သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းျခင္းေရာဂါဟာ အမ်ိဳးသမီးငယ္ေတြမွာ ေတြ႕ရမ်ားသလို အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္နဲ႔ ကေလးနို႔တိုက္မိခင္ေတြမွာ အေတြ႕ရမ်ားပါတယ္။
သည္တစ္ပတ္ မဂၤလာေမာင္မယ္ က်န္းမာေရး စကားဝိုင္းမွာ အမ်ိဳးသမီး သံဓာတ္ခ်ိဳ႕တဲ့ျခင္းႏွင့္ ဓာတ္စာ အေၾကာင္း ေဆြးေႏြးထားပါတယ္။
ေမာင္ – တစ္ေန႔တာ လူတစ္ဦးရဲ႕ သံဓာတ္လိုအပ္မႈဘယ္ေလာက္ရွိသလဲ ဆရာ။ ဘယ္မွာ သိုေလွာင္ထားသလဲ ဆရာ။
ေဒါက္တာမဂၤလာ – တစ္ေန႔တာ သံဓာတ္လိုအပ္မႈ လူတစ္ဦးမွာ (၃.၅)ဂရမ္ လိုတယ္။ ၆၀ ရာခိုင္ႏႈန္းမွ ၇၀ ရာခုိင္ႏႈန္းကို ေဟမိုဂလိုဘင္ ထုတ္လုပ္မႈမွာ သံုးစြဲၿပီး က်န္ ၂၀ ရာခိုင္ႏႈန္းမွ ၃၀ ရာခိုင္ႏႈန္းကို အသည္း၊ သရက္ရြက္နဲ႔ အျခားကိုယ္တြင္းအဂၤါမ်ားမွာ သိုေလွာင္ထားတယ္။
မယ္ – အမ်ိဳးသမီးေတြ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းရတဲ့ အေၾကာင္းရင္းေျပာျပပါဆရာ။
ေဒါက္တာမဂၤလာ – အမ်ိဳးသမီးေတြ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းရတဲ့ အေၾကာင္းရင္းက လစဥ္ ဓမၼတာမွန္မွန္လာျခင္း၊ အပ်ိဳေပါက္အရြယ္စားသံုးတဲ့ အာဟာရမွာ သံဓာတ္ပါဝင္မႈနည္းျခင္း၊ အာဟာရညီညြတ္မွ်တမႈ မရွိျခင္းျဖစ္ပါတယ္။
ေမာင္ – မိန္းကေလးငယ္ေတြ သံဓာတ္ ခ်ိဳ႕တဲ့ ေသြးအားနည္းျခင္းျဖစ္ရတဲ့ အဓိကအေၾကာင္းရင္း(၃)ရပ္က ဘာေတြလဲဆရာ။
ေဒါက္တာမဂၤလာ – သံဓာတ္(လစဥ္)ဆံုးရံႈးျခင္း၊ သံဓာတ္လိုအပ္မႈမ်ားျခင္း၊ အာဟာရထဲမွာ သံဓာတ္ပါဝင္မႈနည္းျခင္း တို႔ျဖစ္ပါတယ္။
မယ္ – သံဓာတ္ဆံုးရံႈးျခင္းအေၾကာင္း ေျပာျပပါဆရာ။
ေဒါက္တာမဂၤလာ – ထိခိုက္ဒဏ္ရာေၾကာင့္ ေသြးဆံုးရံႈးမႈမ်ားျခင္း၊ ေသြးယိုစိမ့္မႈ အခ်ိန္ၾကာျမင့္ျခင္း၊ အစာအိမ္အနာ၊ အူသိမ္ အူမႀကီး အနာ၊ ဓမၼတာလာခ်ိန္ ရက္ၾကာျမင့္ျခင္းႏွင့္ ေသြးအလြန္အမင္းဆံုးရံႈးျခင္းေၾကာင့္ ျဖစ္ရတယ္။
ေမာင္ – သံဓာတ္လုိအပ္မႈမ်ားတဲ့အေၾကာင္း ေျပာျပပါဆရာ။
ေဒါက္တာမဂၤလာ – ဆယ္ေက်ာ္သက္ဖြံ႕ၿဖိဳးစအခ်ိန္၊ ကိုယ္ဝန္ေဆာင္ခ်ိန္၊ ႏို႔တိုက္ခ်ိန္မ်ားမွာ သံဓာတ္ပိုမိုလိုအပ္တယ္။ ကို္ယ္ဝန္ေဆာင္စဥ္ခ်ိန္နွင့္ ႏို႔တုိက္စဥ္မွာ အမ်ိဳးသမီးသံဓာတ္လုိအပ္ခ်က္ (၃)ဂရမ္ လိုပါတယ္။
မယ္ – အာဟာရက သံဓာတ္ပါဝင္မႈနည္းျခင္းအေၾကာင္း ေျပာျပပါဆရာ။
ေဒါက္တာမဂၤလာ – အစားအစာထဲ အာဟာရပါဝင္မႈ မမွ်တျခင္း၊ အလြန္အကၽြံေလွ်ာ့စားျခင္းတို႔က သံဓာတ္လံုေလာက္မႈ မရႏိုင္ဘူး။ တစ္ခါတစ္ေလ အစာထဲမွာ သံဓာတ္လံုေလာက္ေပမယ့္ အစာလမ္းေၾကာင္းက အေၾကာင္းတစ္စံုတစ္ရာေၾကာင့္ မစုပ္ယူႏိုင္ဘဲ သံဓာတ္ရယူမႈနည္းၿပီး ေသြးအားနည္းျခင္း ျဖစ္ႏိုင္တယ္။
ေမာင္ – မိန္းကေလးေတြရဲ႕ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းလကၡဏာ ဘယ္လိုေတြ႕ႏိုင္မလဲ ဆရာ။
ေဒါက္တာမဂၤလာ – ေမာပန္းႏြမ္းနယ္ျခင္း၊ ႏွလံုးခုန္ရင္တုန္ျခင္း၊ အသက္ရွဴမဝျခင္း၊ အသားအရည္ျဖဴဖပ္ျဖဴေရာ္ျဖစ္ျခင္း၊ ေခါင္းကိုက္တတ္ျခင္း၊ မူးေဝတတ္ျခင္း၊ လက္သည္းမ်ား ခ်ိဳင့္ဝင္ျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ အစာမ်ိဳရခက္ျခင္း၊ ႏႈတ္ခမ္းေထာင့္စြန္းကြဲျခင္း၊ အာရံုစူးစိုက္မႈနည္းျခင္း၊ အလြန္ပင္ပန္းျခင္း၊ ပခံုးၾကြက္သားမ်ား ေတာင့္လာျခင္း၊ ဓမၼတာ မမွန္ျခင္း၊ နည္းျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ႏံုးျခငး္တို႔ျဖစ္လာတတ္တယ္။
မယ္ – ေသြးအားနည္းေရာဂါဟာ တစ္ျဖည္းျဖည္းေပၚလာတတ္လို႔ သတိမမူမိပဲ ေရာဂါျပင္းထန္လာပါမွ ကုသမႈခံယူမိၾကတယ္။ အခ်ိန္မီ မကုသရင္ ႏွလံုးနဲ႔ ခႏၶာကိုယ္တစ္ခုလံုး ထိခိုက္ေစပါတယ္။
ေမာင္ – ေသြးအားနည္းျခင္းကို ဘယ္လိုစစ္ေဆးစမ္းသပ္ရင္ သိႏိုင္မလဲ ဆရာ။
ေဒါက္တာမဂၤလာ – ေသြးနီဥ၊ ေဟမိုဂလိုဘင္ ပမာဏနဲ႔ ‘ေဟမတိုခရက္’ ပမာဏကိုတိုင္းၾကည့္ရင္ သိတယ္။ ကမာၻ႕က်န္းမာေရး အဖြဲ႕ စံႏႈန္းရွိတယ္။ (၁) အသက္ ၆ ႏွစ္ မွ ၁၂ ႏွစ္အထိ ေဟမိုဂလိုဘင္ ၁၂ ေအာက္ရွိၿပီး၊ ေဟမတိုခရက္ ၃၆ ေအာက္၊ (၂) အမ်ိဳးသား ေဟမိုဂလိုဘင္ ၁၃ ေအာက္၊ ေဟမတုိခရက္ ၃၆ ေအာက္၊ (၃) အမ်ိဳးသမီး ေဟမိုဂလိုဘင္ ၁၀ ေအာက္၊ ေဟမတိုခရက္ ၃၃ ေအာက္ရွိရင္ ေသြးအားနည္းတယ္ေခၚတယ္။
မယ္ – သည့္ျပင္ ဘယ္နည္းနဲ႔ သိႏိုင္ေသးသလဲ ဆရာ။
ေဒါက္တာမဂၤလာ – သံဓာတ္ပမာဏကို စစ္ေဆးျခင္းနဲ႔ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါ ရွိမရွိသိႏိုင္ပါတယ္။
ေမာင္ – အျခားသိႏိုင္တဲ့ နည္းလမ္းေတြကေရာ ဆရာ။
ေဒါက္တာမဂၤလာ – ေသြးရည္ၾကည္၊ သံဓာတ္၊ ေသြးအတြင္း သံဓာတ္ပမာဏကို စစ္ေဆးၾကည့္ျခင္း၊ သံဓာတ္ခ်ိဳ႕တဲ့မႈဒီဂရီကို စစ္ေဆးၾကည့္ျခင္း၊ ခႏၶာကိုယ္တြင္း သံဓာတ္သိုေလွာင္ထားမႈ ပမာဏကို စစ္ေဆးၾကည့္ျခင္းတို႔နဲ႔ သံဓာတ္ေလ်ာ့နည္းျခင္းရွိမရွိ သိႏိုင္ပါတယ္။ ေသြးနီဥစစ္ေဆးၾကည့္ရင္လည္း သိသာႏိုင္တယ္။
မယ္ – သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းျခင္းမွာ ဘာေတြေတြ႕ႏုိင္သလဲဆရာ။
ေဒါက္တာမဂၤလာ – ဖယ္လမင္ (Ferrimin) ပမာဏ ေလ်ာ့နည္းျခင္း၊ သံဓာတ္လိုအပ္ (Iron binding capacity) ျမင့္တက္လာျခင္း၊ သံဓာတ္ခ်ိဳ႕တဲ့ျခင္း ( Fe Serum iron) ေလ်ာ့နည္းျခင္းတုိ႔ ေတြ႕ႏိုင္ပါတယ္။
ေမာင္ – သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းျခင္းကို ကာကြယ္ကုသျခင္းအေၾကာင္း ေျပာျပပါဆရာ။
ေဒါက္တာမဂၤလာ – အေျခခံက သံဓာတ္ျဖည့္စြက္ေဆး ေသာက္ျခင္း ျဖစ္တယ္။ တစ္လ (သို႔) ႏွစ္လေသာက္ရမယ္။ သံဓာတ္ျဖည့္စြက္ေဆးေၾကာင့္ ဝမ္းခ်ဳပ္ျခင္း၊ ေအာ့အန္လိုျခင္းရွိႏိုင္တယ္။ အစာေၾကေဆး၊ ဝမ္းေပ်ာ့ေဆးတို႔နဲ႔ တြဲဖက္ေသာက္သင့္ပါတယ္။ သံဓာတ္ျဖည့္စြက္ေဆး သံုးစြဲစဥ္ မစင္ကမည္းေနတတ္တယ္။ ေကာ္ဖီ၊ ႏြားနို႔၊ ပဋိဇီဝေဆး၊ လက္ဖက္ရည္တို႔ဟာ သံဓာတ္စုပ္ယူမႈကို ဟန္႔တားတယ္။
မယ္ – အျခားဘယ္လိုေဆးေတြ ေသာက္သင့္သလဲဆရာ။
ေဒါက္တာမဂၤလာ – ေဖာလစ္အက္ဆစ္၊ ဘီတြဲ၊ သံဓာတ္ သံုးမ်ိဳးေပါင္းစပ္ေဆးက ေသြးအားနည္းတာ ထိေရာက္ကာကြယ္နိုင္တယ္။ ေသြးအရည္အေသြး ျပည့္ဝေစတယ္။ ေဖာလစ္အက္ဆစ္က ေသြးနီဥပမာဏ လွ်င္ျမန္စြာ ႀကီးထြားေစၿပီး ဘီတာမင္ဘီတြဲက ေသြးနီဥမ်ားအားေပးတယ္။ အေၾကာေဆး ထိုးႏိုင္ပါတယ္။
ေမာင္ – သံဓာတ္ျပည့္ဝေအာင္ ရရွိဖို႔ ေရွာင္ရန္ ေဆာင္ရန္ ေဆြးေႏြးေပးပါဆရာ။
ေဒါက္တာမဂၤလာ – အသား၊ အသည္း၊ ဥအမ်ိဳးမ်ိဳး၊ အနီေရာင္အသားမ်ား၊ ပင္လယ္ငါး၊ သံ ပါတဲ့အသီးအနွံနဲ႔ ဟင္းသီးဟင္းရြက္မ်ား၊ ဗီတာမင္စီ၊ ပရိုတိန္းနဲ႔အတူ စားသံုးသင့္သလို ဟင္းႏုႏြယ္၊ ပဲအမ်ိဳးမ်ိဳး၊ ပင္လယ္ေရညိွပါတယ္။
ေမာင္ – ျပင္းထန္တဲ့ ေလ့က်င့္ခန္းဆိုတာကေရာဆရာ။
ေဒါက္တာမဂၤလာ – အမ်ိဳးသမီးမ်ားမွာ ကင္ဆာနဲ႔ သားဖြားမီးယပ္ရဲ႕ ေနာက္ဆက္တြဲျဖစ္လို႔ ေရကူး၊ မာရသြန္၊ ေဘာလံုးစတဲ့ ျပင္းထန္တဲ့ အားကစား ေရွာင္သင့္ပါတယ္။
Author: ေဒါက္တာမဂၤလာ, Healthcare Journal, Vol 8,no 49(22.12.17) Pg 18
Unicode
သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းရောဂါဟာ အမျိုးသမီးငယ်တွေမှာ တွေ့ရများသလို အမျိုးသမီး ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်မိခင်တွေမှာ အတွေ့ရများပါတယ်။
သည်တစ်ပတ် မင်္ဂလာမောင်မယ် ကျန်းမာရေး စကားဝိုင်းမှာ အမျိုးသမီး သံဓာတ်ချို့တဲ့ခြင်းနှင့် ဓာတ်စာ အကြောင်း ဆွေးနွေးထားပါတယ်။
မောင် – တစ်နေ့တာ လူတစ်ဦးရဲ့ သံဓာတ်လိုအပ်မှုဘယ်လောက်ရှိသလဲ ဆရာ။ ဘယ်မှာ သိုလှောင်ထားသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – တစ်နေ့တာ သံဓာတ်လိုအပ်မှု လူတစ်ဦးမှာ (၃.၅)ဂရမ် လိုတယ်။ ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းကို ဟေမိုဂလိုဘင် ထုတ်လုပ်မှုမှာ သုံးစွဲပြီး ကျန် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို အသည်း၊ သရက်ရွက်နဲ့ အခြားကိုယ်တွင်းအင်္ဂါများမှာ သိုလှောင်ထားတယ်။
မယ် – အမျိုးသမီးတွေ သံဓာတ်ချို့တဲ့ သွေးအားနည်းရတဲ့ အကြောင်းရင်းပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသမီးတွေ သံဓာတ်ချို့တဲ့ သွေးအားနည်းရတဲ့ အကြောင်းရင်းက လစဉ် ဓမ္မတာမှန်မှန်လာခြင်း၊ အပျိုပေါက်အရွယ်စားသုံးတဲ့ အာဟာရမှာ သံဓာတ်ပါဝင်မှုနည်းခြင်း၊ အာဟာရညီညွတ်မျှတမှု မရှိခြင်းဖြစ်ပါတယ်။
မောင် – မိန်းကလေးငယ်တွေ သံဓာတ် ချို့တဲ့ သွေးအားနည်းခြင်းဖြစ်ရတဲ့ အဓိကအကြောင်းရင်း(၃)ရပ်က ဘာတွေလဲဆရာ။
ဒေါက်တာမင်္ဂလာ – သံဓာတ်(လစဉ်)ဆုံးရှုံးခြင်း၊ သံဓာတ်လိုအပ်မှုများခြင်း၊ အာဟာရထဲမှာ သံဓာတ်ပါဝင်မှုနည်းခြင်း တို့ဖြစ်ပါတယ်။
မယ် – သံဓာတ်ဆုံးရှုံးခြင်းအကြောင်း ပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – ထိခိုက်ဒဏ်ရာကြောင့် သွေးဆုံးရှုံးမှုများခြင်း၊ သွေးယိုစိမ့်မှု အချိန်ကြာမြင့်ခြင်း၊ အစာအိမ်အနာ၊ အူသိမ် အူမကြီး အနာ၊ ဓမ္မတာလာချိန် ရက်ကြာမြင့်ခြင်းနှင့် သွေးအလွန်အမင်းဆုံးရှုံးခြင်းကြောင့် ဖြစ်ရတယ်။
မောင် – သံဓာတ်လိုအပ်မှုများတဲ့အကြောင်း ပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – ဆယ်ကျော်သက်ဖွံ့ဖြိုးစအချိန်၊ ကိုယ်ဝန်ဆောင်ချိန်၊ နို့တိုက်ချိန်များမှာ သံဓာတ်ပိုမိုလိုအပ်တယ်။ ကိုယ်ဝန်ဆောင်စဉ်ချိန်နှင့် နို့တိုက်စဉ်မှာ အမျိုးသမီးသံဓာတ်လိုအပ်ချက် (၃)ဂရမ် လိုပါတယ်။
မယ် – အာဟာရက သံဓာတ်ပါဝင်မှုနည်းခြင်းအကြောင်း ပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အစားအစာထဲ အာဟာရပါဝင်မှု မမျှတခြင်း၊ အလွန်အကျွံလျှော့စားခြင်းတို့က သံဓာတ်လုံလောက်မှု မရနိုင်ဘူး။ တစ်ခါတစ်လေ အစာထဲမှာ သံဓာတ်လုံလောက်ပေမယ့် အစာလမ်းကြောင်းက အကြောင်းတစ်စုံတစ်ရာကြောင့် မစုပ်ယူနိုင်ဘဲ သံဓာတ်ရယူမှုနည်းပြီး သွေးအားနည်းခြင်း ဖြစ်နိုင်တယ်။
မောင် – မိန်းကလေးတွေရဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်းလက္ခဏာ ဘယ်လိုတွေ့နိုင်မလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – မောပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ အသက်ရှူမဝခြင်း၊ အသားအရည်ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ ခေါင်းကိုက်တတ်ခြင်း၊ မူးဝေတတ်ခြင်း၊ လက်သည်းများ ချိုင့်ဝင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာမျိုရခက်ခြင်း၊ နှုတ်ခမ်းထောင့်စွန်းကွဲခြင်း၊ အာရုံစူးစိုက်မှုနည်းခြင်း၊ အလွန်ပင်ပန်းခြင်း၊ ပခုံးကြွက်သားများ တောင့်လာခြင်း၊ ဓမ္မတာ မမှန်ခြင်း၊ နည်းခြင်း၊ အိပ်မပျော်ခြင်း၊ နုံးခြင်းတို့ဖြစ်လာတတ်တယ်။
မယ် – သွေးအားနည်းရောဂါဟာ တစ်ဖြည်းဖြည်းပေါ်လာတတ်လို့ သတိမမူမိပဲ ရောဂါပြင်းထန်လာပါမှ ကုသမှုခံယူမိကြတယ်။ အချိန်မီ မကုသရင် နှလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်စေပါတယ်။
မောင် – သွေးအားနည်းခြင်းကို ဘယ်လိုစစ်ဆေးစမ်းသပ်ရင် သိနိုင်မလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – သွေးနီဥ၊ ဟေမိုဂလိုဘင် ပမာဏနဲ့ ‘ဟေမတိုခရက်’ ပမာဏကိုတိုင်းကြည့်ရင် သိတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ စံနှုန်းရှိတယ်။ (၁) အသက် ၆ နှစ် မှ ၁၂ နှစ်အထိ ဟေမိုဂလိုဘင် ၁၂ အောက်ရှိပြီး၊ ဟေမတိုခရက် ၃၆ အောက်၊ (၂) အမျိုးသား ဟေမိုဂလိုဘင် ၁၃ အောက်၊ ဟေမတိုခရက် ၃၆ အောက်၊ (၃) အမျိုးသမီး ဟေမိုဂလိုဘင် ၁၀ အောက်၊ ဟေမတိုခရက် ၃၃ အောက်ရှိရင် သွေးအားနည်းတယ်ခေါ်တယ်။
မယ် – သည့်ပြင် ဘယ်နည်းနဲ့ သိနိုင်သေးသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ – သံဓာတ်ပမာဏကို စစ်ဆေးခြင်းနဲ့ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ရှိမရှိသိနိုင်ပါတယ်။
မောင် – အခြားသိနိုင်တဲ့ နည်းလမ်းတွေကရော ဆရာ။
ဒေါက်တာမင်္ဂလာ – သွေးရည်ကြည်၊ သံဓာတ်၊ သွေးအတွင်း သံဓာတ်ပမာဏကို စစ်ဆေးကြည့်ခြင်း၊ သံဓာတ်ချို့တဲ့မှုဒီဂရီကို စစ်ဆေးကြည့်ခြင်း၊ ခန္ဓာကိုယ်တွင်း သံဓာတ်သိုလှောင်ထားမှု ပမာဏကို စစ်ဆေးကြည့်ခြင်းတို့နဲ့ သံဓာတ်လျော့နည်းခြင်းရှိမရှိ သိနိုင်ပါတယ်။ သွေးနီဥစစ်ဆေးကြည့်ရင်လည်း သိသာနိုင်တယ်။
မယ် – သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းမှာ ဘာတွေတွေ့နိုင်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဖယ်လမင် (Ferrimin) ပမာဏ လျော့နည်းခြင်း၊ သံဓာတ်လိုအပ် (Iron binding capacity) မြင့်တက်လာခြင်း၊ သံဓာတ်ချို့တဲ့ခြင်း ( Fe Serum iron) လျော့နည်းခြင်းတို့ တွေ့နိုင်ပါတယ်။
မောင် – သံဓာတ်ချို့တဲ့ သွေးအားနည်းခြင်းကို ကာကွယ်ကုသခြင်းအကြောင်း ပြောပြပါဆရာ။
ဒေါက်တာမင်္ဂလာ – အခြေခံက သံဓာတ်ဖြည့်စွက်ဆေး သောက်ခြင်း ဖြစ်တယ်။ တစ်လ (သို့) နှစ်လသောက်ရမယ်။ သံဓာတ်ဖြည့်စွက်ဆေးကြောင့် ဝမ်းချုပ်ခြင်း၊ အော့အန်လိုခြင်းရှိနိုင်တယ်။ အစာကြေဆေး၊ ဝမ်းပျော့ဆေးတို့နဲ့ တွဲဖက်သောက်သင့်ပါတယ်။ သံဓာတ်ဖြည့်စွက်ဆေး သုံးစွဲစဉ် မစင်ကမည်းနေတတ်တယ်။ ကော်ဖီ၊ နွားနို့၊ ပဋိဇီဝဆေး၊ လက်ဖက်ရည်တို့ဟာ သံဓာတ်စုပ်ယူမှုကို ဟန့်တားတယ်။
မယ် – အခြားဘယ်လိုဆေးတွေ သောက်သင့်သလဲဆရာ။
ဒေါက်တာမင်္ဂလာ – ဖောလစ်အက်ဆစ်၊ ဘီတွဲ၊ သံဓာတ် သုံးမျိုးပေါင်းစပ်ဆေးက သွေးအားနည်းတာ ထိရောက်ကာကွယ်နိုင်တယ်။ သွေးအရည်အသွေး ပြည့်ဝစေတယ်။ ဖောလစ်အက်ဆစ်က သွေးနီဥပမာဏ လျှင်မြန်စွာ ကြီးထွားစေပြီး ဘီတာမင်ဘီတွဲက သွေးနီဥများအားပေးတယ်။ အကြောဆေး ထိုးနိုင်ပါတယ်။
မောင် – သံဓာတ်ပြည့်ဝအောင် ရရှိဖို့ ရှောင်ရန် ဆောင်ရန် ဆွေးနွေးပေးပါဆရာ။
ဒေါက်တာမင်္ဂလာ – အသား၊ အသည်း၊ ဥအမျိုးမျိုး၊ အနီရောင်အသားများ၊ ပင်လယ်ငါး၊ သံ ပါတဲ့အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ၊ ဗီတာမင်စီ၊ ပရိုတိန်းနဲ့အတူ စားသုံးသင့်သလို ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ ပင်လယ်ရေညှိပါတယ်။
မောင် – ပြင်းထန်တဲ့ လေ့ကျင့်ခန်းဆိုတာကရောဆရာ။
ဒေါက်တာမင်္ဂလာ – အမျိုးသမီးများမှာ ကင်ဆာနဲ့ သားဖွားမီးယပ်ရဲ့ နောက်ဆက်တွဲဖြစ်လို့ ရေကူး၊ မာရသွန်၊ ဘောလုံးစတဲ့ ပြင်းထန်တဲ့ အားကစား ရှောင်သင့်ပါတယ်။
Author: ဒေါက်တာမင်္ဂလာ, Healthcare Journal, Vol 8,no 49(22.12.17) Pg 18