fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

ကလေးရေမွန်းတယ်ဆိုတာ

313
VIEWS
Share on FacebookShare on TwitterShare on Linkedin
27/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

(Zawgyi ျဖင့္ဖတ္ရန္)

သူ႔ကေလးက ေမြးတုန္းက ျပာေနတာပဲ။ ေရမႊာေစာေပါက္ၿပီး ခ်က္ခ်င္းမေမြးႏိုင္လို႔ ေရမြန္းေနလို႔ျပာတာတဲ့ ဆိုၿပီး အရပ္ထဲမွာေျပာၾကတာ ကိုယ့္အနီးနားဝန္းက်င္မွာ ေျပာၾကတာကို ၾကားဖူးၾကမွာပါ။

တကယ္ေတာ့ ဒါဟာမွားယြင္းသိေနတဲ့ အရာတခုပါ။ ကေလးဆိုတာဟာ သေႏၶစတည္ကတည္းကေန ေမြးတဲ့အခ်ိန္ထိ (၉လေလာက္ထိ) ကို ေရမႊာအိတ္ထဲမွာရွိတဲ့ ေရမႊာရည္ထဲမွာရွိေနတာပါ။

ေရႁမႊာရည္ဆိုတာ သေႏၶသားက စြန႔္ထုပ္လိုက္တဲ့ ဆီးကေန အဓိကျဖစ္လာတာပါ။ သေႏၶသားက ထိုေရမႊာရည္ကို ျပန္လည္း ေသာက္ပါတယ္။ ေရမႊာရည္က သေႏၶသားကို ျပင္ပကေနလာတဲ့ ထိခိုက္မႈဒဏ္ေတြကို တိုက္႐ိုက္မထိေတြ႕ေအာင္ ၾကားခံပစၥည္းအေနနဲ႔ကာကြယ္ေပးပါတယ္ ။ပိုးေတြမဝင္ေအာင္လည္း ကာကြယ္ေပးပါတယ္။ ဒါ့အျပင္ အပူခ်ိန္ကိုလည္း ထိန္းညႇိေပးသလို ကိုယ္လက္အဂၤါေတြ ဖြံ႕ၿဖိဳးရာမွာလည္း အေထာက္အပံ့ေပးပါတယ္။

ေရမႊာအိတ္ထဲမွာ ေရမႊာရည္ကလြဲၿပီး ေလ(ေအာက္စီဂ်င္) လုံးဝမရွိပါဘူး။ သေႏၶသားဟာ မိခင္ဆီက ေအာက္ဆီဂ်င္နဲ႔ အာဟာရေတြကို အခ်င္း၊ ခ်က္ႀကိဳးတို႔ကေန ရရွိပါတယ္။ ဒါေၾကာင့္မို႔ ဗိုက္ထဲက ကေလး(သေႏၶသား) ေရမြန္းတယ္ဆိုတာမရွိပါဘူး။

ေဆးပညာမွာေတာ့ ကိုယ္ဝန္ေဆာင္ေနစဥ္မွာျဖစ္ျဖစ္ သို႔မဟုတ္ မီးဖြားေနစဥ္အတြင္းမွာျဖစ္ျဖစ္ အေၾကာင္းတခုခုေၾကာင့္ သေႏၶသားကေလးဆီကို ေအာက္စီဂ်င္ေရာက္တာ နည္းသြားတဲ့အခါမွာ ျဖစ္တဲ့ ကေလးမြန္းတာ (Perinatal asphyxia, neonatal asphyxia or birth asphyxia ) ဆိုတာပဲ ရွိပါတယ္။

မြန္းတယ္ဆိုတဲ့ေရွ႕မွာ ဘယ္သူကေရထည့္ၿပီး စေခၚလိုက္လဲေတာ့မသိပါဘူး။ သေႏၶသားကေလးဆီ ေအာက္ဆီဂ်င္အေရာက္နည္းၿပီး မြန္းတာ (Perinatal asphyxia, neonatal asphyxia or birth asphyxia ) ျဖစ္ႏိုင္တဲ့ အေၾကာင္းေတြကေတာ့
-မိခင္က အဆုတ္၊ႏွလုံး တို႔နဲ႔ဆိုင္တဲ့ ေရာဂါတခုခုအခံ ရွိေနၿပီး ထိုေရာဂါထတဲ့ အခ်ိန္မွာ ကေလးဆီ ေအာက္ဆီဂ်င္ အေရာက္နည္းသြားတာ
-အေၾကာင္းတခုခုေၾကာင့္ မိခင္ေသြးေပါင္က်တာ
-ခြဲေမြးတဲ့အခ်ိန္မွာ ေမ့ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးေၾကာင့္ ျဖစ္တာ
-အခ်င္းက အခ်ိန္မတိုင္မွီ ေစာကြာတာ
-အခ်င္းေကာင္းေကာင္းအလုပ္မလုပ္တာ
-ခ်က္ႀကိဳး(umbilical cord)က ကေလးလည္ပင္းကို ထုံးၿပီးပတ္ေနတာ စသျဖင့္ပါ။

ဘယ္လိုအေျခအေနေတြမွာ ကေလးမြန္းတာ ျဖစ္ႏိုင္ေျခပိုမ်ားလည္းဆိုရင္
-မိခင္က အသက္တအားႀကီးရင္ သို႔မဟုတ္ တအားငယ္လြန္းရင္
-မိခင္မွာေရာဂါအခံတခုခုရွိရင္(ဥပမာ ေသြးအားနည္းေရာဂါ၊ႏွလုံးေရာဂါစသျဖင့္)
-ေရမႊာေပါက္ၿပီး ခ်က္ခ်င္းမေမြးႏိုင္ေသးရင္
-ေရမႊာရည္ေနာက္ေနရင္(Meconium-stained fluid)
-ကိုယ္ဝန္ေသခ်ာမအပ္ခဲ့ရင္(Lack of antenatal care)
-ဗိုက္မနာလို႔သားအိမ္ညႇစ္ေဆးထည့္ေမြးရရင္
-ကေလးအေနအထားကပုံမွန္မဟုတ္ရင္ စသျဖင့္ပါ။

အဆုံးသတ္အေနနဲ႔ ေနာက္တေခါက္ ထပ္ေျပာခ်င္တာကေတာ့ ေရ မြန္းတယ္ဆိုတာမရွိပါဘူး။ ကိုယ္ဝန္ေဆာင္ေနစဥ္မွာျဖစ္ျဖစ္ သို႔မဟုတ္ မီးဖြားေနစဥ္အတြင္းမွာျဖစ္ျဖစ္ အေၾကာင္းတခုခုေၾကာင့္ သေႏၶသားကေလးဆီကို ေအာက္စီဂ်င္ေရာက္တာနည္းသြားတဲ့အခါမွာ ျဖစ္တဲ့ ကေလးမြန္းတာ (Perinatal asphyxia, neonatal asphyxia or birth asphyxia ) ဆိုတာပဲ ရွိပါတယ္။

ဒီလိုမ်ိဳး မြန္းတာျဖစ္ရင္ ကေလးအတြက္ အသက္အႏၲရာယ္ စိုးရိမ္ရပါတယ္။ ဒါေၾကာင့္ မိခင္ေတြအေနနဲ႔ ဒီလိုမျဖစ္ေအာင္ ကိုယ္ဝန္ေစာေစာအပ္ပါ။ ခ်ိန္းတိုင္းလည္း မွန္မွန္သြားျပပါ။ ကေလးေမြးတဲ့အခါမွာလည္း ေဆး႐ုံမွာေမြးၾကပါ လို႔ အႀကံေပး တိုက္တြန္းလိုက္ရပါတယ္။

Author : Dr. 528

(Unicode)

သူ့ကလေးက မွေးတုန်းက ပြာနေတာပဲ။ ရေမွှာစောပေါက်ပြီး ချက်ချင်းမမွေးနိုင်လို့ ရေမွန်းနေလို့ပြာတာတဲ့ ဆိုပြီး အရပ်ထဲမှာပြောကြတာ ကိုယ့်အနီးနားဝန်းကျင်မှာ ပြောကြတာကို ကြားဖူးကြမှာပါ။

တကယ်တော့ ဒါဟာမှားယွင်းသိနေတဲ့ အရာတခုပါ။ ကလေးဆိုတာဟာ သန္ဓေစတည်ကတည်းကနေ မွေးတဲ့အချိန်ထိ (၉လလောက်ထိ) ကို ရေမွှာအိတ်ထဲမှာရှိတဲ့ ရေမွှာရည်ထဲမှာရှိနေတာပါ။

ရေမြွှာရည်ဆိုတာ သန္ဓေသားက စွန့်ထုပ်လိုက်တဲ့ ဆီးကနေ အဓိကဖြစ်လာတာပါ။ သန္ဓေသားက ထိုရေမွှာရည်ကို ပြန်လည်း သောက်ပါတယ်။ ရေမွှာရည်က သန္ဓေသားကို ပြင်ပကနေလာတဲ့ ထိခိုက်မှုဒဏ်တွေကို တိုက်ရိုက်မထိတွေ့အောင် ကြားခံပစ္စည်းအနေနဲ့ကာကွယ်ပေးပါတယ် ။ပိုးတွေမဝင်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အပူချိန်ကိုလည်း ထိန်းညှိပေးသလို ကိုယ်လက်အင်္ဂါတွေ ဖွံ့ဖြိုးရာမှာလည်း အထောက်အပံ့ပေးပါတယ်။

ရေမွှာအိတ်ထဲမှာ ရေမွှာရည်ကလွဲပြီး လေ(အောက်စီဂျင်) လုံးဝမရှိပါဘူး။ သန္ဓေသားဟာ မိခင်ဆီက အောက်ဆီဂျင်နဲ့ အာဟာရတွေကို အချင်း၊ ချက်ကြိုးတို့ကနေ ရရှိပါတယ်။ ဒါကြောင့်မို့ ဗိုက်ထဲက ကလေး(သန္ဓေသား) ရေမွန်းတယ်ဆိုတာမရှိပါဘူး။

ဆေးပညာမှာတော့ ကိုယ်ဝန်ဆောင်နေစဉ်မှာဖြစ်ဖြစ် သို့မဟုတ် မီးဖွားနေစဉ်အတွင်းမှာဖြစ်ဖြစ် အကြောင်းတခုခုကြောင့် သန္ဓေသားကလေးဆီကို အောက်စီဂျင်ရောက်တာ နည်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကလေးမွန်းတာ (Perinatal asphyxia, neonatal asphyxia or birth asphyxia ) ဆိုတာပဲ ရှိပါတယ်။

မွန်းတယ်ဆိုတဲ့ရှေ့မှာ ဘယ်သူကရေထည့်ပြီး စခေါ်လိုက်လဲတော့မသိပါဘူး။ သန္ဓေသားကလေးဆီ အောက်ဆီဂျင်အရောက်နည်းပြီး မွန်းတာ (Perinatal asphyxia, neonatal asphyxia or birth asphyxia ) ဖြစ်နိုင်တဲ့ အကြောင်းတွေကတော့
-မိခင်က အဆုတ်၊နှလုံး တို့နဲ့ဆိုင်တဲ့ ရောဂါတခုခုအခံ ရှိနေပြီး ထိုရောဂါထတဲ့ အချိန်မှာ ကလေးဆီ အောက်ဆီဂျင် အရောက်နည်းသွားတာ
-အကြောင်းတခုခုကြောင့် မိခင်သွေးပေါင်ကျတာ
-ခွဲမွေးတဲ့အချိန်မှာ မေ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်တာ
-အချင်းက အချိန်မတိုင်မှီ စောကွာတာ
-အချင်းကောင်းကောင်းအလုပ်မလုပ်တာ
-ချက်ကြိုး(umbilical cord)က ကလေးလည်ပင်းကို ထုံးပြီးပတ်နေတာ စသဖြင့်ပါ။

ဘယ်လိုအခြေအနေတွေမှာ ကလေးမွန်းတာ ဖြစ်နိုင်ခြေပိုများလည်းဆိုရင်
-မိခင်က အသက်တအားကြီးရင် သို့မဟုတ် တအားငယ်လွန်းရင်
-မိခင်မှာရောဂါအခံတခုခုရှိရင်(ဥပမာ သွေးအားနည်းရောဂါ၊နှလုံးရောဂါစသဖြင့်)
-ရေမွှာပေါက်ပြီး ချက်ချင်းမမွေးနိုင်သေးရင်
-ရေမွှာရည်နောက်နေရင်(Meconium-stained fluid)
-ကိုယ်ဝန်သေချာမအပ်ခဲ့ရင်(Lack of antenatal care)
-ဗိုက်မနာလို့သားအိမ်ညှစ်ဆေးထည့်မွေးရရင်
-ကလေးအနေအထားကပုံမှန်မဟုတ်ရင် စသဖြင့်ပါ။

အဆုံးသတ်အနေနဲ့ နောက်တခေါက် ထပ်ပြောချင်တာကတော့ ရေ မွန်းတယ်ဆိုတာမရှိပါဘူး။ ကိုယ်ဝန်ဆောင်နေစဉ်မှာဖြစ်ဖြစ် သို့မဟုတ် မီးဖွားနေစဉ်အတွင်းမှာဖြစ်ဖြစ် အကြောင်းတခုခုကြောင့် သန္ဓေသားကလေးဆီကို အောက်စီဂျင်ရောက်တာနည်းသွားတဲ့အခါမှာ ဖြစ်တဲ့ ကလေးမွန်းတာ (Perinatal asphyxia, neonatal asphyxia or birth asphyxia ) ဆိုတာပဲ ရှိပါတယ်။

ဒီလိုမျိုး မွန်းတာဖြစ်ရင် ကလေးအတွက် အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ ဒါကြောင့် မိခင်တွေအနေနဲ့ ဒီလိုမဖြစ်အောင် ကိုယ်ဝန်စောစောအပ်ပါ။ ချိန်းတိုင်းလည်း မှန်မှန်သွားပြပါ။ ကလေးမွေးတဲ့အခါမှာလည်း ဆေးရုံမှာမွေးကြပါ လို့ အကြံပေး တိုက်တွန်းလိုက်ရပါတယ်။

Author : Dr. 528

Previous Post

အသက်ငယ်ငယ်နှင့် အကြောဆေးသွင်းတဲ့အန္တရာယ်

Next Post

ငယ်ရွယ်သူရဲ့အတိုး

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
715

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
699
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
2.1k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

2 years ago
1.7k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

2 years ago
1.8k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.3k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

ငယ်ရွယ်သူရဲ့အတိုး

ဦးနှောက် မှတ်ဉာဏ်ကောင်းစေရန် စားသင့်သောအစားအစာများ

စိတ်ပူစရာ ဝမ်းလျောရောဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.