက်နေ့တွင် ထုတ်လွှင့်သွားသော MRTV 4 ၏ မင်္ဂလာပါနံနက်ခင်း တီဗွီအစီအစဉ်မှတဆင့် ပြောကြား ခဲ့ပါသည်။

ယခုကျင်းပသော ပြည်လုံးကျွတ် ပရိုမိုးရှင်း အစီအစဉ် မှတဆင့် စားသုံးသူများ အနေဖြင့် နက်စ်လေ၏ အရည်အသွေး မြင့် ထုတ်ကုန်ပစ္စည်းများကို ဝယ်ယူရင်း စုစုပေါင်း သိန်း ၅၀၀၀ ကျပ် တန်ဖိုးရှိသော ငွေသားဆုမဲများကို ကံစမ်းနိုင်မည့် အခွင့်အရေးအား ရရှိမည်ဖြစ်ပါသည်။ ကံစမ်းမဲ အစီအစဉ်အတွင် ပါဝင်ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်သည်။

(၁) သတ်မှတ်ထားသော ပရိုမိုးရှင်း စတေကာ ပါဝင်သော နက်စ်လေ ထုတ်ကုန်များအား ဝယ်ယူပါ။
(၂) စတေကာတွင် ပါဝင်သော QR code ကို စကင်ဖတ်ပါ။ ထိုအခါ နက်စ်လေမြန်မာ ဖေ့စ်ဘုတ် စာမျက်နှာ၏ ချက်ဘောက် ဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။ သို့မဟုတ် နက်စ်လေ မြန်မာ ဖေ့စ်ဘုတ် စာမျက်နှာ၏ ချက်ဘောက်သို့ သွားရောက်ပါ။ ချက်ဘောက်တွင် ပရိုမိုးရှင်း စတေကာ၌ ဖော်ပြထားသော သတ်မှတ် ဘားကုဒ် နံပါတ် ကို ရိုက်ထည့်ပါ။
(၃) ကုဒ်နံပါတ် မှန်ကန်ပါက ချက်ဘောက်မှ အလိုအလျောက် စနစ်ဖြင့် မေးမြန်းသည်များကို ဆက်လက် ဖြည့်သွင်းပါ။

အချက်အလက်များ အားလုံးမှန်ကန်စွာ ဖြည့်စွက်ပြီးသည်နှင့် တပြိုင်နက်၊ ပါဝင်သူသည် ယခုပရိုမိုးရှင်းတွင် ပါဝင်ပြီး ဖြစ်ကြောင်း အတည်ပြုချက်အနေဖြင့် “ကျေးဇူးတင်ပါတယ်။” ဟူသော စာတိုအား လက်ခံရရှိသွားမည်ဖြစ်ပြီး၊ Nestle Myanmar (Trading) Limited ၏ အချက်အလက် ဒေတာဖိုင်တွင် သတ်မှတ်ချက်ပြည့်မီသော ဝင်ခွင့်များကို သိမ်းဆည်းထားမည် ဖြစ်သည်။

ကံထူးရှင်ရွေးချယ်မှု အစီအစဉ်ကို နက်စ်လေမြန်မာ၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ဇူလိုင်လ (၁၇) ရက်နေ့မှစတင်ကာ အပတ်စဉ် သောကြာနေ့ ညနေ (၆) နာရီအချိန်တွင် တိုက်ရိုက် ထုတ်လွှင့်သွားမည်ဖြစ်ပြီး သတ်မှတ်ချက်ပြည့်မီသော ကံစမ်းမဲနံပါတ်များကို မျှတပြီး ဘက်လိုက်မှုမရှိသော ကျပန်းရွေးချယ်မှု ပုံစံဖြင့် ရွေးချယ် ကြေငြာပေးသွားမည် ဖြစ်ပါသည်။

ဤအစီအစဉ်မှ တဆင့် နက်စ်လေ၏ စားသုံးသူများအနေဖြင့် စုစုပေါင်း ကျပ် သိန်း ၅၀၀၀ တန်ဖိုးရှိ ငွေသားဆုမဲများကို ကံထူးနိုင်မည်ဖြစ်ပါသည်။ ဆုအမျိုးအစားများမှာ

• ငွေသားဆု ကျပ် ၁၅၀ သိန်းအား ကံထူးနိုင်မည့် အခွင့်အရေး ၂ ဆု
• ငွေသားဆု ကျပ် ၁၀၀ သိန်းအား ကံထူးနိုင်မည့် အခွင့်အရေး ၁၀ ဆု
• ငွေသားဆု ကျပ် ၅၀ သိန်းအား ကံထူးနိုင်မည့် အခွင့်အရေး ၂၀ ဆု
• ငွေသားဆု ကျပ် ၁၀ သိန်းအား ကံထူးနိုင်မည့် အခွင့်အရေး ၃၀ ဆု
• ငွေသားဆု ကျပ် ၅ သိန်းအား ကံထူးနိုင်မည့် အခွင့်အရေး ၄၈၀ ဆု

စုစုပေါင်း ဆုမဲ အရေအတွက် (၅၄၂) ဆုဖြစ်ပြီး တန်ဖိုးမှာ သိန်း ၅၀၀၀ ကျပ်ဖြစ်ပါသည်။ “သိန်းပေါင်း ၅၀၀၀ ကံထူးဖို့၊ နက်စ်လေနဲ့ ကံစမ်းစို့” အစီအစဉ်တွင် ပါဝင်ကံစမ်းရင်း နက်စ်လေမြန်မာ၏ အရည်အသွေးပြည့်မီသော စားသောက်ကုန် များကို ဝယ်ယူစားသုံးရင်း ကျန်းမာသော လူနေမှုဘဝကို ပိုင်ဆိုင်ကာ ပြောင်းလဲမှုများကို  ဖြတ်ကျော် နိုင်ရန် အတွက် ငွေသားဆုမဲများကို ကံစမ်းနိုင်မည် ဖြစ်ပါသည်။

ဝင်ခွင့်နှင့် ငွေသားကံစမ်းမဲ ဆုရှင် ရွေးချယ်မှုအတွက် သတ်မှတ်ချက်နှင့် စည်းကမ်းများကို ဖော်ပြထားပါသည်။ ပိုမိုသိရှိလိုပါက facebook.com/NestleMyanmar တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

– ပြီး –

NESTLÉ GLOBAL အကြောင်း
နက်စ်လေ သည် ကမ္ဘာတစ်ဝှမ်းတွင် အကြီးဆုံး စားသောက်ကုန် ပစ္စည်း များအား ဖြန့်ဖြူးရောင်းချနေသည့်   ထိပ်တန်း ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံတွင် ရုံးခွဲများတည်ရှိပြီး၊  ဝန်ထမ်းပေါင်း ၃၂၈၀၀၀ မှ  နက်စ်လေ၏ မူလ ရည်ရွယ်ချက် ဖြစ်သော လူမှုဘဝ ပိုမို မြှင့်တင်ရေးနှင့် ပိုမို ကျန်းမာသော  အနာဂတ်အား  ပံ့ပိုးပေးရန်  ကတိကဝတ် ပြုလျက် ရှိသည်။ နက်စ်လေမှ စားသုံးသူလူထုနှင့် အိမ်မွေးတိရစ္ဆာန်များ အတွက် များပြားသော ထုတ်ကုန် ပစ္စည်းအမျိုးအစားများနှင့် ဝန်ဆောင်မှုများအား ပေးလျက်ရှိပါသည်။ NESCAFÉ သို့မဟုတ် NESPRESSO  အစရှိသော တစ်ကမ္ဘာလုံး အသိအမှတ်ပြု  ကုန်အမှတ်တံဆိပ် မှသည် ဒေသခံများ ကြိုက်နှစ်သက်ကြသော Ninho အထိ ကုန်အမှတ် တံဆိပ်ပေါင်း ၂၀၀၀  ကျော်အား  ပိုင်ဆိုင်ထားပါသည်။ အာဟာရ၊ ကျန်းမာရေးနှင့် ကျန်းသုခ (Nutrition,  Health and Wellness) စသည့်   မဟာနည်းဗျူဟာများဖြင့် ကုမ္ပဏီအား ကောင်းမွန်စွာ လည်ပတ်လျက် ရှိပါသည်။ နက်စ်လေအား ဆွစ်ဇာလန်နိုင်ငံ Vevey မြို့တွင် လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ကျော်ခန့်က စတင်တည်ထောင် ခဲ့ပါသည်။

နက်စ်လေမြန်မာ အကြောင်း
နက်စ်လေ၏ ထုတ်ကုန်ပစ္စည်းများသည် မြန်မာနိုင်ငံသို့ ၁၉၁၅ ခုနှစ်ကတည်းက စတင်ရောက်ရှိခဲ့ပြီး Nestlé Myanmar (Trading) Ltd  အား ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ MDG (Myanmar Distribution Group) နှင့်  လက်တွဲကာ နက်စ်လေ သည် ၎င်း၏ အရည်အသွေးမြင့် ထုတ်ကုန်များ ဖြစ်ကြသော NESCAFÉ, MILO, NESTLÉ BEAR  BRAND, MAGGI,  LACTOGEN, CERELAC နှင့် NAN အစရှိသည့် ကုန်အမှတ်တံဆိပ်များအား  ရောင်းချလျက် ရှိပါသည်။

Previous Post

ဝမ်းချုပ်ခြင်းကြောင့် စိတ်မရှုပ်ရစေလို

Next Post

အစာအိမ်နှင့် အဆာရေချိန်

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သွေးတွင်းသကြားဓာတ်တည်ငြိမ်စေရန် ထိန်းချုပ်ခြင်း

4 years ago
950

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

ဆီးချိုသွေးချိုရောဂါမဖြစ်ဖို့သတိထားရမယ့် ရှေ့ပြေးဆီးချိုရောဂါ

4 years ago
813

ဒဏ်ရာအနာ ပိုးဝင်ပြည်တည်လျှင်

4 years ago
3.9k

ကြွက်သားနာကျင်နေပြီဆိုလျှင်

4 years ago
2.3k

ကလေးငယ်များအဖျားကျစေရန် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

4 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အစာအိမ်နှင့် အဆာရေချိန်

သားသားမီးမီးလေးတွေ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာစေဖို့ မေမေတို့ရဲ့အရေးကြီးတဲ့အခန်းကဏ္ဍ

တကယ်အောင်မြင်တဲ့ မေမေတစ်ယောက်ဆိုတာ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.