fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ကလေးရသွားနိုင်တဲ့ရက်တွေ

2.1k
VIEWS
Share on FacebookShare on TwitterShare on Linkedin
19/01/2018
in အမျိုးသမီး ကျန်းမာရေး, အမျိုးသားကျန်းမာရေး
1 min read
A A

ကလေးရသွားနိုင်တဲ့ရက်တွေ

အမျိုးသမီး တစ်ယောက်အတွက် အမျိုးသားနဲ့ အတူနေတိုင်း ကလေး ရနိုင်တာ မဟုတ်ပါဘူး။ ဇာတ်ကားတွေထဲမှာလို တစ်ကြိမ်တစ်ခါတည်းလေးနဲ့ ကလေး ရနိုင်ဖို့ဆိုတာ နည်းပါတယ်။ ဒါပေမယ့် အဲဒီရက်က မမျိုးဥ ကြွေနေတဲ့ အချိန် Danger period နဲ့ တိုက်တိုက်ဆိုင်ဆိုင် သွားတိုက်ဆိုင်နေရင်တော့ ကလေး ရသွားနိုင်ပါတယ်။

ပုံမှန် အမျိုးသားတစ်ယောက်အတွက် တစ်လလုံး တစ်ချိန်လုံးမှာ ကလေးရနိုင်ပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ တစ်လလုံးမှာ ကလေးရနိုင်တဲ့ ရက် အနည်းငယ်သာ ရှိပါတယ်။ ဒီရက်တွေကို Danger period ( အန္တရာယ် ရှိတဲ့ ကာလ) တွေလို့ ခေါ်လေ့ရှိပါတယ်။ ကလေးလိုချင်တဲ့ သူတွေအတွက်တော့ ပျော်ရွှင်ဖွယ် ကာလလေး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကလေးမလိုချင်သေးတဲ့ ပျိုဖြူတွေအတွက်တော့ တကယ့်ကို danger period ပါပဲ။

Danger period ဆိုတာ သားဥ ကြွေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ သားဥအိမ်မှ ကြွေကျလာတဲ့ သားဥလေးဟာ အမျိုးသားရဲ့ သုက်ပိုးနဲ့ တွေ့ရှိတဲ့ အခါမှ သန္ဓေအောင်ခြင်းဆိုတာ ဖြစ်ပေါ်ပါတယ်။ ဒါကြောင့် ဒီရက်တွေက ကိုယ်ဝန် ရနိုင်တဲ့ ရက်တွေလို့ ပြောတာပါ။

Danger period ကို ဘယ်လိုတွက်ကြမလဲဆိုတော့ ပျိုဖြူတို့ရဲ့ ရာသီစက်ဝန်းပေါ်မှာ မူတည်နေပါတယ်။ တချို့တွေက တစ်လနဲ့ တစ်လ ရက်တူတယ်။ အရင်လ ၂၈ မှာလာရင် ဒီလလည်း ၂၈ လာတယ်။ တချို့ကျတော့ ရှေ့ကို တိုးသွားတာ ရှိတယ်။ တချို့ကျ နောက်ကို ဆုတ်သွားတာ ရှိတယ်။ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းဟာ တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အတွက် danger period ကို ပုံသေ သတ်မှတ်တွက်ချက်ဖို့ဆိုတာ ခက်ပါတယ်။

၂၈ ရက်တစ်ခါ ရာသီလာတတ်တဲ့ အမျိုးသမီးတွေဆို အကြမ်းပျဉ်းအားဖြင့် ရာသီစက်ဝန်းရဲ့ အလယ်ဗဟို ( ၁ ရက်နေ့က ရာသီစလာရင် ၁၃ ရက်ကနေ ၁၇ ရက် ဝန်းကျင်ဟာ ကလေးရနိုင်တဲ့ နေ့တွေပါပဲ ) ။ တချို့ ရာသီမှန်တဲ့သူတွေမှာဆို ဒီလို ကလေးရနိုင်တဲ့ ရက်တွေကို ရှောင်တဲ့ ရက်ရှောင်နည်းကို သန္ဓေတားနည်းလမ်းတစ်ခု အနေနဲ့ သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဒီနည်းဟာ ရာသီလာချိန် မမှန်တဲ့သူတွေမှာ သွားသုံးလို့ မရပါဘူး။

မျိုးဥကြွေတဲ့ အချိန် ဒီ danger period မှာ ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုလေးတွေလည်း ရှိတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ ကိုယ်ခန္ဓာထဲမှာ ဟော်မုန်းဓာတ် ပြောင်းလဲမှုလေးတွေ ရှိနေလို့ ဖြစ်ပါတယ်။ မျိုးဥကြွေနေတဲ့ အချိန်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်တွေ မြှင့်တက်နေတတ်ပါတယ်။ ဖျားနေတာမဟုတ်ဘဲနဲ့ အသားတွေ ပူနေတာမျိုးပါ။ ပုံမှန်ရှိနေကျ အပူချိန်ထက် ဝ.၅ ဒီဂရီ ဖာရင်ဟိုက်ကနေ ၁ ဒီဂရီ ဖာရင်ဟိုက်ထိကို မြှင့်တက်နေနိုင်ပါတယ်။

နောက်သတိထားမိနိုင်တာ တစ်ခုကတော့ အဖြူဆင်းတာပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ ပုံမှန်မှာလည်း အဖြူဆင်းလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလို မမျိုးဥကြွေနေချိန်မှာ ဆင်းတဲ့ အဖြူကကျတော့ အရည်ကျဲကျဲ နဲ့ များများ ဆင်းလေ့ ရှိပါတယ်။ ဒါမှလည်း သုက်ပိုးက ထိုးဖောက် ဝင်ရောက်ဖို့ လွယ်ကူပြီး ကလေးရနိုင်စေမှာပါ။ တချို့တွေမှာကျ ရာသီသွေး စွန်းတယ်ဆိုရုံ ပုံစံမျိုး ဆင်းတတ်ပါတယ်။ ဒါကလည်း မျိုးဥကြွေနေချိန်မှာ မဟော်မုန်း အပြောင်းအလဲလေးတွေကြောင့် ဖြစ်တာပါ။

နောက်ထပ်တစ်ခုကတော့ မမျိုးဥ ကြွေနေတဲ့ အချိန်မှာ အမျိုးသမီးတွေဟာ သာမန်အချိန်တွေထက် လိင်စိတ်တွေ အနည်းငယ် တက်ကြွနေလေ့ ရှိတတ်ပါတယ်။ ပြီးတော့ တခြား အာရုံတွေဖြစ်တဲ့ အရသာ ခံနိုင်စွမ်းတွေ အနံ့ခံနိုင်စွမ်းအာရုံတွေလည်း ပိုမို စူးရှနေတတ်ပါသေးတယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်းတွေ အပြောင်းအလဲ ဖြစ်နေရုံသာမက မျိုးဥကြွေ မကြွေကို ဆီးနဲ့ တံတွေးထဲက ဟော်မုန်းဓာတ်ကို စစ်ကြည့်လို့လဲ ရပါတယ်။

တချို့အမျိုးသမီးတွေမှာတော့ ရင်သားတွေ နာကျင်တာတွေ ၊ ဆီးစပ်တွေ ခါးအောက်ပိုင်းတွေ နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာ ဗိုက်ထဲမှာ လေပွနေတာတွေလည်း ခံစားရတတ်သလို ဟော်မုန်းအပြောင်းအလဲတွေကြောင့် ခေါင်းကိုက်တာမျိုးတွေလည်း ခံစားရနိုင်ပါတယ်။

Author : Dr. မေ

Previous Post

ရှက်ရှက်မှာ ပေါက်တဲ့ ရေယုန်အကြောင်း

Next Post

အိမ်ထောင်ရေးဖောက်ပြန်မှု ယုံတမ်းစကားတွေ အပိုင်း (၁)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
617

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
585
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Do men want to take nutritional supplements?

အမျိုးသားတွေရော ဖြည့်စွက်အာဟာရသောက်သုံးဖို့လိုလား?

1 year ago
1.4k
The second most common cancer in men

အမျိုးသားတွေမှာ ဒုတိယအဖြစ်များဆုံး ကင်ဆာ

1 year ago
763

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အိမ်ထောင်ရေးဖောက်ပြန်မှု ယုံတမ်းစကားတွေ အပိုင်း (၁)

ဟန်းနီးမွန်းထွက်ပြီးခါစမှာ ဖြစ်တတ်တဲ့ရောဂါ

သွေးပေါင်ကျတတ် တဲ့ သူတွေ ဘာတွေစားသင့်သလဲ????

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.