စိတ်ကျဝေဒနာ၏ အတိမ်အနက် သင့်တွင် စိတ်ကျဝေဒနာခံစားနေရခြင်းရှိ၊ မရှိ သိရှိရစေရန် အောက်တွင်ဖော်ပြထားသော မေးခွန်းများကို ဖြေကြည့်ပါ။
(၁) အချိန်တိုင်းလိုလို စိတ်ဓါတ်ကျနေပါသလား၊ ဝမ်းနည်းနေပါသလား၊ စိတ်ဆင်းရဲ၊ စိတ်မချမ်းမသာ ဖြစ်နေပါသလား။
(၂) မိမိလုပ်နေကြအလုပ်တွေ၊ ဆောင်ရွက်ဖွယ်ရာတွေကိုမလုပ်ချင် မကိုင်ချင် ဖြစ်နေပါပြီလား။
(၃) စိတ်ဓါတ်ကျပြီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ဖို့ စိတ်ကူးတွေးတောမိပါသလား။
(၄) မိမိကိုယ် မိမိတန်ဖိုးမရှိ၊ အသုံးမကျဟုထင်မြင်ခံစားမိပါသလား။
(၅) ကိုယ်အလေးချိန် ကျဆင်းသွားပါသလား။
(၆) ညအချိန် ကောင်းမွန်နှစ်ခြိုက်စွာအိပ်စက်နိုင်ခြင်းမရှိဘဲ ဖြစ်နေပါသလား။
(၇) မိမိကိုယ်မိမိ တည်ငြိမ်အောင် စောင့်ထိန်းနိုင်စွမ်းမရှိ ဖြစ်နေပါသလား။
(၈) စိတ်တွေ အမြဲတမ်းရှုပ်ထွေးနေပါသလား၊ စိတ်ကိုအသုံးပြုနိုင်ဖို့ ရှင်းလင်းနေခြင်းမရှိ ဖြစ်နေပါသလား။ (၉) အနာဂတ်အတွက် မျှော်လင့်ချက်မဲ့သလိုခံစားနေရပါသလား။
မေးခွန်း (၁) နှင့် (၂) တို့အတွက် အဖြေမှာ “Yes” ဟုတ်ကဲ့ဟုဖြေပါလျှင် “Major depression” စိတ်ကျဝေဒနာ ရှိနေသည်ဟု မှတ်ချက်ပြုနိုင်ပါသည်။ မေးခွန်း (၄) မှ (၁၀) တို့အနက်မေးခွန်းနှစ်ခုက “ဟုတ်ကဲ့” ဟုအဖြေထွက်ပါလျှင် စိတ်ကျဝေဒနာ အနုစားခံစားနေရသည်ဟုဆိုနိုင်ပါသည်။ အကယ်၍ မေးခွန်း (၃) ကိုသာ “Yes” ဟုတ်ကဲ့ပါဟု အဖြေရမည်ဆိုပါလျှင် ချက်ချင်းစိတ်ပညာရှင် ဆရာဝန် (စိတ်ကျန်းမာရေးဆရာဝန်) ထံသွားရောက်ပြသရန် လိုအပ်ပါသည်။
Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)