fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၁

142
VIEWS
Share on FacebookShare on TwitterShare on Linkedin
03/02/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

ကိုယ်ဝန်ရှိလာသော မိခင်တိုင်းပြုလုပ်ရမယ့်တာဝန်ထဲတွင် ကလေးနို့တိုက်ခြင်းဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကလေးအာဟာရဓာတ်ရရှိဖို့အတွက် မိခင်နို့ဟာ အရေးအကြီးဆုံးပဲဖြစ်ပါတယ်။ မိခင်နို့ဟာကလေးအတွက် အကောင်းဆုံးပါပဲ။ မိခင်ရဲ့ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေပါတယ်။ ဒါပေမယ့် မိခင်နို့တိုက်ကျွေးပေးဖို့ဆိုတာ မလွယ်ကူလှပါဘူး။

သားဦးကလေး စတင်ပိုင်ဆိုင်လာတဲ့ မိခင်တွေဟာ နို့တိုက်ကျွေးခြင်း အခြေခံတွေကို သိရှိဖို့ လိုအပ်ပါတယ်။ ဘာတွေသိသင့်သလဲဆိုရင် မိခင်နို့အကြောင်း၊ သင့်ကလေးအား မိခင်နို့ ဘယ်လိုတိုက်ကျွေးရမလဲ၊ ဘယ်လိုအကောင်းဆုံး ပုံစံနဲ့ တိုက်ကျွေးမလဲဆိုတာတွေ သိဖို့လိုအပ်ပါတယ်။ မိခင်နို့ဟာ ကလေးအတွက် လုံလောက်သော အာဟာရဓာတ်ရှိပါတယ်။ ဗိုက်တာမင်၊ ပရိုတိန်း၊ အဆီဓာတ်တွေ အစရှိသဖြင့် အားလုံးဟာကလေးကြီးထွားဖို့အတွက် လုံလောက်ပါတယ်။ မိခင်နို့ဟာ နှစ်မျိုးရှိပါတယ်။ နို့ဦးရည်နှင့် တစ်ကယ့်နို့ရည်ဆိုပြီး ရှိပါတယ်။ နို့ဦးရည်ဟာ ကလေးမွေးပြီး ပထမအပတ်မှာထွက်ပါတယ်။ နို့ဦးရည်အရောင်ဟာ အဝါရောင်ရှိပြီး ထိုအရည်ထဲတွင် ခုခံအားတွေနှင့် သွေးဖြူဥဆဲလ်တွေ ပါဝင်ပါတယ်။ တစ်ကယ့်နို့ရည်ဟာ ကြီးထွားဖို့တွက် လုံလောက်သော အာဟာရဓာတ်ပေါင်းများစွာ ပါဝင်ပါတယ်။ မိခင်နို့ထွက်သန်စေရန် ကလေးကို ဆာတိုင်းတိုက်ကျွေးပါ။ နေ့ရောညပါ တိုက်ကျွေးပါ။ ရေနှင့် အခြားဖျော်ရည်များ တိုက်ကျွေးရန်မလိုပါ။

မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေး၏ပန်းနာရင်ကျပ်ဖြစ်မှုနှင့် ဓာတ်မတည့်မှုကို လျော့ကျစေပါတယ်။ မိခင်နို့ဟာ ကလေးမွေးကတည်းကနေ ကလေးအသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးဖို့လိုအပ်ပါတယ်။ ထိုသို့ တိုက်ကျွေးခြင်းကြောင့် နားရောဂါပိုး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ဝမ်းပျက်ခြင်းတွေလျော့ကျစေပါတယ်။ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးရုံဖြင့် ကလေးဉာဏ်ရည်ကို မြင့်မားစေပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေးနှင့် မိခင်ပိုပြီး ရင်းနှီးမှုရစေပါတယ်။

မိခင်နို့ကျွေးခြင်းကြောင့် မိခင်အပေါ်တွင်လည်း အကျိုးကျေးဇူးရရှိစေပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကယ်လိုရီတွေ လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ဝိတ်တက်ထားတာကို လျော့ကျစေပါတယ်။ နို့တိုက်ခြင်းကြောင့် အောက်စီတိုစင်လို့ခေါ်တဲ့ ဟော်မုန်းကြောင့် သားအိမ်ကို ကလေးမရှိခင် အချိန်ကရှိခဲ့တဲ့ သားအိမ်အရွယ်အစားကို ရောက်စေပါတယ်။ ထို့ပြင်မွေးပြီး သားအိမ်မှသွေးထွက်များခြင်းကို သက်သာစေပါတယ်။ နို့တိုက်နေစဉ်တွင် ရင်သားကင်ဆာနှင့် မမျိုးဥကင်ဆာဖြစ်မှုကို လျော့နည်းစေပါတယ်။ ထို့ပြင်မက အရိုးပွခြင်းကိုလည်း နည်းစေပါတယ်။ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ကျွေးခြင်းကြောင့် သားဆက်ခြားပြီးသားလဲဖြစ်သလို ကုန်ကျစရိတ်လည်း သက်သာစေပါတယ်။

မိခင်နို့အကြောင်းပြောပြပြီး သွားတဲ့အခါ နောက်တစ်ခုကတော့ ကလေးကို ဘယ်လိုပုံစံနဲ့ နို့တိုက်ရမလဲပေါ့။ နို့တိုက်နေစဉ်တွင် မိခင်ရော ကလေးပါ သက်တောင့်သက်သာ ရှိရပါမယ်။ အနေအထားမှန်ကန်စွာ ပွေ့ချီပြီး မိခင်နို့တိုက်ခြင်းသည် ကလေးက မိခင်နို့ကို ထိရောက်စွာစို့ယူနိုင်သဖြင့် မိခင်နို့ထွက်လည်း ကောင်းစေပါတယ်။ အနေအထားမှန်ကန်စွာ ပွေ့ချီနို့တိုက်ခြင်း၏ သော့ချက် ၄ ချက်မှာ ဖြောင့်တန်းနေခြင်း၊ မိခင်နို့နှင့် မျက်နှာချင်းဆိုင်ရှိခြင်း၊ နီးကပ်စွာရှိခြင်း၊ ဖေးမထားခြင်းတို့ဖြစ်ပါတယ်။ ကလေး၏ဦးခေါင်းနှင့် ကိုယ်တစ်ဖြောင့်တည်းရှိသင့်သည်။ လိမ်နေခြင်းမရှိရ၊ ဦးခေါင်း အနည်းငယ် အနောက်သို့လန်နေစေရမယ်။ ကလေး၏မျက်နှာနှင့်နို့ မျက်နှာချင်းဆိုင်ရှိရမည်။ မိခင်၏မျက်နှာကို မော်ကြည့်နိုင်သည့် အနေအထားမျိုးဖြစ်ရမယ်။ မိခင်နှင့် ကလေး နီးကပ်စွာရှိရမည်။ မိခင်သည် ကလေးတစ်ကိုယ်လုံးကို မိမိလက်၊ မိမိလက်မောင်းတို့နှင့် ပင့်မထားရမည်။

ကလေးပွေ့ချီနို့တိုက်ပုံအမျိုးမျိုး ရှိပါတယ်။ မိခင်ရင်ခွင်တွင်သမာရိုးကျပွေ့ချီနည်း၊ မိခင်က ကလေးကိုနို့အုံ၏ ဆန့်ကျင်ဘက်ရှိ လက်နှင့်ပွေ့ချီခြင်း (သေးငယ် အားနည်းသော ကလေးများအတွက် သင့်တော်သည်။ မိခင်ကလဲလျောင်းလျက် ကလေးကို မိခင်နို့တိုက်ကျွေးခြင်း (မိခင်ကိုနို့တိုက်စဉ်/ညတွင်အနားယူစေသည်။ မိခင်က ကလေးကို လက်မောင်းအောက် အနေအထားတွင် ပွေ့ချီလျက် မိခင် နို့တိုက်ကျွေးခြင်း၊ (ဗိုက်ခွဲမွေးဖွားအပြီး၊ နို့သီးခေါင်းများ နာနေသောအခါ သေးငယ်သော ကလေးများ အမွှာများကို နို့တိုက်ကျွေးရာတွင် အသုံးဝင်သည်)။

ကလေးနို့တိုက်ဖို့အတွက် သတိထားရမှာလေးတွေရှိပါတယ်။ ပထမဆုံးအနေနဲ့ မိခင်ဟာ အမြဲကလေးကို စောင့်ကြည့်နေရပါမယ်။ ဘာကိုကြည့်နေရမလဲဆိုတော့ ကလေးနို့ဆာမဆာကြည့်ပြီး ကလေးအားဆာတိုင်း တိုက်ကျွေးဖို့ လိုအပ်ပါတယ်။ ဒါဆိုကလေးနို့ဆာလာပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ။ ပိတ်နေသော မျက်ခွံအောက်တွင် မျက်လုံးအိမ် လှုပ်ရှားမှုများ တွေ့ခြင်း သို့မဟုတ် ကလေးမျက်လုံးပွင့်လာခြင်း၊ ပါးစပ်ပွင့်လာခြင်း၊ လျှာထုတ်လာခြင်း၊ ဦးခေါင်းကို ဘယ်ညာလှည့်ပြီးနို့ရှာခြင်း၊ တိုးတိတ်ညင်သာသော တအင့်အင့်ညည်းသံကြားရခြင်း၊ မိမိ၏ လက်၊ လက်ချောင်းများ၊ စောင်၊ အခင်း စသည်တို့ကို ပါးစပ်နှင့် ထိတွေ့လာသမျှကို စုပ်ယူခြင်းတွေပဲ ဖြစ်ပါတယ်။ တကယ်လို့ ကလေးကငိုနေပြီဆိုရင်တော့ ဒါဟာဆာခြင်း၏ နောက်ကျသော လက္ခဏာဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ကလေးနို့တိုက်တဲ့အခါ စိတ်ရှည်ရပါမယ်။ တတိယအနေနဲ့ သက်တောင့် သက်သာရှိရပါမယ်။

Author: ဒေါက်တာဇွဲကောင်းချစ်, Healthcare Journal, Vol 9,no 3 (19.1.18) 15

Zawgyi

ကိုယ္ဝန္ရွိလာေသာ မိခင္တိုင္းျပဳလုပ္ရမယ့္တာဝန္ထဲတြင္ ကေလးႏို႔တိုက္ျခင္းဟာလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ကေလးအာဟာရဓာတ္ရရွိဖို႔အတြက္ မိခင္ႏို႔ဟာ အေရးအႀကီးဆုံးပဲျဖစ္ပါတယ္။ မိခင္ႏို႔ဟာကေလးအတြက္ အေကာင္းဆုံးပါပဲ။ မိခင္ရဲ႕က်န္းမာေရးအတြက္လည္း ေကာင္းမြန္ေစပါတယ္။ ဒါေပမယ့္ မိခင္ႏို႔တိုက္ေကြၽးေပးဖို႔ဆိုတာ မလြယ္ကူလွပါဘူး။
သားဦးကေလး စတင္ပိုင္ဆိုင္လာတဲ့ မိခင္ေတြဟာ ႏို႔တိုက္ေကြၽးျခင္း အေျခခံေတြကို သိရွိဖို႔ လိုအပ္ပါတယ္။ ဘာေတြသိသင့္သလဲဆိုရင္ မိခင္ႏို႔အေၾကာင္း၊ သင့္ကေလးအား မိခင္ႏို႔ ဘယ္လိုတိုက္ေကြၽးရမလဲ၊ ဘယ္လိုအေကာင္းဆုံး ပုံစံနဲ႔ တိုက္ေကြၽးမလဲဆိုတာေတြ သိဖို႔လိုအပ္ပါတယ္။ မိခင္ႏို႔ဟာ ကေလးအတြက္ လုံေလာက္ေသာ အာဟာရဓာတ္ရွိပါတယ္။ ဗိုက္တာမင္၊ ပ႐ိုတိန္း၊ အဆီဓာတ္ေတြ အစရွိသျဖင့္ အားလုံးဟာကေလးႀကီးထြားဖို႔အတြက္ လုံေလာက္ပါတယ္။ မိခင္ႏို႔ဟာ ႏွစ္မ်ိဳးရွိပါတယ္။ ႏို႔ဦးရည္ႏွင့္ တစ္ကယ့္ႏို႔ရည္ဆိုၿပီး ရွိပါတယ္။ ႏို႔ဦးရည္ဟာ ကေလးေမြးၿပီး ပထမအပတ္မွာထြက္ပါတယ္။ ႏို႔ဦးရည္အေရာင္ဟာ အဝါေရာင္ရွိၿပီး ထိုအရည္ထဲတြင္ ခုခံအားေတြႏွင့္ ေသြးျဖဴဥဆဲလ္ေတြ ပါဝင္ပါတယ္။ တစ္ကယ့္ႏို႔ရည္ဟာ ႀကီးထြားဖို႔တြက္ လုံေလာက္ေသာ အာဟာရဓာတ္ေပါင္းမ်ားစြာ ပါဝင္ပါတယ္။ မိခင္ႏို႔ထြက္သန္ေစရန္ ကေလးကို ဆာတိုင္းတိုက္ေကြၽးပါ။ ေန႔ေရာညပါ တိုက္ေကြၽးပါ။ ေရႏွင့္ အျခားေဖ်ာ္ရည္မ်ား တိုက္ေကြၽးရန္မလိုပါ။
မိခင္ႏို႔တိုက္ေကြၽးျခင္းေၾကာင့္ ကေလး၏ပန္းနာရင္က်ပ္ျဖစ္မႈႏွင့္ ဓာတ္မတည့္မႈကို ေလ်ာ့က်ေစပါတယ္။ မိခင္ႏို႔ဟာ ကေလးေမြးကတည္းကေန ကေလးအသက္ ၆ လထိ မိခင္ႏို႔တစ္မ်ိဳးတည္းသာ တိုက္ေကြၽးဖို႔လိုအပ္ပါတယ္။ ထိုသို႔ တိုက္ေကြၽးျခင္းေၾကာင့္ နားေရာဂါပိုး၊ အသက္ရွဴလမ္းေၾကာင္းဆိုင္ရာေရာဂါ၊ ဝမ္းပ်က္ျခင္းေတြေလ်ာ့က်ေစပါတယ္။ မိခင္ႏို႔တစ္မ်ိဳးတည္း တိုက္ေကြၽး႐ုံျဖင့္ ကေလးဉာဏ္ရည္ကို ျမင့္မားေစပါတယ္။ မိခင္ႏို႔တိုက္ေကြၽးျခင္းေၾကာင့္ ကေလးႏွင့္ မိခင္ပိုၿပီး ရင္းႏွီးမႈရေစပါတယ္။
မိခင္ႏို႔ေကြၽးျခင္းေၾကာင့္ မိခင္အေပၚတြင္လည္း အက်ိဳးေက်းဇူးရရွိေစပါတယ္။ မိခင္ႏို႔တိုက္ေကြၽးျခင္းေၾကာင့္ ကယ္လိုရီေတြ ေလာင္ကြၽမ္းေစပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္ ဝိတ္တက္ထားတာကို ေလ်ာ့က်ေစပါတယ္။ ႏို႔တိုက္ျခင္းေၾကာင့္ ေအာက္စီတိုစင္လို႔ေခၚတဲ့ ေဟာ္မုန္းေၾကာင့္ သားအိမ္ကို ကေလးမရွိခင္ အခ်ိန္ကရွိခဲ့တဲ့ သားအိမ္အ႐ြယ္အစားကို ေရာက္ေစပါတယ္။ ထို႔ျပင္ေမြးၿပီး သားအိမ္မွေသြးထြက္မ်ားျခင္းကို သက္သာေစပါတယ္။ ႏို႔တိုက္ေနစဥ္တြင္ ရင္သားကင္ဆာႏွင့္ မမ်ိဳးဥကင္ဆာျဖစ္မႈကို ေလ်ာ့နည္းေစပါတယ္။ ထို႔ျပင္မက အ႐ိုးပြျခင္းကိုလည္း နည္းေစပါတယ္။ မိခင္ႏို႔တစ္မ်ိဳးတည္းပဲ တိုက္ေကြၽးျခင္းေၾကာင့္ သားဆက္ျခားၿပီးသားလဲျဖစ္သလို ကုန္က်စရိတ္လည္း သက္သာေစပါတယ္။
မိခင္ႏို႔အေၾကာင္းေျပာျပၿပီး သြားတဲ့အခါ ေနာက္တစ္ခုကေတာ့ ကေလးကို ဘယ္လိုပုံစံနဲ႔ ႏို႔တိုက္ရမလဲေပါ့။ ႏို႔တိုက္ေနစဥ္တြင္ မိခင္ေရာ ကေလးပါ သက္ေတာင့္သက္သာ ရွိရပါမယ္။ အေနအထားမွန္ကန္စြာ ေပြ႕ခ်ီၿပီး မိခင္ႏို႔တိုက္ျခင္းသည္ ကေလးက မိခင္ႏို႔ကို ထိေရာက္စြာစို႔ယူႏိုင္သျဖင့္ မိခင္ႏို႔ထြက္လည္း ေကာင္းေစပါတယ္။ အေနအထားမွန္ကန္စြာ ေပြ႕ခ်ီႏို႔တိုက္ျခင္း၏ ေသာ့ခ်က္ ၄ ခ်က္မွာ ေျဖာင့္တန္းေနျခင္း၊ မိခင္ႏို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိျခင္း၊ နီးကပ္စြာရွိျခင္း၊ ေဖးမထားျခင္းတို႔ျဖစ္ပါတယ္။ ကေလး၏ဦးေခါင္းႏွင့္ ကိုယ္တစ္ေျဖာင့္တည္းရွိသင့္သည္။ လိမ္ေနျခင္းမရွိရ၊ ဦးေခါင္း အနည္းငယ္ အေနာက္သို႔လန္ေနေစရမယ္။ ကေလး၏မ်က္ႏွာႏွင့္ႏို႔ မ်က္ႏွာခ်င္းဆိုင္ရွိရမည္။ မိခင္၏မ်က္ႏွာကို ေမာ္ၾကည့္ႏိုင္သည့္ အေနအထားမ်ိဳးျဖစ္ရမယ္။ မိခင္ႏွင့္ ကေလး နီးကပ္စြာရွိရမည္။ မိခင္သည္ ကေလးတစ္ကိုယ္လုံးကို မိမိလက္၊ မိမိလက္ေမာင္းတို႔ႏွင့္ ပင့္မထားရမည္။
ကေလးေပြ႕ခ်ီႏို႔တိုက္ပုံအမ်ိဳးမ်ိဳး ရွိပါတယ္။ မိခင္ရင္ခြင္တြင္သမာ႐ိုးက်ေပြ႕ခ်ီနည္း၊ မိခင္က ကေလးကိုႏို႔အုံ၏ ဆန႔္က်င္ဘက္ရွိ လက္ႏွင့္ေပြ႕ခ်ီျခင္း (ေသးငယ္ အားနည္းေသာ ကေလးမ်ားအတြက္ သင့္ေတာ္သည္။ မိခင္ကလဲေလ်ာင္းလ်က္ ကေလးကို မိခင္ႏို႔တိုက္ေကြၽးျခင္း (မိခင္ကိုႏို႔တိုက္စဥ္/ညတြင္အနားယူေစသည္။ မိခင္က ကေလးကို လက္ေမာင္းေအာက္ အေနအထားတြင္ ေပြ႕ခ်ီလ်က္ မိခင္ ႏို႔တိုက္ေကြၽးျခင္း၊ (ဗိုက္ခြဲေမြးဖြားအၿပီး၊ ႏို႔သီးေခါင္းမ်ား နာေနေသာအခါ ေသးငယ္ေသာ ကေလးမ်ား အမႊာမ်ားကို ႏို႔တိုက္ေကြၽးရာတြင္ အသုံးဝင္သည္)။
ကေလးႏို႔တိုက္ဖို႔အတြက္ သတိထားရမွာေလးေတြရွိပါတယ္။ ပထမဆုံးအေနနဲ႔ မိခင္ဟာ အၿမဲကေလးကို ေစာင့္ၾကည့္ေနရပါမယ္။ ဘာကိုၾကည့္ေနရမလဲဆိုေတာ့ ကေလးႏို႔ဆာမဆာၾကည့္ၿပီး ကေလးအားဆာတိုင္း တိုက္ေကြၽးဖို႔ လိုအပ္ပါတယ္။ ဒါဆိုကေလးႏို႔ဆာလာၿပီဆိုတာကို ဘယ္လိုသိႏိုင္မလဲ။ ပိတ္ေနေသာ မ်က္ခြံေအာက္တြင္ မ်က္လုံးအိမ္ လႈပ္ရွားမႈမ်ား ေတြ႕ျခင္း သို႔မဟုတ္ ကေလးမ်က္လုံးပြင့္လာျခင္း၊ ပါးစပ္ပြင့္လာျခင္း၊ လွ်ာထုတ္လာျခင္း၊ ဦးေခါင္းကို ဘယ္ညာလွည့္ၿပီးႏို႔ရွာျခင္း၊ တိုးတိတ္ညင္သာေသာ တအင့္အင့္ညည္းသံၾကားရျခင္း၊ မိမိ၏ လက္၊ လက္ေခ်ာင္းမ်ား၊ ေစာင္၊ အခင္း စသည္တို႔ကို ပါးစပ္ႏွင့္ ထိေတြ႕လာသမွ်ကို စုပ္ယူျခင္းေတြပဲ ျဖစ္ပါတယ္။ တကယ္လို႔ ကေလးကငိုေနၿပီဆိုရင္ေတာ့ ဒါဟာဆာျခင္း၏ ေနာက္က်ေသာ လကၡဏာျဖစ္ပါတယ္။ ဒုတိယအေနနဲ႔ ကေလးႏို႔တိုက္တဲ့အခါ စိတ္ရွည္ရပါမယ္။ တတိယအေနနဲ႔ သက္ေတာင့္ သက္သာရွိရပါမယ္။

Author: ေဒါက္တာဇြဲေကာင္းခ်စ္, Healthcare Journal, Vol 9,no 3 (19.1.18) 15

Previous Post

အတူတူ ကုရမယ္

Next Post

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၂

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
567
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၂

Valentine Day (ကြားလေသွေးရင်တောင် ဝေးတယ် ထင်တယ်)

လက်သည်းခြေသည်းမှိုစွဲခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.