တီဘီေရာဂါ (Tuberculosis) သည္ တီဘီေရာဂါပိုး ကူးစက္ခံရျခင္းေၾကာင့္ျဖစ္ေသာ ကူးစက္ေရာဂါျဖစ္သည္။
အဆိုပါတီဘီေရာဂါသည္ လူႀကီးမ်ားတြင္သာမက ကေလးမ်ားတြင္လည္း ျဖစ္ပြားႏိုင္သည္။ က်န္းမာေရးသုေတသီမ်ား၏ စစ္တမ္းမ်ားအရ ျမန္မာႏိုင္ငံတြင္ ေဆးကုသေပးခဲ့သူ စုစုေပါင္း၏ ၂၅ ရာခိုင္ႏႈန္းခန္႔မွာ ကေလးတီဘီလူနာမ်ား ျဖစ္ၾကသည္။ ကေလးမ်ားသည္ သလိပ္တြင္ တီဘီပိုးပါရွိသည့္ လူႀကီးတီဘီ ေဝဒနာရွင္မ်ားထံမွ ေရာဂါကူးစက္ခံရျခင္းျဖစ္သည္။ အသက္ (၅) ႏွစ္ေအာက္ ကေလးမ်ားတြင္ တီဘီေရာဂါျဖစ္ပြားပါက ေရာဂါျပင္းထန္ၿပီး အသက္ဆံုးရံႈးမႈမ်ား ရွိႏိုင္သည္။ သုိ႔ျဖစ္ရာ ကေလးမ်ားတြင္ ျဖစ္ပြားေသာ တီဘီေရာဂါ (Childhood Tuberculosis) ကို ထိေရာက္စြာ ကုသေပးရန္ လိုအပ္သည္။ ကေလးမ်ားတြင္ တီဘီေရာဂါရွိသည္ဟု သံသယျဖစ္ေစေသာ အေၾကာင္းရင္းမ်ားမွာ –
(က) မိသားစုတြင္ တီဘီေရာဂါျဖစ္ပြားေနသူရွိေနျခင္း (အထူးသျဖင့္ ပိုးေတြ႕အဆုတ္တီဘီေရာဂါ)
(ခ) အသက္(၅)ႏွစ္ေအာက္ ကေလးျဖစ္ေနျခင္း
(ဂ) HIV + ျဖစ္ေနျခင္း
(ဃ) ဝက္သက္ေရာဂါ နာတာရွည္ နလံထာကစအခ်ိန္ အာဟာရခ်ိဳ႕တဲ့ေနျခင္း၊ စတီးရြိဳက္ (steroid) ေဆးမ်ား စားေနရျခင္း
(င) ဘီစီဂ်ီကာကြယ္ေဆး (BCG Vaccine) မထိုးထားျခင္း
တီဘီေရာဂါႏွင့္ ထိေတြ႕မႈ ရာဇဝင္ရွိေသာကေလးတြင္ ေအာက္ဖာ္ျပအခ်က္ ၃ ခုအနက္ ၂ ခုရွိေနလွ်င္ ကေလးတီဘီ သံသယလူနာဟု သတ္မွတ္ႏိုင္သည္။
(၁) ရက္သတၱပတ္ (၂)ပတ္ေက်ာ္ဖ်ားျခင္း (၃၈ ဒီဂရီစင္တီဂရိတ္)
(၂) ရက္သတၱပတ္ (၃)ပတ္ေက်ာ္ ေခ်ာင္းဆိုးျခင္း (ပဋိဇီဝေဆးမ်ား (antibiotics)၊ ေလျပြန္ခ်ဲ႕ေဆးဝါး (bronghodtors) မ်ားျဖင့္ သက္သာေပ်ာက္ကင္းမႈမရွိျခင္း
(၃) ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားျခင္း၊ ပိန္သြားျခင္း၊ ပံုမွန္ႀကီးထြားမႈမရွိျခင္း ကေလးမ်ားတြင္ အဆုတ္တီဘီေရာဂါႏွင့္ အဆုတ္ျပင္ပတီဘီေရာဂါဟူ၍ ျဖစ္ပြားသည့္ေနရာေပၚတြင္ မူတည္၍ ခြဲျခားထားသည္။
(က) အဆုတ္တီဘီေရာဂါ – ပဋိဇီဝေဆးမ်ား ရက္ျပည့္သည္အထိေသာက္ၿပီးေသာ္လည္း အဖ်ားမသက္သာျခင္း။
(ခ) အဆုတ္ျပင္ပတီဘီေရာဂါ – ျဖစ္ႏုိင္ေျခရွိေသာ လကၡဏာမ်ားမွာ –
(၁) အဆုတ္အေျမွးပါးအတြင္း အရည္ရွိျခင္း (Pleural effusion)
(၂) ေက်ာရိုးတြင္ဘုျဖစ္ျခင္း (Acute Vertebral Gibbus)
(၃) မနာက်င္ေသာ သငံရည္အက်ိတ္မ်ားထြက္ေနျခင္း (Non – painful gland with draining sinus)
(၄) ပဋိဇီဝေဆးႏွင့္ မေပ်ာက္ေသာ ဦးေႏွာက္အေျမွးပါးေရာင္ျခင္း (TB Meningitis)
(၅) ႏွလံုးအေျမွးအကာအတြင္း အရည္ဝင္ျခင္း (Pericardial effusion)
(၆) ဝမ္းကိုက္၊ ေရဖ်င္းစြဲျခင္း (Distended Abdomen with Ascites) အစရွိသည္တို႔ျဖစ္သည္။ ကေလးမ်ားတြင္ အဆုတ္တီဘီရွိသည္ဟု သံသယျဖစ္ပါက သလိပ္စစ္ေဆးျခင္း၊ ဓာတ္မွန္ရိုက္အတည္ျပဳျခင္း၊ ၾကဴဘာကူလင္စစ္ေဆးျခင္း (Tuberculin Test) အစရွိသည္တို႔ကို စမ္းသပ္ျခင္းအားျဖင့္ ကေလးတီဘီျဖစ္ေၾကာင္း အတည္ျပဳႏိုင္သည္။ အသက္ ၈ ႏွစ္ေအာက္ကေလးငယ္မ်ားသည္ သလိပ္မေထြးတတ္သျဖင့္ အစာအိမ္မွ အရည္ (Gastric Juice) ကို ထုတ္ယူ၍ တီဘီပိုးရွိမရွိ စစ္ေဆးေပးႏိုင္သည္။ ကေလးအား ၄ နာရီေက်ာ္ အစာမစားဘဲ ေနခိုင္းၿပီးမွ အစာအိမ္အရည္ကို ထုတ္ယူရန္ျဖစ္၍ အထူးကုဆရာဝန္မ်ားရွိေသာ ေဆးရံုတြင္သာ ျပဳလုပ္ရေပမည္။
အဆုတ္ျပင္ပတီဘီ ေရာဂါအတြက္ အဆုတ္အကာအတြင္းမွ ေရကိုစုပ္ထုတ္၍ စစ္ေဆးျခင္း၊ အက်ိတ္မွ အသားစထုတ္ယူ၍ စစ္ေဆးျခင္း (Fine Needle Aspiration) ၊ ေက်ာရိုးေဖာက္၍ CSF ထုတ္ယူစစ္ေဆးျခင္း (Cerebo Spinal Fluid) ၊ ကြန္ပ်ဴတာဓာတ္မွန္ရိုက္၍စစ္ေဆးျခင္း (CT Scan) စသည္တုိ႔အျပင္ ေနာက္ဆံုးေပၚစမ္းသပ္မႈမ်ားျဖစ္သည့္ Gene Xpert, PCR – Polymerase Chain Reaction မ်ားျဖင့္လည္း စစ္ေဆးႏိုင္သည္။ ထိုကဲ့သုိ႔စစ္ေဆးၿပီး၍ ကေလးတီဘီေရာဂါျဖစ္ေၾကာင္း အတည္ျပဳႏိုင္ပါက အဆိုပါ ကေလးတီဘီလူနာမ်ားတြင္ ေဆးကုသမႈေပးျခင္းကို စတင္လုပ္ေဆာင္ႏိုင္သည္။
ေဆးကုသရာတြင္ ကနဦးေဆးကုကာလ (Intensive phase) ႏွင့္ ေဆးဆက္လက္ကုသကာလ (Continuation phase) ဟူ၍ ႏွစ္ပိုင္းပါဝင္ၿပီး ကေလး၏ ကိုယ္အေလးခ်ိန္ေပၚတြင္ တြက္ခ်က္၍ ေပးသည္။ ယခင္တီဘီေဆးကုသခံယူခဲ့ဖူးျခင္းမရွိေသာ ကေလးတီဘီလူနာသစ္မ်ားအတြက္ ကနဦးေဆးကုကာလတြင္ေဆး (၄)မ်ိဳး (သုိ႔မဟုတ္) (၃)မ်ိဳးပါရွိၿပီး ကုသခ်ိန္ (၂)လၾကာျမင့္ပါသည္။ ေဆးဆက္လက္ ကုသကာလတြင္မူူ ေဆး (၂)မ်ိဳးပါရွိၿပီး ကုသခ်ိန္ (၄)လၾကာျမင့္မည္ျဖစ္သည္။ ယခင္တီဘီေဆးကုသမႈ ခံယူဖူးၿပီး အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ယခုတဖန္ ျပန္လည္ကုသရမည့္ ကေလးတီဘီလူနာမ်ားအတြက္ ကနဦးေဆးကုသကာလတြင္ ေဆး (၅)မ်ိဳး (သုိ႔မဟုတ္) (၄)မ်ိဳးပါဝင္ၿပီး ကုသခ်ိန္ (၂)လႏွင့္ ေဆးဆက္လက္ကုသကာလတြင္ ေဆး (၃)မ်ိဳးပါဝင္ၿပီး ကုသခ်ိန္ (၅)လၾကာျမင့္မည္ျဖစ္သည္။
ထိုသို႔ေဆးကုသရာတြင္ ကေလး၏ ကိုယ္အေလးခ်ိန္၊ အသက္ႏွင့္ တီဘီေရာဂါျပင္းထန္ျခင္း၊ မျပင္းထန္ျခင္းတို႔အေပၚတြင္ အေျခခံ၍ ေပါင္းစပ္ထားေသာ ကေလးတီဘီေဆးဝါးမ်ား (Paediatric PDC) ကို အသံုးျပဳ၍ လိုအပ္ေပသည္။ ေဆးကုသေနစဥ္ ေဆးမ်ား၏ ေဘးထြက္ဆိုးက်ိဳးမ်ား ျဖစ္ေပၚျခင္းရွိမရွိ ေန႔တိုင္းေမးျမန္းၾကည့္ရႈရမည္ျဖစ္သည္။ ျပင္းထန္ျခင္းမရွိေသာ ေဘးထြက္ဆိုးက်ိဳးမ်ားကို အားေပးစကားေျပာၾကားၿပီး အေထာက္အကူေဆးဝါးမ်ား ေပးႏုိင္ေသာ္လည္း ေဘးထြက္ဆိုးက်ိဳးမ်ား ျပင္းထန္ပါက သက္ဆိုင္ရာ ကေလးအထူးကုဆရာဝန္ထံ သြားေရာက္ျပသၿပီး ကုသမႈခံယူရမည္ျဖစ္သည္။
အဆုတ္တီဘီလူနာ (အထူးသျဖင့္ ပိုးေတြ႕တီဘီလူနာ)သည္ ေရာဂါကူးစက္မႈကို ေပးေသာသူျဖစ္ေသာေၾကာင့္ ကေလးတီဘီလူနာေတြ႕လွ်င္ အဆိုပါ ကေလး၏ အတူေနမိသားစုဝင္မ်ားအား တီဘီေရာဂါျဖစ္ပြားေနသူရွိမရွိ၊ ေခ်ာင္းဆိုးျခင္းရွိမရွိ ေမးျမန္းရမည္။ အထူးသျဖင့္ (၄)ႏွစ္ေအာက္ ကေလးမ်ားရွိပါက ခဏခဏဖ်ားျခင္း၊ ရက္ရွည္ေခ်ာင္းဆိုးျခင္းမ်ား ရွိမရွိ ေမးျမန္းၿပီး လကၡဏာရွိသူမ်ားအား ဓာတ္မွန္ရိုက္ျခင္း၊ ၾကဴဘာကူလင္ စမ္းသပ္ျခင္းတုိ႔ ျပဳလုပ္ရမည္။ ၄င္းအျပင္ အဆိုပါ ကေလးတီဘီလူနာ၏ အတူေနမိသားစုအား တီဘီေရာဂါရွိမရွိ စစ္ေဆးၿပီးေနာက္ တီဘီေရာဂါရွိေၾကာင္း အတည္ျပဳႏိုင္ပါက ထိုမိသားစုကိုလည္း တီဘီေရာဂါကုသမႈ ခံယူႏိုင္ေရးအတြက္ ႏွစ္သိမ့္ေဆြးေႏြးပညာေပးျခင္းမ်ား ျပဳလုပ္ရမည္ျဖစ္သည္။
အခ်ဳပ္အားျဖင့္ ဆိုရေသာ္ တီဘီေရာဂါသည္ ျမန္မာႏိုင္ငံတြင္ အျဖစ္မ်ားေသာ ေရာဂါမ်ားတြင္ ပါဝင္ေနသကဲ့သုိ႔ ကေလးမ်ားတြင္လည္း လူႀကီးမ်ားကဲ့သို႔ တီဘီေရာဂါျဖစ္ပြားမႈႏႈန္း မ်ားျပားေနေပသည္။ ထို႔အတူ အသက္ (၅) ႏွစ္ေအာက္ ကေလးမ်ားတြင္ တီဘီေရာဂါကူးစက္ျခင္းခံရပါက ဦးေႏွာက္အေျမွးေရာင္တီဘီေရာဂါႏွင့္ တစ္ကိုယ္လံုးျပန္႔ႏွံ႕သြားေသာ တီဘီတို႔ျဖစ္တတ္ၿပီး ေရာဂါျပင္းထန္ေသာေၾကာင့္ အသက္ဆံုးရံႈးမႈမ်ား ရွိႏိုင္သည္။ သုိ႔ျဖစ္၍ ကေလးမ်ားတြင္ျဖစ္ေသာ တီဘီေရာဂါကို ထိေရာက္စြာ ကာကြယ္ႏိုင္ရန္ႏွင့္ အခ်ိန္မီကုသႏိုင္ရန္ လိုအပ္ေနေပရာ အားကစားႏွင့္ က်န္းမာေရးဝန္ႀကီးဌာနလက္ေအာက္ရွိ အဖြဲ႕အစည္းမ်ား၊ အစိုးရမဟုတ္ေသာ ျပည္တြင္း၊ ျပည္ပမွ အဖြဲ႕အစည္းမ်ား၊ က်န္းမာေရးအဖြဲ႕ဝင္မ်ားႏွင့္ ေစတနာ့ဝန္ထမ္းမ်ားသာမက ျပည္သူလူထု၏ တက္ၾကြစြာ ပူးေပါင္းေဆာင္ရြက္ျခင္းတုိ႔သည္ ကေလးတီဘီေရာဂါ ကုသေစာင့္ေရွာက္ရာတြင္ အေရးပါေသာ အေၾကာင္းအခ်က္မ်ား ျဖစ္ေပေတာ့သည္။
Author: ရဲခိုင္ (ေဆး- ၂), Healthcare Journal Vol 8,no 47 (8.12.17) Pg 7
Unicode
တီဘီရောဂါ (Tuberculosis) သည် တီဘီရောဂါပိုး ကူးစက်ခံရခြင်းကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည်။ အဆိုပါတီဘီရောဂါသည် လူကြီးများတွင်သာမက ကလေးများတွင်လည်း ဖြစ်ပွားနိုင်သည်။
ကျန်းမာရေးသုတေသီများ၏ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ဆေးကုသပေးခဲ့သူ စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းခန့်မှာ ကလေးတီဘီလူနာများ ဖြစ်ကြသည်။ ကလေးများသည် သလိပ်တွင် တီဘီပိုးပါရှိသည့် လူကြီးတီဘီ ဝေဒနာရှင်များထံမှ ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ အသက် (၅) နှစ်အောက် ကလေးများတွင် တီဘီရောဂါဖြစ်ပွားပါက ရောဂါပြင်းထန်ပြီး အသက်ဆုံးရှုံးမှုများ ရှိနိုင်သည်။ သို့ဖြစ်ရာ ကလေးများတွင် ဖြစ်ပွားသော တီဘီရောဂါ (Childhood Tuberculosis) ကို ထိရောက်စွာ ကုသပေးရန် လိုအပ်သည်။ ကလေးများတွင် တီဘီရောဂါရှိသည်ဟု သံသယဖြစ်စေသော အကြောင်းရင်းများမှာ –
(က) မိသားစုတွင် တီဘီရောဂါဖြစ်ပွားနေသူရှိနေခြင်း (အထူးသဖြင့် ပိုးတွေ့အဆုတ်တီဘီရောဂါ)
(ခ) အသက်(၅)နှစ်အောက် ကလေးဖြစ်နေခြင်း
(ဂ) HIV + ဖြစ်နေခြင်း
(ဃ) ဝက်သက်ရောဂါ နာတာရှည် နလံထာကစအချိန် အာဟာရချို့တဲ့နေခြင်း၊ စတီးရွိုက် (steroid) ဆေးများ စားနေရခြင်း
(င) ဘီစီဂျီကာကွယ်ဆေး (BCG Vaccine) မထိုးထားခြင်း
တီဘီရောဂါနှင့် ထိတွေ့မှု ရာဇဝင်ရှိသောကလေးတွင် အောက်ဖာ်ပြအချက် ၃ ခုအနက် ၂ ခုရှိနေလျှင် ကလေးတီဘီ သံသယလူနာဟု သတ်မှတ်နိုင်သည်။
(၁) ရက်သတ္တပတ် (၂)ပတ်ကျော်ဖျားခြင်း (၃၈ ဒီဂရီစင်တီဂရိတ်)
(၂) ရက်သတ္တပတ် (၃)ပတ်ကျော် ချောင်းဆိုးခြင်း (ပဋိဇီဝဆေးများ (antibiotics)၊ လေပြွန်ချဲ့ဆေးဝါး (bronghodtors) များဖြင့် သက်သာပျောက်ကင်းမှုမရှိခြင်း
(၃) ကိုယ်အလေးချိန်လျော့ကျသွားခြင်း၊ ပိန်သွားခြင်း၊ ပုံမှန်ကြီးထွားမှုမရှိခြင်း ကလေးများတွင် အဆုတ်တီဘီရောဂါနှင့် အဆုတ်ပြင်ပတီဘီရောဂါဟူ၍ ဖြစ်ပွားသည့်နေရာပေါ်တွင် မူတည်၍ ခွဲခြားထားသည်။
(က) အဆုတ်တီဘီရောဂါ – ပဋိဇီဝဆေးများ ရက်ပြည့်သည်အထိသောက်ပြီးသော်လည်း အဖျားမသက်သာခြင်း။
(ခ) အဆုတ်ပြင်ပတီဘီရောဂါ – ဖြစ်နိုင်ခြေရှိသော လက္ခဏာများမှာ –
(၁) အဆုတ်အမြှေးပါးအတွင်း အရည်ရှိခြင်း (Pleural effusion)
(၂) ကျောရိုးတွင်ဘုဖြစ်ခြင်း (Acute Vertebral Gibbus)
(၃) မနာကျင်သော သငံရည်အကျိတ်များထွက်နေခြင်း (Non – painful gland with draining sinus)
(၄) ပဋိဇီဝဆေးနှင့် မပျောက်သော ဦးနှောက်အမြှေးပါးရောင်ခြင်း (TB Meningitis)
(၅) နှလုံးအမြှေးအကာအတွင်း အရည်ဝင်ခြင်း (Pericardial effusion)
(၆) ဝမ်းကိုက်၊ ရေဖျင်းစွဲခြင်း (Distended Abdomen with Ascites) အစရှိသည်တို့ဖြစ်သည်။ ကလေးများတွင် အဆုတ်တီဘီရှိသည်ဟု သံသယဖြစ်ပါက သလိပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်အတည်ပြုခြင်း၊ ကြူဘာကူလင်စစ်ဆေးခြင်း (Tuberculin Test) အစရှိသည်တို့ကို စမ်းသပ်ခြင်းအားဖြင့် ကလေးတီဘီဖြစ်ကြောင်း အတည်ပြုနိုင်သည်။ အသက် ၈ နှစ်အောက်ကလေးငယ်များသည် သလိပ်မထွေးတတ်သဖြင့် အစာအိမ်မှ အရည် (Gastric Juice) ကို ထုတ်ယူ၍ တီဘီပိုးရှိမရှိ စစ်ဆေးပေးနိုင်သည်။ ကလေးအား ၄ နာရီကျော် အစာမစားဘဲ နေခိုင်းပြီးမှ အစာအိမ်အရည်ကို ထုတ်ယူရန်ဖြစ်၍ အထူးကုဆရာဝန်များရှိသော ဆေးရုံတွင်သာ ပြုလုပ်ရပေမည်။
အဆုတ်ပြင်ပတီဘီ ရောဂါအတွက် အဆုတ်အကာအတွင်းမှ ရေကိုစုပ်ထုတ်၍ စစ်ဆေးခြင်း၊ အကျိတ်မှ အသားစထုတ်ယူ၍ စစ်ဆေးခြင်း (Fine Needle Aspiration) ၊ ကျောရိုးဖောက်၍ CSF ထုတ်ယူစစ်ဆေးခြင်း (Cerebo Spinal Fluid) ၊ ကွန်ပျူတာဓာတ်မှန်ရိုက်၍စစ်ဆေးခြင်း (CT Scan) စသည်တို့အပြင် နောက်ဆုံးပေါ်စမ်းသပ်မှုများဖြစ်သည့် Gene Xpert, PCR – Polymerase Chain Reaction များဖြင့်လည်း စစ်ဆေးနိုင်သည်။ ထိုကဲ့သို့စစ်ဆေးပြီး၍ ကလေးတီဘီရောဂါဖြစ်ကြောင်း အတည်ပြုနိုင်ပါက အဆိုပါ ကလေးတီဘီလူနာများတွင် ဆေးကုသမှုပေးခြင်းကို စတင်လုပ်ဆောင်နိုင်သည်။ ဆေးကုသရာတွင် ကနဦးဆေးကုကာလ (Intensive phase) နှင့် ဆေးဆက်လက်ကုသကာလ (Continuation phase) ဟူ၍ နှစ်ပိုင်းပါဝင်ပြီး ကလေး၏ ကိုယ်အလေးချိန်ပေါ်တွင် တွက်ချက်၍ ပေးသည်။
ယခင်တီဘီဆေးကုသခံယူခဲ့ဖူးခြင်းမရှိသော ကလေးတီဘီလူနာသစ်များအတွက် ကနဦးဆေးကုကာလတွင်ဆေး (၄)မျိုး (သို့မဟုတ်) (၃)မျိုးပါရှိပြီး ကုသချိန် (၂)လကြာမြင့်ပါသည်။ ဆေးဆက်လက် ကုသကာလတွင်မူူ ဆေး (၂)မျိုးပါရှိပြီး ကုသချိန် (၄)လကြာမြင့်မည်ဖြစ်သည်။ ယခင်တီဘီဆေးကုသမှု ခံယူဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုတဖန် ပြန်လည်ကုသရမည့် ကလေးတီဘီလူနာများအတွက် ကနဦးဆေးကုသကာလတွင် ဆေး (၅)မျိုး (သို့မဟုတ်) (၄)မျိုးပါဝင်ပြီး ကုသချိန် (၂)လနှင့် ဆေးဆက်လက်ကုသကာလတွင် ဆေး (၃)မျိုးပါဝင်ပြီး ကုသချိန် (၅)လကြာမြင့်မည်ဖြစ်သည်။ ထိုသို့ဆေးကုသရာတွင် ကလေး၏ ကိုယ်အလေးချိန်၊ အသက်နှင့် တီဘီရောဂါပြင်းထန်ခြင်း၊ မပြင်းထန်ခြင်းတို့အပေါ်တွင် အခြေခံ၍ ပေါင်းစပ်ထားသော ကလေးတီဘီဆေးဝါးများ (Paediatric PDC) ကို အသုံးပြု၍ လိုအပ်ပေသည်။
ဆေးကုသနေစဉ် ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်းရှိမရှိ နေ့တိုင်းမေးမြန်းကြည့်ရှုရမည်ဖြစ်သည်။ ပြင်းထန်ခြင်းမရှိသော ဘေးထွက်ဆိုးကျိုးများကို အားပေးစကားပြောကြားပြီး အထောက်အကူဆေးဝါးများ ပေးနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးများ ပြင်းထန်ပါက သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်ထံ သွားရောက်ပြသပြီး ကုသမှုခံယူရမည်ဖြစ်သည်။ အဆုတ်တီဘီလူနာ (အထူးသဖြင့် ပိုးတွေ့တီဘီလူနာ)သည် ရောဂါကူးစက်မှုကို ပေးသောသူဖြစ်သောကြောင့် ကလေးတီဘီလူနာတွေ့လျှင် အဆိုပါ ကလေး၏ အတူနေမိသားစုဝင်များအား တီဘီရောဂါဖြစ်ပွားနေသူရှိမရှိ၊ ချောင်းဆိုးခြင်းရှိမရှိ မေးမြန်းရမည်။
အထူးသဖြင့် (၄)နှစ်အောက် ကလေးများရှိပါက ခဏခဏဖျားခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်းများ ရှိမရှိ မေးမြန်းပြီး လက္ခဏာရှိသူများအား ဓာတ်မှန်ရိုက်ခြင်း၊ ကြူဘာကူလင် စမ်းသပ်ခြင်းတို့ ပြုလုပ်ရမည်။ ၎င်းအပြင် အဆိုပါ ကလေးတီဘီလူနာ၏ အတူနေမိသားစုအား တီဘီရောဂါရှိမရှိ စစ်ဆေးပြီးနောက် တီဘီရောဂါရှိကြောင်း အတည်ပြုနိုင်ပါက ထိုမိသားစုကိုလည်း တီဘီရောဂါကုသမှု ခံယူနိုင်ရေးအတွက် နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ အချုပ်အားဖြင့် ဆိုရသော် တီဘီရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါများတွင် ပါဝင်နေသကဲ့သို့ ကလေးများတွင်လည်း လူကြီးများကဲ့သို့ တီဘီရောဂါဖြစ်ပွားမှုနှုန်း များပြားနေပေသည်။
ထို့အတူ အသက် (၅) နှစ်အောက် ကလေးများတွင် တီဘီရောဂါကူးစက်ခြင်းခံရပါက ဦးနှောက်အမြှေးရောင်တီဘီရောဂါနှင့် တစ်ကိုယ်လုံးပြန့်နှံ့သွားသော တီဘီတို့ဖြစ်တတ်ပြီး ရောဂါပြင်းထန်သောကြောင့် အသက်ဆုံးရှုံးမှုများ ရှိနိုင်သည်။ သို့ဖြစ်၍ ကလေးများတွင်ဖြစ်သော တီဘီရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် အချိန်မီကုသနိုင်ရန် လိုအပ်နေပေရာ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ကျန်းမာရေးအဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများသာမက ပြည်သူလူထု၏ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းတို့သည် ကလေးတီဘီရောဂါ ကုသစောင့်ရှောက်ရာတွင် အရေးပါသော အကြောင်းအချက်များ ဖြစ်ပေတော့သည်။
Author: ရဲခိုင် (ဆေး- ၂), Healthcare Journal Vol 8,no 47 (8.12.17) Pg 7