ကေလးေမြးၿပီး လုပ္ငန္းခြင္ျပန္ဝင္ရသည့္အခါမွာ မိခင္ႏို႔ကိုဘယ္လိုဆက္လက္တိုက္ေကြၽးမလဲ။
အခုေခတ္ဟာ စားဝတ္ေနေရး အတြက္ အၿပိဳင္အဆိုင္ ႀကိဳးစား႐ုန္းကန္ေနရတဲ့ေခတ္ ျဖစ္တဲ့အတြက္ မိခင္အေတာ္မ်ားမ်ားဟာ ကေလးေမြးၿပီး သိပ္အနားမရဘဲ လုပ္ငန္းခြင္ကိုျပန္ဝင္ရတတ္ပါတယ္။
အဲ့အခါမွာ မိခင္ႏို႔အစားထိုးႏို႔မႈန႔္ေတြကို တိုက္လာၾကပါတယ္။ တကယ္တမ္းက မိခင္ႏို႔သည္သာ ကေလးအတြက္ အေကာင္းဆုံးအာဟာရျဖစ္ပါတယ္။ မိခင္ႏို႔မွာကေလးအတြက္လိုအပ္ေသာ အာဟာရမ်ားအျပင္ ေရာဂါကာကြယ္ေစေသာ ကိုယ္ခံအားေတြပါပါတယ္။
မိခင္ႏို႔တိုက္ျခင္းျဖင့္ ကေလးသာ ေကာင္းက်ိဳးမ်ား ရရွိသည္မဟုတ္ဘဲ တိုက္တဲ့မိခင္မွာလည္း ရင္သားကင္ဆာျဖစ္တာ၊ သားဥအိမ္ကင္ဆာ ျဖစ္ပြားႏိုင္မႈ ေလ်ာ့နည္းသြားတဲ့အျပင္ မိခင္နဲ႔ကေလးၾကားက သံေယာဇဥ္ကိုလည္း တိုးပြားခိုင္ၿမဲေစပါတယ္။
ဒါေၾကာင့္ ကေလးေမြးၿပီး သိပ္အနားမရဘဲ လုပ္ငန္းခြင္ျပန္ဝင္ရတဲ့ အေမေတြအတြက္ အလုပ္ခြင္ဝင္ေသာ္လည္း ဘယ္လိုႏို႔တိုက္ရမလဲဆိုတဲ့နည္းလမ္းေတြကို သိသေလာက္ေဖာ္ျပလိုက္ရပါတယ္။အလုပ္သို႔မသြားမွီနဲ႔ အလုပ္မွ ျပန္ေရာက္ခ်ိန္တြင္ ကေလးကို တိုက္႐ိုက္မိခင္ႏို႔တိုက္ေကြၽးပါ။အလုပ္သို႔ သြားရာမွာလည္း အလုပ္ခဏနားခ်ိန္မွာ အလြယ္တကူ ႏို႔ရည္ညႇစ္ထုတ္ယူႏိုင္သည့္ အက်ီမ်ိဳးဝတ္ဆင္သြားပါ။
ဒါ့အျပင္ ႏို႔ရည္ညႇစ္ယူသည့္ပန႔္ကိုပါ ယူေဆာင္သြားပါ။ နားခ်ိန္ရသည့္အခါမ်ားတြင္နည္းနည္းခ်င္းစီျဖင့္ ႏို႔ရည္ကို ညႇစ္ထုတ္ယူႏိုင္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းျဖင့္ ရင္သားတင္းမာနာက်င္မႈကို သက္သာေစႏိုင္သလို ႏို႔ထြက္နည္းျခင္းကိုလည္း ကာကြယ္ႏိုင္ပါတယ္။
ဒါ့ျပင္ ေန႔ခင္းဘက္ရရွိတဲ့ ႏို႔ရည္ေတြကို ေရခဲေသတၱာထဲ (မခဲတဲ့အထပ္)မွာ သိမ္းထားပါက ၂၄ နာရီခံတဲ့အတြက္ လူႀကဳံရွိပါက အိမ္မွာ သို႔မဟုတ္ ကေလးထိန္းေက်ာင္းမွာရွိမယ့္ကေလးအတြက္လည္း ေပးႏိုင္ပါတယ္။
သင့္ကေလးငယ္ရဲ႕ဓါတ္ပုံကဲ့သို႔ေသာ ပစၥည္းမ်ားကိုယူေဆာင္လာပါက အလုပ္ခြင္မွာႏို႔ရည္ညႇစ္ယူျခင္းအား လြယ္ကူေအာင္ေထာက္ပံ့မႈေပးႏိုင္ပါတယ္။ ညေနပိုင္းအလုပ္မွ ျပန္လာခ်ိန္နဲ႔ အလုပ္ပိတ္ရက္မ်ားမွာ တိုက္႐ိုက္ႏို႔တိုက္ျခင္းကို ပိုၿပီးလုပ္ေဆာင္ပါ။
ကေလးထိန္း သို႔မဟုတ္ အိမ္မွာရွိေနေသာသူမ်ားအား သင္အလုပ္မွ ျပန္လာခါနီးအခ်ိန္ အနီးတဝိုက္တြင္ သိမ္းဆည္းထားေသာႏို႔မ်ားကို အမ်ားႀကီးတိုက္မထားဖို႔ေသခ်ာမွာၾကားထားပါ။
ဒီလိုေတြလုပ္ျခင္းအားျဖင့္ သင္သည္ ကေလးအနားမွာအခ်ိန္ျပည့္ ရွိမေနသည့္တိုင္ သင့္ႏို႔ရည္ကို ကေလးငယ္အားဆက္လက္တိုက္ေကြၽးႏိုင္ၿပီး မိခင္နဲ႔ကေလးၾကားက ဆက္ႏြယ္မႈသံေယာဇဥ္ကိုလည္း ဆက္လက္ထိန္းထားႏိုင္ပါတယ္။
Author : Dr. 528
ကလေးမွေးပြီး လုပ်ငန်းခွင်ပြန်ဝင်ရသည့်အခါမှာ မိခင်နို့ကိုဘယ်လိုဆက်လက်တိုက်ကျွေးမလဲ။
အခုခေတ်ဟာ စားဝတ်နေရေး အတွက် အပြိုင်အဆိုင် ကြိုးစားရုန်းကန်နေရတဲ့ခေတ် ဖြစ်တဲ့အတွက် မိခင်အတော်များများဟာ ကလေးမွေးပြီး သိပ်အနားမရဘဲ လုပ်ငန်းခွင်ကိုပြန်ဝင်ရတတ်ပါတယ်။
အဲ့အခါမှာ မိခင်နို့အစားထိုးနို့မှုန့်တွေကို တိုက်လာကြပါတယ်။ တကယ်တမ်းက မိခင်နို့သည်သာ ကလေးအတွက် အကောင်းဆုံးအာဟာရဖြစ်ပါတယ်။ မိခင်နို့မှာကလေးအတွက်လိုအပ်သော အာဟာရများအပြင် ရောဂါကာကွယ်စေသော ကိုယ်ခံအားတွေပါပါတယ်။
မိခင်နို့တိုက်ခြင်းဖြင့် ကလေးသာ ကောင်းကျိုးများ ရရှိသည်မဟုတ်ဘဲ တိုက်တဲ့မိခင်မှာလည်း ရင်သားကင်ဆာဖြစ်တာ၊ သားဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှု လျော့နည်းသွားတဲ့အပြင် မိခင်နဲ့ကလေးကြားက သံယောဇဉ်ကိုလည်း တိုးပွားခိုင်မြဲစေပါတယ်။
ဒါကြောင့် ကလေးမွေးပြီး သိပ်အနားမရဘဲ လုပ်ငန်းခွင်ပြန်ဝင်ရတဲ့ အမေတွေအတွက် အလုပ်ခွင်ဝင်သော်လည်း ဘယ်လိုနို့တိုက်ရမလဲဆိုတဲ့နည်းလမ်းတွေကို သိသလောက်ဖော်ပြလိုက်ရပါတယ်။
အလုပ်သို့မသွားမှီနဲ့ အလုပ်မှ ပြန်ရောက်ချိန်တွင် ကလေးကို တိုက်ရိုက်မိခင်နို့တိုက်ကျွေးပါ။ အလုပ်သို့ သွားရာမှာလည်း အလုပ်ခဏနားချိန်မှာ အလွယ်တကူ နို့ရည်ညှစ်ထုတ်ယူနိုင်သည့် အကျီမျိုးဝတ်ဆင်သွားပါ။
ဒါ့အပြင် နို့ရည်ညှစ်ယူသည့်ပန့်ကိုပါ ယူဆောင်သွားပါ။ နားချိန်ရသည့်အခါများတွင်နည်းနည်းချင်းစီဖြင့် နို့ရည်ကို ညှစ်ထုတ်ယူနိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဖြင့် ရင်သားတင်းမာနာကျင်မှုကို သက်သာစေနိုင်သလို နို့ထွက်နည်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။
ဒါ့ပြင် နေ့ခင်းဘက်ရရှိတဲ့ နို့ရည်တွေကို ရေခဲသေတ္တာထဲ (မခဲတဲ့အထပ်)မှာ သိမ်းထားပါက ၂၄ နာရီခံတဲ့အတွက် လူကြုံရှိပါက အိမ်မှာ သို့မဟုတ် ကလေးထိန်းကျောင်းမှာရှိမယ့်ကလေးအတွက်လည်း ပေးနိုင်ပါတယ်။
သင့်ကလေးငယ်ရဲ့ဓါတ်ပုံကဲ့သို့သော ပစ္စည်းများကိုယူဆောင်လာပါက အလုပ်ခွင်မှာနို့ရည်ညှစ်ယူခြင်းအား လွယ်ကူအောင်ထောက်ပံ့မှုပေးနိုင်ပါတယ်။ ညနေပိုင်းအလုပ်မှ ပြန်လာချိန်နဲ့ အလုပ်ပိတ်ရက်များမှာ တိုက်ရိုက်နို့တိုက်ခြင်းကို ပိုပြီးလုပ်ဆောင်ပါ။
ကလေးထိန်း သို့မဟုတ် အိမ်မှာရှိနေသောသူများအား သင်အလုပ်မှ ပြန်လာခါနီးအချိန် အနီးတဝိုက်တွင် သိမ်းဆည်းထားသောနို့များကို အများကြီးတိုက်မထားဖို့သေချာမှာကြားထားပါ။ ဒီလိုတွေလုပ်ခြင်းအားဖြင့် သင်သည် ကလေးအနားမှာအချိန်ပြည့် ရှိမနေသည့်တိုင် သင့်နို့ရည်ကို ကလေးငယ်အားဆက်လက်တိုက်ကျွေးနိုင်ပြီး မိခင်နဲ့ကလေးကြားက ဆက်နွယ်မှုသံယောဇဉ်ကိုလည်း ဆက်လက်ထိန်းထားနိုင်ပါတယ်။
Author : Dr. 528