fbpx

Download OnDoctor App on Google Play

Myanmar (Covid-19 Stats)

😷 357 Total Cases
😥 6 Deaths
😇 305 Recovered

စိတ်ညစ်နေရင် ဘာတွေစားကြမလဲ?

လူတစ်ယောက်ဟာစိတ်ညစ်နေပြီဆိုရင် တနည်းအားဖြင့် စိတ်မပျော်ရွှင်တော့ဘူးဆိုရင်
ခန္ဓာကိုယ်ကလည်း လန်းဆန်းတက်ကြွမှုမရှိတော့ဘဲလုပ်သမျှအဆင်မပြေတာမျိုးဖြစ်တတ်ပါတယ်။
ဒါဟာဘာကိုပြောတာလည်းဆို စိတ်နှင့်ကိုယ်ကျန်းမာရေးဟာ ဆက်စပ်မှုရှိတယ်လို့ပြောချင်တာပါ။
ဒါ့အပြင်ဆေးပညာအရ မိမိစိတ်အခြေအနေ ကိုထိန်းညှိုပေးတဲ့ဟော်မုန်းတစ်ခုဖြစ်တဲ့
ဆီရိုတိုနင်ဟော်မုန်း ပမာဏဟာခန္ဓာကိုယ်ထဲမှာနည်းနေပြီဆိုရင် စိတ်ညစ်လာတာကနေ ကြာလာရင်
စိတ်ကျရောဂါ ၊ စိတ်ပူပန်ရောဂါတွေပါဖြစ်လာနိုင်ပါတယ်။ အဲ့ဒီ့အတွက် ဆီရိုတိုနင်ဟော်မုန်းတက်အောင်
ဘယ်လိုတွေစားသောက်နေထိုင်ကြမလဲဆိုတာ ဆက်ပြောပြပေးသွားမှာပါ။
ဆီရိုတိုနင်ဟော်မုန်းဟာ အစားအသောက်တွေထဲမှာတော့ တိုက်ရိုက်မပါဝင်နေပါဘူး။
ဆီရိုတိုနင်ဟော်မုန်းဟာ ထရစ်တိုဖန်ဆိုတဲ့ အမိုင်နိုအက်ဆစ် ပရိုတင်းဓါတ်တစ်မျိုးကနေ
ဖွဲ့စည်းတည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ထရစ်တိုဖန်လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်
ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားပေးမှသာ ဆီရိုတိုနင်ဟော်မုန်း ပမာဏဟာ
ခန္ဓာကိုယ်ထဲမှာ တက်လာတာပါ။ အဲ့ဒီ့အတွက်ဘယ်အစားအစာတွေဟာ ထရစ်တိုဖန် အမိုင်နိုအက်ဆစ်
ကြွယ်ဝစွာပါလည်းဆိုတာ ဆက်ကြည့်ရအောင်။
1. ကြက်ဥ၊ ဘဲဥ၊ ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ထရစ်တိုဖန် အမိုင်နိုအက်ဆစ်ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်တယ်လို့ သုတေသန
လေ့လာချက်များအရတွေ့ရပါတယ်။ ကြက်ဥဘဲဥ တို့ရဲ့ အနှစ်မှာ တစ်နေ့တာအတွက်လိုအပ်တဲ့
ပရိုတင်းဓါတ်တွေအပြင် omega 3 fatty acid ၊ biotin ၊ choline စတဲ့ ပရိုတင်းဓါတ်တွေအပြင်
အရွယ်တင်နုပျိုစေတဲ့ antioxidant ဓါတ်တွေလည်းကြွယ်ဝစွာပါဝင်တဲ့အတွက် စိတ်ညစ်ရင်
ပိုစားပေးလို့ရပါတယ်။ ဒါပေမယ့် ကြက်ဥ ဘဲဥအနှစ် ထဲမှာပါတဲ့ အဆီဓါတ်ပမာဏဟာ
များတဲ့အတွက်တစ်နေ့ကို ၃လုံးထက်တော့ ပိုမစားသင့်ပါဘူး။ အကာကိုတော့
ကြိုက်သလောက်စားပေးလို့ရပါတယ်။
2. Cheese ( ချိစ် )

ချိစ်မှာ ထရစ်တိုဖန် အမိုင်နိုအက်ဆစ်ပမာဏ ကြွယ်ဝစွာပါဝင်တဲ့အတွက် စိတ်ညစ်တဲ့အချိန်
စားပေးရင် အရသာလည်းရှိ စိတ်ပျော်ရွှင်စေတဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။
3. နာနတ်သီး
နာနတ်သီးမှာ ရောဂါကာကွယ်စေတဲ့ သက်စောင့်ဓါတ်တွေ၊ ဝမ်းမှန်စေတဲ့ အမျှင်ဓါတ်တွေအပြင်
ထရစ်တိုဖန်အမိုင်နိုအက်ဆစ်ကို တက်စေတဲ့ ဘရိုမလိန်း ဆိုတဲ့ ဓါတ်လည်း ပါဝင်တဲ့အတွက်
နာနတ်သီးစားပေးရင် စိတ်ပျော်ရွှင်စေရုံသာမက ကျန်းမာရေးလည်းကောင်းစေတယ်၊
ဝမ်းလည်းမှန်စေပါတယ်။
4. တိုဖူး၊ ပဲပြား
တိုဖူး၊ ပဲပြားတို့ဟာ ပဲအမျိုးမျိုးကနေပြုလုပ်တာဖြစ်တဲ့အတွက်
အမိုင်နိုအက်ဆစ်မျိုးစုံကြွယ်ဝစွာ ပါဝင်တဲ့အပြင်
ကယ်လ်ဆီယမ်ဓါတ်လည်းများစွာပါဝင်ပါတယ်။ အသားမစားတဲ့ သက်သက်လွတ်
စားသုံးသူတွေဆို ပဲပြား၊တိုဖူးတွေကိုနေ့စဉ် ပါအောင် စားပေးခြင်းအားဖြင့် ကိုယ်စိတ်နှလုံး
ကျန်းမာရွှင်လန်းစေပြီး အရိုးသန်မာစေပါတယ်။
5. ဆောလမွန်ငါး
ငါးအမျိုးမျိုးထဲမှာမှ ဆောလမွန်ငါးဟာ အင်မတန်မှကျန်းမာရေးနှင့်ညီညွတ်တဲ့ ငါးတစ်မျိုးပါ။
omega3 အဆီဓါတ်ကြွယ်ဝစွာပါဝင်ပြီး ထရစ်တိုဖန်အမိုင်နိုအက်ဆစ်လည်း
များစွာပါဝင်တဲ့အတွက် စိတ်ပျော်ရွှင်စေရုံသာမက သွေးတွင်းအဆီဓါတ်ကိုလည်း ကျစေတယ်၊
သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင်လည်း ထိန်းညှိုပေးတဲ့အတွက် ကျန်းမာရေးနှင့်ညီညွတ်တဲ့
ငါးတစ်မျိုးဖြစ်တဲ့အတွက် တစ်ပတ်ကို အနည်းဆုံး ၂ကြိမ်လောက်တော့
ပါအောင်စားပေးသင့်ပါတယ်။

6. အစေ့အဆန်များ

နေကြာစေ့၊ ဖရုံစေ့၊ သီဟိုစေ့ စတဲ့ အစေ့အဆန်တွေမှာ ကျန်းမာရေးနှင့်ညီညွတ်တဲ့
အဆီဓါတ်တွေ၊ အရွယ်တင်နုပျိုစေတဲ့ ဓါတ်တွေ အပြင်
ထရစ်တိုဖန်အမိုင်နိုအက်ဆသ်လည်းပါဝင်တဲ့အတွက် စိတ်ညစ်ရင် အစေ့အဆန်စားတာ
မမှားပါဘူး။
7. ချောကလက်
ကိုကာ ပါဝင်မှုများတဲ့ အမဲရောင် ချောကလက်တွေဟာ စိတ်ညစ်ရင် ပစ်ထားလို့မရတဲ့
အစားအစာထဲမှာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
ဖော်ပြပါအစားအသောက်တွေကတော့ စိတ်ညစ်ရင်စားသင့်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။
ဒါ့အပြင် စိတ်ညစ်တဲ့ အချိန် ကိုယ်လက်လှုပ်ရှားမှုအားကစားတစ်ခုခုလုပ်ပေးမယ်၊
တရားထိုင်ပေးမယ် ဒါမှမဟုတ် သီချင်းဆိုတာ၊ ဟင်းချက်တာစသဖြင့်
မိမိဝါသနာပါရာတစ်ခုခုကိုလည်း စိတ်ထွက်ပေါက်အနေနဲ့ပြုလုပ်ပေးခြင်း အားဖြင့်
စိတ်တည်ငြိမ်စေပြီး ပျော်ရွှင်လာစေပါတယ်။ မဖြစ်မနေမှတ်ထားသင့်တာက
အကောင်းမြင်စိတ်ထားတတ်အောင်လည်းမွေးမြူမယ်ဆိုရင် စိတ်ရောကိုယ်ပါ
ကျန်းမာပြီးသာယာလှပတဲ့ ဘဝကိုပိုင်ဆိုင်နိုင်မှာအမှန်ပဲဖြစ်ပါတယ်။
Dr.Khaing
Ref : Healthline.com