fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home ကျန်းမာသောစိတ်

စိတ်ဓာတ်ကျခြင်း

189
VIEWS
Share on FacebookShare on TwitterShare on Linkedin
24/06/2016
in ကျန်းမာသောစိတ်
1 min read
A A

စိတ်ဓာတ်ကျခြင်း

စိတ်မကောင်းဖြစ်ခြင်း၊ ဝမ်းနည်းခြင်း၊ တစ်နည်းအားဖြင့်စိတ်ဓာတ် ကျခြင်းဆိုသည့်ခံစားမှုမျိုးကို လူအများစု ခံစားဖူးကြပေလိမ့်မည်။ ထိုခံစားမှုမျိုးသည်လည်း ခဏတာဖြစ်တည်ပြီးနောက် ပျောက်ဆုံး သွားကြသည်။ ယနေ့ခေတ်လို အရာရာတိုးတက်ပြောင်းလဲနေသော ပတ်ဝန်းကျင်တွင် စိတ်ခံစားမှုကို တတ်နိုင်သမျှ အတည်ငြိမ်ဆုံး ထိန်းသိမ်းနိုင်ရန်မှာလည်း အရေးကြီးလှပေသည်။

စိတ်ဓာတ်ကျခြင်း သည် အင်အားများ၊ မျှော်လင့်ချက်များကိုကုန်ခန်းစေသည့်အပြင် ပျော်ရွှင်မှုများကိုပါပျက်စီးစေနိုင်သည်။စိတ်ဓာတ်ကျခြင်းကိုအလွယ်တကူတိုက်ထုတ်နိုင်ရန်မဖြစ်နိုင်သော်လည်းလိုအပ်သည့်ထိန်းချုပ်မှုတချို့ကိုပြုလုပ်နိုင်မှသာ ရေရှည်စိတ်ဓာတ်ကျခြင်းရန်မှကင်း ဝေးပြီး လူနေမှုစရိုက်များထိခိုက်ခြင်းမှလည်း လွတ်ကင်းနိုင်မည်ဖြစ် သည်။ စိတ်ဓာတ်ကျခြင်းမှသက်သာရန်အချိန်လိုအပ်သော်လည်း သင့်ဘဝအတွက် အကောင်းမြင်စိတ်များကို ကိုယ်တိုင်မွေးမြူပြီး လိုအပ်သည့် စိတ်ပျော်ရွှင်မှုပန်းတိုင်သို့သွားနိုင်ရန်မှာလည်း အဓိက ကျလှပေသည်။ စိတ်ဓာတ်ကျခြင်းမှ ပြန်လည်ကောင်းမွန်လာစေရန် အတွက်မူ လုပ်ဆောင်ချက်ရှိရန်လိုအပ်သည်။

စိတ်ဓာတ်ကျနေသည့် အချိန်အတွင်း တစ်စုံတစ်ခုလုပ်ဆောင်ရန်မှာလည်း ခက်ခဲလွန်းလှ ပေသည်။ သို့သော် သင့်စိတ်ကို သက်သာမှုရစေသည့်အကြောင်း အရာများ (သူငယ်ချင်းများနှင့်စကားပြောခြင်း၊ အချိန်ဖြုန်းခြင်း) စသည်တို့ပြုလုပ်ရန်လည်းလိုအပ်ပေသည်။သင့်စိတ်ကိုသက်သာ စေနိုင်ဆုံးနည်းလမ်းတို့သည် ပြုလုပ်ရန်အခက်ခဲဆုံးနည်းလမ်းပင် ဖြစ်ပေလိမ့်မည်။ သို့သော် ခက်ခဲခြင်းနှင့်မဖြစ်နိုင်ခြင်းဆိုသည်မှာ ကွာခြားသည်ကိုမူ သတိပြုသင့်သည်။

အသေးအဖွဲလေးများမှစတင်ပြီး အာရုံစိုက်ပါ
အဓိကအကျဆုံးအချက်ဖြစ်သည့် အသေးအဖွဲလေးမှ တစ်ဆင့် တဖြည်းဖြည်းချင်းအချိန်ယူကာ စိတ်ဓာတ်ကျခြင်းကို တိုက်ထုတ်သင့်သည်။
သင်ဘာလုပ်နိုင်သည်ကို တွေးတောပါ။ သင့်တွင်မည်သည့်အရာမှ ပြုလုပ်ဖို့အင်အားမရှိသည့်တိုင် အနီးအနား ပတ်ဝန်းကျင်သို့လမ်းလျှောက်ထွက်ကာသင့်ခံစားချက်ကိုနားလည်စာနာပေးနိုင်မည့်တစ်စုံတစ်ယောက်ဆီသို့ဖုန်းခေါ်ခြင်းတော့ ပြုလုပ် နိုင်မည်မှာမလွဲချေ။ နေ့စဉ်နေ့တိုင်းစိတ်သက်သာစေရန်တစ်ခုခု ပြုလုပ်ပြီးထိုသို့ပြုလုပ်နိုင်ခြင်းအတွက်ကိုယ့်ကိုယ်ကိုယ်ချီးကျူးပါ။ယခုကဲ့သို့ပြုလုပ်ခြင်းသည်
အသေးအဖွဲလေးမျှသာဖြစ်သော်လည်း ထိုမှတစ်ဆင့်ပျော်ရွှင်ခြင်းဟူသောပန်းတိုင်သို့တဖြည်းဖြည်းချင်းရရှိလာနိုင်သော
စိတ်ဓာတ်ခွန်အားများကိုအခြေခံကာ သာယာ ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်လာနိုင်မည်ဖြစ်ပေသည်။

ကိုယ်တိုင်ပြုလုပ်နိုင်သည့်စိတ်ဓာတ်ကျခြင်းထိန်းချုပ်ခြင်းနည်းလမ်းများ
၁။ အထောက်အပံ့ပေးနိုင်သော ပေါင်းသင်းဆက်ဆံရေး
စိတ်ဓာတ်ကျအားငယ်ခြင်းကို ရင်ဆိုင်နိုင်ရန်အတွက် သင့်ကိုအထောက်အပံ့ပေးနိုင်မည့် ပေါင်းသင်းဆက်ဆံရေးမှာ အဓိက နေရာမှ ပါဝင်နေပေသည်။ သင်တစ်ယောက်တည်းဆိုလျှင် စိတ်ဓာတ် ကျခြင်းဆိုသည့်စိတ်ခံစားမှုမျိုးကို ရင်ဆိုင်နိုင်ဖို့အတွက်မူ ခက်ခဲနေ ပေလိမ့်မည်။ အထီးကျန်ခြင်း၊ တစ်ကိုယ်တည်းနေထိုင်ခြင်းတို့သည် စိတ်ခံစားမှုကို ပိုမိုဆိုးရွားစေသည့်အတွက် လူမှုပေါင်းသင်းဆက်ဆံ ရေးများပြုလုပ်ရန်မှာ အရေးကြီးလှပေသည်။ သင့်အတွေးများကို သင့်မိသားစု၊ သို့မဟုတ် သင့်သူငယ်ချင်းများကိုပြောပြရန်အတွက် ခက်ခဲကောင်းခက်ခဲနေပေလိမ့်မည်။ သို့သော် သိထားရမည်မှာ ယခု သင်ပြောမည့်စကားများသည် စိတ်ဓာတ်ကျအားငယ်နေသည့်အချိန် တွင် ပြောသောစကားများဖြစ်သည့်အတွက် သင့်ကိုနားလည်စာနာ ကာ ကူညီဖေးမပေးနိုင်မည့်သူမျိုးကို ဖွင့်ဟတိုင်ပင်သင့်ပေသည်။
ပေါင်းသင်းဆက်ဆံရေးတည်ဆောက်နိုင်စေရန်အတွက်
၁။ သင့်ခံစားချက်များကို တစ်စုံတစ်ယောက်ကို ဖွင့်ဟတိုင်ပင်ပါ။
၂။ တစ်စုံတစ်ယောက်ကို စေတနာဖြင့် အကူအညီပေးပါ။
၃။ သူငယ်ချင်းနှင့်အတူ ကော်ဖီတစ်ခွက်၊ သို့မဟုတ် နေ့လယ်စာ အတူစားပါ။
၄။ တစ်စုံတစ်ယောက်နှင့်ရုပ်ရှင်၊ သို့မဟုတ် စတိတ်ရှိုးအတူတူ ကြည့်ပါ။
၅။ သူငယ်ချင်းဟောင်းတစ်ဦးထံသို့ ဖုန်း၊ သို့မဟုတ် အီးမေးလ်ဖြင့် ဆက်သွယ်ပါ။
၆။ မိတ်ဆွေတစ်ယောက်နှင့် လမ်းလျှောက်ထွက်ပါ။
၇။ အပတ်စဉ် ညစာစားရန်အတွက် မိတ်ဆွေတစ်ယောက်နှင့် ချိန်းပါ။
၈။ မိတ်ဆွေသစ်များတိုးပွားစေရန် အတန်းတစ်ခုခု၊ သို့မဟုတ် တွေ့ဆုံပွဲတစ်ခုခုတက်ပါ။

၂။ အဆိုးမြင်သည့်အတွေးများကို တိုက်ထုတ်ပါ
စိတ်ဓာတ်ကျနေသည့်အချိန်တွင် မည်သည့်အရာကိုမဆို အကောင်းမြင်နိုင်မည်မဟုတ်ချေ။ သင့်ကိုယ်သင်ပင်လျှင် အကောင်း မြင်နိုင်မည်မဟုတ်ပေ။ သို့သော် သင်၏အကောင်းမြင်တတ်သည့် စိတ်ကို ရိုက်ချိုးဖျက်ဆီးခြင်းမပြုလုပ်စေနိုင်ရန်အတွက် အကောင်းဆုံး အရာများကို များများတွေးပေးပါ။ ပျော်ရွှင်စေသည့်အတွေးများ၊ မျှော်လင့်ချက်များနှင့် ဆုတောင်းများဖြင့် စိတ်အားငယ်ခြင်းကို စိန်ခေါ်သင့်သည်။ သင်၏ အဆိုးမြင်သည့်အတွေးများကို မျှတသော အတွေးများဖြင့် လဲပစ်ရန်ဝန်မလေးသင့်ချေ။

အဆိုးမြင်တတ်သည့်အတွေးများကို စိန်ခေါ်နိုင်စေရန်အတွက်မူ

၁။ သင့်အတွေးများကို ထိန်းချုပ်ပါ
စိတ်ကူးယဉ်ဆန်သည့် စိတ်ခံစားမှုကိုဆိုးရွားစေသည့် အတွေးများကိုရပ်တန့်ပြီး လက်တွေ့ဆန်သောအတွေးများကို တွေး တောပါ။

၂။ သင့်ကိုယ်သင် ပြီးပြည့်စုံမှုမရှိခြင်းကို ကျေနပ်ပါ
စိတ်ဓာတ်ကျနေသောလူအများစုသည် သူတို့မျှော်မှန်း ထားသည့်ရည်မှန်းချက်များ ပြီးပြည့်စုံအောင်မြင်ခြင်းမရှိသည့်အတွက် ခံစားနေကြရခြင်းဖြစ်ပေသည်။ လောကတွင် ပြီးပြည့်စုံသည့်သူမှာ တစ်ဦးတစ်ယောက်မှမရှိသည်ကို နားလည်သဘောပေါက်ထား သင့်သည်။

၃။ အကောင်းမြင်တတ်သူများနှင့် ပြောဆိုဆွေးနွေးပါ
သင်ကဲ့သို့ဆိုးရွားသည့်အခြေအနေတစ်ခုကို ကြုံနေရသည့် အကောင်းမြင်တတ်သည့်လူတစ်ယောက် မည်ကဲ့သို့ပြုမူဖြေရှင်း သည်ကို အမြဲသတိချပ်ပါ။ သူတို့စံနမူနာကောင်းများကို လိုက်နာပြီး အဆိုးမြင်သည့်အတွေးများကို တိုက်ထုတ်သင့်သည်။

၄။ အဆိုးများကို ရေးမှတ်ပါ
အဆိုးမြင်သည့်အတွေးများကို စာအုပ်တစ်အုပ်တွင် ရေးမှတ်ထားပြီး ခံစားချက်ကောင်းမွန်နေသည့်အချိန်တွင် ပြန်လည် ဖတ်ကြည့်ပါ။ တစ်ယောက်တည်းနှင့် အမြင်မတူသည့်ရှုထောင့်မှ နေပြီး ခံစားနိုင်မည်ဖြစ်ပေသည်။ အမှန်တကယ်ပင် အဆိုးမြင် သင့်သည့်အခြေအနေတစ်ခုဟုတ် မဟုတ်ကို မှန်မှန်ကန်ကန်သုံးသပ် ပါ။

၃။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ
စိတ်အားငယ်မှုများကို ရင်ဆိုင်နိုင်ရန် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်းမှာလည်း အရေးကြီးလှပေသည်။ ကျန်းမာသောလူနေမှု ဘဝကိုပိုင်ဆိုင်ခြင်းဖြင့် စိတ်ဖိစီးမှုများ၊ စိတ်အားငယ်မှုများမှ ကင်းဝေး စေသည့်အပြင် ပျော်ရွှင်သောခံစားမှုများကိုရရှိစေနိုင်မည်ဖြစ်သည်။
– တစ်ရက်လျှင် ရှစ်နာရီ အိပ်ရေးဝစွာအိပ်နိုင်အောင်ကြိုးစားပါ။
– နေရောင်ခြည်နှင့်ထိတွေ့မှုရှိစေရန် အပြင်ထွက်ပေးပါ။
– ရေရှည်ဖြစ်စေမည့်စိတ်ဖိစီးမှုများကို အမြဲရှောင်ကြဉ်ပါ။
– စိတ်ဖိစီးမှုသက်သာစေနိုင်မည့်နည်းလမ်းများ (ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း) စသည်တို့ကိုပြုလုပ်ပါ။
– ကြောင်၊ သို့မဟုတ် ခွေး၊ သို့မဟုတ် ချစ်စရာတိရစ္ဆာန်များ မွေးမြူ စောင့်ရှောက်ခြင်းဖြင့် စိတ်ကျေနပ်သည့်ခံစားမှုကိုရယူပါ။

၄။ ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ပါ
သင်စိတ်ဓာတ်ကျနေသည့်အခါတွင်မူ လေ့ကျင့်ခန်း လုပ်ခြင်းသည် မလုပ်ချင်ဆုံးအရာတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော် လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် စိတ်ဓာတ်ကျခြင်းကိုရင်ဆိုင် ရာတွင် အင်အားကြီးသောအရာတစ်ခုဖြစ်သည်။ လေ့လာဆန်းစစ် ချက်များအရ ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် စိတ်ဓာတ် ကျခြင်းအတွက် သောက်သုံးသည့်ဆေးဝါးများနည်းတူ အကျိုး အာနိသင်ရှိကြောင်းတွေ့ရှိရပြီး စိတ်ပင်ပန်းခြင်းကို လျော့ကျစေ နိုင်သည်။ လေ့ကျင့်ခန်းများပြုလုပ်ခြင်းကြောင့် ဦးနှောက်အတွင်းရှိ ဆဲလ်များကိုကြီးထွားစေပြီး စိတ်ဖိစီးမှုများမှသက်သာစေခြင်း၊ <ကက်သားတင်းမာမှုများလျော့ကျစေခြင်း စသည်တို့ကိုဖြစ်ပေါ်စေပြီး စိတ်ဓာတ်ကျခြင်းကိုသက်သာစေနိုင်သည်ကို တွေ့ရှိရသည်။ အကောင်းဆုံးအကျိုးအာနိသင်များရရှိစေနိုင်ရန်အတွက် တစ်နေ့ လျှင် မိနစ်သုံးဆယ်ခန့်လေ့ကျင့်ခန်းများပြုလုပ်ရန် ကြိုးပမ်းသင့် ပေသည်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သည်ဟုဆိုရာတွင်
– ဓာတ်လှေကားများအသုံးပြုမည့်အစား ပုံမှန်လှေကားမှ တက်ခြင်း
– သင့်ခွေးနှင့်အတူ ပုံမှန်လမ်းလျှောက်ထွက်ခြင်း
– မိတ်ဆွေတစ်ယောက်နှင့်အတူ လေ့ကျင့်ခန်းပြုလုပ်ခြင်း
– ဖုန်းပြောနေသည့်အခါတွင် လမ်းလျှောက်ခြင်းစသည့်နည်းလမ်း များဖြင့်လည်း ပြုလုပ်နိုင်သည်။

လေ့ကျင့်ခန်းပြုလုပ်ရာတွင် လိုက်နာသင့်သည့်အချက်များ

၁။ လေ့ကျင့်ခန်းကိုပုံမှန်ပြုလုပ်ပါ
တစ်နေ့လျှင် ဆယ်မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် စိတ် ခံစားမှုများတိုးတက်ကောင်းမွန်စေနိုင်သည်။ ထိုသို့အကျိုးကျေးဇူး များရရှိစေရန်အတွက် လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်သင့်သည်။

၂။ အကောင်းဆုံးလေ့ကျင့်ခန်းနည်းလမ်းများကို ရှာဖွေပြု လုပ်ပါ
လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကခုန်ခြင်း၊ ယောဂ ကျင့်ခြင်းစသည်တို့သည် ကောင်းမွန်သောနည်းလမ်းများဖြစ်သည်။

၃။ စိတ်နှင့်ကိုယ် တစ်သားတည်းကျစေရန်ပြုလုပ်ပါ
ယောဂကျင့်ခြင်း၊ ထိုက်ကျိကစားခြင်းတို့သည် သင့်စိတ် ခံစားမှုများကို ကောင်းမွန်စေသည့်အပြင် အင်အားများကိုတိုးပွားစေ နိုင်သည်။ ထို့အတူ လမ်းလျှောက်ခြင်း၊ ရေကူးခြင်းတို့ကို ပြုလုပ်ရာ တွင် စိတ်အတွင်းမှအင်အားဖြစ်စေမည့်စကားလုံး၊ သို့မဟုတ် စကားစု တစ်ခုကို ထပ်ခါထပ်ခါရွတ်ဆိုခြင်းကိုလည်း ပြုလုပ်သင့်သည်။

၄။ ဖြည်းဖြည်းနှင့်မှန်မှန်သာပြုလုပ်ပါ၊ အလွန်အကျွံပြုလုပ် ခြင်းမှ ရှောင်ကြဉ်ပါ
လေ့ကျင့်ခန်းများ အလွန်အကျွံလုပ်ဆောင်ခြင်းသည် အကျိုးကျေးဇူးပိုမိုရရှိစေနိုင်သည့် အကြောင်းအရင်းတစ်ခုမဟုတ်ချေ။ အလွန်အကျွံလေ့ကျင့်ခန်းများပြုလုပ်ရသည့် အားကစားသမား များသည် စိတ်ခံစားမှုကို ဆိုးရွားစေကြောင်းတွေ့ရှိရသည်။

၅။ ကျန်းမာရေးအတွက် ညီညွတ်မျှတသောအစားအစာများ ကို စားပါ
ကျန်းမာရေးအတွက် သင့်တင့်မျှတသော ပရိုတင်း၊ ကာဗွန် ဟိုက်ဒရိုက်၊ အသီးအရွက်များကို စားသုံးသင့်သည်။
အစာလွန်မခံပါနှင့်။ ။ အစားမစားဘဲ အချိန်အတော်ကြာ နေခြင်းသည် စိတ်ကိုအနှောင့်အယှက်ဖြစ်စေရုံသာမက လူကိုပါ ပင်ပန်းနွမ်းနယ်စေသည်။ ထို့ကြောင့် အစားကိုပုံမှန်စားပေးရန် လိုအပ် ပေသည်။
အချိုလျှော့စားပါ ။ ။ သကြားဓာတ်များပါဝင်သော မုန့်အချို များသည် သင့်စိတ်ကို ခဏတာ ကျေနပ်ကောင်းမွန်စေသော်လည်း ရေရှည်တွင်မူ အင်အားလျော့နည်းခြင်း၊ စိတ်ကိုနွမ်းနယ်စေ ခြင်းတို့ဖြစ်စေသည့်အတွက် ရှောင်ကြဉ်သင့်သည်။
ကစီဓာတ်ပြည့်ဝသော ကာဗွန်ဟိုက်ဒရိုက်ကို စားသုံးပါ။ ။ဆန်ညို၊ အာလူးပြုတ်၊ ပေါင်မုန့်၊ ငှက်ပျောသီး စသည်တို့သည် သွေး ထဲရှိဆီရိုတိုနင် (Serotonin) ကိုတက်စေပြီး စိတ်ခံစားမှုကို ကောင်း မွန်စေသည်။
ဗီတာမင် ဘီကို စားသုံးပါ။ ။ ဗီတာမင်ဘီများဖြစ်သည့် Folic Acid & B12 စသည်တို့လျော့နည်းခြင်းသည် စိတ်ဓာတ်ကျခြင်းကို ပိုမိုဆိုးရွားစေသည့်အတွက် ဗီတာမင်ဘီများပါဝင်သည့်အစား အစာများ (အစိမ်းရောင် အသီးအရွက်များ၊ ပဲ၊ ကြက်သား၊ ကြက်ဥ) စသည်တို့ကို မျှတအောင်စားသုံးသင့်သည်။
ဃ့မသာငကာ ဖြည့်စွက်ဆေး သောက်သုံးပါ။ ။ လေ့လာချက်များ အရ စိတ်ဓာတ်ကျခြင်းသည် သွေးထဲရှိ Chromium ဓာတ်ကိုလျော့ နည်းစေသည်။ Chromium ဖြည့်စွက်ဆေးများသောက်သုံးခြင်းဖြင့် အစား ပိုစားချင်ခြင်း၊ အိပ်ရေးဝစွာအိပ်စက်စေနိုင်ခြင်း စသည်တို့ကို ဖြစ်စေနိုင်သဖြင့် လိုအပ်သောအင်အားများကို ရရှိစေနိုင်သည်။

၆။ လိုအပ်သည့်အကူအညီများရယူပါ
တကယ်လို့များ သင့်စိတ်ဓာတ်ကျခြင်းဝေဒနာသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာပါက လိုအပ်သည့်အကူအညီများရယူရန်အတွက်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်သည်။တစ်ခါတစ်ရံစိတ်ဓာတ်ကျနေသည့်
အချိန်တွင်တွေးတောမိသည့်အဆိုးမြင်သောအတွေးများသည်သင်တစ်စုံတစ်ခုကိုဆုံးရှုံးစေသကဲ့သို့ခံစားစေမည်ဖြစ်သည်။
သို့သော်စိတ်ဓာတ်ကျခြင်းသည်ကုသပျောက်ကင်းနိုင်သောအရာတစ်ခုဖြစ်သည့်အတွက်လိုအပ်ပါက
တတ်ကျွမ်းနား လည်သောဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

အထက်တွင်ဖော်ပြခဲ့သည့်အကြောင်းအရာများကိုလိုက်နာကျင့်သုံးခြင်းဖြင့်စိတ်ဓာတ်ကျခြင်းဆိုသော
ဝေဒနာကိုတစ်စိတ်တစ်ပိုင်းမျှတိုက်ထုတ်နိုင်ပြီးကျန်းမာပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ရန်အတွက်အကျိုးရှိစေမည် ဖြစ်ပါသည်။

Author: Dr.မီမီကို

 

Previous Post

ခါးနာခြင်းအကြောင်းအရင်း

Next Post

မှိုစားကြဦးမလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

About the negative effects caused by stress

စိတ်ဖိစီးမှုကြောင့်ဖြစ်ပေါ်တတ်သော ဆိုးကျိုးများအကြောင်း

3 years ago
594
fatigue a warning from your body that should not be ignored

ပင်ပန်းနွမ်းနယ်ခြင်း – လျစ်လျူရှုမထားသင့်သော သင့်ခန္ဓာကိုယ်မှ သတိပေးချက်

3 years ago
3.2k
what can happen when you are stressed

စိတ်ဖိစီးမှုများလာရင် ဘာတွေဖြစ်နိုင်လဲ?

3 years ago
1.4k
natural contact will reduce stress

သဘာဝနဲ့ထိတွေ့ပြီး စိတ်ဖိစီးမှုတွေ လျှော့ချမယ်

3 years ago
353

စိတ်ဖိစီးမှုများနေချိန် မလုပ်သင့်တဲ့အရာများ

3 years ago
643

တရားထိုင်ခြင်းမှရနိုင်သော သိပ္ပံနည်းကျကျန်းမာရေးကောင်းကျိုးများ

3 years ago
1.7k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မှိုစားကြဦးမလား

ကျန်းမာရေးကို ဒုက္ခပေးတဲ့ကွမ်းစားခြင်း

သမီးကလေး ပြုံးပြနေသည်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.