(Zawgyi)
သည္တစ္ပတ္ မဂၤလာေမာင္မယ္ စကားဝိုင္းမွာ အမ်ိဳးသမီးဓမၼတာႏွင့္ အကိုက္အခဲေဝဒနာအေၾကာင္း ေဆြးေႏြးပါမယ္။
ေမာင္- အမ်ိဳးသမီးေတြ ရာသီေသြးလာတာ သဘာဝပဲ မဟုတ္လားဆရာ။
ေဒါက္တာမဂၤလာ- ဟုတ္ပါတယ္။ အမ်ိဳးသမီး အသက္ ၁၀ ႏွစ္ေက်ာ္ကစလို႔ မီးယပ္ဆုံးတဲ့ အသက္ ၅၀ ေက်ာ္အထိ ကိုယ္ဝန္ေဆာင္ကေလးႏို႔တိုက္ခ်ိန္ ေစာေစာပိုင္း အခ်ိန္ကလြဲရင္ လစဥ္ရာသီလာပါတယ္။
မယ္- နာက်င္ကိုက္ခဲမႈေတာ့ အနည္းနဲ႔အမ်ား ခံစားၾကရပါတယ္ဆရာ။
ေဒါက္တာ မဂၤလာ- အခ်ိဳ႕နာက်င္ကိုက္ခဲမႈ အနည္းငယ္တာရွိလို႔ မသိသာေပမယ့္ အခ်ိဳ႕၊ လြန္လြန္ကဲကဲ နာက်င္လို႔ ေက်ာင္းကေန ခြင့္ယူအလုပ္ကေန ခြင့္ျပဳၿပီး ဆရာဝန္နဲ႔ ျပသရတဲ့အထိ နာက်င္ကိုက္ခဲတတ္ပါတယ္။
ေမာင္- ဆယ္ေက်ာ္သက္အ႐ြယ္ေတြ ပိုမိုခံစားရသလား ဆရာ။
ေဒါက္တာမဂၤလာ- ဓမၼတာလာခ်ိန္၊ နာက်င္ကိုက္ခဲတာဟာ ဆယ္ေက်ာ္သက္အ႐ြယ္နဲ႔ လူလတ္ပိုင္းမ်ား အျဖစ္မ်ားတတ္တယ္။
မယ္- လစဥ္ရာသီလာတိုင္း ခြင့္ယူရေတာ့ ကုန္ထုတ္စြမ္းအား ပညာေရး စတာေတြ ေလ်ာ့က်တာေပါ့ ဆရာ။
ေဒါက္တာမဂၤလာ- ေလ်ာ့က်ပါတယ္။ တစ္ဦးခ်င္း အေနနဲ႔ အားကစားၿပိဳင္ပြဲဝင္ခ်ိန္မွာ စံခ်ိန္ေကာင္း မရႏိုင္ဘူး။ အအိပ္ပ်က္၊ အစားပ်က္၊ အလုပ္အကိုင္ပ်က္ေလာက္ေအာင္ နာက်င္ကိုက္ခဲတာမ်ိဳး ရွိတယ္။ မခံႏိုင္လို႔ မိသားစုဆရာဝန္နဲ႔ ျပသရတယ္။
ေမာင္- အမ်ိဳးသမီးတိုင္း လစဥ္ျပႆနာျဖစ္ေနတာေပါ့ ဆရာ။
ေဒါက္တာမဂၤလာ- ဟုတ္ပါတယ္။ အခ်ိဳ႕ ၂၈ ရက္မွာ တစ္ႀကိမ္၊ အခ်ိဴ႕ ၃၂ ရက္မွာတစ္ႀကိမ္ ရာသီလာရင္၊ အေႏွာက္အယွက္ ျဖစ္ရတယ္။ အခ်ိဳ႕စိတ္ဓာတ္က်လို႔ မိမိအသက္ရန္ရွာတဲ့အထိ ျဖစ္လာတယ္။
မယ္- ရာသီလာခ်ိန္ အေတာ္ဆိုးဆိုးဝါးဝါး ေတြ႕ဖူးပါတယ္ ဆရာ။
ေဒါက္တာမဂၤလာ- ရာသီလာလို႔ နာက်င္ျခင္းဟာ အမ်ားအားျဖင့္ ခ်က္ရဲ႕ေအာက္ဖက္တေလွ်ာက္ နာေနတယ္။ ေပါင္ႏွစ္ဖက္လုံး ေရာက္သြားတယ္။ ဒူးဆစ္နဲ႔ ဒူးေခါက္ေကြးေတြအထိ မေရာက္တတ္ဘူး။ ဘယ္ေနရာ၊ အကိုက္အခဲ၊ အနာက်င္ဆုံးလဲဆိုေတာ့ ဝမ္းဗိုက္ေအာက္ပိုင္းနဲ႔ တင္ပါးႂကြက္သားမ်ား တင္ပဆုံမ်ားကိုက္ခဲၿပီး ေအာက္ကို ေ႐ြ႕သြားတယ္။
ေမာင္- ရာသီေသြးလာလို႔ နာက်င္ျခင္း ဘယ္ႏွစ္မ်ိဳးရွိသလဲ ဆရာ။
ေဒါက္တာမဂၤလာ- သုံးမ်ိဳးရွိပါတယ္။ ေသြးေမေပၚခင္ တစ္ရက္ (သို႔) သုံးရက္မွာ နာက်င္ကိုက္ခဲတတ္ပါတယ္။ ႏွစ္ရက္ (သို႔) သုံးရက္ေသြးေပၚသမွ်ရက္ေတြမွာ အားလုံးကိုက္တာ ရွိတယ္။ေသြးေပၚၿပီးေနာက္ ကိုက္ခဲတာမ်ိဳးရွိတယ္။ ေပၚေနတုန္းေရာ၊ ေပၚၿပီးမွာေရာေတာက္ေလွ်ာက္ ကိုက္ခဲတာမ်ိဳးရွိတယ္။
မယ္- ပုံမွန္ထက္ ပိုကိုက္တာေရာ ဆရာ။
ေဒါက္တာမဂၤလာ- အမ်ိဳးသမီးေတြအေနနဲ႔ အပ်ိဳေဖာ္ဝင္စ၊ ဓမၼတာစတဲ့ ရာသီေသြးစေပၚကတည္းက ရာသီလာတိုင္း နာက်င္ကိုက္ခဲေနရင္ ပုံမွန္မဟုတ္တဲ့အတြက္ အထူးစိုးရိမ္ ပူပင္စရာေတာ့ မရွိပါဘူး။ နာက်င္ကိုက္ခဲမႈ ေဝဒနာအတြက္ ေရေႏြးအိတ္၊ ေရေႏြးပုလင္းကပ္ျခင္း၊ အကိုက္အခဲေပ်ာက္ ေဆးေသာက္ ျခင္းတို႔နဲ႔ သက္သာႏိုင္ပါတယ္။
ေမာင္- အကိုက္အခဲေပ်ာက္ေဆးေတြက အစာအိမ္ဒုကၡေပးႏိုင္တာေပါ့ ဆရာ။
ေဒါက္တာမဂၤလာ- ဒုကၡေပးႏိုင္တယ္။ ဗိုက္ေအာင့္ေပ်ာက္ေဆး၊ ဒိုင္ဂ်င္းနဲ႔ တြဲဖက္ေသာက္သင့္တယ္။ နာက်င္ကိုက္ခဲမႈက ခုမွ ပိုနာတာမ်ိဳး ျဖစ္ရင္ မိသားစုဆရာဝန္နဲ႔ ျပသၿပီး ကုသမႈ ခံယူသင့္ပါတယ္။
မယ္- နာက်င္ကိုက္ခဲမႈကို ဘယ္ႏွစ္ပိုင္း ခြဲျခားႏိုင္သလဲ ဆရာ။
ေဒါက္တာမဂၤလာ- ပထမနဲ႔ ဒုတိယဆိုၿပီး ခြဲထားႏိုင္တယ္။ ပထမနာျခင္းမ်ိဳးက ဘာေရာဂါမွမရွိဘဲ ဓမၼတာေသြးေပၚရင္ ကိုက္ခဲနာက်င္တာမ်ိဳးျဖစ္ၿပီး ဒုတိယနာျခင္းက ေရာဂါအေၾကာင္းရပ္ေတြေပၚမွာ အေျခခံတတ္ပါတယ္။
ေမာင္- အျခားအေၾကာင္းရပ္ေတြက ဘာေတြျဖစ္ႏိုင္သလဲ ဆရာ။
ေဒါက္တာမဂၤလာ- မီးယပ္ေသြးေပၚတဲ့အခါ ျဖစ္တတ္တဲ့ သဘာဝအရ၊ သားအိမ္အေပၚပိုင္း ကိုယ္ထည္အတြင္းမွ အတြင္းလႊာက်ၿပီး စုလာတဲ့ ေသြးေတြဟာ ေသြးအိမ္လည္တံ အေပါက္ဝကေန ေရွာေရွာရွဴရွဴ ထြက္သြားရမွာျဖစ္တယ္။ လူနာရဲ႕ သားအိမ္လည္တံက ေမြးရာပါ က်ဥ္းေနရင္ (သို႔) အျခားအေၾကာင္း ေၾကာင့္ က်ဥ္းေနရင္ သားအိမ္လည္တံလွီးထုတ္တာ (သို႔) ကေလးေမြးဖြားၿပီး သားအိမ္လည္တံ ဒဏ္ရာရလို႔ စုတ္ၿပဲသြားလို႔ အမာ႐ြတ္တက္ၿပီး သားအိမ္လည္တံက်ဳံ႔သြား၊ က်ဥ္းသြားတာျဖစ္ႏိုင္တယ္။ ဓမၼတာရာသီေသြးေတြ ေရွာေရွာရွဴရွဴ မထြက္ႏိုင္ရင္ သားအိမ္ဝက ပိုအားစိုက္ၿပီး ပိုနာလာတတ္ပါတယ္။
မယ္- ေနာက္တစ္မ်ိဳးကေရာ ဆရာ။
ေဒါက္တာမဂၤလာ- သားအိမ္ထဲက အလုံးႀကီးရွိတဲ့အခါ ေမြးရာပါမဟုတ္ဘဲ ေနာက္မွေရာက္လာတဲ့ အလုံးျဖစ္ရင္ ခႏၶာကိုယ္က ျပင္ပပစၥည္း သတ္မွတ္လို႔ အခြင့္ရတိုင္း သားအိမ္တြင္းက ထြက္သြားေအာင္ အၿမဲညဳစ္ထုတ္ေနတယ္။ ဒါေၾကာင့္ အလုံးရွိရင္ အမ်ိဳးသမီးေတြဟာ ဓမၼတာ ေသြးေပၚနီးခ်ိန္ ေသြးေပၚခ်ိန္၊ ေသြးေပၚၿပီးခ်ိန္ေတြမွာ ကိုက္ခဲတတ္ပါတယ္။
ေမာင္- အျခားတစ္ခ်က္ကေရာ ဆရာ။
ေဒါက္တာ မဂၤလာ- တစ္ခါတည္း သားဆက္ျခားေအာင္ သားအိမ္အတြင္း ထည့္ပစၥည္း IUCD ဆိုတဲ့ သေႏၶတာပစၥည္းထည့္ၾကတဲ့ အမ်ိဳးသမီေတြမွာ ေၾကးနီ (သို႔) ပလပ္စတစ္နဲ႔ ျပဳလုပ္ထားလို႔ ခႏၶာကိုယ္ပိုင္ပစၥည္းမဟုတ္ဘဲ သူစိမ္းပစၥည္းအျဖစ္ သားအိမ္က သတ္မွတ္ကာ သားအိမ္မွ ထြက္သြားေအာင္ အခြင့္အေရးရသမွ် ညႇစ္ထုတ္ေနလို႔ ဓမၼတာလာခ်ိန္မွာ ကိုက္ခဲတာပဲ။
မယ္- စတုတၳမ်ိဳးကေရာ ဆရာ။
ေဒါက္တာမဂၤလာ- ေရာဂါတစ္ခုခုေၾကင့္ သားအိမ္ထဲ မဟုတ္ဘဲ၊ သားအိမ္ရဲ႕ အျပင္ဘက္မွာ ျဖစ္တာေၾကာင့္ ေရာၿပီး ကိုက္ခဲနာက်င္တာမ်ိဳး ျဖစ္တတ္ တယ္။ ဓမၼတာေပၚခ်ိန္ နာက်င္ကိုက္ခဲတာဆိုရင္ သားဥျဖစ္တဲ့ သားအိမ္ေရာဂါ ျဖစ္ႏိုင္တယ္။ သားဥတင္မက သားဥအျပင္ဘက္မွာျဖစ္ရင္ သားအိမ္နာျဖစ္ မယ္။
ေမာင္- ေနာက္ဆုံးတစ္မ်ိဳးကေရာ ဆရာ။
ေဒါက္တာမဂၤလာ- ေနာက္တစ္မ်ိဳးက တင္ပါးဆုံးအ႐ိုးကြင္းမွာရွိတဲ့ အူဖုံးအေျမႇပါးေရာင္တာ၊ သားအိမ္ေရာင္၊ သားဥေရာင္၊ သားဥႁပြန္ေရာင္၊ သားအိမ္ေဘးပတ္ဝန္းက်င္နဲ႔ သားဥေဘးပတ္ဝန္းက်င္ေရာင္တာတို႔ျဖစ္ရင္ ဓမၼတာေပၚတဲ့အခ်ိန္ ကိုက္ခဲနာက်င္တယ္။ အထူးသျဖင့္ ပီအိုင္ဒီေခၚ နာတာရွည္ တင္ပါးဆုံ တြင္းေရာဂါနဲ႔ သားႁပြန္နဲ႔ သားအိမ္ေရာင္တဲ့အခါ ဓမၼတာေပၚခ်ိန္မွာ နာက်င္ကိုက္ခဲေစတယ္။ လူနာကို ေသေသခ်ာခ်ာေမးရင္ ေရာဂါအမွန္ သိပါတယ္။
မယ္- ကုသမႈအပိုင္း ေျပာျပပါဦး ဆရာ။
ေဒါက္တာမဂၤလာ- ေသြးလုံးေလလုံးကြဲႏိုင္ဖို႔ တီဗီဓာတ္မွန္႐ိုက္ၾကည့္သင့္တယ္။ အကိုက္အခဲေပ်ာက္ေဆး ဗိုက္ေအာင့္ေဆးနဲ႔ တြဲေပးတဲ့ ေဒၚဖယ္နယ္ေသာက္ရမယ္။ ေရာဂါရွာေဖြလို႔ ခြဲစိတ္ကုသဖို႔လိုရင္ ခြဲစိတ္ကုသရမယ္။ မိသားစုဆရာဝန္နဲ႔ ေဆြးေႏြးရမယ္။
Author – ေဒါက္တာမဂၤလာ (Healthcare Journal)
(Unicode)
သည်တစ်ပတ် မင်္ဂလာမောင်မယ် စကားဝိုင်းမှာ အမျိုးသမီးဓမ္မတာနှင့် အကိုက်အခဲဝေဒနာအကြောင်း ဆွေးနွေးပါမယ်။
မောင်- အမျိုးသမီးတွေ ရာသီသွေးလာတာ သဘာဝပဲ မဟုတ်လားဆရာ။
ဒေါက်တာမင်္ဂလာ- ဟုတ်ပါတယ်။ အမျိုးသမီး အသက် ၁၀ နှစ်ကျော်ကစလို့ မီးယပ်ဆုံးတဲ့ အသက် ၅၀ ကျော်အထိ ကိုယ်ဝန်ဆောင်ကလေးနို့တိုက်ချိန် စောစောပိုင်း အချိန်ကလွဲရင် လစဉ်ရာသီလာပါတယ်။
မယ်- နာကျင်ကိုက်ခဲမှုတော့ အနည်းနဲ့အများ ခံစားကြရပါတယ်ဆရာ။
ဒေါက်တာ မင်္ဂလာ- အချို့နာကျင်ကိုက်ခဲမှု အနည်းငယ်တာရှိလို့ မသိသာပေမယ့် အချို့၊ လွန်လွန်ကဲကဲ နာကျင်လို့ ကျောင်းကနေ ခွင့်ယူအလုပ်ကနေ ခွင့်ပြုပြီး ဆရာဝန်နဲ့ ပြသရတဲ့အထိ နာကျင်ကိုက်ခဲတတ်ပါတယ်။
မောင်- ဆယ်ကျော်သက်အရွယ်တွေ ပိုမိုခံစားရသလား ဆရာ။
ဒေါက်တာမင်္ဂလာ- ဓမ္မတာလာချိန်၊ နာကျင်ကိုက်ခဲတာဟာ ဆယ်ကျော်သက်အရွယ်နဲ့ လူလတ်ပိုင်းများ အဖြစ်များတတ်တယ်။
မယ်- လစဉ်ရာသီလာတိုင်း ခွင့်ယူရတော့ ကုန်ထုတ်စွမ်းအား ပညာရေး စတာတွေ လျော့ကျတာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ- လျော့ကျပါတယ်။ တစ်ဦးချင်း အနေနဲ့ အားကစားပြိုင်ပွဲဝင်ချိန်မှာ စံချိန်ကောင်း မရနိုင်ဘူး။ အအိပ်ပျက်၊ အစားပျက်၊ အလုပ်အကိုင်ပျက်လောက်အောင် နာကျင်ကိုက်ခဲတာမျိုး ရှိတယ်။ မခံနိုင်လို့ မိသားစုဆရာဝန်နဲ့ ပြသရတယ်။
မောင်- အမျိုးသမီးတိုင်း လစဉ်ပြဿနာဖြစ်နေတာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ- ဟုတ်ပါတယ်။ အချို့ ၂၈ ရက်မှာ တစ်ကြိမ်၊ အချိူ့ ၃၂ ရက်မှာတစ်ကြိမ် ရာသီလာရင်၊ အနှောက်အယှက် ဖြစ်ရတယ်။ အချို့စိတ်ဓာတ်ကျလို့ မိမိအသက်ရန်ရှာတဲ့အထိ ဖြစ်လာတယ်။
မယ်- ရာသီလာချိန် အတော်ဆိုးဆိုးဝါးဝါး တွေ့ဖူးပါတယ် ဆရာ။
ဒေါက်တာမင်္ဂလာ- ရာသီလာလို့ နာကျင်ခြင်းဟာ အများအားဖြင့် ချက်ရဲ့အောက်ဖက်တလျှောက် နာနေတယ်။ ပေါင်နှစ်ဖက်လုံး ရောက်သွားတယ်။ ဒူးဆစ်နဲ့ ဒူးခေါက်ကွေးတွေအထိ မရောက်တတ်ဘူး။ ဘယ်နေရာ၊ အကိုက်အခဲ၊ အနာကျင်ဆုံးလဲဆိုတော့ ဝမ်းဗိုက်အောက်ပိုင်းနဲ့ တင်ပါးကြွက်သားများ တင်ပဆုံများကိုက်ခဲပြီး အောက်ကို ရွေ့သွားတယ်။
မောင်- ရာသီသွေးလာလို့ နာကျင်ခြင်း ဘယ်နှစ်မျိုးရှိသလဲ ဆရာ။
ဒေါက်တာမင်္ဂလာ- သုံးမျိုးရှိပါတယ်။ သွေးမေပေါ်ခင် တစ်ရက် (သို့) သုံးရက်မှာ နာကျင်ကိုက်ခဲတတ်ပါတယ်။ နှစ်ရက် (သို့) သုံးရက်သွေးပေါ်သမျှရက်တွေမှာ အားလုံးကိုက်တာ ရှိတယ်။သွေးပေါ်ပြီးနောက် ကိုက်ခဲတာမျိုးရှိတယ်။ ပေါ်နေတုန်းရော၊ ပေါ်ပြီးမှာရောတောက်လျှောက် ကိုက်ခဲတာမျိုးရှိတယ်။
မယ်- ပုံမှန်ထက် ပိုကိုက်တာရော ဆရာ။
ဒေါက်တာမင်္ဂလာ- အမျိုးသမီးတွေအနေနဲ့ အပျိုဖော်ဝင်စ၊ ဓမ္မတာစတဲ့ ရာသီသွေးစပေါ်ကတည်းက ရာသီလာတိုင်း နာကျင်ကိုက်ခဲနေရင် ပုံမှန်မဟုတ်တဲ့အတွက် အထူးစိုးရိမ် ပူပင်စရာတော့ မရှိပါဘူး။ နာကျင်ကိုက်ခဲမှု ဝေဒနာအတွက် ရေနွေးအိတ်၊ ရေနွေးပုလင်းကပ်ခြင်း၊ အကိုက်အခဲပျောက် ဆေးသောက် ခြင်းတို့နဲ့ သက်သာနိုင်ပါတယ်။
မောင်- အကိုက်အခဲပျောက်ဆေးတွေက အစာအိမ်ဒုက္ခပေးနိုင်တာပေါ့ ဆရာ။
ဒေါက်တာမင်္ဂလာ- ဒုက္ခပေးနိုင်တယ်။ ဗိုက်အောင့်ပျောက်ဆေး၊ ဒိုင်ဂျင်းနဲ့ တွဲဖက်သောက်သင့်တယ်။ နာကျင်ကိုက်ခဲမှုက ခုမှ ပိုနာတာမျိုး ဖြစ်ရင် မိသားစုဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူသင့်ပါတယ်။
မယ်- နာကျင်ကိုက်ခဲမှုကို ဘယ်နှစ်ပိုင်း ခွဲခြားနိုင်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ- ပထမနဲ့ ဒုတိယဆိုပြီး ခွဲထားနိုင်တယ်။ ပထမနာခြင်းမျိုးက ဘာရောဂါမှမရှိဘဲ ဓမ္မတာသွေးပေါ်ရင် ကိုက်ခဲနာကျင်တာမျိုးဖြစ်ပြီး ဒုတိယနာခြင်းက ရောဂါအကြောင်းရပ်တွေပေါ်မှာ အခြေခံတတ်ပါတယ်။
မောင်- အခြားအကြောင်းရပ်တွေက ဘာတွေဖြစ်နိုင်သလဲ ဆရာ။
ဒေါက်တာမင်္ဂလာ- မီးယပ်သွေးပေါ်တဲ့အခါ ဖြစ်တတ်တဲ့ သဘာဝအရ၊ သားအိမ်အပေါ်ပိုင်း ကိုယ်ထည်အတွင်းမှ အတွင်းလွှာကျပြီး စုလာတဲ့ သွေးတွေဟာ သွေးအိမ်လည်တံ အပေါက်ဝကနေ ရှောရှောရှူရှူ ထွက်သွားရမှာဖြစ်တယ်။ လူနာရဲ့ သားအိမ်လည်တံက မွေးရာပါ ကျဉ်းနေရင် (သို့) အခြားအကြောင်း ကြောင့် ကျဉ်းနေရင် သားအိမ်လည်တံလှီးထုတ်တာ (သို့) ကလေးမွေးဖွားပြီး သားအိမ်လည်တံ ဒဏ်ရာရလို့ စုတ်ပြဲသွားလို့ အမာရွတ်တက်ပြီး သားအိမ်လည်တံကျုံ့သွား၊ ကျဉ်းသွားတာဖြစ်နိုင်တယ်။ ဓမ္မတာရာသီသွေးတွေ ရှောရှောရှူရှူ မထွက်နိုင်ရင် သားအိမ်ဝက ပိုအားစိုက်ပြီး ပိုနာလာတတ်ပါတယ်။
မယ်- နောက်တစ်မျိုးကရော ဆရာ။
ဒေါက်တာမင်္ဂလာ- သားအိမ်ထဲက အလုံးကြီးရှိတဲ့အခါ မွေးရာပါမဟုတ်ဘဲ နောက်မှရောက်လာတဲ့ အလုံးဖြစ်ရင် ခန္ဓာကိုယ်က ပြင်ပပစ္စည်း သတ်မှတ်လို့ အခွင့်ရတိုင်း သားအိမ်တွင်းက ထွက်သွားအောင် အမြဲညုစ်ထုတ်နေတယ်။ ဒါကြောင့် အလုံးရှိရင် အမျိုးသမီးတွေဟာ ဓမ္မတာ သွေးပေါ်နီးချိန် သွေးပေါ်ချိန်၊ သွေးပေါ်ပြီးချိန်တွေမှာ ကိုက်ခဲတတ်ပါတယ်။
မောင်- အခြားတစ်ချက်ကရော ဆရာ။
ဒေါက်တာ မင်္ဂလာ- တစ်ခါတည်း သားဆက်ခြားအောင် သားအိမ်အတွင်း ထည့်ပစ္စည်း IUCD ဆိုတဲ့ သန္ဓေတာပစ္စည်းထည့်ကြတဲ့ အမျိုးသမီတွေမှာ ကြေးနီ (သို့) ပလပ်စတစ်နဲ့ ပြုလုပ်ထားလို့ ခန္ဓာကိုယ်ပိုင်ပစ္စည်းမဟုတ်ဘဲ သူစိမ်းပစ္စည်းအဖြစ် သားအိမ်က သတ်မှတ်ကာ သားအိမ်မှ ထွက်သွားအောင် အခွင့်အရေးရသမျှ ညှစ်ထုတ်နေလို့ ဓမ္မတာလာချိန်မှာ ကိုက်ခဲတာပဲ။
မယ်- စတုတ္ထမျိုးကရော ဆရာ။
ဒေါက်တာမင်္ဂလာ- ရောဂါတစ်ခုခုကြေင့် သားအိမ်ထဲ မဟုတ်ဘဲ၊ သားအိမ်ရဲ့ အပြင်ဘက်မှာ ဖြစ်တာကြောင့် ရောပြီး ကိုက်ခဲနာကျင်တာမျိုး ဖြစ်တတ် တယ်။ ဓမ္မတာပေါ်ချိန် နာကျင်ကိုက်ခဲတာဆိုရင် သားဥဖြစ်တဲ့ သားအိမ်ရောဂါ ဖြစ်နိုင်တယ်။ သားဥတင်မက သားဥအပြင်ဘက်မှာဖြစ်ရင် သားအိမ်နာဖြစ် မယ်။
မောင်- နောက်ဆုံးတစ်မျိုးကရော ဆရာ။
ဒေါက်တာမင်္ဂလာ- နောက်တစ်မျိုးက တင်ပါးဆုံးအရိုးကွင်းမှာရှိတဲ့ အူဖုံးအမြှေပါးရောင်တာ၊ သားအိမ်ရောင်၊ သားဥရောင်၊ သားဥပြွန်ရောင်၊ သားအိမ်ဘေးပတ်ဝန်းကျင်နဲ့ သားဥဘေးပတ်ဝန်းကျင်ရောင်တာတို့ဖြစ်ရင် ဓမ္မတာပေါ်တဲ့အချိန် ကိုက်ခဲနာကျင်တယ်။ အထူးသဖြင့် ပီအိုင်ဒီခေါ် နာတာရှည် တင်ပါးဆုံ တွင်းရောဂါနဲ့ သားပြွန်နဲ့ သားအိမ်ရောင်တဲ့အခါ ဓမ္မတာပေါ်ချိန်မှာ နာကျင်ကိုက်ခဲစေတယ်။ လူနာကို သေသေချာချာမေးရင် ရောဂါအမှန် သိပါတယ်။
မယ်- ကုသမှုအပိုင်း ပြောပြပါဦး ဆရာ။
ဒေါက်တာမင်္ဂလာ- သွေးလုံးလေလုံးကွဲနိုင်ဖို့ တီဗီဓာတ်မှန်ရိုက်ကြည့်သင့်တယ်။ အကိုက်အခဲပျောက်ဆေး ဗိုက်အောင့်ဆေးနဲ့ တွဲပေးတဲ့ ဒေါ်ဖယ်နယ်သောက်ရမယ်။ ရောဂါရှာဖွေလို့ ခွဲစိတ်ကုသဖို့လိုရင် ခွဲစိတ်ကုသရမယ်။ မိသားစုဆရာဝန်နဲ့ ဆွေးနွေးရမယ်။
Author – ဒေါက်တာမင်္ဂလာ (Healthcare Journal)