fbpx
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်
No Result
View All Result
OnDoctor Healthcare App
No Result
View All Result
Home အမျိုးသမီး ကျန်းမာရေး

ဆန္ဒပြီးမြောက်ခြင်း

2.2k
VIEWS
Share on FacebookShare on TwitterShare on Linkedin
25/12/2016
in အမျိုးသမီး ကျန်းမာရေး
1 min read
A A

အမျိုးသမီးနဲ့အမျိုးသားဆက်ဆံကြရာမှာဆန္ဒပြီးမြောက်မှု Orgasm ဆိုတာရှိပါတယ် ဆရာ။ ဆန္ဒပြီးမြောက်မှု တစ်နည်းပေါ့ ဆရာ။ ဆန္ဒမပြည့်ဝမှုမျိုးကြုံတွေ့ရတတ်ပါတယ်။ အဲဒီအကြောင်းလေးဆွေးနွေးပေးပါလားခင်ဗျာ။

ဆန္ဒမပြီးမြောက်တဲ့ပြဿနာOrgasmic Disorder ပေါ့ဗျာ။ ဒီပြဿနာဟာ ဖြစ်ပွားမှုများတဲ့ပြဿနာ တစ်ခုဖြစ်တာကြောင့်အရွယ်ရောက်ပြီးသူအမျိုးသမီး၊ အမျိုးသားအားလုံးသိထားသင့်ကြပါတယ်။

ဟုတ်ကဲ့ပါ ဆရာ။ ဆန္ဒမပြီးမြောက်တဲ့ပြဿနာဟာ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်တတ်တယ် ဆိုတာကောမှန်ပါ သလား ဆရာ။
မှန်ပါတယ်။ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်အရေအတွက် နည်းပါတယ်။ သုတေသနတစ်ခုမှာ ဖော်ပြထားတာတစ်ခုရှိပါတယ်။ အိမ်ထောင်သည် ဘ၀ တစ်လျှောက်လုံးတစ်ကြိမ်တစ်ခါမှ ဆန္ဒပြီးမြောက်ခဲ့ခြင်းမရှိတဲ့ အမျိုးသမီးများလည်းရှိတယ်လို့ ဆိုပါတယ်။

အဖြစ်နည်းတယ်ဆိုပေမယ့် ဆန္ဒမပြီးမြောက်နိုင်တဲ့ အမျိုးသားတွေလည်းရှိနေတာကြောင့် မေးပါရစေဦးဆရာ။ အမျိုးသားတွေ ဆန္ဒမပြီးမြောက်နိုင်တာဘာကြောင့်ပါလဲ။

ဆန္ဒပြည့်ဝမှုမရနိုင်တာတချို့ ဆေးဝါးများကြောင့် ဖြစ်နိုင်ပါတယ်။ ရောဂါတချို့ ဟာလည်းဆန္ဒပြီး မြောက်မှုအတွက် အဟန့်အတားဖြစ်နိုင်တာတွေ့ရပါတယ်။ တချို့အရက်သောက်ခြင်းဟာလိင်ဆန္ဒကိုလှုံ့ဆော် ပေးတယ်လို့ မှားယွင်းစွာယူဆထားတတ်ကြပါတယ်။ အရက်သောက်တာကြောင့် ဆန္ဒမပြီးမြောက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

အမျိုးသမီးတွေမှာအဖြစ်များတဲ့ပြဿနာဆိုတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးဆွေးနွေးပေးပါဦးဆရာ။

အမျိုးသမီးတွေ ဆန္ဒမပြီးမြောက်နိုင်တာကို နှစ်မျိုးခွဲထားတယ်။ ပထမတစ်မျိုးက Primary Orgasmic Disorder လို့ခေါ်တယ်။ ရောဂါဝေဒနာတွေ ပြဿနာတွေကြောင့် မဟုတ်ဘဲမူလသဘာ၀ ကိုယ်တိုင်က ဆန္ဒပြီးမြောက်ဖို့ ခက်ခဲနေခြင်းပါ။

ဒုတိယအမျိုးအစားကSecondary Orgasmic Disorder လို့ခေါ်တယ်။ ဒါကတော့ ရောဂါ ဒါမှမဟုတ် ပြဿနာတစ်စုံတစ်ရာအခြေခံပြီးဖြစ်တာ။ အမျိုးသားတွေလိုပါပဲ။ အရက်မူးယစ်ဆေးအပါအဝင် တချို့ဆေးဝါး တွေကလူကိုထုံထိုင်းစေပြီးဆန္ဒပြီးမြောက်မှုကို နှောင့်နှေးကြန့်ကြာစေတာမျိုး ဖြစ်စေတာပါ။ အာရုံကြောနဲ့ ဆိုင်သောရောဂါ တွေရှိတယ်။ ဥပမာပေါ့ဗျာ Multiple Sclerosis ၊ သွေးချို၊ ဆီးချိုရောဂါ၊ ကြောရိုးနာဗ်ကြောမ ကြီးထိခိုက်ဒဏ်ရာရခြင်း စတာတွေပေါ့။ အဲဒါမျိုးကြောင့်လည်းဆန္ဒမပြီးနိုင်တာမျိုးရှိနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်းပြောင်းလဲမှုတွေ ရှိတဲ့အခါ ဆန္ဒမပြီးနိုင်တာမျိုး ဖြစ်တတ်တယ်။

ချို့အမျိုးသမီးတွေ ကိုယ်ဝန်ရှိတဲ့ အခါ မွေးဖွားပြီးခါစ၊ မီးယပ်သွေးဆုံးခါနီးအချိန်တွေမှာဆန္ဒမပြီးနိုင်ဘဲရှိတတ်ကြတယ်။ နာတာရှည်ရောဂါများ ကလည်းဆန္ဒပြီးမြောက်မှုအတွက်အတားအဆီး ဖြစ်နိုင်ပါတယ်။

ကလေးဘဝမှာ လိင်ဆက်ဆံမှုနဲ့ လိင်ကိစ္စအပေါ်အဆိုးမြင်ခဲ့တာမျိုးရှိရင်လည်း ဖြစ်တတ်ပါသေးတယ်။ အဓမ္မပြုကျင့်ခံရတာမျိုး၊ အကြမ်းဖက်ခံရတာမျိုးစတာတွေကလိင်ဆက်ဆံမှုအပေါ် အဆိုးမြင်သွားစေနိုင်ပါ တယ်။

အခြားပြဿနာတွေရှိရင်လည်း သိချင်ပါသေးတယ် ဆရာ။

အမျိုးသမီးနဲ့ အမျိုးသားတို့ကြားဆက်ဆံရေးမပြေလည်တာမျိုးနဲ့ ငြီးငွေ့မှုရှိတာမျိုးတွေကြောင့် ဆန္ဒအား နည်းပြီး မပြီးမြောက်နိုင်တာမျိုး တွေ့ရှိရနိုင်ပါတယ်။ ဆက်ဆံဖော်အပေါ် ငြီးငွေ့မှုဟာ အဓိကပြဿနာတစ်ခု လို့ဆိုပါတယ်။
အမျိုးသမီးများရဲ့ ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းက သူတို့ရဲ့ဘဝတစ်လျှောက်လုံးတစ်ကြိမ်တစ်ခါမှ ဆန္ဒပြည့်ဝခဲ့ခြင်းမရှိလို့ ဆိုခဲ့ပါတယ်။ ၃၃ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းခန့်ကတော့ မကြာခဏဆန္ဒပြီးမြောက်နိုင်ခဲ့ ကြောင်းပြောကြားခဲ့ပါတယ်။ ဆက်ဆံသည့်အခါတိုင်းဆန္ဒပြီးမြောက်ဖို့ဆိုတာအမျိုးသမီးများမှာ အလွန်ရှားပါ တယ်။

ဆရာဆွေးနွေးသွားတဲ့အထဲမှာ ဆန္ဒမပြီးမြောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်နိုင်သလို ရုပ်ပိုင်း ဆိုင်ရာပြဿနာများကြောင့် ဖြစ်နိုင်ကြောင်းပါ သွားခဲ့ပြီးပါပြီ။ အဲဒီနှစ်ခုအကြောင်း နည်းနည်း လောက်ဖြည့်စွက် ဆွေးနွေးပေးစေချင်ပါတယ်။
ဟုတ်ပါတယ်။ ဆန္ဒမပြီးမြောက်နိုင်ခြင်းဟာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများကြောင့် ဖြစ်နိုင်သလို စိတ်ပိုင်း ဆိုင်ရာအကြောင်းများ ကြောင့်ဖြစ်နိုင်ပါတယ်။ လေ့လာသုတေသနပြုချက်များအရ ပြောရရင် ဆန္ဒမပြီး မြောက်မှုရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ စိတ်ကြောင့်ဖြစ်တာလို့ သိရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာကြောင့်ဖြစ် တာက ၁၀ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။

ဒီပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့ဆိုရင်ကောဆရာ။

ဒါကတော့ ရုပ်ကြောင့်ဖြစ်တာဆိုရင် ရောဂါသို့မဟုတ် ပြဿနာဇာစ်မြစ်ကိုဖယ်ရှားပစ်ဖို့က အဓိကပါ။ ရောဂါပျောက်သွားရင် ပြဿနာမရှိတော့ဘူးဆိုရင် ဝေဒနာလည်းပျောက်သွားမှာပါ။ စိတ်ကြောင့်ဖြစ်တာက အဓိကဆိုတော့ စိတ်ပိုင်းဆိုင်ရာကုထုံး Psychotherapy ကပိုပြီးအရေးကြီးနေတာပေါ့ဗျာ။ ဒါကိုဆေးပညာရှင် ဆရာဝန်၊ စိတ်ကျန်းမာရေးအထူးကု စိတ်ပညာရှင်တစ်ဦးတစ်ယောက်က ကူညီပေးဖို့တော့လိုပါလိမ့်မယ်။ ဆန္ဒမပြီးမြောက်မှုဟာ အသေးအဖွဲပြဿနာလို့ ခံယူထားလို့မရနိုင်ပါဘူး။ အဲဒီနောက်မှာ လူမှုရေးပြဿနာတွေ ပူးကပ်ပါလာနိုင်ပါတယ်။ ဒါကြောင့် အလေးထားဖြေရှင်းရမှာပါ။ ကျွမ်းကျင်သူများနဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။ တချို့နိုင်ငံတွေမှာတော့ Sex Therapist လိင်ပိုင်းဆိုင်ရာကုထုံးကျွမ်းကျင်ပညာရှိတွေ သီးသန့်ရှိနေကြပါတယ်။

ဆန္ဒမပြီးမြောက်နိုင်မှုဟာအသေးအဖွဲပြဿနာ မဟုတ်ဘူးလို့ဆိုခဲ့ပေမယ့် အံ့သြစရာကောင်းတာတစ် ခုရှိခဲ့တယ်။ အဲဒါကအမျိုးသမီးတွေကို စစ်တမ်းကောက်ယူရာက တွေ့ခဲ့ရတာပါ။ အမျိုးသမီးဆန္ဒပြီးမြောက်မှု မရှိသော်လည်းကျေနပ်မှုရှိတယ်လို့ ပြောဆိုကြကြောင်းတွေ့ရတယ်ဗျာ။ ဒီအချက်ကတော့ အမျိုးသမီးတွေ အပေါ်ချီးကျူးဂုဏ်ယူရမှာပါ။ ရောင့်ရဲနိုင်မှုမှာအမျိုးသားတွေထက်သာတယ်လို့ ပြောရမှာပဲ။ ဒါကတော့ ကျွန်တော် ရဲ့ကိုယ်ပိုင် အတွေးအမြင်လေး ဖြည့်စွက်ဆွေးနွေးတာပါ။

Author – ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)

Previous Post

အသားဖြူအောင် ဘာတွေလုပ်ကြမလဲ။

Next Post

အမျိုးသမီး ဓမ္မတာနှင့် အကိုက်အခဲဝေဒနာ

Share on FacebookShare on TwitterShare on Linkedin

ဆက်စပ် ဆောင်းပါးများ

Important health and beauty for a woman

အမျိုးသမီးတစ်ယောက်အတွက် အရေးကြီးတဲ့ ကျန်းမာခြင်းနှင့် လှပခြင်း

1 year ago
637

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
609
Ovarian coagulation and pregnancy

သားဥအိမ်သွေးလုံးတည်ခြင်းနှင့်ကိုယ်ဝန်ဆောင်ခြင်း

1 year ago
1.8k
Caution Urinary tract infection

သတိပြုစရာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရောဂါ

1 year ago
1.5k
Women and folic acid

အမျိုးသမီးနှင့် ဖောလစ်အက်ဆစ်

1 year ago
1.6k
Health secrets that women over 50 should know

၅၀ ကျော်အမျိုးသမီးတို့ သိထားသင့်တဲ့ ကျန်းမာရေးလျို့ဝှက်ချက်များ

2 years ago
1.2k

ကျန်းမာရေး ဆောင်းပါးများ

  • ကိုဗစ်ရောဂါ
  • အမျိုးသမီး ကျန်းမာရေး
  • အမျိုးသား ကျန်းမာရေး
  • အလှအပနှင့် ကျန်းမာရေး
  • ကျန်းမာသော နေထိုင်မှုပုံစံ
  • မိခင်နှင့် ကလေးကျန်းမာရေး
  • သွားနှင့် ခံတွင်း ကျန်းမာရေး
  • ရောဂါကြီးများ
  • ကျန်းမာသောစိတ်
  • ကျန်းမာရေးသတင်းများ
  • အထွေထွေရောဂါများအကြောင်း
  • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

လူဖတ်အများဆုံး ဆောင်းပါးများ

  • တစ်ကိုယ်ရည်အာသာဖြေခြင်း

    0 shares
    Share 0 Tweet 0
  • လေထိုးလေအောင့် သက်သာစေမယ့်နည်းလမ်းများ

    0 shares
    Share 0 Tweet 0
  • ယောကျာ်းလေးတွေသိထားဖို့လိုတဲ့ ကိုယ်ဝန်မရအောင် ရက်ရှောင်တယ်ဆိုတာ (or) Calendar Method

    0 shares
    Share 0 Tweet 0
  • ပွေး၊ ညှင်းနဲ့ ယားနာတွေ အမှန်တကယ်ပျောက်ဖို့ဆိုရင်

    0 shares
    Share 0 Tweet 0
  • အရေးပေါ်တားဆေးနဲ့ ကိုကို မမတို့ အမေးများ

    0 shares
    Share 0 Tweet 0

Health Tips

Next Post

အမျိုးသမီး ဓမ္မတာနှင့် အကိုက်အခဲဝေဒနာ

အရပ်ရှည်သောအစားအစာ

ရာသီစာတွေဟာ အရည်အသွေးကောင်းပြီး အာဟာရပြည့်စုံပါတယ်

OnDoctor App OnDoctor App OnDoctor App

Get Our App for Your Healthcare Partner

  • User Guide
  • Terms Of Use
  • Privacy Policy
  • Linking & Reprinting Policy
Facebook-f Youtube Linkedin-in

OnDoctor Company Limited © 2017 – 2025. All Rights Reserved.

No Result
View All Result
  • ပင်မစာမျက်နှာ
  • ကျန်းမာရေး ဆောင်းပါးများ
    • ကိုဗစ်ရောဂါ
    • အမျိုးသမီး ကျန်းမာရေး
    • အမျိုးသားကျန်းမာရေး
    • အလှအပနှင့်ကျန်းမာရေး
    • ကျန်းမာသော နေထိုင်မှုပုံစံ
      • ကျန်းမာရေးသတင်းများ
      • အင်တာဗျူးများ
    • မိခင်နှင့်ကလေးကျန်းမာရေး
    • ကျန်းမာသောစိတ်
    • ရောဂါကြီးများ
    • သွားနှင့် ခံတွင်း ကျန်းမာရေး
    • အစာအိမ်နှင့် အူလမ်းကြောင်း ပြဿနာများ
    • အထွေထွေရောဂါများအကြောင်း
  • ကျန်းမာရေးကိရိယာများ
  • ဆက်သွယ်ရန်

© 2020 OnDoctor Company Limited - All Rights Reserved.

This website uses cookies. By continuing to use this website you are giving consent to cookies being used. Visit our Privacy and Cookie Policy.