fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

သူမလာတာ အဖြေရှာ

42
VIEWS
Share on FacebookShare on TwitterShare on Linkedin
12/01/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

သူမလာတာ အေျဖရွာ

အိတစ္ေယာက္ စိတ္ေတြ ညစ္ေနရပါတယ္။ အလုပ္မွာလည္း အဆင္မေျပသလို က်န္းမာေရးရာ အခက္အခဲေလးေတြလည္း ရွိေနလို႔ပါ။ စိတ္ညစ္ေတာ့ တစ္မႈိင္မႈိင္ တစ္ေထြေထြနဲ႔။ ဒီၾကားထဲ သူ စိတ္ပူေနတဲ့ ကိစၥေလးတစ္ခုကလည္း ရွိေနေသးတယ္။

အဲဒါကေတာ့ အမ်ိဳးသမီးေတြ လာေနက် လစဥ္ ဓမၼတာ မလာတဲ့ ကိစၥပါပဲ။ ရာသီေသြးမလာတာ အရင္က မျဖစ္ဘူးေပမယ့္ အခုေတာ့ မလာတာ ဘာလိုလိုနဲ႔ သုံးလေလာက္ေတာင္ ရွိေတာ့မွာပဲလို႔ တြက္ၾကည့္မိလိုက္မွ စိတ္ပူသြားမိတယ္။ ရည္းစားလည္း မရွိ အိမ္ေထာင္လည္း မရွိ ယဥ္ဖိုေတာင္ မသန္းဖူးတဲ့သူမို႔ ဘာဘာညာညာ ကိစၥအတြက္ေတာ့ စိုးရိမ္စရာ မလိုေပ။ ဒီေတာ့ ေသြးမေပၚတဲ့ ကိစၥကို လန႔္စရာ မလိုေတာ့ လာမွာပဲေလ ဆိုၿပီး ေမ့ေမ့ေပ်ာက္ေပ်ာက္ေနရင္း သုံးလေလာက္ ရွိသြားတာပင္။

ေသြးမေပၚလို႔ပဲလားေတာ့ မသိ မ်က္ႏွာမွာ ဝက္ၿခံေတြ တျဖည္းျဖည္း မ်ားမ်ားလာတယ္။ ဆံပင္ေတြလည္း ကြၽတ္ ေခါင္းေတြလည္း ကိုက္ ေနရတာ အဆင္မေျပလွဘူး။ ဒီၾကားထဲ အလုပ္ထဲမွာလည္း စိတ္ဖိစီးစရာေတြက တစ္ပုံတစ္ပင္ပဲ။ မ်က္စိေတြလည္း ၾကည့္မေကာင္းသလို တင္ပဆုံကပဲ နာသလိုလို ခါးေတြပဲ ကိုက္သလိုလိုနဲ႔ ။ ဒီေန႔ေတာ့ အလုပ္က ဆင္းတာနဲ႔ ေဆးခန္းသြားျပမယ္ စိတ္ကူးထားလိုက္တယ္။ ေဘးမွာ ထိုင္တဲ့ နီနီက သူလည္း ရာသီမလာတာ တစ္လေက်ာ္ေနၿပီ ဆိုေတာ့ အလုပ္လည္းဆင္းေရာ ႏွစ္ေယာက္အတူတူ ေဆးခန္းသြားျပျဖစ္ၾကတယ္။

႐ုံးမွာ အိနဲ႔ နီနီကို ဆင္နဲ႔ ပု႐ြတ္ဆိတ္ အတြဲလို႔ ေခၚၾကတယ္။ ေခၚလည္း ေခၚခ်င္စရာ။ အိက အရပ္က ၅ ေပ ၂ မွာ ေပါင္က ၁၈၀ ေလာက္ရွိတဲ့ ဝဝၿဖိဳးၿဖိဳး၊ နီနီက အရပ္ ၅ ေပ ၁ လက္မမွာ ေပါင္က ဘယ္အခ်ိန္ခ်ိန္ ခ်ိန္ခ်ိန္ ၉၀ မျပည့္ဘူး။ ဒီေတာ့ သူတို႔ ႏွစ္ေယာက္ ေလွ်ာက္သြားရင္ ဆင္နဲ႔ ပု႐ြတ္ဆိတ္လိုကို ျဖစ္ေနတာ။ ကြာတာတစ္ခုက အိက လုံးဝ တစ္ကိုယ္တည္း အပ်ိဳႀကီး နီနီကေတာ့ မၾကာခင္ လက္ထပ္ေတာ့မယ့္ သတိုးသမီးေလာင္းလ်ာေလး။

ေဆးခန္းကို ေရာက္ေတာ့ နီနီက ရွက္ကိုး ရွက္ကန္းနဲ႔ အိကိုပဲ အတင္းျပခိုင္းေနေတာ့တာပဲ။ အိလည္း ဆရာဝန္ကို ရာသီမလာတာ ၃ လေလာက္ ရွိေနၿပီဆိုတာနဲ႔ သူခံစားေနရတာေတြကို ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္တယ္။ ဆရာက ေမးျမန္း စစ္ေဆးၿပီးတာနဲ႔ အိကို ဝိတ္ခ်ခိုင္းေနေတာ့တာပဲ။ အိလည္း စိတ္ထဲ နည္းနည္းေတာ့ စႏိုးစေနာင့္ ျဖစ္တာေပါ့။ ငါက ရာသီမလာလို႔ ျပတာ သူက ဘာလို႔ ဝိတ္ခ်ခိုင္းပါလိမ့္ေပါ့။ ေနာက္ဆုံး မေနႏိုင္လို႔ ဆရာဝန္ကို ေမးေတာ့မွ ဆရာက စိတ္ရွည္လက္ရွည္ ရွင္းျပတယ္။

ရာသီမလာတာ ပိန္လြန္းတာ ၊ ဝလြန္းတာေတြေၾကာင့္လည္း ျဖစ္ႏိုင္တယ္ဆိုတဲ့ အေၾကာင္း ၊ စိတ္ေတြ အရမ္း ဖိစီးေနတဲ့ အခါမွာလည္း ရာသီေသြး ထိန္သြားတတ္တယ္လို႔ ေသခ်ာရွင္းျပတယ္။ ေနာက္ၿပီး စိတ္က်ေဆးေတြ ေသြးေပါင္က်ေဆးေတြကို ေသာက္ေနတဲ့ သူေတြမွာလည္း ရာသီထိန္တာေတြ ျဖစ္တတ္တာမို႔ ေသာက္ေနတဲ့ ေဆးရွိလားလည္း ေမးေသးတယ္။

အိကေတာ့ ေသာက္ေနတဲ့ ေဆးေတြလည္း မရွိ၊ စမ္းသပ္မႈေတြကလည္း ေကာင္းေနတာမို႔ စိတ္ဖိစီးတာေတြ ေလ်ာ့ဖို႔ တရားထိုင္ဖို႔ရယ္ ၊ ကိုယ္အေလးခ်ိန္က်ဖို႔ ေလ့က်င့္ခန္းလုပ္ဖို႔ရယ္ ေျပာတယ္။ ဗိုက္မွာ အလုံးစမ္းမိတာမ်ိဳး မရွိေပမယ့္ ေသခ်ာေအာင္ တီဗြီဓာတ္မွန္ ( အာထရာေစာင္း) လည္း ႐ိုက္ၾကည့္ဖို႔ ေျပာတယ္။ ေရအိတ္ေတြ ရွိေနမွာ စိုးလို႔တဲ့။

အိလို ဝတဲ့သူကို ကိုယ္အေလးခ်ိန္ ႐ုတ္တရက္ က်သြားတာရွိလားလို႔ ေမးလို႔ ဆရာ စ ေနတာလားေတာင္ ထင္လိုက္မိေသး။ ေနာက္မွ ဆရာက လည္ပင္းက အဆိပ္ေတြထြက္တဲ့ ေရာဂါေတြမွာလည္း ရာသီမလာတတ္ဘူး။ အဲဒီေရာဂါေတြဆို အစားအေသာက္ မပ်က္ဘဲနဲ႔ ကိုယ္အေလးခ်ိန္ သိသိသာသာ ေလ်ာ့သြားတာမ်ိဳးေတြ ရွိတတ္လို႔ ေမးတာဆိုမွ ဆရာ့ကိုေတာင္ ျပန္အားနာမိသြားတယ္။ ဘာပဲေျပာေျပာ အိကေတာ့ သိခ်င္တာေတြလည္း ေမးၿပီးၿပီမို႔ နီနီ႔ကို ျပဖို႔ ေျပာမိတယ္။

နီနီျပတဲ့ အလွည့္မွာ ရာသီမလာတာ ဘယ္ေလာက္ၾကာၿပီလဲ ေမးေတာ့ ၁ လေက်ာ္ ၾကာၿပီတဲ့။ ဆရာက ရည္းစားရွိလားေမးေတာ့ တစ္ခါတည္း အသံတိမ္တိမ္ေလးနဲ႔ အမ်ိဳးသားနဲ႔ အတူေနမိတဲ့ အေၾကာင္း ၿပီးေတာ့ အေရးေပၚ တားေဆးကို ေသာက္လိုက္တဲ့ အေၾကာင္း ရာသီမလာလို႔ ဆီး ခဏခဏ စစ္ေပမယ့္ တစ္ေၾကာင္းပဲ ေပၚေၾကာင္း ရွက္ကိုးရွက္ကန္းနဲ႔ ေျပာျပရွာတယ္။

ဆရာအတြက္ကေတာ့ ဒါမ်ိဳးေတြက မထူးဆန္းေတာ့ဘူး ထင္ပါရဲ႕။ အိကို ေမးတုန္းကေလာက္ေတာင္ စစ္စစ္ေပါက္ေပါက္ေတြ ေမးမေနေတာ့ဘူး။ စမ္းသပ္စစ္ေဆးၿပီးေတာ့ နီနီကို အေရးေပၚတားေဆးေၾကာင့္ ျဖစ္တာလို႔ ေျပာတယ္။ တားေဆးေသာက္တဲ့ အခါမွာ ရာသီေသြး ထိန္သြားတာမ်ိဳးျဖစ္တတ္တယ္ဆိုတဲ့ အေၾကာင္းရယ္ ၊ တစ္ခါတစ္ေလ တားေဆးေသာက္ေပမယ့္ ကေလးရသြားတာေတြ ရွိတတ္တယ္လို႔ ေစာင့္ၾကည့္ဖို႔နဲ႔ ေနာက္ တစ္ပတ္ေနရင္ ဆီးထပ္စစ္ၾကည့္ဖို႔ပဲ မွာလိုက္တယ္။

အျပန္လမ္းမွာေတာ့ ကေလးယူဖို႔ အဆင္မေျပေသးတဲ့ နီနီက ကေလး မရွိေနဖို႔ ဆုေတြေတာင္းရင္း ဝတုတ္မေလး အိကေတာ့ ဝိတ္ခ်ဖို႔ စဥ္းစားရင္း ……………

Author : Dr. ေမ

သူမလာတာ အဖြေရှာ

အိတစ်ယောက် စိတ်တွေ ညစ်နေရပါတယ်။ အလုပ်မှာလည်း အဆင်မပြေသလို ကျန်းမာရေးရာ အခက်အခဲလေးတွေလည်း ရှိနေလို့ပါ။ စိတ်ညစ်တော့ တစ်မှိုင်မှိုင် တစ်ထွေထွေနဲ့။ ဒီကြားထဲ သူ စိတ်ပူနေတဲ့ ကိစ္စလေးတစ်ခုကလည်း ရှိနေသေးတယ်။

အဲဒါကတော့ အမျိုးသမီးတွေ လာနေကျ လစဉ် ဓမ္မတာ မလာတဲ့ ကိစ္စပါပဲ။ ရာသီသွေးမလာတာ အရင်က မဖြစ်ဘူးပေမယ့် အခုတော့ မလာတာ ဘာလိုလိုနဲ့ သုံးလလောက်တောင် ရှိတော့မှာပဲလို့ တွက်ကြည့်မိလိုက်မှ စိတ်ပူသွားမိတယ်။ ရည်းစားလည်း မရှိ အိမ်ထောင်လည်း မရှိ ယဉ်ဖိုတောင် မသန်းဖူးတဲ့သူမို့ ဘာဘာညာညာ ကိစ္စအတွက်တော့ စိုးရိမ်စရာ မလိုပေ။ ဒီတော့ သွေးမပေါ်တဲ့ ကိစ္စကို လန့်စရာ မလိုတော့ လာမှာပဲလေ ဆိုပြီး မေ့မေ့ပျောက်ပျောက်နေရင်း သုံးလလောက် ရှိသွားတာပင်။

သွေးမပေါ်လို့ပဲလားတော့ မသိ မျက်နှာမှာ ဝက်ခြံတွေ တဖြည်းဖြည်း များများလာတယ်။ ဆံပင်တွေလည်း ကျွတ် ခေါင်းတွေလည်း ကိုက် နေရတာ အဆင်မပြေလှဘူး။ ဒီကြားထဲ အလုပ်ထဲမှာလည်း စိတ်ဖိစီးစရာတွေက တစ်ပုံတစ်ပင်ပဲ။ မျက်စိတွေလည်း ကြည့်မကောင်းသလို တင်ပဆုံကပဲ နာသလိုလို ခါးတွေပဲ ကိုက်သလိုလိုနဲ့ ။ ဒီနေ့တော့ အလုပ်က ဆင်းတာနဲ့ ဆေးခန်းသွားပြမယ် စိတ်ကူးထားလိုက်တယ်။ ဘေးမှာ ထိုင်တဲ့ နီနီက သူလည်း ရာသီမလာတာ တစ်လကျော်နေပြီ ဆိုတော့ အလုပ်လည်းဆင်းရော နှစ်ယောက်အတူတူ ဆေးခန်းသွားပြဖြစ်ကြတယ်။

ရုံးမှာ အိနဲ့ နီနီကို ဆင်နဲ့ ပုရွတ်ဆိတ် အတွဲလို့ ခေါ်ကြတယ်။ ခေါ်လည်း ခေါ်ချင်စရာ။ အိက အရပ်က ၅ ပေ ၂ မှာ ပေါင်က ၁၈၀ လောက်ရှိတဲ့ ဝဝဖြိုးဖြိုး၊ နီနီက အရပ် ၅ ပေ ၁ လက်မမှာ ပေါင်က ဘယ်အချိန်ချိန် ချိန်ချိန် ၉၀ မပြည့်ဘူး။ ဒီတော့ သူတို့ နှစ်ယောက် လျှောက်သွားရင် ဆင်နဲ့ ပုရွတ်ဆိတ်လိုကို ဖြစ်နေတာ။ ကွာတာတစ်ခုက အိက လုံးဝ တစ်ကိုယ်တည်း အပျိုကြီး နီနီကတော့ မကြာခင် လက်ထပ်တော့မယ့် သတိုးသမီးလောင်းလျာလေး။

ဆေးခန်းကို ရောက်တော့ နီနီက ရှက်ကိုး ရှက်ကန်းနဲ့ အိကိုပဲ အတင်းပြခိုင်းနေတော့တာပဲ။ အိလည်း ဆရာဝန်ကို ရာသီမလာတာ ၃ လလောက် ရှိနေပြီဆိုတာနဲ့ သူခံစားနေရတာတွေကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ ဆရာက မေးမြန်း စစ်ဆေးပြီးတာနဲ့ အိကို ဝိတ်ချခိုင်းနေတော့တာပဲ။ အိလည်း စိတ်ထဲ နည်းနည်းတော့ စနိုးစနောင့် ဖြစ်တာပေါ့။ ငါက ရာသီမလာလို့ ပြတာ သူက ဘာလို့ ဝိတ်ချခိုင်းပါလိမ့်ပေါ့။ နောက်ဆုံး မနေနိုင်လို့ ဆရာဝန်ကို မေးတော့မှ ဆရာက စိတ်ရှည်လက်ရှည် ရှင်းပြတယ်။

ရာသီမလာတာ ပိန်လွန်းတာ ၊ ဝလွန်းတာတွေကြောင့်လည်း ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်း ၊ စိတ်တွေ အရမ်း ဖိစီးနေတဲ့ အခါမှာလည်း ရာသီသွေး ထိန်သွားတတ်တယ်လို့ သေချာရှင်းပြတယ်။ နောက်ပြီး စိတ်ကျဆေးတွေ သွေးပေါင်ကျဆေးတွေကို သောက်နေတဲ့ သူတွေမှာလည်း ရာသီထိန်တာတွေ ဖြစ်တတ်တာမို့ သောက်နေတဲ့ ဆေးရှိလားလည်း မေးသေးတယ်။

အိကတော့ သောက်နေတဲ့ ဆေးတွေလည်း မရှိ၊ စမ်းသပ်မှုတွေကလည်း ကောင်းနေတာမို့ စိတ်ဖိစီးတာတွေ လျော့ဖို့ တရားထိုင်ဖို့ရယ် ၊ ကိုယ်အလေးချိန်ကျဖို့ လေ့ကျင့်ခန်းလုပ်ဖို့ရယ် ပြောတယ်။ ဗိုက်မှာ အလုံးစမ်းမိတာမျိုး မရှိပေမယ့် သေချာအောင် တီဗွီဓာတ်မှန် ( အာထရာစောင်း) လည်း ရိုက်ကြည့်ဖို့ ပြောတယ်။ ရေအိတ်တွေ ရှိနေမှာ စိုးလို့တဲ့။

အိလို ဝတဲ့သူကို ကိုယ်အလေးချိန် ရုတ်တရက် ကျသွားတာရှိလားလို့ မေးလို့ ဆရာ စ နေတာလားတောင် ထင်လိုက်မိသေး။ နောက်မှ ဆရာက လည်ပင်းက အဆိပ်တွေထွက်တဲ့ ရောဂါတွေမှာလည်း ရာသီမလာတတ်ဘူး။ အဲဒီရောဂါတွေဆို အစားအသောက် မပျက်ဘဲနဲ့ ကိုယ်အလေးချိန် သိသိသာသာ လျော့သွားတာမျိုးတွေ ရှိတတ်လို့ မေးတာဆိုမှ ဆရာ့ကိုတောင် ပြန်အားနာမိသွားတယ်။ ဘာပဲပြောပြော အိကတော့ သိချင်တာတွေလည်း မေးပြီးပြီမို့ နီနီ့ကို ပြဖို့ ပြောမိတယ်။

နီနီပြတဲ့ အလှည့်မှာ ရာသီမလာတာ ဘယ်လောက်ကြာပြီလဲ မေးတော့ ၁ လကျော် ကြာပြီတဲ့။ ဆရာက ရည်းစားရှိလားမေးတော့ တစ်ခါတည်း အသံတိမ်တိမ်လေးနဲ့ အမျိုးသားနဲ့ အတူနေမိတဲ့ အကြောင်း ပြီးတော့ အရေးပေါ် တားဆေးကို သောက်လိုက်တဲ့ အကြောင်း ရာသီမလာလို့ ဆီး ခဏခဏ စစ်ပေမယ့် တစ်ကြောင်းပဲ ပေါ်ကြောင်း ရှက်ကိုးရှက်ကန်းနဲ့ ပြောပြရှာတယ်။

ဆရာအတွက်ကတော့ ဒါမျိုးတွေက မထူးဆန်းတော့ဘူး ထင်ပါရဲ့။ အိကို မေးတုန်းကလောက်တောင် စစ်စစ်ပေါက်ပေါက်တွေ မေးမနေတော့ဘူး။ စမ်းသပ်စစ်ဆေးပြီးတော့ နီနီကို အရေးပေါ်တားဆေးကြောင့် ဖြစ်တာလို့ ပြောတယ်။ တားဆေးသောက်တဲ့ အခါမှာ ရာသီသွေး ထိန်သွားတာမျိုးဖြစ်တတ်တယ်ဆိုတဲ့ အကြောင်းရယ် ၊ တစ်ခါတစ်လေ တားဆေးသောက်ပေမယ့် ကလေးရသွားတာတွေ ရှိတတ်တယ်လို့ စောင့်ကြည့်ဖို့နဲ့ နောက် တစ်ပတ်နေရင် ဆီးထပ်စစ်ကြည့်ဖို့ပဲ မှာလိုက်တယ်။

အပြန်လမ်းမှာတော့ ကလေးယူဖို့ အဆင်မပြေသေးတဲ့ နီနီက ကလေး မရှိနေဖို့ ဆုတွေတောင်းရင်း ဝတုတ်မလေး အိကတော့ ဝိတ်ချဖို့ စဉ်းစားရင်း ……………

Author : Dr. မေ

Previous Post

လေကျင့်ခန်းနဲ့အားကစား

Next Post

သားမြတ်နှစ်ခုစလုံး ဖြတ်မထုတ်ရင်ကော မရဘူးလား

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
622

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
592
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
770

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

သားမြတ်နှစ်ခုစလုံး ဖြတ်မထုတ်ရင်ကော မရဘူးလား

အဝလွန်ဘေးမှကင်းဝေးစေ

အရက်ရဲ့ဆိုးကျိုးများ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.