fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသော နေထိုင်မှုပုံစံ ကျန်းမာရေးသတင်းများ

၂၀၁၇ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့

Ywa Ngan MRCS

Ywa Ngan MRCS

45
VIEWS
Share on FacebookShare on TwitterShare on Linkedin
08/05/2017
in ကျန်းမာရေးသတင်းများ
1 min read
A A

၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ဆောင်ပုဒ်ဟာ “လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာ ကြက်ခြေနီ” ” Everywhere for Everyone” ဖြစ်ပါတယ်။ နှစ်စဉ် မေလ ၈ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ဟာ ကြက်ခြေနီလှုပ်ရှားမှုကို အစပြုပေးခဲ့တဲ့ဟင်နရီဒူးနန့်ရဲ့ မွေးနေ့ဖြစ်တဲ့ အပြင် ကမ္ဘာ့နိုင်ငံသီးသီးမှာရှိတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တွေကို ဂုဏ်ပြုပေးတဲ့နေ့ထူး နေ့ မြတ်လည်း ဖြစ်ပါတယ်။
၁၈၅၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆိုဖာရီနိုစစ်မြေပြင်မှာ အစပြုခဲ့တဲ့ ကြက်ခြေနီ၏ တည်ရှိမှု သက်တမ်းဟာ နှစ်ပေါင်း (၁၅၀) ကျော်ခဲ့ ပါပြီ။ အခုဆိုလျှင် နိုင်ငံပေါင်း (၁၉၀)တွင် နိုင်ငံအစိုးရတွေက ဖွဲ့စည်းထားတဲ့ အမျိုးသားကြက်ခြေ နီ၊ လခြမ်းနီအသင်းပေါင်း(၁၉၀) ရှိနေပြီ ဖြစ်ပါတယ်။ ထိုအသင်းအဖွဲ့တွေက နှစ်စဉ်စေတနာလုပ် အားရှင် ၁၇ သန်းကျော်ဟာ ကမ္ဘာတစ်ဝန်းမှာ အကူအညီ လိုအပ်သူပေါင်း သန်း ၁၆၀ ခန့်ကို လူမှုကရုဏာ အကူအညီတွေပေးနေတယ်လို့ သိရှိရပါတယ်။
၂၀၁၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီဖက်ဒရေးရှင်းရဲ့ ကမ္ဘာ့ဘေးဒုက္ခဆိုင်ရာ အစီရင်ခံစာအရ ၂၀၀၆ မှ ၂၀၁၅ ခုုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း ကမ္ဘာပေါ်တွင် ဖြစ်ပွား ခဲ့ သော ဘေးဒုက္ခမျိုးစုံကြောင့် လူသန်းပေါင်း (၁,၉၀၀)ကျော် ဘေးဒုက္ခဒဏ်ခံစားခဲ့ရပြီး လူပေါင်း ခုနှစ်သိန်းနီးပါး အသက်ဆုံးရှုံခဲ့ရတယ်လို့ ဆိုထားပါတယ်။ တစ်ကမ္ဘာလုံးဘေးဒုက္ခခံစားရသူ စုစုပေါင်းရဲ့  ၇၉ ရာခိုင်နှုန်းခန့်ဟာ အာရှဒေသတွင် ရှိနေပြီး မြန်မာနိုင်ငံမှာလည်း ဘေးဒုက္ခခံစားရ သူပေါင်း (၁၂) သန်းကျော်၊ အသက်ဆုံးရှုံးသူ ၁ သိန်း ၄ သောင်းနီးပါးရှိတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူ တစ်ရာ ဘေးဒုက္ခခံစားရပါက (၁ ဒသမ ၁၃) ဦးနှုန်း သေဆုံးနေပြီး အရှေ့တောင် အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဘေးအန္တရာယ် ကျရောက်စဉ်ကာလ သေဆုံးနှုန်းမြင့်မား နေတာကိုလည်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းစေတနာလုပ်အားရှင် ၄၄,၀၀၀ ကျော်ကလည်း နှစ်စဉ်ပြည်သူလူထု ပျမ်းမျှငါးသိန်းကျော်ကို လူမှုကရုဏာ အကူအညီတွေ ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတဦးထင်ကျော်က “ရှေးဦးသူနာပြုစုခြင်းလုပ်ငန်း၊ ဘေးဒုက္ခကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ဘေးအန္တရာယ်လျှော့ချရေးလုပ်ငန်းတွေကို ယခုထက် ပိုမိုဆောင်ရွက်ရန်၊ ကြက်ခြေနီ လုပ်ငန်းတွေ ဆောင်ရွက်ရင်း အသက်စွန့်လွှတ်သွားခဲ့ကြ၊ ကျန်းမာရေး ချို့တဲ့ခဲ့ကြတဲ့၊ ထိခိုက် ဒဏ်ရာရခဲ့ကြတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်တို့ရဲ့ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် စွမ်း ဆောင်မှုတွေကိုလည်း ယနေ့ အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း” နေပြည်တော် မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

Previous Post

လိင်အင်္ဂါ အရွယ်အစား ပြဿနာ

Next Post

အမျိုးသမီးများ ဓမ္မတာရာသီသွေးပေါ်ချိန် ဆက်စပ်နေတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

သွေးတွင်းသကြားဓာတ်တည်ငြိမ်စေရန် ထိန်းချုပ်ခြင်း

4 years ago
951

မေးရိုးနာကျင်ခြင်းဖြစ်စေသော အကြောင်းရင်းများ

4 years ago
3.8k

ဆီးချိုသွေးချိုရောဂါမဖြစ်ဖို့သတိထားရမယ့် ရှေ့ပြေးဆီးချိုရောဂါ

4 years ago
813

ဒဏ်ရာအနာ ပိုးဝင်ပြည်တည်လျှင်

4 years ago
3.9k

ကြွက်သားနာကျင်နေပြီဆိုလျှင်

4 years ago
2.3k

ကလေးငယ်များအဖျားကျစေရန် ပြုလုပ်နိုင်မယ့်နည်းလမ်းများ

4 years ago
1.6k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီးများ ဓမ္မတာရာသီသွေးပေါ်ချိန် ဆက်စပ်နေတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာ

ထွက်ပေါက်ရှာခြင်း

သူငယ်ပြန်ရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.