fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

နို့တိုက်ခြင်း အနုပညာ

239
VIEWS
Share on FacebookShare on TwitterShare on Linkedin
22/03/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

မိခင္ႏို႔ရည္ ဘယ္လိုထြက္လာတာလဲ။

ကိုယ္ဝန္ေဆာင္ၿပီဆိုတာနဲ႔ ကိုယ္ဝန္ေဆာင္မိခင္ေတြရဲ႕ ရင္သားႏွစ္ဖက္မွာ ေမြးလာတဲ့ကေလးကိုႏို႔တိုက္ေကြၽးဖို႔အတြက္ ေျပာင္းလဲမႈေတြ ျဖစ္ေပၚလာပါတယ္။

သားျမတ္ထိပ္ (ႏို႔သီေခါင္း)ေလးေတြဟာ ေရာင္လာတာ နာသလိုလိုျဖစ္တာေတြ ျဖစ္မယ္။သားျမတ္ထိပ္ ေဘးပတ္လည္က အကြင္းေလးဟာလည္း နဂိုပန္းႏုေရာင္သန္းေနရာကေန ပိုအေရာင္ရင့္လာမယ္။ အဖုေသးေသးေလးေတြလည္း ပိုမ်ားလာမယ္။

ခႏၶာကိုယ္အတြင္းပိုင္းမွာဆိုရင္ ရင္သားထဲမွာရွိတဲ့ ႏို႔ထြက္ႁပြန္ေလးေတြလည္း ႏွစ္ဆေလာက္နီးပါးပြားလာမယ္။ ဒါေတြဟာ ေမြးလာတဲ့ကေလးကိုႏို႔ခ်ိဳ တိုက္ေကြၽးဖို႔အတြက္ အေမ့ရဲ႕ခႏၶာကိုယ္က ျပင္ဆင္ထားတာေတြပါ။

ေမြးလာတဲ့ ရင္ေသြးေလးက မိခင္ရဲ႕သားျမတ္ထိပ္နဲ႔ ႏို႔သီးေခါင္းအဝိုင္း ေနရာတဝိုက္ကို စုပ္ယူတဲ့အခါမွာ မိခင္ရဲ႕ ဦးေႏွာက္ေအာက္ေျခမွာရွိတဲ့ ႀကီးထြားမႈနဲ႔သက္ဆိုင္တဲ့ ပစ္က်ဴထရီ(Pituitary gland) ကို သြားလႈံ႕ေဆာ္မႈ ျဖစ္ပါတယ္။

အဲ့အခါမွာ ထိုပစ္က်ဴထရီအက်ိတ္ကေန ပ႐ိုလက္တင္(Prolactin) နဲ႔ ေအာက္စီတိုစင္ (Oxytocin) ေဟာ္မုန္းႏွစ္မ်ိဳး ထြက္လာပါတယ္။

ပ႐ိုလက္တင္ ေဟာ္မုန္းက ေသြးကို မိခင္ႏို႔အျဖစ္ ေျပာင္းလဲဖို႔အတြက္ ၫြန္ၾကား လုပ္ေဆာင္ေစၿပီး ေအာက္စီတိုဆင္ ေဟာ္မုန္းက ထိုႏို႔ရည္ကို ႏို႔ရည္ႁပြန္မ်ားမွတဆင့္ မိခင္ရဲ႕ ႏို႔သီးေခါင္း အေပါက္ငယ္ေလးေတြဆီသို႔ စီးဆင္းေစကာ ကေလးငယ္ႏို႔စုပ္ယူရရွိေအာင္ ကူညီေပးပါတယ္။

ပထမဆုံးအေနနဲ႔ေတာ့ Colostrum (ကိုလိုစထရမ္) လို႔ေခၚတဲ့ ႏို႔ဦးရည္ ထြက္ပါတယ္။ အဲ့ဒါက ပ႐ိုတင္းေတြ အမ်ားႀကီးပါၿပီး အဆီနည္းတဲ့အတြက္ ခပ္ပ်စ္ပ်စ္နဲ႔ အေရာင္ရင့္တဲ့ အရည္ပုံစံ ရွိပါတယ္။

ဒါ့အျပင္ အဲ့ႏို႔ဦးရည္မွာ မိခင္ရဲ႕ ခုခံမႈစြမ္း (Antibodies) ဓါတ္ေတြ ပါေနတယ္။ အဲ့ဒါေတြက ကေလးအတြက္ ေကာင္းက်ိဳးမ်ားစြာရွိပါတယ္။ တခ်ိဳ႕မိခင္ေတြက ႏို႔ဦးရည္ကို မတိုက္ဘဲညႇစ္ထုပ္ပစ္တာမ်ိဳးရွိပါတယ္။ ဒါဟာမွားပါတယ္။ ကေလးအတြက္လည္း အရမ္းနစ္နာပါတယ္။

တေျဖးေျဖးနဲ႔ ႏို႔ရည္က အျဖဴေရာင္ျဖစ္လာၿပီး ပမာဏာလည္းမ်ားမ်ားလာမယ္။ ကေလးကိုတိုက္ေလေလ မ်ားလာေလပါပဲ။ နာရီတခ်ိဳ႕ၾကာလာရင္ (ပ႐ိုလက္တင္) နည္းလာမယ္။ ကေလးစို႔မွသာ အဲတာမနည္းမွာ။ ဒါေၾကာင့္ ကေလးကို မၾကာမၾကာ ႏို႔တိုက္ေပးဖို႔လိုပါတယ္။

မိခင္က မၾကာခဏနဲ႔ ထိေရာက္မႈရွိရွိ ႏို႔တိုက္ေကြၽးျခင္းျဖင့္ မိခင္ေရာကေလးပါ ႏို႔တိုက္ႏို႔စို႔ျခင္း အႏုပညာကို နားလည္ကြၽမ္းက်င္လာပါလိမ့္မယ္။

Author : Dr. 528

မိခင်နို့ရည် ဘယ်လိုထွက်လာတာလဲ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ရင်သားနှစ်ဖက်မှာ မွေးလာတဲ့ကလေးကိုနို့တိုက်ကျွေးဖို့အတွက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။

သားမြတ်ထိပ် (နို့သီခေါင်း)လေးတွေဟာ ရောင်လာတာ နာသလိုလိုဖြစ်တာတွေ ဖြစ်မယ်။သားမြတ်ထိပ် ဘေးပတ်လည်က အကွင်းလေးဟာလည်း နဂိုပန်းနုရောင်သန်းနေရာကနေ ပိုအရောင်ရင့်လာမယ်။ အဖုသေးသေးလေးတွေလည်း ပိုများလာမယ်။

ခန္ဓာကိုယ်အတွင်းပိုင်းမှာဆိုရင် ရင်သားထဲမှာရှိတဲ့ နို့ထွက်ပြွန်လေးတွေလည်း နှစ်ဆလောက်နီးပါးပွားလာမယ်။ ဒါတွေဟာ မွေးလာတဲ့ကလေးကိုနို့ချို တိုက်ကျွေးဖို့အတွက် အမေ့ရဲ့ခန္ဓာကိုယ်က ပြင်ဆင်ထားတာတွေပါ။

မွေးလာတဲ့ ရင်သွေးလေးက မိခင်ရဲ့သားမြတ်ထိပ်နဲ့ နို့သီးခေါင်းအဝိုင်း နေရာတဝိုက်ကို စုပ်ယူတဲ့အခါမှာ မိခင်ရဲ့ ဦးနှောက်အောက်ခြေမှာရှိတဲ့ ကြီးထွားမှုနဲ့သက်ဆိုင်တဲ့ ပစ်ကျူထရီ(Pituitary gland) ကို သွားလှုံ့ဆော်မှု ဖြစ်ပါတယ်။

အဲ့အခါမှာ ထိုပစ်ကျူထရီအကျိတ်ကနေ ပရိုလက်တင်(Prolactin) နဲ့ အောက်စီတိုစင် (Oxytocin) ဟော်မုန်းနှစ်မျိုး ထွက်လာပါတယ်။

ပရိုလက်တင် ဟော်မုန်းက သွေးကို မိခင်နို့အဖြစ် ပြောင်းလဲဖို့အတွက် ညွန်ကြား လုပ်ဆောင်စေပြီး အောက်စီတိုဆင် ဟော်မုန်းက ထိုနို့ရည်ကို နို့ရည်ပြွန်များမှတဆင့် မိခင်ရဲ့ နို့သီးခေါင်း အပေါက်ငယ်လေးတွေဆီသို့ စီးဆင်းစေကာ ကလေးငယ်နို့စုပ်ယူရရှိအောင် ကူညီပေးပါတယ်။

ပထမဆုံးအနေနဲ့တော့ Colostrum (ကိုလိုစထရမ်) လို့ခေါ်တဲ့ နို့ဦးရည် ထွက်ပါတယ်။ အဲ့ဒါက ပရိုတင်းတွေ အများကြီးပါပြီး အဆီနည်းတဲ့အတွက် ခပ်ပျစ်ပျစ်နဲ့ အရောင်ရင့်တဲ့ အရည်ပုံစံ ရှိပါတယ်။

ဒါ့အပြင် အဲ့နို့ဦးရည်မှာ မိခင်ရဲ့ ခုခံမှုစွမ်း (Antibodies) ဓါတ်တွေ ပါနေတယ်။ အဲ့ဒါတွေက ကလေးအတွက် ကောင်းကျိုးများစွာရှိပါတယ်။ တချို့မိခင်တွေက နို့ဦးရည်ကို မတိုက်ဘဲညှစ်ထုပ်ပစ်တာမျိုးရှိပါတယ်။ ဒါဟာမှားပါတယ်။ ကလေးအတွက်လည်း အရမ်းနစ်နာပါတယ်။

တဖြေးဖြေးနဲ့ နို့ရည်က အဖြူရောင်ဖြစ်လာပြီး ပမာဏာလည်းများများလာမယ်။ ကလေးကိုတိုက်လေလေ များလာလေပါပဲ။ နာရီတချို့ကြာလာရင် (ပရိုလက်တင်) နည်းလာမယ်။ ကလေးစို့မှသာ အဲတာမနည်းမှာ။ ဒါကြောင့် ကလေးကို မကြာမကြာ နို့တိုက်ပေးဖို့လိုပါတယ်။

မိခင်က မကြာခဏနဲ့ ထိရောက်မှုရှိရှိ နို့တိုက်ကျွေးခြင်းဖြင့် မိခင်ရောကလေးပါ နို့တိုက်နို့စို့ခြင်း အနုပညာကို နားလည်ကျွမ်းကျင်လာပါလိမ့်မယ်။

Author : Dr. 528

Previous Post

အစာစားပြီးသောက်ရမဲ့ဆေး နဲ့  အစာမစားခင်သောက်ရမဲ့ဆေး

Next Post

Papaya သဘောင်္သီးအကြောင်း

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
612
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Papaya သဘောင်္သီးအကြောင်း

နာတာရှည်ရောဂါများနှင့်ကိုယ်ဝန်ဆောင်ခြင်း 

COPD ( သိုု႔) အဆုုတ္ေလျပြန္က်ဥ္းတဲ့နာတာရွည္ေရာဂါ

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.