fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home မိခင်နှင့်ကလေးကျန်းမာရေး

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၂

114
VIEWS
Share on FacebookShare on TwitterShare on Linkedin
04/02/2018
in မိခင်နှင့်ကလေးကျန်းမာရေး, အမျိုးသမီး ကျန်းမာရေး
1 min read
A A

တိုက္ေကြၽးတဲ့အေနအထားလဲ မွန္တယ္။ ဆာတဲ့အခ်ိန္တိုင္းလဲ တိုက္ေနမယ္ဆိုရင္ ဒါဟာထိေရာက္စြာ ႏို႔စို႔ေနေသာ ကေလးျဖစ္ပါတယ္။ အဲလိုထိေရာက္စြာ ႏို႔စို႔မစို႔ကို ၾကည့္လို႔ရပါတယ္။ အဲဒါေတြကေတာ့ ကေလးသည္ ေႏွးေႏွးႏွင့္ နက္နက္ရႈိင္းရႈိင္းႏို႔စို႔ေနၿပီး ၾကားတြင္ အခ်ိန္အနည္းငယ္ ရပ္နားျခင္း၊ ႏို႔မ်ိဳခ်သည္ကို ျမင္ႏိုင္၊ ၾကားႏိုင္ျခင္း၊ ႏို႔စို႔စဥ္ ပါးမ်ားေဖာင္းေနၿပီး အတြင္းသို႔ခ်ိဳင့္ဝင္ေနမႈ မရွိျခင္း၊ ႏို႔ဝသြားပါက ႏို႔ကိုအလိုအေလ်ာက္ခြၽတ္လိုက္ၿပီး တင္းတိမ္သည့္ပုံစံရွိျခင္းေတြကို ေတြ႕ရပါလိမ့္မယ္။
ကေလးကႏို႔စို႔ေနစဥ္ မွန္ကန္ေသာ ထိကပ္မႈလိုပါတယ္။ ထိကပ္မႈေကာင္းဖို႔ဆိုတာ ကေလးပါးစပ္ က်ယ္က်ယ္ပြင့္သည္။ ေအာက္ႏႈတ္ခမ္း အျပင္ဘက္လန္ေနမယ္။ ကေလးေမးေစ့က သားျမတ္ႏွင့္ ထိေနသည္။ ကေလးပါးစပ္ အထက္ဘက္တြင္ ေအာက္ဘက္ထက္ အမည္းကြင္း ပိုျမင္ရသည္။ မိခင္ႏွင့္ကေလး ႏို႔တိုက္ေကြၽးေနျခင္းေၾကာင့္ အသားခ်င္းထိကပ္မႈကို ရရွိေစပါသည္။

အသားခ်င္းထိကပ္မႈေၾကာင့္ ရရွိလာတဲ့အက်ိဳးေက်းဇူးေတြကေတာ့ မိခင္ႏွင့္ကေလးကို တည္ၿငိမ္ေစျခင္း၊ ကေလး၏အသက္ရွဴျခင္းႏွင့္ ႏွလုံးခုန္ႏႈန္းတို႔ကို ပုံမွန္ရွိေစရန္ ကူညီျခင္း၊ မိခင္၏ကိုယ္ေငြ႕ျဖင့္ ကေလးကို ေႏြးေထြးစြာရွိေစျခင္း၊ ကေလး၏ဇီဝကျဖစ္စဥ္ကို တည္ၿငိမ္ေစျခင္းႏွင့္ ကိုယ္တြင္းသၾကားဓာတ္က်ဆင္းမႈမွ ကာကြယ္ျခင္း၊ မိခင္သည္ ဦးစြာ ကေလးကိုေထြးေပြ႕ရသူျဖစ္က မိခင္ကိုယ္ေပၚရွိ တစ္ေလွ်ာက္ ေနခြင့္ရသြားျခင္း၊ ကေလးအငိုနည္းေစသျဖင့္ ကေလးတြင္စိတ္ဖိစီးမႈႏွင့္ အင္အားသုံးရမႈ နည္းေစျခင္း၊ ပထမတစ္နာရီမွ ႏွစ္နာရီတြင္ ကေလးသည္ ႏိုးၾကားစြာရွိေနတတ္သျဖင့္ ကေလးႏွင့္မိခင္ သံေယာဇဥ္တြယ္မႈကို အားေပးျခင္း၊ ကေလးသည္ သူ႔ကိုယ္တိုင္ မိခင္ႏို႔ကိုရွာေဖြျခင္း၊ ထိကပ္ျခင္းတို႔ ျပဳလုပ္ျခင္းေၾကာင့္ ေမြးၿပီး နာရီအနည္းငယ္ၾကာ မိခင္ႏွင့္ ကေလးကို ခြဲထားခံရေသာ ကေလးမ်ားႏွင့္ ႏႈိင္းယွဥ္လွ်င္ ထိေရာက္စြာ ႏို႔စို႔ျခင္းေတြ ရရွိေစပါတယ္။
ဘယ္အခ်ိန္မွာ မိခင္ႏို႔အားကေလးကို မတိုက္ေကြၽးသင့္သလဲ။ တကယ္လို႔ သင့္မွာ HIV ပိုးရွိေနလွ်င္၊ လတ္တေလာ တီဘီေရာဂါရွိေနလွ်င္၊ ကင္ဆာေရာဂါ တစ္ခုခုအတြက္ ကင္ဆာေဆးသြင္းထားလွ်င္၊ မူးယစ္ေဆးဝါးမ်ား သုံးစြဲထားလွ်င္ ကေလးအား မိခင္ႏို႔မတိုက္ေကြၽးသင့္ပါ။
မိခင္ႏို႔တိုက္ေကြၽးတဲ့အခါ ဘာေတြႀကဳံေတြ႕ရမလဲ။ ႏို႔သီးေခါင္းနာက်င္တတ္ပါတယ္။ ဒါကို ႏို႔စတိုက္စဥ္ ပထမအပတ္တြင္ ခံစားရတတ္ပါတယ္။ ႏို႔သီးေခါင္းေျခာက္ျခင္း ႏွင့္ကြဲအက္ျခင္း၊ ႏို႔လုံေလာက္စြာ မထြက္ဘူးဆိုေသာ အေတြးျဖင့္ စိုးရိမ္ပူပန္ေနျခင္း၊ မိခင္ကႏို႔တိုက္ဖို႔ အဆင္မေျပေသာအခ်ိန္ဆိုလွ်င္ မိခင္ႏို႔အား သိုေလွာင္ထားလို႔ရပါတယ္။ သန႔္ရွင္းေသာ ပုလင္းထဲထည့္ၿပီး ေရခဲေသတၱာထဲထည့္ထားၿပီး ႏွစ္ရက္အတြင္း တိုက္ရပါမယ္။ ႏို႔သီးေခါင္းအထဲဝင္သြားတတ္ပါတယ္။ ႏို႔အိမ္တင္းျခင္း၊ ႏို႔ေခ်ာင္းပိတ္ျခင္း၊ ႏို႔ေရာင္တတ္ျခင္းေတြ ခံစားရတတ္ပါတယ္။
ႏို႔မထြက္ေတာ့လို႔ျဖစ္ျဖစ္ ႏို႔ကိုသိုေလွာင္ထားျခင္းလို႔ပဲျဖစ္ျဖစ္ ႏို႔ပုံအဆင့္ဆင့္ရွိပါတယ္။ လက္ျဖင့္ညႇစ္တဲ့အခါ လက္မႏွင့္ လက္ညိဳးကို မိခင္၏ ရင္ဘတ္ဘက္ဆီသို႔ အနည္းငယ္ဖိပါ။ ထို႔ေနာက္ လက္မႏွင့္ လက္ညိဳးအတြင္း ႏို႔ရည္ႁပြန္မ်ားကို ညႇစ္လိုက္ရမည္။ ႏို႔ရည္သည္ ႏို႔သီးေခါင္းဆီသို႔ စီးဆင္းရမည္။ ထိုအခါ ဖိျခင္းကို ေလွ်ာ့လိုက္ရသည္။ မၾကာမီ ေအာက္စီတိုစင္ တုံျပန္မႈစတင္လာသည္ႏွင့္ ႏို႔ရည္မ်ား ပန္းထြက္လာမည္။ ညႇစ္တဲ့အခါ သားျမတ္ပတ္လည္ ေနရာအႏွံ႔ ႏို႔ညႇစ္ျခင္းတြင္ ဖိ၊ ညႇစ္၊ ေလွ်ာ့လွည့္ဆိုၿပီး လုပ္ရပါတယ္။ ႏို႔ရည္စီးဆင္းမႈ ေႏွးသြားေသာအခါ လက္ရွိႏို႔ညႇစ္ေနေသာေနရာမွ လက္မႏွင့္ လက္ညိဳးကို အမည္းကြင္းႏွင့္ သားျမတ္အစပ္ေနာက္တစ္ေနရာသို႔ ေ႐ႊ႕ၿပီးဖိျခင္း၊ ညႇစ္ျခင္း၊ ေလွ်ာ့ျခင္း လႈပ္ရွားမႈကို ဆက္လက္လုပ္ရပါမယ္။ ဒါဆိုႏို႔စီးဆင္းမႈ ျပန္ေကာင္းလာပါလိမ့္မယ္။
ႏို႔သီးေခါင္းအထဲဝင္သြားလွ်င္ ေဆးထိုးႁပြန္ျဖင့္ ျပန္ထုတ္လို႔ရပါတယ္။ ထိုေဆးထိုးႁပြန္သုံးတဲ့အခါတြင္ မိခင္သည္ မိမိႏို႔သီးေခါင္းေပၚ မစြပ္ခင္ ႁပြန္တံကို သုံးပုံတစ္ပုံခန႔္ အသင့္ဆြဲထုတ္ထားရပါမယ္။ ႁပြန္တံ၏ ေခ်ာေမြ႕ေသာအပိုင္းကို ႏို႔သီးေခါင္းေပၚတင္ပါမယ္။ ႁပြန္တံကို အသာအယာ အျပင္သို႔ ဆြဲရပမယ္။ ညင္သာေသာ စုပ္အားရွိလ်က္ အေနအထားျဖင့္ ၃၀ စကၠန႔္ခန႔္ထားရပါမယ္။ ႁပြန္တံကိုအတြင္းသို႔ စုပ္အားဖယ္ရွား ႏိုင္႐ုံျပန္သြင္းၿပီး ႏို႔သီးေခါင္းမွ ခြာလိုက္႐ုံပါပဲ။

ဒါေၾကာင့္ ခုေျပာသြားတာေတြကေတာ့ မိခင္ႏို႔အေၾကာင္းေတြပါဘဲ။ ေနာက္ဆုံးေျပာခ်င္တာက မိခင္ႏို႔ဟာ ကေလးေတြအတြက္ အေကာင္းဆုံးအာဟာရဓာတ္ျဖစ္သျဖင့္ ကေလးအသက္ ၆လအထိ မိခင္ႏို႔တစ္မ်ိဳးတည္းသာ တိုက္ေကြၽးဖို႔လိုအပ္ပါသည္။ ျဖည့္စြက္မ်ားကို ၆လ ေက်ာ္မွသာ စတင္ေကြၽးဖို႔လိုအပ္ပါသည္။ ျဖည့္စြက္စြာ စတင္ေကြၽးစဥ္မွာလဲ မိခင္ႏို႔ဆက္တိုက္လို႔ရပါတယ္။ အသက္ ၂ ႏွစ္ထိ တိုက္ေကြၽးလို႔ ရပါတယ္။

Author: ေဒါက္တာဇြဲေကာင္းခ်စ္, Healthcare Journal, Vol 9,no 3 (19.1.18) 15

တိုက်ကျွေးတဲ့အနေအထားလဲ မှန်တယ်။ ဆာတဲ့အချိန်တိုင်းလဲ တိုက်နေမယ်ဆိုရင် ဒါဟာထိရောက်စွာ နို့စို့နေသော ကလေးဖြစ်ပါတယ်။ အဲလိုထိရောက်စွာ နို့စို့မစို့ကို ကြည့်လို့ရပါတယ်။ အဲဒါတွေကတော့ ကလေးသည် နှေးနှေးနှင့် နက်နက်ရှိုင်းရှိုင်းနို့စို့နေပြီး ကြားတွင် အချိန်အနည်းငယ် ရပ်နားခြင်း၊ နို့မျိုချသည်ကို မြင်နိုင်၊ ကြားနိုင်ခြင်း၊ နို့စို့စဉ် ပါးများဖောင်းနေပြီး အတွင်းသို့ချိုင့်ဝင်နေမှု မရှိခြင်း၊ နို့ဝသွားပါက နို့ကိုအလိုအလျောက်ချွတ်လိုက်ပြီး တင်းတိမ်သည့်ပုံစံရှိခြင်းတွေကို တွေ့ရပါလိမ့်မယ်။
ကလေးကနို့စို့နေစဉ် မှန်ကန်သော ထိကပ်မှုလိုပါတယ်။ ထိကပ်မှုကောင်းဖို့ဆိုတာ ကလေးပါးစပ် ကျယ်ကျယ်ပွင့်သည်။ အောက်နှုတ်ခမ်း အပြင်ဘက်လန်နေမယ်။ ကလေးမေးစေ့က သားမြတ်နှင့် ထိနေသည်။ ကလေးပါးစပ် အထက်ဘက်တွင် အောက်ဘက်ထက် အမည်းကွင်း ပိုမြင်ရသည်။ မိခင်နှင့်ကလေး နို့တိုက်ကျွေးနေခြင်းကြောင့် အသားချင်းထိကပ်မှုကို ရရှိစေပါသည်။

အသားချင်းထိကပ်မှုကြောင့် ရရှိလာတဲ့အကျိုးကျေးဇူးတွေကတော့ မိခင်နှင့်ကလေးကို တည်ငြိမ်စေခြင်း၊ ကလေး၏အသက်ရှူခြင်းနှင့် နှလုံးခုန်နှုန်းတို့ကို ပုံမှန်ရှိစေရန် ကူညီခြင်း၊ မိခင်၏ကိုယ်ငွေ့ဖြင့် ကလေးကို နွေးထွေးစွာရှိစေခြင်း၊ ကလေး၏ဇီဝကဖြစ်စဉ်ကို တည်ငြိမ်စေခြင်းနှင့် ကိုယ်တွင်းသကြားဓာတ်ကျဆင်းမှုမှ ကာကွယ်ခြင်း၊ မိခင်သည် ဦးစွာ ကလေးကိုထွေးပွေ့ရသူဖြစ်က မိခင်ကိုယ်ပေါ်ရှိ တစ်လျှောက် နေခွင့်ရသွားခြင်း၊ ကလေးအငိုနည်းစေသဖြင့် ကလေးတွင်စိတ်ဖိစီးမှုနှင့် အင်အားသုံးရမှု နည်းစေခြင်း၊ ပထမတစ်နာရီမှ နှစ်နာရီတွင် ကလေးသည် နိုးကြားစွာရှိနေတတ်သဖြင့် ကလေးနှင့်မိခင် သံယောဇဉ်တွယ်မှုကို အားပေးခြင်း၊ ကလေးသည် သူ့ကိုယ်တိုင် မိခင်နို့ကိုရှာဖွေခြင်း၊ ထိကပ်ခြင်းတို့ ပြုလုပ်ခြင်းကြောင့် မွေးပြီး နာရီအနည်းငယ်ကြာ မိခင်နှင့် ကလေးကို ခွဲထားခံရသော ကလေးများနှင့် နှိုင်းယှဉ်လျှင် ထိရောက်စွာ နို့စို့ခြင်းတွေ ရရှိစေပါတယ်။
ဘယ်အချိန်မှာ မိခင်နို့အားကလေးကို မတိုက်ကျွေးသင့်သလဲ။ တကယ်လို့ သင့်မှာ HIV ပိုးရှိနေလျှင်၊ လတ်တလော တီဘီရောဂါရှိနေလျှင်၊ ကင်ဆာရောဂါ တစ်ခုခုအတွက် ကင်ဆာဆေးသွင်းထားလျှင်၊ မူးယစ်ဆေးဝါးများ သုံးစွဲထားလျှင် ကလေးအား မိခင်နို့မတိုက်ကျွေးသင့်ပါ။
မိခင်နို့တိုက်ကျွေးတဲ့အခါ ဘာတွေကြုံတွေ့ရမလဲ။ နို့သီးခေါင်းနာကျင်တတ်ပါတယ်။ ဒါကို နို့စတိုက်စဉ် ပထမအပတ်တွင် ခံစားရတတ်ပါတယ်။ နို့သီးခေါင်းခြောက်ခြင်း နှင့်ကွဲအက်ခြင်း၊ နို့လုံလောက်စွာ မထွက်ဘူးဆိုသော အတွေးဖြင့် စိုးရိမ်ပူပန်နေခြင်း၊ မိခင်ကနို့တိုက်ဖို့ အဆင်မပြေသောအချိန်ဆိုလျှင် မိခင်နို့အား သိုလှောင်ထားလို့ရပါတယ်။ သန့်ရှင်းသော ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပြီး နှစ်ရက်အတွင်း တိုက်ရပါမယ်။ နို့သီးခေါင်းအထဲဝင်သွားတတ်ပါတယ်။ နို့အိမ်တင်းခြင်း၊ နို့ချောင်းပိတ်ခြင်း၊ နို့ရောင်တတ်ခြင်းတွေ ခံစားရတတ်ပါတယ်။
နို့မထွက်တော့လို့ဖြစ်ဖြစ် နို့ကိုသိုလှောင်ထားခြင်းလို့ပဲဖြစ်ဖြစ် နို့ပုံအဆင့်ဆင့်ရှိပါတယ်။ လက်ဖြင့်ညှစ်တဲ့အခါ လက်မနှင့် လက်ညိုးကို မိခင်၏ ရင်ဘတ်ဘက်ဆီသို့ အနည်းငယ်ဖိပါ။ ထို့နောက် လက်မနှင့် လက်ညိုးအတွင်း နို့ရည်ပြွန်များကို ညှစ်လိုက်ရမည်။ နို့ရည်သည် နို့သီးခေါင်းဆီသို့ စီးဆင်းရမည်။ ထိုအခါ ဖိခြင်းကို လျှော့လိုက်ရသည်။ မကြာမီ အောက်စီတိုစင် တုံပြန်မှုစတင်လာသည်နှင့် နို့ရည်များ ပန်းထွက်လာမည်။ ညှစ်တဲ့အခါ သားမြတ်ပတ်လည် နေရာအနှံ့ နို့ညှစ်ခြင်းတွင် ဖိ၊ ညှစ်၊ လျှော့လှည့်ဆိုပြီး လုပ်ရပါတယ်။ နို့ရည်စီးဆင်းမှု နှေးသွားသောအခါ လက်ရှိနို့ညှစ်နေသောနေရာမှ လက်မနှင့် လက်ညိုးကို အမည်းကွင်းနှင့် သားမြတ်အစပ်နောက်တစ်နေရာသို့ ရွှေ့ပြီးဖိခြင်း၊ ညှစ်ခြင်း၊ လျှော့ခြင်း လှုပ်ရှားမှုကို ဆက်လက်လုပ်ရပါမယ်။ ဒါဆိုနို့စီးဆင်းမှု ပြန်ကောင်းလာပါလိမ့်မယ်။
နို့သီးခေါင်းအထဲဝင်သွားလျှင် ဆေးထိုးပြွန်ဖြင့် ပြန်ထုတ်လို့ရပါတယ်။ ထိုဆေးထိုးပြွန်သုံးတဲ့အခါတွင် မိခင်သည် မိမိနို့သီးခေါင်းပေါ် မစွပ်ခင် ပြွန်တံကို သုံးပုံတစ်ပုံခန့် အသင့်ဆွဲထုတ်ထားရပါမယ်။ ပြွန်တံ၏ ချောမွေ့သောအပိုင်းကို နို့သီးခေါင်းပေါ်တင်ပါမယ်။ ပြွန်တံကို အသာအယာ အပြင်သို့ ဆွဲရပမယ်။ ညင်သာသော စုပ်အားရှိလျက် အနေအထားဖြင့် ၃၀ စက္ကန့်ခန့်ထားရပါမယ်။ ပြွန်တံကိုအတွင်းသို့ စုပ်အားဖယ်ရှား နိုင်ရုံပြန်သွင်းပြီး နို့သီးခေါင်းမှ ခွာလိုက်ရုံပါပဲ။
ဒါကြောင့် ခုပြောသွားတာတွေကတော့ မိခင်နို့အကြောင်းတွေပါဘဲ။ နောက်ဆုံးပြောချင်တာက မိခင်နို့ဟာ ကလေးတွေအတွက် အကောင်းဆုံးအာဟာရဓာတ်ဖြစ်သဖြင့် ကလေးအသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးဖို့လိုအပ်ပါသည်။ ဖြည့်စွက်များကို ၆လ ကျော်မှသာ စတင်ကျွေးဖို့လိုအပ်ပါသည်။ ဖြည့်စွက်စွာ စတင်ကျွေးစဉ်မှာလဲ မိခင်နို့ဆက်တိုက်လို့ရပါတယ်။ အသက် ၂ နှစ်ထိ တိုက်ကျွေးလို့ ရပါတယ်။

Author: ဒေါက်တာဇွဲကောင်းချစ်, Healthcare Journal, Vol 9,no 3 (19.1.18) 15

Previous Post

မိခင်နို့တိုက်ကျွေးခြင်း အပိုင်း- ၁

Next Post

Valentine Day (ကြားလေသွေးရင်တောင် ဝေးတယ် ထင်တယ်)

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
607

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
567
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.4k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

Valentine Day (ကြားလေသွေးရင်တောင် ဝေးတယ် ထင်တယ်)

လက်သည်းခြေသည်းမှိုစွဲခြင်း

ကိုယ်ဝန်လနုချိန်ပျက်ကျခြင်း

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.